သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မင္းျပားနဲ႔ ရေသ့ေတာင္ တုိက္ပဲြျပင္းထန္


လက္နက္ႀကီးေၾကာင့္ ရခိုင္ျပည္နယ္ မိုးစဲကြြ်န္းေဒသခံေတြ စစ္ေတြကို တိမ္းေရွာင္လာၾကတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - ေမယုထြန္း - စက္တင္ဘာ ၂၃၊ ၂၀၂၀)

(Zawgyi / Unicode)

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္နဲ႔ မင္းျပားၿမိဳ႕နယ္အတြင္း ျမန္မာစစ္တပ္နဲ႔ AA ရခိုင္လက္နက္ကိုင္အဖြဲ႔တို႔ တိုက္ပြဲျပင္းထန္ေနဆဲ ျဖစ္ပါတယ္။ အျပည့္အစုံကို ႏုိင္ကြန္းအိန္ ဆက္သြယ္ေမးျမန္းၿပီး သတင္းေပးပုိ႔ထားပါတယ္။

စစ္ေရးတင္းမာေနဆဲ ရခိုင္ျပည္နယ္အတြင္း ရေသ့ေတာင္နဲ႔ မင္းျပားၿမိဳ႕နယ္ဘက္မွာ ျမန္မာစစ္တပ္နဲ႔ AA ရခိုင္လက္နက္ကိုင္အဖြဲ႔တို႔ တိုက္ပြဲျပင္းထန္ ျဖစ္ပြားခဲ့ေၾကာင္း ေဒသခံေတြနဲ႔ တပ္ဖြဲ႔ဝင္ ေျပာခြင့္ရေတြက ေျပာပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္ ေအာင္သာစည္နဲ႔ ထီးစြဲရြာအၾကားမွာ ျမန္မာစစ္တပ္နဲ႔ AA ရခိုင္လက္နက္ကိုင္အဖြဲ႔တို႔ ဒီကေန႔မနက္အထိ တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ ေအာင္သာစည္ရြာသား ခိုင္သန္းေမာင္က ေျပာပါတယ္။

“ထီးစြဲနဲ႔ ေအာင္သာစည္ၾကားမွာ ျဖစ္တာေပါ့။ မေန႔တေန႔လုံး၊ ညတညလုံး တိုက္ပြဲက။ အခုထက္ထိ ျဖစ္တုန္းပဲ။ မေန႔က ရဟတ္ယာဥ္နဲ႔ ၁၂ နာရီ ၄၅ မိနစ္ေလာက္မွာ မိနစ္ ၂၀ ေလာက္ ေလယာဥ္နဲ႔ ဗုံးႀကဲတယ္၊ ေရာ့ကက္ေတြနဲ႔ ပစ္တယ္၊ စက္ေသနတ္ေတြနဲ႔ ပစ္သြားတယ္။ ေအာင္သာစည္ေတာင္တန္းေပါ့။”

မေန႔မနက္ ၉ နာရီကေန ညလုံးေပါက္ ပစ္ခတ္မႈျဖစ္ပြားၿပီး ဒီကေန႔မနက္အထိ ပစ္ခတ္တိုက္ခိုက္မႈ ရွိေနတယ္လို႔လည္း ရေသ့ေတာင္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္က ေျပာပါတယ္။

“ညကလည္း တညလုံး တိုက္ပြဲျဖစ္တယ္။ ဒီေန႔မနက္ ၈ နာရီမွာမွ အျပန္အလွန္ပစ္တာ ရပ္သြားတယ္။ လက္နက္ႀကီးေတာ့ ပုံမွန္ပစ္ေနတာပဲ။ ရေသ့ေတာင္ ေရစိုးေခ်ာင္းတပ္နယ္ေတြက ပစ္တာ။”

