သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ ရေသ့ေတာင္တိုက္ပဲြေၾကာင့္ ေဒသခံေထာင္ဂဏန္းထြက္ေျပး


ရခိုင္ျပည္နယ္ မိုးစဲကြြ်န္းေဒသခံေတြ စစ္ေတြကို ထြက္ေျပး တိမ္းေရွာင္လာၾကတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - ေမယုထြန္း - စက္တင္ဘာ ၂၃၊ ၂၀၂၀)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္ ရေသ့ေတာင္ျမိဳ႕နယ္မွာ ျမန္မာစစ္တပ္နဲ႔ AA ရခိုင္လက္နက္ကိုင္အဖြဲ႔တို႔ တုိက္ပဲြအျပင္းအထန္ ျဖစ္ပြားရာက ေနာက္ထပ္ ေဒသခံေတြ တိမ္းေရွာင္ေနရတဲ့ အေျခအေနကုိ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က ေျပာျပပါမယ္။

ရေသ့ေတာင္ျမိဳ႕နယ္ ေက်ာက္တန္းတိုက္နယ္ဘက္မွာ ျမန္မာစစ္တပ္နဲ႔ AA ရခိုင္လက္နက္ကိုင္အဖြဲ႔တို႔ တိုက္ပြဲအျပင္းအထန္ျဖစ္ပြားၿပီး လက္နက္ၾကီး ပစ္ခတ္မႈေတြ ရွိခဲ့တယ္လုိ႔လည္း ေဒသခံေတြက ေျပာပါတယ္။ တနဂၤေႏြေန႔ညကလည္း ေက်ာက္တန္းတိုက္နယ္ ေအာင္သာစည္ရြာအနီး တုိက္ပဲြျပင္းထန္ခဲ့ေၾကာင္း ေဒသခံရြာသားတဦးကေျပာပါတယ္။

“မေန႔ကျဖစ္တဲ့ တိုက္ပြဲက ေတာ္ေတာ္ျပင္းထန္တယ္။ ည ၈ နာရီေလာက္မွာ ေလယာဥ္(ရဟတ္ယာဥ္)နဲ႔ လာပစ္တယ္။ ျမန္မာတပ္မေတာ္က ဆုတ္ေျပးသြားတယ္။ ထီးစြဲနဲ႔ ေအာင္သာစည္ၾကား။ အဲဒီေတာင္ကုန္းေလးကို ပထမေန႔က ဗမာ့ တပ္မေတာ္ကေျခကုတ္ယူထားတယ္ အဲတာကို AA က ညဘက္၀င္စီးထိုးစစ္ဆင္လို႔ သူတို႔ ဆုတ္ေျပးသြားတယ္။ မနက္မိုးလင္းေတာ့ အေလာင္းနဲ႔ လက္နက္သိမ္းဆီးရတယ္လို႔ ေျပာတာပဲ AA အဖြဲ႕ကေလ။”

စေနေန႔မွာ တပ္မေတာ္က ထိုးစစ္ဆင္သိမ္းပိုက္ခဲ့တဲ့ ေအာင္သာစည္နဲ႔ ထီးစြဲၾကားက AA အေျချပဳရာေတာင္ကုန္း တခုကို ေနာက္တေန႔မွာပဲ ျပန္လည္တုိက္ခုိက္သိမ္းပုိက္ခဲ့ရာမွာ တုိက္ပဲြျဖစ္ခဲ့တလုိ႔လည္း AA အဖဲြ႔ေျပာခြင့္ရသူ ခုိင္သုခက ေျပာပါတယ္။

