သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးေနာက္တဦး တပ္မေတာ္ဖမ္းဆီး


ရခိုင္ျပည္နယ္မွာ လံုျခံဳေရးယူထားတဲ့ ျမန္မာ စစ္တပ္ တပ္ဖဲြ႔၀င္မ်ား။ (ေအာက္တိုဘာ ၃၊ ၂၀၁၃)

(Zawgyi/Unicode)

စစ္ေရးပဋိပကၡျဖစ္ေနတဲ့ ရခိုင္ျပည္နယ္မွာ AA ရခိုင္လက္နက္ကိုင္အဖဲြ႔နဲ႔ ဆက္ႏြယ္ေနတဲ့ စဲြခ်က္နဲ႔စစ္ေတြၿမိဳ႕နယ္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးေနာက္တဦးကို တပ္မေတာ္က စေနေန႔က ဖမ္းဆီးသြားေၾကာင္း ဇနီးျဖစ္သူက ဗီြအိုေအကို အတည္ျပဳေျပာၾကားခဲ့ပါတယ္။ စစ္ေရးတင္းမာေနတဲ့ တပ္မေတာ္နဲ႔ AA အဖဲြ႕ၾကား ဒီႏွစ္အလယ္ပိုင္းကစၿပီး ရခိုင္ အရပ္သားနဲ႔ အုပ္ခ်ဳပ္ေရးမွဴး ေတြဖမ္းဆီးစစ္ေဆးခံရမႈအမ်ားအျပားရွိလာေနပါတယ္။ ဗီြအိုေအ ျမန္မာပိုင္း သတင္းေထာက္ ကိုသက္ႏုိင္က သတင္းေပးပို႔ထားပါတယ္။

ၿပီးခဲ့တဲ့ စေနေန႔က ရခိုင္ျပည္နယ္ ၿမိဳ႕ေတာ္ စစ္ေတြ နားက ေတာကန္ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးကို တပ္မေတာ္စစ္ေၾကာင္းတစ္ခုက ဖမ္းဆီးသြားတယ္လို႔ ဇနီးျဖစ္သူ ေဒၚသူဇာက ေျပာပါတယ္။

"စေနေန႔က ေန႔လည္ တစ္နာရီေလာက္ရွိမယ္ စစ္ေၾကာင္းလာတဲ့ အခ်ိန္က ၁၁နာရီေလာက္ ရွိမယ္ထင္တယ္။ က်မတို႔ရြာက အုပ္ခ်ဳပ္ေရးမွဴးကို ေခၚတယ္။ ဆယ္အိမ္ေခါင္းတစ္ေယာက္ကို ေခၚတယ္။ ၿပီးေတာ့ ရြာကို စစ္ေဆးတယ္။ အိမ္ေထာင္စုစာရင္းေတြဘာေတြ စစ္တယ္။ လူဦးေရေတြ စစ္တယ္။ စစ္ၿပီးေတာ့ ျပန္သြားၾကတယ္။ ရြာဦးမွာေနတယ္ သူတို႔က။ က်မေယာက်ာ္းလည္း ထမင္းစားမယ္ဆိုၿပီး အိမ္ကိုျပန္လာတယ္။ ထမင္း စားေနတုန္း စစ္သားတစ္ေယာက္ ထပ္ေရာက္လာတယ္။ ဗုိလ္ႀကီးက ေခၚတယ္ဆိုၿပီး ေခၚသြားတယ္။ အဲအခ်ိန္ ကတည္း က်မ ေယာက်ာ္းနဲ႔ အဆက္အသြယ္မရေတာ့ဘူး။ "

ေတာကန္ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဖမ္းဆီးခံရတာနဲ႔ ပတ္သတ္ၿပီး တရားမွ်တမႈရေအာင္ အကူအညီေပးဖို႔ စစ္ေတြၿမိဳ႕နယ္က ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴး ၆၀ ေက်ာ္ေလာက္လည္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးထံမွာ မေန႔က သြားေရာက္ ေတာင္းဆိုခဲ့ၾကပါတယ္။

မေန႔က သြားေရာက္ေတာင္းဆိုတဲ့ ထဲမွာပါတဲ့စစ္ေတြၿမိဳ႕မိၿမိဳ႕ဖ ဦးေအာင္သန္းေဝကေတာ့ ေတာကန္း ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးကို စစ္ေတြၿမိဳ႕မရဲစခန္းမွာ အၾကမ္းဖက္မႈတုိက္ဖ်က္ေရးဆုိင္ရာ ဥပေဒနဲ႔ အေရးယူထားတယ္လို႔ ေျပာပါတယ္။