ေအာင္သာစည္ေက်းရြာအနီး ေတာင္တန္းေပၚမွာ အေျချပဳေနတဲ့ AA အဖြဲ႔ကို ျမန္မာစစ္တပ္ဘက္က ထိုးစစ္ဆင္ေနတာ ၄ လနီးပါး ၾကာျမင့္ခဲ့ၿပီလို႔ ေဒသခံေတြက ဆိုပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္ ေျမာက္ပိုင္း ေက်ာက္တန္းတိုက္နယ္မွာ တိုက္ပြဲေတြ မၾကာခဏ ျဖစ္ပြားေနတာေၾကာင့္ ေက်းရြာေပါင္း ၂ဝ ေက်ာ္က ေသာင္းနဲ႔ခ်ီတဲ့ ရြာသားေတြ ရေသ့ေတာင္ၿမိဳ႕ေပၚနဲ႔ ေဘးလြတ္ရာကို တိမ္းေရွာင္ေနၾကရပါတယ္။

အလားတူ မင္းျပားၿမိဳ႕နယ္ တိုင္းဗဟို ၉ တပ္မေတာ္ေလ့က်င့္ေရးတပ္အနီး ေမလြမ္းရြာဘက္မွာလည္း တိုက္ပြဲျဖစ္ပြားေနဆဲလို႔ ေမလြမ္းရြာခံတဦးက ေျပာပါတယ္။

“တိုင္းဗဟိုအမွတ္ ၉ အနီးမွာေလ။ ေမလြမ္းရြာနဲ႔ မလွမ္းမကမ္းေပါ့ တိုက္ပြဲက။ အစိုးရစစ္တပ္ဘက္က ေလယာဥ္ပ်ံႏွစ္စီးနဲ႔ ခ်တာ။ သူတို႔ဘက္က အက်အဆုံး မ်ားေနတယ္။”

ေမလြမ္းရြာဘက္မွာ မေန႔ကအထိဆို ျမန္မာစစ္တပ္နဲ႔ AA အဖြဲ႔တို႔ ၃ ရက္ဆက္ တုိက္ပြဲျဖစ္ပြားေနခဲ့တာပါ။

ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ ေျပာခြင့္ရ ခိုင္သုခကေတာ့ မေန႔က ရေသ့ေတာင္နဲ႔ မင္းျပားၿမိဳ႕နယ္အတြင္း ႏွစ္ဖက္ တိုက္ပြဲျဖစ္ပြားမႈနဲ႔ ပတ္သက္လို႔ အခုလိုေျပာပါတယ္။

“မေန႔က ေအာက္တိုဘာလ ၃ ရက္ေန႔မွာ ရေသ့ေတာင္နဲ႔ မင္းျပားၿမိဳ႕နယ္ထဲက ေနရာႏွစ္ခုမွာ တိုက္ပြဲအျပင္းအထန္ ျဖစ္ခဲ့တာရွိတယ္။ ရေသ့ေတာင္ဘက္မွာေတာ့ ေက်ာက္တန္းနဲ႔ ေအာင္သာစည္ရြာတဝုိက္ကို ေအာက္တိုဘာလ ၃ ရက္ မနက္ ၇ နာရီေလာက္ကစၿပီးေတာ့မွ သူတို႔ လက္နက္ႀကီးေတြနဲ႔ စုၿပံဳပစ္ခတ္ၿပီးေတာ့ ထိုးစစ္ဆင္လာတာ ရွိတယ္။ ဆိုေတာ့ ေန႔လယ္ ၁၂ နာရီ ၄၆ မိနစ္ေလာက္မွာ ျမန္မာစစ္တပ္ဘက္က ရဟတ္ယာဥ္ႏွစ္စီးနဲ႔ လာၿပီးေတာ့ မိနစ္ ၂၀ ေလာက္ လာပစ္တာရွိတယ္။