“အဲဒီျမန္မာစစ္တပ္ဘက္က သိမ္းပိုက္ခဲ့တဲ့ ေတာင္ကုန္းကို မေန႔က ေအာက္တိုဘာလ ၄ ရက္ေန႔ ညေန ၅ နာရီခြဲက စျပီးေတာ့မွ က်ေနာ္တို႔ရဲ႕ အာရကၡစစ္သည္ေတြက ျပန္လည္ထိုးစစ္ဆင္ျပီးေတာ့ လက္ရသိမ္းပိုက္ခဲ့တာ ရွိတယ္။ ည ၇ နာရီခြဲေလာက္မွာ အဲဒီေတာင္ကုန္းမွာရွိတဲ့ ရန္သူအားလုံးကိုလည္း အျပတ္အသတ္ေခ်မႈန္းျပီးေတာ့မွ အဲဒီေတာင္ ကုန္း ကိုျပန္လည္သိမ္းပိုက္နိုင္ခဲ့တာ ျဖစ္တယ္။ အဲဒီတိုက္ခိုက္သိမ္းပိုက္မႈအတြင္းမွာ ရန္သူအရာရွိစစ္သည္ေတြ အပါအ၀င္ ရန္သူဘက္က အက်ဆုံးေတြ အမ်ားအျပား ရွိတယ္ဗ်။ ရန္သူစစ္လက္နက္ခဲယမ္း ပစၥည္းေတြလည္း က်ေနာ္တို႔ဘက္က ေနျပီးေတာ့ သိမ္းပိုက္နိုင္ခဲ့တာရွိတယ္။”

မင္းျပားျမိဳ႕နယ္ ေမလြမ္းရြာဘက္မွာလည္း တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ျမန္မာစစ္တပ္ဘက္က ထိခိုက္မႈ ရွိခဲ့ေၾကာင္း AA ေျပာခြင့္ရ ခိုင္သုခက ေျပာဆုိထားေပမဲ့ သီးျခားအတည္ျပဳလုိ႔ေတာ့ မရပါဘူး။

တုိက္ပဲြျဖစ္ရာေနရာနဲ႔ အနီးအနားရြာေတြ တ၀ုိက္ ဒီေန႔မနက္ပုိင္း မယူျမစ္အတြင္းကေန ျမန္မာေရတပ္သေဘၤာေတြရဲ႕ ပစ္ခတ္မႈေၾကာင့္ ေဒသခံေတြ ထိခုိက္မႈေတြ ရွိခဲ့တယ္လုိ႔လည္း ကုိယ္တုိင္ေတြ႔သူေတြက ေျပာပါတယ္။

ဒီမနက္ပစ္ခတ္မႈေၾကာင့္ ရေသ့ေတာင္ၿမိဳ႕နယ္၊ ျပင္ရွည္အုပ္စု၊ စဖိုကၽြန္းအနီးကံျပင္ေက်းရြာမွာ အသက္ ၇ဝ ေက်ာ္ အရြယ္ စစ္ေဘးေရွာင္အဖိုးအိုတစ္ဦး လက္နက္က်ည္ထိမွန္ဒဏ္ရာျပင္းထန္စြာ ရရွိသြားခဲ့သလို အနီးနားရြာသား ေတြ ေစတီျပင္ရြာစစ္ေရွာင္စခန္းဘက္ကို တိမ္းေရွာင္ေနရတယ္လို႔ ေစတီျပင္ေဒသခံရြာသားတဦးကေျပာပါတယ္။

“စဖိုကြ်န္းကံျပင္မွာ အဲဒီဇက္NAVY ကပစ္တာ။ လက္နက္ၾကီး ထိတယ္တေယာက္။ ဘယ္ဖက္တက္ပါးက ၀င္ျပီးေတာ့ ၀မ္းကေနထြက္သြားတယ္။ စိုးရိမ္ရတယ္။ စိုးရိမ္ရလို႕စစ္ေတြကိုယူသြားျပီး။ ရြာသားေတြကေတာ့ အဲဒီဇက္NAVY တက္ လာရင္ အကုန္ေစတီျပင္ကိုေျပးလာၾကတယ္။ ပုံမွန္က ၂,၀၀၀ ေလာက္ပဲ ရွိတယ္။ ဇက္NAVY တက္လာျပီဆိုရင္ေတာ့ ေအာက္ဘက္အနီးနား ေမယုျမစ္နားကရြာေတြအားလုံး ေျပးလာၾကတယ္ေပါ့။ ေအာက္ကြ်န္းေစာင္ ေအာင္ေဇကုန္း စဖိုကြ်န္း ကန္ျပင္ ျပင္၀န္း ျမစ္နားမွာရွိတဲ့ရြာေတြေပါ့။”

