သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာလ က်င္းပမယ့္ေရြးေကာက္ပဲြ NLD အစိုးရ အေသအခ်ာျပင္ဆင္ထား


း ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ (Myanmar State Counsellor Office)

(Zawgyi/Unicode)

COVID-19 ကပ္ေရာဂါ ကူးစက္မႈႏႈန္း အရွိန္ ျမင့္မားေနတဲ့ ျမန္မာႏိုင္ငံမွာ နဂိုမူလ သတ္မွတ္ထားတဲ့ ႏို၀င္ဘာလ (၈)ရက္ေန႔မွာ က်င္းပမယ့္ ေရြးေကာက္ပဲြအတြက္ ေရာဂါကာကြယ္ေရးအစီအစဥ္ အပါအ၀င္ ႀကိဳတင္ျပင္ဆင္မႈေတြကိုႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က တနလၤာေန႔က အေသးစိတ္ ေျပာၾကားခဲ့ပါတယ္။

ကပ္ေရာဂါကူးစက္မႈ စိုးရိမ္ေနရတဲ့ အေျခအေနေၾကာင့္ ေရြးေကာက္ပဲြ က်င္းပမယ့္ရက္ကို ေရႊ႕ဆိုင္းဖို႔ အတိုက္အခံႏိုင္ငံေရးပါတီေတြက ေတာင္းဆိုထားခ်ိန္မွာေဒၚေအာင္ဆန္းစုၾကည္က ေရြးေကာက္ပဲြကို သတ္မွတ္ထားတဲ့အတိုင္းက်င္းပဖို႔ ျပင္ဆင္ေနတာေတြကို ေျပာဆိုသြားတာျဖစ္ပါတယ္။

မအင္ၾကင္းႏိုင္က အေၾကာင္းစုံကို ေျပာျပမွာပါ။

COVID-19 ေရာဂါျဖစ္ပြားမႈ ေနာက္ဆုံးအေျခအေနနဲ႔ စပ္လ်ဥ္းၿပီး ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ တနလၤာေန႔က ျပည္သူကို တင္ျပတဲ့ တိုက္ရိုက္ ဗီြဒီယိုမိန္႔ခြန္းမွာ ကူးစက္မႈႏႈန္းျမင့္ေနေပမယ့္လည္း ေရြးေကာက္ပဲြကို သတ္မွတ္ထားတဲ့အတိုင္း က်င္းပႏိုင္ေရး ျပင္ဆင္ေနတာေတြကို အခုလို ေျပာသြားပါတယ္။

“ဘယ္လို စဥ္းစားသလဲဆိုေတာ့ အေထြေထြေရြးေကာက္ပြဲ က်င္းပတဲ့အခ်ိန္မွာ ျပည္သူျပည္သားမ်ားဟာ က်န္းမာေရးအရ လံုလံုၿခံဳၿခံဳနဲ႔ ေရြးေကာက္ပြဲမွာ သြားၿပီး မဲေပးႏိုင္ို႔ကို က်မတို႔ စီစဥ္ပါတယ္။ အဲဒီအတြက္လည္း ေသေသခ်ာခ်ာ ေလ့က်င့္ပါမယ္။ ဥပမာဆိုရင္ မနက္ျဖန္မွာ ပထမဦးဆံုးအႀကိမ္ တကယ့္ကို ေရြးေကာက္ပြဲ က်င္းပတဲ့ေန႔မွာ ဘယ္လိုပံုစံနဲ႔ မဲရံုေတြမွာ က်င္းပမလဲ၊ ျပည္သူေတြက ဘယ္လို ပံုစံနဲ႔ က်န္းမာေရးအရ လံုလံုၿခံဳၿခံဳနဲ႔ မဲေပးႏိုင္ေအာင္ စီစဥ္မလဲဆိုတာ ေလ့က်င့္ၿပီးေတာ့ ေသေသခ်ာခ်ာ စစ္ေဆးပါမယ္။ ဘာလုပ္ဖို႔ လိုလဲ၊ ဘယ္လို အေကာင္းဆံုး ျဖစ္ေအာင္ က်မတို႔ လုပ္ရမလဲ၊ ျပည္သူေတြအတြက္ စိတ္ခ်လံုၿခံဳ မူလည္းရေအာင္၊ တကယ္လည္း လံုၿခံဳေအာင္လို႔ ဘယ္လို စီစဥ္ရမလဲဆိုတာေတြကို က်မတို႔ သတ္မွတ္ပါမယ္။ အဲဒီလို ေလ့က်င့္မႈကို ေရြးေကာက္ပြဲမတိုင္မီ ၃ ႀကိမ္ လုပ္ပါမယ္။ ၃ ႀကိမ္အေပၚမွာ အေျခခံၿပီး ဘယ္လို စည္းမ်ဥ္းစည္းကမ္းေတြ ခ်မွတ္မလဲဆိုတာ ေသေသခ်ာခ်ာ စဥ္းစားပါမယ္။ ေနာက္ၿပီး ေရြးေကာက္ပြဲ ေကာ္မရွင္က ဦးေဆာင္ၿပီး အစီအစဥ္ေတြကို အေကာင္အထည္ေဖာ္ပါမယ္။”