“သူတို႔ဘက္က အထိခိုက္အက်ဆုံးေတြ မ်ားတဲ့အတြက္ေၾကာင့္မို႔လို႔ ဒီလိုမ်ိဳး လာေရာက္ပစ္ခတ္တာ ျဖစ္တယ္ဗ်။ ေအာက္တိုဘာလ ၃ ရက္ေန႔မွာ မင္းျပားၿမိဳ႕နယ္ ေမလြမ္းရြာရဲ႕ အေနာက္ေျမာက္ဘက္ ၃ ကီလိုမီတာ အကြာေလာက္မွာရွိတဲ့ က်ေနာ္တို႔ရဲ႕ တပ္ဖြဲ႔ေတြကို ျမန္မာစစ္တပ္ဘက္က အင္အား ၁၅၀ ေလာက္နဲ႔ လာၿပီးေတာ့မွ ႏွစ္ဖက္ညႇပ္ၿပီးေတာ့ ထိုးစစ္ဆင္လာတာရွိတယ္။ တိုက္ပြဲအျပင္းအထန္ ျဖစ္တာရွိတယ္။ ရန္သူ႔ဘက္က ထိခိုက္က်ဆုံးမႈ မ်ားတဲ့အတြက္ေၾကာင့္မို႔လို႔ ညေန ၅ နာရီနဲ႔ ၅ မိနစ္မွာ ရဟတ္ယဥ္ႏွစ္စီးနဲ႔ လာၿပီးေတာ့ ၁၅ မိနစ္ေလာက္ လာပစ္တာရွိတယ္။”

ရေသ့ေတာင္နဲ႔ မင္းျပားၿမိဳ႕နယ္အတြင္း ျမန္မာစစ္တပ္နဲ႔ AA ရခိုင္လက္နက္ကိုင္အဖြဲ႔တို႔ တိုက္ပြဲျဖစ္ပြားေၾကာင္း တပ္မေတာ္ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကလည္း အတည္ျပဳေျပာပါတယ္။

“အဲဒီ ထီးစြဲေက်းရြာ အနားေလးတဝုိက္ကပဲ AA အေနနဲ႔က ထီးစြဲေက်းရြာ အေရွ႕ဘက္ေတာင္မွာရွိတဲ့ ႏြားၿခံကုန္း အဲဒီေနရာေတြက ရြာကို အကာကြယ္ယူၿပီးေတာ့ စစ္ေရယာဥ္ေတြကုိ ပစ္ခတ္လာတယ္။ ရေသ့ေတာင္ ဘူးသီးေတာင္ဘက္တက္တဲ့လမ္းကို ဆက္သြယ္မႈ ျဖတ္ေတာက္ထားတာ ရွိတယ္။ အဲဒီေနရာနားမွာရွိတဲ့ ၃ ေနရာမွာ က်ေနာ္တုိ႔ မေန႔က တိုက္ပြဲျဖစ္ပြားခဲ့တာ ရွိတယ္။ ဒီေန႔မနက္မွာလည္း တိုက္ပြဲျဖစ္ပြားခဲ့တာ ရွိတယ္။ တိုက္ပြဲမွာေတာ့ က်ေနာ္တုိ႔ဆီက အရာရွိ စစ္သည္တခ်ိဳ႕ ဒဏ္ရာရရွိခဲ့တာ ရွိတယ္။ AA ဘက္ကေတာ့ လက္နက္ခဲယမ္းတခ်ိဳ႕ သိမ္းပိုက္ရခဲ့တာရွိတယ္။ မင္းျပားဘက္မွာေတာ့ ကမ္းနီနားေလး တဝုိက္မွာပဲ လမ္းေၾကာင္းလုံၿခံဳေရး ေစာင့္ေနတဲ့ တပ္ေတြကို ေႏွာင့္ယွက္ပစ္ခတ္တာ၊ တပ္ဖြဲ႔ဝင္ေတြနဲ႔ AA နဲ႔ ဒီတပတ္အတြင္းမွာ တိုက္ပြဲျဖစ္ပြားခဲ့တာ ၅ ႀကိမ္ ၆ ႀကိမ္ေလာက္ရွိၿပီ။”

တပ္မေတာ္က တဖက္သတ္ အပစ္ရပ္ေၾကညာခ်က္ကုိ ဒီလကုန္အထိ ၁ လသက္တမ္း ထပ္တုိးလုိက္ေၾကာင္း စက္တင္ဘာ ၂၉ ရက္မွာ ေၾကညာခဲ့ေပမယ့္ အၾကမ္းဖက္အဖဲြ႔အစည္းေတြ လႈပ္ရွားတဲ့ နယ္ေျမေတြ မပါဝင္ေၾကာင္း ေျပာဆုိထားတာေၾကာင့္ အၾကမ္းဖက္အဖဲြ႔အျဖစ္ သတ္မွတ္ထားတဲ့ AA အဖဲြ႔နဲ႔ ရခိုင္ျပည္နယ္မွာ တုိက္ပဲြေတြ ရက္ဆက္ျဖစ္ပြားေနတာပါ။