အလားတူမိုးစဲကြ်န္းဘက္မွာလည္း ေရတပ္သေဘၤာကေန ပစ္ခတ္မႈေၾကာင့္ ရြာသားေတြရြာကေန တိမ္းေရွာင္ေနရတယ္လို႔ ေရႊေလာင္းတင္ရြာခံတဦးက ေျပာပါတယ္။

“ကံျပင္ကို ပစ္တယ္။ ျမင္းဂန္ေခ်ာင္းဘက္ကို ပစ္တယ္၊ ေရႊေလာင္းတင္ဘက္ကို ပစ္တယ္။ ရြာသားေတြက အကုန္လုံး ထြက္ေျပးေနရတယ္။ နီးစပ္ရာကိုေျပးေနရတယ္။”

မိုးစဲကြ်န္းဘက္က ေက်းရြာအမ်ားစုက ရြာသားေထာင္ခ်ီဟာ ေရပိုက္ဆုံ ဦးဂါရြာေတြဘက္မွာ ျပီးခဲ့တဲ့ စက္တင္ဘာလကတည္းက ေရတပ္သေဘၤာကေန ပစ္ခတ္မႈေဘးကေန တိမ္းေရွာင္ေနၾကတာပါ။

မင္းျပားျမိဳ႕နယ္နဲ႔ ရေသ့ေတာင္ေက်ာက္တန္းတိုက္နယ္ဘက္မွာ တိုက္ပြဲျဖစ္ပြါးေနတာနဲ႕ပက္သက္လို႔ အေျခအေန သိရွိဖို႔ တပ္မေတာ္ဘက္ကို ဆက္သြယ္ခဲ့ေပမဲ့ ဆက္သြယ္လို႕မရခဲ့ပါဘူး။

တနဂၤေႏြေန႕ညေနပိုင္း ဗီြအိုေအကေန ဆက္သြယ္ေမးျမန္းခ်က္မွာေတာ့ ရေသ့ေတာင္္ျမိဳ႕နယ္ဘက္မွာ တပ္မေတာ္ကေန လမ္္းလုံျခံဳေရးေဆာင္ရြက္ေနစဥ္ AA အဖြဲ႕နဲ႔ တိုက္ပြဲျဖစ္ပြါးခဲ့ေၾကာင္း တပ္မေတာ္ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း ကေျပာပါတယ္။

“က်ေနာ္တို႔ ရေသ့ေတာင္နဲ႔ ဘူးသီးေတာင္ၾကားထဲမွာ ရွိတဲ့ ေရလမ္းကုန္းလမ္း လုံျခံဳေရးအတြက္တပ္အေနနဲ႔က လမ္းေၾကာင္း ျပန္လည္ဖြင့္လွစ္နိုင္ေရး ေဆာင္ရြက္ေနတာ ရွိတယ္။ အဲဒီမွာ တိုက္ပြဲျဖစ္ပြါးခဲ့တာရွိတယ္။

ရခိုင္ျပည္နယ္မွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္တနက္ကိုင္ AA အဖြဲ႕တို႔ ၂ ႏွစ္နီးပါး စစ္ေရးပဋိပကၡကာလအတြင္း တေနရပ္စြန္႔ခြာထြက္ေျပးေနၾကရတဲ့ စစ္ေဘးေရွာင္ ဦးေရမွာ ၂၂၀,၀၀၀ ေက်ာ္အထိ ရွိလာၿပီလို႔ ရခိုင္လူမႈ အဖြဲ႔အစည္းေတြက စာရင္းျပဳစုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင် ရသေ့တောင်တိုက်ပွဲကြောင့် ဒေသခံထောင်ဂဏန်းထွက်ပြေး

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားရာက နောက်ထပ် ဒေသခံတွေ တိမ်းရှောင်နေရတဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပါမယ်။

ရသေ့တောင်မြို့နယ် ကျောက်တန်းတိုက်နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး လက်နက်ကြီး ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ တနင်္ဂနွေနေ့ညကလည်း ကျောက်တန်းတိုက်နယ် အောင်သာစည်ရွာအနီး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံရွာသားတဦးကပြောပါတယ်။