" ဒီေန႔မနက္ပိုင္းကေတာ့ သူနဲ႔ေတြ႔ခြင့္ရတယ္။ သူ႕ကို အၾကမ္းဖက္ပုဒ္မနဲ႔အမႈဖြင့္ထားၿပီးေတာ့ ဒီေန႔ပဲ သူ႔ကုိ တရားရံုးက ၂၄နာရီေက်ာ္လြန္ၿပီး ခ်ဳပ္ေႏွာင္ခြင့္ကို တရားရံုးက ခြင့္ျပဳလိုက္ပါၿပီ။"

ေတာကန္ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးဖမ္းဆီးခံထားရတာနဲ႔ ပတ္သတ္ၿပီး တပ္မေတာ္ေျပာခြင့္ရ ဗုိလ္ခ်ဳပ္ေဇာ္မင္းထြန္းနဲ႔ သက္ဆိုင္ရာ တာဝန္ရွ္ိသူေတြကို ဗီြအိုေအက ဆက္သြယ္ခဲ့ေပမယ့္လည္း မရခဲ့ပါဘူး။ ရခုိင္ျပည္နယ္မွာ အုပ္ခ်ဳပ္ေရးတာ၀န္ရွိသူေတြ အပါအ၀င္ ေဒသခံေတြကုိ အစုိးရက အၾကမ္းဖက္အဖဲြ႔အစည္းအျဖစ္ သတ္မွတ္ထားတဲ့ AA ရခုိင္လက္နက္ကုိင္အဖဲြ႔နဲ႔ ဆက္ႏြယ္တဲ့ စြပ္စဲြခ်က္နဲ႔ ဖမ္းဆီးအေရးယူတာမ်ဳိးေတြလည္း မၾကာခဏ ႀကံဳရေလ့ရွိပါတယ္။

အခုေနာက္ဆုံး ဖမ္းဆီးခံခဲ့ရတဲ့ ေတာကန္ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးရဲ႕ ဇနီးျဖစ္သူ ေဒၚသူဇာကေတာ့ ခင္ပြန္းျဖစ္သူဟာ လက္နက္ကုိင္အဖဲြ႔အစည္းေတြနဲ႔ ပတ္သက္မႈမရွိဘူးလုိ႔ ေျပာပါတယ္။

" က်မေယာက်ာ္းကို ဘာေၾကာင့္ဖမ္းတယ္ဆိုတာေတာ့ က်မလည္းမသိဘူး။ က်မေယာက်ာ္းက ဘာအျပစ္ မွ လည္း မလုပ္ထားဘူး ဘယ္သူနဲ႔မွလည္း ဆက္သြယ္တာမရွိဘူး။ ေအးေဆးေနတာ။ လယ္လုပ္ တယ္။ သီးႏွံ ေတြစုိုက္တယ္။ က်မကေတာ့ မတရားဘူးလို႔ျမင္တယ္။ က်မေယာက္်ားကို အျမန္ဆံုးလြတ္ေစခ်င္တယ္။"

ၿပီးခဲ့တဲ့ဇြန္လမွာတုန္းကလည္း အလားတူ ေျမပံုၿမိဳ႕နယ္မွာ အုပ္ခ်ဳပ္ေရးမွဴးသံုးဦးကို တပ္မေတာ္ဘက္က ဖမ္းဆီးခဲ့ၿပီး အၾကမ္းဖက္တုိက္ဖ်က္ေရးဥပေဒနဲ႔ အေရးယူခဲ့ဖူးပါတယ္။ အဲဒီအခ်ိန္တုန္းကလည္း လုပ္ေဖာ္ကုိင္ဖက္ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴး ၇၀နီးပါး ႏုတ္ထြက္စာတင္ခဲ့ဖူးပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ရခိုင်ကျေးရွာအုပ်ချုပ်ရေးမှူးနောက်တဦး တပ်မတော်ဖမ်းဆီး

(Unicode)

စစ်ရေးပဋိပက္ခဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်နွယ်နေတဲ့ စွဲချက်နဲ့စစ်တွေမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးနောက်တဦးကို တပ်မတော်က စနေနေ့က ဖမ်းဆီးသွားကြောင်း ဇနီးဖြစ်သူက ဗွီအိုအေကို အတည်ပြုပြောကြားခဲ့ပါတယ်။ စစ်ရေးတင်းမာနေတဲ့ တပ်မတော်နဲ့ AA အဖွဲ့ကြား ဒီနှစ်အလယ်ပိုင်းကစပြီး ရခိုင် အရပ်သားနဲ့ အုပ်ချုပ်ရေးမှူး တွေဖမ်းဆီးစစ်ဆေးခံရမှုအများအပြားရှိလာနေပါတယ်။ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ရခိုင်ပြည်နယ် မြို့တော် စစ်တွေ နားက တောကန်ကျေးရွာ အုပ်ချုပ်ရေးမှူးကို တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးသွားတယ်လို့ ဇနီးဖြစ်သူ ဒေါ်သူဇာက ပြောပါတယ်။

"စနေနေ့က နေ့လည် တစ်နာရီလောက်ရှိမယ် စစ်ကြောင်းလာတဲ့ အချိန်က ၁၁နာရီလောက် ရှိမယ်ထင်တယ်။ ကျမတို့ရွာက အုပ်ချုပ်ရေးမှူးကို ခေါ်တယ်။ ဆယ်အိမ်ခေါင်းတစ်ယောက်ကို ခေါ်တယ်။ ပြီးတော့ ရွာကို စစ်ဆေးတယ်။ အိမ်ထောင်စုစာရင်းတွေဘာတွေ စစ်တယ်။ လူဦးရေတွေ စစ်တယ်။ စစ်ပြီးတော့ ပြန်သွားကြတယ်။ ရွာဦးမှာနေတယ် သူတို့က။ ကျမယောကျာ်းလည်း ထမင်းစားမယ်ဆိုပြီး အိမ်ကိုပြန်လာတယ်။ ထမင်း စားနေတုန်း စစ်သားတစ်ယောက် ထပ်ရောက်လာတယ်။ ဗိုလ်ကြီးက ခေါ်တယ်ဆိုပြီး ခေါ်သွားတယ်။ အဲအချိန် ကတည်း ကျမ ယောကျာ်းနဲ့ အဆက်အသွယ်မရတော့ဘူး။ "

တောကန်ကျေးရွာအုပ်ချုပ်ရေးမှူး ဖမ်းဆီးခံရတာနဲ့ ပတ်သတ်ပြီး တရားမျှတမှုရအောင် အကူအညီပေးဖို့ စစ်တွေမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူး ၆၀ ကျော်လောက်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးထံမှာ မနေ့က သွားရောက် တောင်းဆိုခဲ့ကြပါတယ်။

မနေ့က သွားရောက်တောင်းဆိုတဲ့ ထဲမှာပါတဲ့စစ်တွေမြို့မိမြို့ဖ ဦးအောင်သန်းဝေကတော့ တောကန်း ကျေးရွာအုပ်ချုပ်ရေးမှူးကို စစ်တွေမြို့မရဲစခန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေနဲ့ အရေးယူထားတယ်လို့ ပြောပါတယ်။

" ဒီနေ့မနက်ပိုင်းကတော့ သူနဲ့တွေ့ခွင့်ရတယ်။ သူ့ကို အကြမ်းဖက်ပုဒ်မနဲ့အမှုဖွင့်ထားပြီးတော့ ဒီနေ့ပဲ သူ့ကို တရားရုံးက ၂၄နာရီကျော်လွန်ပြီး ချုပ်နှောင်ခွင့်ကို တရားရုံးက ခွင့်ပြုလိုက်ပါပြီ။"

တောကန်ကျေးရွာအုပ်ချုပ်ရေးမှူးဖမ်းဆီးခံထားရတာနဲ့ ပတ်သတ်ပြီး တပ်မတော်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့်လည်း မရခဲ့ပါဘူး။ ရခိုင်ပြည်နယ်မှာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေ အပါအဝင် ဒေသခံတွေကို အစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်နွယ်တဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးအရေးယူတာမျိုးတွေလည်း မကြာခဏ ကြုံရလေ့ရှိပါတယ်။

အခုနောက်ဆုံး ဖမ်းဆီးခံခဲ့ရတဲ့ တောကန်ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ဇနီးဖြစ်သူ ဒေါ်သူဇာကတော့ ခင်ပွန်းဖြစ်သူဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်မှုမရှိဘူးလို့ ပြောပါတယ်။

" ကျမယောကျာ်းကို ဘာကြောင့်ဖမ်းတယ်ဆိုတာတော့ ကျမလည်းမသိဘူး။ ကျမယောကျာ်းက ဘာအပြစ် မှ လည်း မလုပ်ထားဘူး ဘယ်သူနဲ့မှလည်း ဆက်သွယ်တာမရှိဘူး။ အေးဆေးနေတာ။ လယ်လုပ် တယ်။ သီးနှံ တွေစိုက်တယ်။ ကျမကတော့ မတရားဘူးလို့မြင်တယ်။ ကျမယောက်ျားကို အမြန်ဆုံးလွတ်စေချင်တယ်။"

ပြီးခဲ့တဲ့ဇွန်လမှာတုန်းကလည်း အလားတူ မြေပုံမြို့နယ်မှာ အုပ်ချုပ်ရေးမှူးသုံးဦးကို တပ်မတော်ဘက်က ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းကလည်း လုပ်ဖော်ကိုင်ဖက် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၇၀နီးပါး နုတ်ထွက်စာတင်ခဲ့ဖူးပါတယ်။

XS
SM
MD
LG