ရခိုင္ျပည္နယ္မွာ ၂ ႏွစ္နီးပါး စစ္ေရးတင္းမာမႈ ျဖစ္စဥ္အတြင္း အရပ္သားႏွစ္သိန္းေက်ာ္ အိုးအိမ္စြန္႔ခြာ စစ္ေရွာင္ေနရပါတယ္။

ကမာၻတဝန္း ကပ္ေရာဂါနဲ႔ ႀကံဳေနရခ်ိန္မွာ လက္နက္ကုိင္ပဋိပကၡေတြ ရပ္ဆဲထားၾကဖုိ႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္က တုိက္တြန္းထားသလုိ ျမန္မာႏုိင္ငံအေျခစုိက္ သံတမန္ေတြကလည္း တုိက္တြန္းခဲ့ေပမယ့္လည္း ရခုိင္ျပည္နယ္ အပါအဝင္ ရွမ္းျပည္နယ္အတြင္းမွာေတာ့ ျမန္မာစစ္တပ္နဲ႔ တုိင္းရင္းသား လက္နက္ကိုင္အဖြဲ႔ေတြအၾကား စစ္ေရးတင္းမာမႈေတြ ဆက္လက္ျဖစ္ပြားေနဆဲ ျဖစ္ပါတယ္။

မင္းျပားနဲ႔ ရေသ့ေတာင္ တုိက္ပဲြျပင္းထန္
please wait

No media source currently available

0:00 0:04:29 0:00
တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

မင်းပြားနဲ့ ရသေ့တောင် တိုက်ပွဲပြင်းထန်

ရခိုင်ပြည်နယ်၊ ရသေ့တောင်နဲ့ မင်းပြားမြို့နယ်အတွင်း မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် ဆက်သွယ်မေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။

စစ်ရေးတင်းမာနေဆဲ ရခိုင်ပြည်နယ်အတွင်း ရသေ့တောင်နဲ့ မင်းပြားမြို့နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေနဲ့ တပ်ဖွဲ့ဝင် ပြောခွင့်ရတွေက ပြောပါတယ်။

ရသေ့တောင်မြို့နယ် အောင်သာစည်နဲ့ ထီးစွဲရွာအကြားမှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ ဒီကနေ့မနက်အထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အောင်သာစည်ရွာသား ခိုင်သန်းမောင်က ပြောပါတယ်။

“ထီးစွဲနဲ့ အောင်သာစည်ကြားမှာ ဖြစ်တာပေါ့။ မနေ့တနေ့လုံး၊ ညတညလုံး တိုက်ပွဲက။ အခုထက်ထိ ဖြစ်တုန်းပဲ။ မနေ့က ရဟတ်ယာဉ်နဲ့ ၁၂ နာရီ ၄၅ မိနစ်လောက်မှာ မိနစ် ၂၀ လောက် လေယာဉ်နဲ့ ဗုံးကြဲတယ်၊ ရော့ကက်တွေနဲ့ ပစ်တယ်၊ စက်သေနတ်တွေနဲ့ ပစ်သွားတယ်။ အောင်သာစည်တောင်တန်းပေါ့။”

မနေ့မနက် ၉ နာရီကနေ ညလုံးပေါက် ပစ်ခတ်မှုဖြစ်ပွားပြီး ဒီကနေ့မနက်အထိ ပစ်ခတ်တိုက်ခိုက်မှု ရှိနေတယ်လို့လည်း ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

“ညကလည်း တညလုံး တိုက်ပွဲဖြစ်တယ်။ ဒီနေ့မနက် ၈ နာရီမှာမှ အပြန်အလှန်ပစ်တာ ရပ်သွားတယ်။ လက်နက်ကြီးတော့ ပုံမှန်ပစ်နေတာပဲ။ ရသေ့တောင် ရေစိုးချောင်းတပ်နယ်တွေက ပစ်တာ။”