လူစုလူေ၀းနဲ႔ မဲရံုေတြမွာ မဲေပးေရးကိစၥ COVID-19 ေရာဂါကူးစက္မႈကို ကာကြယ္ႏိုင္ပါ့မလားလို႔ ေမးခြန္းထုတ္သူေတြရွိပါတယ္။ ဒါေပမယ့္လည္း ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ မိန္႔ခြန္းမွာ ေျပာသြားတဲ့အတိုင္း အစိုးရ ျပင္ဆင္ထားမယ့္ အစီအစဥ္ကေတာ့ သင့္ေလ်ာ္မႈရွိေၾကာင္း ျမန္မာ့အေရးသံုးသပ္ေနသူ ေဒါက္တာတင္ေမာင္သန္းက ဗီြအိုေအကိုေျပာပါတယ္။

“ခ်ဥ္းကပ္တာကေတာ့ စမ္းသပ္ၿပီးေတာ့ ၃ ႀကိမ္ေလာက္ ဒါကို လုပ္ၾကည့္မယ္ ။ အေျခခံမႈ ၂ ခုကေတာ့ ေရာဂါလည္း ကာကြယ္ႏိုင္ရမယ္။ ၿပီးေတာ့ ေရြးေကာက္ပြဲလည္း လူတဦးခ်င္းရဲ႕ အခြင့္အေရးေတြကိုလည္း ေလးစားတဲ့ဟာ ျဖစ္ရမယ္။ ဒါက ႏိုင္ငံေရးအားျဖင့္ ႏိုင္ငံေရးေခါင္းေဆာင္တေယာက္က ခ်ေပးတဲ့ မူေပါ့ေနာ္။ အဲဒီအတြက္ ႀကိဳတင္စမ္းသပ္ၿပီးေတာ့လည္း ၃ ႀကိမ္စမ္းၾကည့္မယ္။ ျပန္လည္သံုးသပ္မယ္၊ အမွားေတြကို ျပင္မယ္ ဆိုတာကို ေျပာသြားတယ္။ ဒီဟာေလးကေတာ့ ေယဘုယ် ခ်ဥ္းကပ္ပံုကေတာ့ သင့္ေတာ္မယ္လို႔ ထင္ပါတယ္။”

ေရြးေကာက္ပဲြအတြက္ ႀကိဳတင္ကာကြယ္ေရးအစီအစဥ္ေတြနဲ႔ တဆက္တည္း ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး အဓိကအေရးႀကီးတဲ့ mask ႏွာေခါင္းစည္းကိစၥကိုလည္း ေဒၚေအာင္ဆန္းစုၾကည္က အေလးေပးေျပာၾကားခဲ့ပါတယ္။ သတ္မွတ္ထားတဲ့ေနရာေတြမွာ ႏွာေခါင္းစည္း မတပ္ရင္ ဒဏ္ေငြ ၂၀၀ က်ပ္ စတင္ေပးေဆာင္ရမွာျဖစ္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က သူ႔ရဲ႕ မိန္႔ခြန္းမွာ သတိေပးေျပာၾကားခဲ့ပါတယ္။

ဒီအေပၚမွာ ေဒါက္တာတင္ေမာင္သန္းရဲ႕အျမင္ကေတာ့

“mask တပ္တယ္ဆိုတာက က်န္းမာေရး ပညာေပးလုပ္ငန္းနဲ႔ အမ်ားႀကီး ပတ္သက္ပါတယ္။ အခုကိစၥမွာဆိုရင္ ပညာေပးတာေရာ ေနာက္ၿပီးေတာ့ စည္းမ်ဥ္းစည္းကမ္း သတ္မွတ္ျပဌာန္းခ်က္ကို လိုက္နာေအာင္ ေဆာင္ရြက္တာကေတာ့ ၂ ခုတြဲလာတယ္ေပါ့ေနာ္ ။ ဒဏ္ေငြ ေျပာတဲ့အခါမွာလည္း mask ကိုေရာင္းတဲ့သေဘာပါ။ ဒါေၾကာင့္မုိ႔ ျပဌာန္းသတ္မွတ္ခ်က္ေတြကို လိုက္နာေအာင္လုပ္တဲ့သေဘာကေတာ့ နည္းနည္းပိုၿပီး နည္းတယ္လို႔ ယူဆရမယ္ေပါ့ေနာ္။ အဲဒီေတာ့ ဆိုလိုတာက mask တပ္ေရးကိစၥကို ေျပာတဲ့အခါမွာလည္း ဥပမာ ဘက္စ္ကားစီးမယ္ဆိုရင္ ဘက္စ္ကားေပၚတက္ရင္ Mask ပါရမယ္။ မပါရင္ တက္ခြင့္မေပးဘူး။ ဒါမွ မဟုတ္ရင္လည္း ဘက္စ္ကားေပၚေတြမွာ Mask ထားေပးထား ရမယ္။ ေရာက္တာနဲ႔ တပ္ရမယ္ ။ ဒီလို စနစ္တခုကို တည္တဲ့ စဥ္းစားပံုေလးေတြကို က်ေနာ္တို႔က ပိုၿပီးေတာ့ သြားေစခ်င္တယ္။ လုပ္ေနရတယ္ ဘာေၾကာင့္လဲဆိုေတာ့ ဒါမွ လူတိုင္းက လိုက္ၿပီး လုပ္လာၾကမယ္ေပါ့ေနာ္။”

တိုင္းနဲ႔ ျပည္နယ္အလိုက္ ေရာဂါကူးစက္မႈအေျခအေနေပၚမူတည္ၿပီး stay home ေနအိမ္မွာပဲ ေနၾကဖို႔ အစိုးရ အမိန္႔ေတြ ထုတ္ျပန္ထားတဲ့အတြက္ ကိုယ့္ရပ္ကိုယ္ေဒသမဟုတ္ပဲ ပိတ္မိေနသူေတြအေနနဲ႔ မဲေပးႏုိင္ေရး ေအာက္တိုဘာလ (၁၀)ရက္ေန႔ ေနာက္ဆံုးထားၿပီး ပံုစံ(၃) ေလွ်ာက္လႊာကို သက္ဆိုင္ရာ ရပ္ကြက္၊ ၿမိဳ႕နယ္ ေတြမွာ တင္ၾကဖို႔ ေဒၚေအာင္ဆန္းစုၾကည္က မေန႔ကသူရဲ႕ ဗီြဒီယိုမိန္႔ခြန္းမွာ တိုက္တြန္းသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ကိုဗစ်ကာလ ကျင်းပမယ့်ရွေးကောက်ပွဲ NLD အစိုးရ အသေအချာပြင်ဆင်ထား

(Unicode)

COVID-19 ကပ်ရောဂါ ကူးစက်မှုနှုန်း အရှိန် မြင့်မားနေတဲ့ မြန်မာနိုင်ငံမှာ နဂိုမူလ သတ်မှတ်ထားတဲ့ နိုဝင်ဘာလ (၈)ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ရောဂါကာကွယ်ရေးအစီအစဉ်အပါအဝင် ကြိုတင်ပြင်ဆင်မှုတွေကိုနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တနင်္လာနေ့က အသေးစိတ် ပြောကြားခဲ့ပါတယ်။

ကပ်ရောဂါကူးစက်မှု စိုးရိမ်နေရတဲ့ အခြေအနေကြောင့် ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ရွှေ့ဆိုင်းဖို့ အတိုက်အခံနိုင်ငံရေးပါတီတွေက တောင်းဆိုထားချိန်မှာဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲကို သတ်မှတ်ထားတဲ့အတိုင်းကျင်းပဖို့ ပြင်ဆင်နေတာတွေကို ပြောဆိုသွားတာဖြစ်ပါတယ်။

မအင်ကြင်းနိုင်က အကြောင်းစုံကို ပြောပြမှာပါ။

COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနဲ့ စပ်လျဉ်းပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ တနင်္လာနေ့က ပြည်သူကို တင်ပြတဲ့ တိုက်ရိုက် ဗွီဒီယိုမိန့်ခွန်းမှာ ကူးစက်မှုနှုန်းမြင့်နေပေမယ့်လည်း ရွေးကောက်ပွဲကို သတ်မှတ်ထားတဲ့အတိုင်း ကျင်းပနိုင်ရေး ပြင်ဆင်နေတာတွေကို အခုလို ပြောသွားပါတယ်။

“ဘယ်လို စဉ်းစားသလဲဆိုတော့ အထွေထွေရွေးကောက်ပွဲ ကျင်းပတဲ့အချိန်မှာ ပြည်သူပြည်သားများဟာ ကျန်းမာရေးအရ လုံလုံခြုံခြုံနဲ့ ရွေးကောက်ပွဲမှာ သွားပြီး မဲပေးနိုငို့ကို ကျမတို့ စီစဉ်ပါတယ်။ အဲဒီအတွက်လည်း သေသေချာချာ လေ့ကျင့်ပါမယ်။ ဥပမာဆိုရင် မနက်ဖြန်မှာ ပထမဦးဆုံးအကြိမ် တကယ့်ကို ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ ဘယ်လိုပုံစံနဲ့ မဲရုံတွေမှာ ကျင်းပမလဲ၊ ပြည်သူတွေက ဘယ်လို ပုံစံနဲ့ ကျန်းမာရေးအရ လုံလုံခြုံခြုံနဲ့ မဲပေးနိုင်အောင် စီစဉ်မလဲဆိုတာ လေ့ကျင့်ပြီးတော့ သေသေချာချာ စစ်ဆေးပါမယ်။ ဘာလုပ်ဖို့ လိုလဲ၊ ဘယ်လို အကောင်းဆုံး ဖြစ်အောင် ကျမတို့ လုပ်ရမလဲ၊ ပြည်သူတွေအတွက် စိတ်ချလုံခြုံ မူလည်းရအောင်၊ တကယ်လည်း လုံခြုံအောင်လို့ ဘယ်လို စီစဉ်ရမလဲဆိုတာတွေကို ကျမတို့ သတ်မှတ်ပါမယ်။ အဲဒီလို လေ့ကျင့်မှုကို ရွေးကောက်ပွဲမတိုင်မီ ၃ ကြိမ် လုပ်ပါမယ်။ ၃ ကြိမ်အပေါ်မှာ အခြေခံပြီး ဘယ်လို စည်းမျဉ်းစည်းကမ်းတွေ ချမှတ်မလဲဆိုတာ သေသေချာချာ စဉ်းစားပါမယ်။ နောက်ပြီး ရွေးကောက်ပွဲ ကော်မရှင်က ဦးဆောင်ပြီး အစီအစဉ်တွေကို အကောင်အထည်ဖော်ပါမယ်။”

လူစုလူဝေးနဲ့ မဲရုံတွေမှာ မဲပေးရေးကိစ္စ COVID-19 ရောဂါကူးစက်မှုကို ကာကွယ်နိုင်ပါ့မလားလို့ မေးခွန်းထုတ်သူတွေရှိပါတယ်။ ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာ ပြောသွားတဲ့အတိုင်း အစိုးရ ပြင်ဆင်ထားမယ့် အစီအစဉ်ကတော့ သင့်လျော်မှုရှိကြောင်း မြန်မာ့အရေးသုံးသပ်နေသူ ဒေါက်တာတင်မောင်သန်းက ဗွီအိုအေကိုပြောပါတယ်။

“ချဉ်းကပ်တာကတော့ စမ်းသပ်ပြီးတော့ ၃ ကြိမ်လောက် ဒါကို လုပ်ကြည့်မယ် ။ အခြေခံမှု ၂ ခုကတော့ ရောဂါလည်း ကာကွယ်နိုင်ရမယ်။ ပြီးတော့ ရွေးကောက်ပွဲလည်း လူတဦးချင်းရဲ့ အခွင့်အရေးတွေကိုလည်း လေးစားတဲ့ဟာ ဖြစ်ရမယ်။ ဒါက နိုင်ငံရေးအားဖြင့် နိုင်ငံရေးခေါင်းဆောင်တယောက်က ချပေးတဲ့ မူပေါ့နော်။ အဲဒီအတွက် ကြိုတင်စမ်းသပ်ပြီးတော့လည်း ၃ ကြိမ်စမ်းကြည့်မယ်။ ပြန်လည်သုံးသပ်မယ်၊ အမှားတွေကို ပြင်မယ် ဆိုတာကို ပြောသွားတယ်။ ဒီဟာလေးကတော့ ယေဘုယျ ချဉ်းကပ်ပုံကတော့ သင့်တော်မယ်လို့ ထင်ပါတယ်။”

ရွေးကောက်ပွဲအတွက် ကြိုတင်ကာကွယ်ရေးအစီအစဉ်တွေနဲ့ တဆက်တည်း ရောဂါကာကွယ်ထိန်းချုပ်ရေး အဓိကအရေးကြီးတဲ့ mask နှာခေါင်းစည်းကိစ္စကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အလေးပေးပြောကြားခဲ့ပါတယ်။ သတ်မှတ်ထားတဲ့နေရာတွေမှာ နှာခေါင်းစည်း မတပ်ရင် ဒဏ်ငွေ ၂၀၀ ကျပ် စတင်ပေးဆောင်ရမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ မိန့်ခွန်းမှာ သတိပေးပြောကြားခဲ့ပါတယ်။

ဒီအပေါ်မှာ ဒေါက်တာတင်မောင်သန်းရဲ့အမြင်ကတော့

“mask တပ်တယ်ဆိုတာက ကျန်းမာရေး ပညာပေးလုပ်ငန်းနဲ့ အများကြီး ပတ်သက်ပါတယ်။ အခုကိစ္စမှာဆိုရင် ပညာပေးတာရော နောက်ပြီးတော့ စည်းမျဉ်းစည်းကမ်း သတ်မှတ်ပြဌာန်းချက်ကို လိုက်နာအောင် ဆောင်ရွက်တာကတော့ ၂ ခုတွဲလာတယ်ပေါ့နော် ။ ဒဏ်ငွေ ပြောတဲ့အခါမှာလည်း mask ကိုရောင်းတဲ့သဘောပါ။ ဒါကြောင့်မို့ ပြဌာန်းသတ်မှတ်ချက်တွေကို လိုက်နာအောင်လုပ်တဲ့သဘောကတော့ နည်းနည်းပိုပြီး နည်းတယ်လို့ ယူဆရမယ်ပေါ့နော်။ အဲဒီတော့ ဆိုလိုတာက mask တပ်ရေးကိစ္စကို ပြောတဲ့အခါမှာလည်း ဥပမာ ဘက်စ်ကားစီးမယ်ဆိုရင် ဘက်စ်ကားပေါ်တက်ရင် Mask ပါရမယ်။ မပါရင် တက်ခွင့်မပေးဘူး။ ဒါမှ မဟုတ်ရင်လည်း ဘက်စ်ကားပေါ်တွေမှာ Mask ထားပေးထား ရမယ်။ ရောက်တာနဲ့ တပ်ရမယ် ။ ဒီလို စနစ်တခုကို တည်တဲ့ စဉ်းစားပုံလေးတွေကို ကျနော်တို့က ပိုပြီးတော့ သွားစေချင်တယ်။ လုပ်နေရတယ် ဘာကြောင့်လဲဆိုတော့ ဒါမှ လူတိုင်းက လိုက်ပြီး လုပ်လာကြမယ်ပေါ့နော်။”

တိုင်းနဲ့ ပြည်နယ်အလိုက် ရောဂါကူးစက်မှုအခြေအနေပေါ်မူတည်ပြီး stay home နေအိမ်မှာပဲ နေကြဖို့ အစိုးရ အမိန့်တွေ ထုတ်ပြန်ထားတဲ့အတွက် ကိုယ့်ရပ်ကိုယ်ဒေသမဟုတ်ပဲ ပိတ်မိနေသူတွေအနေနဲ့ မဲပေးနိုင်ရေး အောက်တိုဘာလ (၁၀)ရက်နေ့ နောက်ဆုံးထားပြီး ပုံစံ(၃) လျှောက်လွှာကို သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ် တွေမှာ တင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က မနေ့ကသူရဲ့ ဗွီဒီယိုမိန့်ခွန်းမှာ တိုက်တွန်းသွားပါတယ်။

XS
SM
MD
LG