“မနေ့ကဖြစ်တဲ့ တိုက်ပွဲက တော်တော်ပြင်းထန်တယ်။ ည ၈ နာရီလောက်မှာ လေယာဉ်(ရဟတ်ယာဉ်)နဲ့ လာပစ်တယ်။ မြန်မာတပ်မတော်က ဆုတ်ပြေးသွားတယ်။ ထီးစွဲနဲ့ အောင်သာစည်ကြား။ အဲဒီတောင်ကုန်းလေးကို ပထမနေ့က ဗမာ့ တပ်မတော်ကခြေကုတ်ယူထားတယ် အဲတာကို AA က ညဘက်ဝင်စီးထိုးစစ်ဆင်လို့ သူတို့ ဆုတ်ပြေးသွားတယ်။ မနက်မိုးလင်းတော့ အလောင်းနဲ့ လက်နက်သိမ်းဆီးရတယ်လို့ ပြောတာပဲ AA အဖွဲ့ကလေ။”

စနေနေ့မှာ တပ်မတော်က ထိုးစစ်ဆင်သိမ်းပိုက်ခဲ့တဲ့ အောင်သာစည်နဲ့ ထီးစွဲကြားက AA အခြေပြုရာတောင်ကုန်း တခုကို နောက်တနေ့မှာပဲ ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ တိုက်ပွဲဖြစ်ခဲ့တလို့လည်း AA အဖွဲ့ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။

“အဲဒီမြန်မာစစ်တပ်ဘက်က သိမ်းပိုက်ခဲ့တဲ့ တောင်ကုန်းကို မနေ့က အောက်တိုဘာလ ၄ ရက်နေ့ ညနေ ၅ နာရီခွဲက စပြီးတော့မှ ကျနော်တို့ရဲ့ အာရက္ခစစ်သည်တွေက ပြန်လည်ထိုးစစ်ဆင်ပြီးတော့ လက်ရသိမ်းပိုက်ခဲ့တာ ရှိတယ်။ ည ၇ နာရီခွဲလောက်မှာ အဲဒီတောင်ကုန်းမှာရှိတဲ့ ရန်သူအားလုံးကိုလည်း အပြတ်အသတ်ချေမှုန်းပြီးတော့မှ အဲဒီတောင် ကုန်း ကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်။ အဲဒီတိုက်ခိုက်သိမ်းပိုက်မှုအတွင်းမှာ ရန်သူအရာရှိစစ်သည်တွေ အပါအဝင် ရန်သူဘက်က အကျဆုံးတွေ အများအပြား ရှိတယ်ဗျ။ ရန်သူစစ်လက်နက်ခဲယမ်း ပစ္စည်းတွေလည်း ကျနော်တို့ဘက်က နေပြီးတော့ သိမ်းပိုက်နိုင်ခဲ့တာရှိတယ်။”

မင်းပြားမြို့နယ် မေလွမ်းရွာဘက်မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်ဘက်က ထိခိုက်မှု ရှိခဲ့ကြောင်း AA ပြောခွင့်ရ ခိုင်သုခက ပြောဆိုထားပေမဲ့ သီးခြားအတည်ပြုလို့တော့ မရပါဘူး။

တိုက်ပွဲဖြစ်ရာနေရာနဲ့ အနီးအနားရွာတွေ တဝိုက် ဒီနေ့မနက်ပိုင်း မယူမြစ်အတွင်းကနေ မြန်မာရေတပ်သင်္ဘောတွေရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံတွေ ထိခိုက်မှုတွေ ရှိခဲ့တယ်လို့လည်း ကိုယ်တိုင်တွေ့သူတွေက ပြောပါတယ်။

ဒီမနက်ပစ်ခတ်မှုကြောင့် ရသေ့တောင်မြို့နယ်၊ ပြင်ရှည်အုပ်စု၊ စဖိုကျွန်းအနီးကံပြင်ကျေးရွာမှာ အသက် ၇ဝ ကျော် အရွယ် စစ်ဘေးရှောင်အဖိုးအိုတစ်ဦး လက်နက်ကျည်ထိမှန်ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့သလို အနီးနားရွာသား တွေ စေတီပြင်ရွာစစ်ရှောင်စခန်းဘက်ကို တိမ်းရှောင်နေရတယ်လို့ စေတီပြင်ဒေသခံရွာသားတဦးကပြောပါတယ်။

“စဖိုကျွန်းကံပြင်မှာ အဲဒီဇက်NAVY ကပစ်တာ။ လက်နက်ကြီး ထိတယ်တယောက်။ ဘယ်ဖက်တက်ပါးက ဝင်ပြီးတော့ ဝမ်းကနေထွက်သွားတယ်။ စိုးရိမ်ရတယ်။ စိုးရိမ်ရလို့စစ်တွေကိုယူသွားပြီး။ ရွာသားတွေကတော့ အဲဒီဇက်NAVY တက် လာရင် အကုန်စေတီပြင်ကိုပြေးလာကြတယ်။ ပုံမှန်က ၂,၀၀၀ လောက်ပဲ ရှိတယ်။ ဇက်NAVY တက်လာပြီဆိုရင်တော့ အောက်ဘက်အနီးနား မေယုမြစ်နားကရွာတွေအားလုံး ပြေးလာကြတယ်ပေါ့။ အောက်ကျွန်းစောင် အောင်ဇေကုန်း စဖိုကျွန်း ကန်ပြင် ပြင်ဝန်း မြစ်နားမှာရှိတဲ့ရွာတွေပေါ့။”

အလားတူမိုးစဲကျွန်းဘက်မှာလည်း ရေတပ်သင်္ဘောကနေ ပစ်ခတ်မှုကြောင့် ရွာသားတွေရွာကနေ တိမ်းရှောင်နေရတယ်လို့ ရွှေလောင်းတင်ရွာခံတဦးက ပြောပါတယ်။

“ကံပြင်ကို ပစ်တယ်။ မြင်းဂန်ချောင်းဘက်ကို ပစ်တယ်၊ ရွှေလောင်းတင်ဘက်ကို ပစ်တယ်။ ရွာသားတွေက အကုန်လုံး ထွက်ပြေးနေရတယ်။ နီးစပ်ရာကိုပြေးနေရတယ်။”

မိုးစဲကျွန်းဘက်က ကျေးရွာအများစုက ရွာသားထောင်ချီဟာ ရေပိုက်ဆုံ ဦးဂါရွာတွေဘက်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက ရေတပ်သင်္ဘောကနေ ပစ်ခတ်မှုဘေးကနေ တိမ်းရှောင်နေကြတာပါ။

မင်းပြားမြို့နယ်နဲ့ ရသေ့တောင်ကျောက်တန်းတိုက်နယ်ဘက်မှာ တိုက်ပွဲဖြစ်ပွါးနေတာနဲ့ပက်သက်လို့ အခြေအနေ သိရှိဖို့ တပ်မတော်ဘက်ကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

တနင်္ဂနွေနေ့ညနေပိုင်း ဗွီအိုအေကနေ ဆက်သွယ်မေးမြန်းချက်မှာတော့ ရသေ့တောင်မြို့နယ်ဘက်မှာ တပ်မတော်ကနေ လမ်းလုံခြုံရေးဆောင်ရွက်နေစဉ် AA အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း တပ်မတော်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကပြောပါတယ်။

“ကျနော်တို့ ရသေ့တောင်နဲ့ ဘူးသီးတောင်ကြားထဲမှာ ရှိတဲ့ ရေလမ်းကုန်းလမ်း လုံခြုံရေးအတွက်တပ်အနေနဲ့က လမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေတာ ရှိတယ်။ အဲဒီမှာ တိုက်ပွဲဖြစ်ပွါးခဲ့တာရှိတယ်။

ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်တနက်ကိုင် AA အဖွဲ့တို့ ၂ နှစ်နီးပါး စစ်ရေးပဋိပက္ခကာလအတွင်း တနေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင် ဦးရေမှာ ၂၂၀,၀၀၀ ကျော်အထိ ရှိလာပြီလို့ ရခိုင်လူမှု အဖွဲ့အစည်းတွေက စာရင်းပြုစုထားပါတယ်။

XS
SM
MD
LG