အောင်သာစည်ကျေးရွာအနီး တောင်တန်းပေါ်မှာ အခြေပြုနေတဲ့ AA အဖွဲ့ကို မြန်မာစစ်တပ်ဘက်က ထိုးစစ်ဆင်နေတာ ၄ လနီးပါး ကြာမြင့်ခဲ့ပြီလို့ ဒေသခံတွေက ဆိုပါတယ်။

ရသေ့တောင်မြို့နယ် မြောက်ပိုင်း ကျောက်တန်းတိုက်နယ်မှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာကြောင့် ကျေးရွာပေါင်း ၂ဝ ကျော်က သောင်းနဲ့ချီတဲ့ ရွာသားတွေ ရသေ့တောင်မြို့ပေါ်နဲ့ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

အလားတူ မင်းပြားမြို့နယ် တိုင်းဗဟို ၉ တပ်မတော်လေ့ကျင့်ရေးတပ်အနီး မေလွမ်းရွာဘက်မှာလည်း တိုက်ပွဲဖြစ်ပွားနေဆဲလို့ မေလွမ်းရွာခံတဦးက ပြောပါတယ်။

“တိုင်းဗဟိုအမှတ် ၉ အနီးမှာလေ။ မေလွမ်းရွာနဲ့ မလှမ်းမကမ်းပေါ့ တိုက်ပွဲက။ အစိုးရစစ်တပ်ဘက်က လေယာဉ်ပျံနှစ်စီးနဲ့ ချတာ။ သူတို့ဘက်က အကျအဆုံး များနေတယ်။”

မေလွမ်းရွာဘက်မှာ မနေ့ကအထိဆို မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေခဲ့တာပါ။

ရခိုင်လက်နက်ကိုင် AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခကတော့ မနေ့က ရသေ့တောင်နဲ့ မင်းပြားမြို့နယ်အတွင်း နှစ်ဖက် တိုက်ပွဲဖြစ်ပွားမှုနဲ့ ပတ်သက်လို့ အခုလိုပြောပါတယ်။

“မနေ့က အောက်တိုဘာလ ၃ ရက်နေ့မှာ ရသေ့တောင်နဲ့ မင်းပြားမြို့နယ်ထဲက နေရာနှစ်ခုမှာ တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့တာရှိတယ်။ ရသေ့တောင်ဘက်မှာတော့ ကျောက်တန်းနဲ့ အောင်သာစည်ရွာတဝိုက်ကို အောက်တိုဘာလ ၃ ရက် မနက် ၇ နာရီလောက်ကစပြီးတော့မှ သူတို့ လက်နက်ကြီးတွေနဲ့ စုပြုံပစ်ခတ်ပြီးတော့ ထိုးစစ်ဆင်လာတာ ရှိတယ်။ ဆိုတော့ နေ့လယ် ၁၂ နာရီ ၄၆ မိနစ်လောက်မှာ မြန်မာစစ်တပ်ဘက်က ရဟတ်ယာဉ်နှစ်စီးနဲ့ လာပြီးတော့ မိနစ် ၂၀ လောက် လာပစ်တာရှိတယ်။

“သူတို့ဘက်က အထိခိုက်အကျဆုံးတွေ များတဲ့အတွက်ကြောင့်မို့လို့ ဒီလိုမျိုး လာရောက်ပစ်ခတ်တာ ဖြစ်တယ်ဗျ။ အောက်တိုဘာလ ၃ ရက်နေ့မှာ မင်းပြားမြို့နယ် မေလွမ်းရွာရဲ့ အနောက်မြောက်ဘက် ၃ ကီလိုမီတာ အကွာလောက်မှာရှိတဲ့ ကျနော်တို့ရဲ့ တပ်ဖွဲ့တွေကို မြန်မာစစ်တပ်ဘက်က အင်အား ၁၅၀ လောက်နဲ့ လာပြီးတော့မှ နှစ်ဖက်ညှပ်ပြီးတော့ ထိုးစစ်ဆင်လာတာရှိတယ်။ တိုက်ပွဲအပြင်းအထန် ဖြစ်တာရှိတယ်။ ရန်သူ့ဘက်က ထိခိုက်ကျဆုံးမှု များတဲ့အတွက်ကြောင့်မို့လို့ ညနေ ၅ နာရီနဲ့ ၅ မိနစ်မှာ ရဟတ်ယဉ်နှစ်စီးနဲ့ လာပြီးတော့ ၁၅ မိနစ်လောက် လာပစ်တာရှိတယ်။”

ရသေ့တောင်နဲ့ မင်းပြားမြို့နယ်အတွင်း မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားကြောင်း တပ်မတော်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း အတည်ပြုပြောပါတယ်။

“အဲဒီ ထီးစွဲကျေးရွာ အနားလေးတဝိုက်ကပဲ AA အနေနဲ့က ထီးစွဲကျေးရွာ အရှေ့ဘက်တောင်မှာရှိတဲ့ နွားခြံကုန်း အဲဒီနေရာတွေက ရွာကို အကာကွယ်ယူပြီးတော့ စစ်ရေယာဉ်တွေကို ပစ်ခတ်လာတယ်။ ရသေ့တောင် ဘူးသီးတောင်ဘက်တက်တဲ့လမ်းကို ဆက်သွယ်မှု ဖြတ်တောက်ထားတာ ရှိတယ်။ အဲဒီနေရာနားမှာရှိတဲ့ ၃ နေရာမှာ ကျနော်တို့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့တာ ရှိတယ်။ ဒီနေ့မနက်မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တာ ရှိတယ်။ တိုက်ပွဲမှာတော့ ကျနော်တို့ဆီက အရာရှိ စစ်သည်တချို့ ဒဏ်ရာရရှိခဲ့တာ ရှိတယ်။ AA ဘက်ကတော့ လက်နက်ခဲယမ်းတချို့ သိမ်းပိုက်ရခဲ့တာရှိတယ်။ မင်းပြားဘက်မှာတော့ ကမ်းနီနားလေး တဝိုက်မှာပဲ လမ်းကြောင်းလုံခြုံရေး စောင့်နေတဲ့ တပ်တွေကို နှောင့်ယှက်ပစ်ခတ်တာ၊ တပ်ဖွဲ့ဝင်တွေနဲ့ AA နဲ့ ဒီတပတ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တာ ၅ ကြိမ် ၆ ကြိမ်လောက်ရှိပြီ။”

တပ်မတော်က တဖက်သတ် အပစ်ရပ်ကြေညာချက်ကို ဒီလကုန်အထိ ၁ လသက်တမ်း ထပ်တိုးလိုက်ကြောင်း စက်တင်ဘာ ၂၉ ရက်မှာ ကြေညာခဲ့ပေမယ့် အကြမ်းဖက်အဖွဲ့အစည်းတွေ လှုပ်ရှားတဲ့ နယ်မြေတွေ မပါဝင်ကြောင်း ပြောဆိုထားတာကြောင့် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ AA အဖွဲ့နဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေတာပါ။

ရခိုင်ပြည်နယ်မှာ ၂ နှစ်နီးပါး စစ်ရေးတင်းမာမှု ဖြစ်စဉ်အတွင်း အရပ်သားနှစ်သိန်းကျော် အိုးအိမ်စွန့်ခွာ စစ်ရှောင်နေရပါတယ်။

ကမ္ဘာတဝန်း ကပ်ရောဂါနဲ့ ကြုံနေရချိန်မှာ လက်နက်ကိုင်ပဋိပက္ခတွေ ရပ်ဆဲထားကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းထားသလို မြန်မာနိုင်ငံအခြေစိုက် သံတမန်တွေကလည်း တိုက်တွန်းခဲ့ပေမယ့်လည်း ရခိုင်ပြည်နယ် အပါအဝင် ရှမ်းပြည်နယ်အတွင်းမှာတော့ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား စစ်ရေးတင်းမာမှုတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG