သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ေၾကာင့္ တုိင္းရင္းသားပါတီေတြ ေရြးေကာက္ပြဲအတြက္ စိန္ေခၚမႈေတြနဲ႔ ရင္ဆုိင္ေနရ


၂၀၁၅ ခုနွစ္ ေရြးေကာက္ပြဲတုန္းက ရွမ္းတိုင္းရင္းသူ မဲဆႏၵရွင္တဦး ရန္ကုန္ၿမိဳ႕ရွိ မဲရံုတခုမွာ မဲေပးေနတဲ့ ျမင္ကြင္း။ (ေမ ၁၅၊ ၂၀၁၅)

(Zawgyi/Unicode)

ေ႐ြးေကာက္ပြဲက်င္းပဖို႔ ၁ လသာ က်န္ေတာ့တဲ့ အခ်ိန္မွာပဲ တိုင္းရင္းသားေဒသေတြက ႏိုင္ငံေရးပါတီေတြ အခက္အခဲေပါင္းစုံ ႀကံဳေနရတဲ့ အေျခအေနကို ေျပာျပေပးပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေမခက တင္ျပေပးမွာပါ။

ေရွ႕လထဲ ေ႐ြးေကာက္ပြဲေတြ က်င္းပဖို႔ ရွိေနခ်ိန္မွာပဲ ကပ္ေရာဂါကူးစက္မႈေတြ တိုးေနဆဲျဖစ္တာေၾကာင့္ သြားလာလႈပ္ရွားမႈေတြ ကန႔္သတ္ထားတာေတြ၊ မဲဆႏၵရွင္စာရင္း အမွားအယြင္းေတြနဲ႔ အင္တာနက္ ဆက္သြယ္မႈ အခက္အခဲေတြလို တိုင္းရင္းသား ေဒသေတြမွာ စိန္ေခၚမႈေတြနဲ႔ ႀကဳံေနရတာပါ။
ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ ကေဒၚဒြဲဘူကေတာ့ ကပ္ေရာဂါကာလ ကန႔္သတ္ခ်က္ေတြေၾကာင့္ ႏိုင္ငံေရးလႈပ္ရွားမႈေတြကို ထင္သေလာက္ မလုပ္ႏိုင္ပဲ ျဖစ္ေနရတယ္လို႔ ေျပာပါတယ္။

“သူမ်ားေတြလို ပါတီေတြအကုန္လံုး နာမည္ႀကီးၿပီးသား နာမည္ရွိၿပီးသားပါတီေတြအတြက္က စည္းရံုးရတာ မခက္ဘူး ဒါေပမယ့္ က်မတို႔က်ေတာ့ ေတာ္ေတာ္ေလး အခက္အခဲေတြ ရွိတာေပါ့။ ကိုဗစ္ကာလ အေနအထားနဲ႔စည္းကမ္းေအာက္မွာလုပ္ရေတာ့ ပိုၿပီးမွေငြကုန္ေၾကးက်မ်ားတယ္။ အခ်ိန္လည္း ကုန္တယ္၊ လူလည္းပိုပင္ပန္းတာေပါ့ေနာ္။ ဒီေလာက္လူ သိန္းဂဏန္းကို ၂လတြင္းမွာ ေတြ႕ဖို႔ဆိုတာက ေသာင္းဂဏန္း ေတြ႔ဖို႔ေတာင္မလြယ္ဘူးေပါ့ေနာ္။ က်မတို႔ဆီမွာက တခ်ိဳ႕ေဒသဆို အင္တာနက္အြန္လိုင္းေတြ၊ လမ္းပန္းဆက္သြယ္ေရးေတြ ခက္တယ္။ အဲဒါမ်ိဳးေနရာမွာလည္း အခက္အခဲက ေနာက္တမ်ိဳးေပါေနာ္ ေနာက္တခု မဲဆြယ္ကာလ ၂လဆိုတာ အင္မတန္နည္းတယ္။ မဲစာရင္းသြားၾကည့္ဖို႔ ေျပာမွ သူတို႔က ေျပာမွ အခုမွ နားလည္လာၿပီးမွ တခ်ိဳ႕က်ေတာ့ ခုထိမဲစာရင္းေတာင္မၾကည့္ၾကဘူး။ သူတိုမဲစာရင္းပါလား၊ မပါလားေတာင္မသိၾကဘူး။ မသိတဲ့သူေတြက ပိုမ်ားေတာ့ဒီတႀကိမ္လည္းေတာ္ေတာ္က်န္ခဲ့ဦးမယ္ထင္တယ္။”

ကခ်င္ျပည္နယ္ ၊ ဖားကန႔္ေဒသ ေက်ာက္စိမ္း တူးေဖာ္ေရးလုပ္ငန္းမွာ အလုပ္လုပ္ေနၾကတဲ့ သိန္းနဲ႔ခ်ီတဲ့ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြ မဲေပးခြင့္ အေျခအေနေတြ မေရမရာျဖစ္ေနတာဟာလည္း စိန္ေခၚမႈတခုပါ။ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္က မဲဆႏၵနယ္ေျမ ျပင္ပမွာ ရက္ေပါင္း ၉၀ ထက္မနည္း ေရာက္ေနသူေတြ ကိုယ့္ေရာက္ရာအရပ္မွာ မဲေပးခ်င္ရင္ ဒီသီတင္းပတ္ထဲ ေနာက္ဆုံးထား ေလွ်ာက္ထားဖို႔ ခြင့္ျပဳထားပါတယ္။ ဒါေပမဲ့လည္း ဒီလိုေလွ်ာက္ထားဖို႔အတြက္ အခက္အခဲေတြ ရွိေနတယ္လို႔လည္း ဖားကန႔္ၿမိဳ႕နယ္ ဆိပ္မူေက်း႐ြာက ဦးေ႐ႊသိန္းကေျပာပါတယ္။

“သက္ဆိုင္ရာ ရာအိမ္မွဴးေတြဆီမွာ မဲထည့္ခြင့္ရဖို႔အတြက္ ခ်ဥ္းကပ္ေဆာင္ရြက္တဲ့အခါမ်ာစာရင္းထဲမွာ ပါတဲ့ဟာ မဲစာရင္းကမွားတယ္ဆိုတာ မွားတဲ့ အေၾကာင္း ေျပာရင္ဒါကို ျပန္ျပင္ေပးဖို႔ ဆိုတာမ်ိဳးထက္ဒီေလာက္ကရတယ္ ၊ ဘာမွမျဖစ္ဘူးတို႔ အျမဲတမ္း ဒီလိုေျပာတာမ်ိဳးေတြ ရွိတယ္။ စာရင္းမွားလို႔ မဲေပးခြင့္မရရင္ဘယ္သူတာဝန္ယူမလဲ ဆုိတဲ့ ကိစၥမွာ ေျပာစရာရွိလာတယ္။ ေသခ်ာတာတခုက ဒီမွာ ေ႐ႊ႕ေျပာင္းလုပ္သားေတြမ်ားတယ္။ ၿခဳံေျပာရင္ မဲထည့္ခြင့္မရသူ ေတာ္ေတာ္မ်ားမ်ား ထက္ဝက္ေလာက္ရွိတယ္။ လူ ၁၀ေယာက္မွာ ၅ေယာက္ကမဲေပးခြင့္ ရဖို႔ အခက္အခဲနဲ႔ ရင္ဆိုင္ေနရတယ္လို႔ ေျပာလို႔ရတယ္။”

ေ႐ြးေကာက္ပြဲ က်င္းပဖို႔ လပိုင္းသာ လိုေတာ့တဲ့ အခ်ိန္မွာပဲ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ လက္နက္ကိုင္ပဋိပကၡေတြ တေက်ာ့ျပန္ ေပၚေပါက္ေနတာကလည္း စိန္ေခၚမႈတခုျဖစ္ေနပါတယ္။ ဒီရက္ပိုင္းအတြင္း မူဆယ္ခ႐ိုင္မွာ တပ္မေတာ္နဲ႔ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြၾကား တိုက္ပြဲေတြေၾကာင့္ ေဒသခံေတြ ထြက္ေျပးတိမ္းေရွာင္ေနၾကရတာေၾကာင့္ မဲေပးခြင့္ ဆုံးရႈံးမယ့္ အလားအလာေတြ ရွိေနတယ္လို႔ မူဆယ္ မဲဆႏၵနနယ္ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ရဲ႕ ျပည္နယ္ ကိုယ္စားလွယ္ေလာင္း စိုင္းေက်ာ္သိန္းက ေျပာျပပါတယ္။

“အေတြ႕အႀကဳံ က၂၀၁၅ ရွိတယ္။ ၂၀၁၀လည္းရွိတယ္။ ၂၀၁၅ ကေန အခု ၂၀၂၀ အထိ အခ်ိန္ ၅ႏွစ္ရခဲ့တယ္။ အဲလို ၅ႏွစ္ရွိ တာကိုေတာင္မွပထမႀကိမ္ မဲမွားတာကုိ ေျပာမယ္ဆိုရင္ ေပါ့ေလ်ာ့တာေပါ့ဗ်ာ။ ေနာက္ၿပီးေတာ့ ဒုတိယအႀကိမ္ပါ ထပ္မွားေတာ့ ေကာ္မရွင္ကပဲ အလုပ္မလုပ္တာလား ေမးစရာျဖစ္လာတယ္။ စာရင္းကမွားတယ္ တခ်ိဳ႕လည္း မပါဘူး။ ထပ္ျဖည့္လည္းမပါဘူး။ ဒါမျဖစ္သင့္တဲ့ ကိစၥေတြေပါ့ဗ်ာ။ ေျပာရမယ္ဆိုရင္ အခုကစစ္ေဘးေရွာင္ေတြေတာင္ ရွိလာတယ္။ စစ္ေဘးေရွာင္ေတြ အတြက္ ဘယ္လိုမဲေပးရမလဲ ဆိုတာ က်ေနာ္တို႔ ခရိုင္ေကာ္မရွင္က ဘယ္လို စည္းစားေပးမလဲေပါ့။ ေျပးလာသူေတြက ဘုန္းႀကီးေက်ာင္း တေက်ာင္းထဲေနတာမဟုတ္ဘူး။ ၃၊ ၄ ေက်ာင္းေလာက္ သြားေနေနတယ္ ခုေရာေနေတာ့ စစ္ေဘးေရွာင္ေတြ ေတာ္ေတာ္အခက္အခဲရွိမယ္ထင္တာဘဲ။”

ႏိုင္ငံေရးပါတီေပါင္း ၉၀ ေက်ာ္က ကိုယ္စားလွယ္ေလာင္းေတြနဲ႔ တသီးပုဂၢလ ကိုယ္စားလွယ္ေလာင္း ေတြ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမယ့္ ႏိုဝင္ဘာလ ၈ ရက္ေန႔ ေ႐ြးေကာက္ပြဲမွာေတာ့ မဲေပးခြင့္ရွိသူ ၃၇ သန္းေက်ာ္ ရွိမယ္လို႔လည္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္က ခန႔္မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္



.............

ကိုဗစ်ကြောင့် တိုင်းရင်းသားပါတီတွေ ရွေးကောက်ပွဲအတွက် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရ

(Unicode)

ရွေးကောက်ပွဲကျင်းပဖို့ ၁ လသာ ကျန်တော့တဲ့ အချိန်မှာပဲ တိုင်းရင်းသားဒေသတွေက နိုင်ငံရေးပါတီတွေ အခက်အခဲပေါင်းစုံ ကြုံနေရတဲ့ အခြေအနေကို ပြောပြပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက တင်ပြပေးမှာပါ။

ရှေ့လထဲ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေချိန်မှာပဲ ကပ်ရောဂါကူးစက်မှုတွေ တိုးနေဆဲဖြစ်တာကြောင့် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားတာတွေ၊ မဲဆန္ဒရှင်စာရင်း အမှားအယွင်းတွေနဲ့ အင်တာနက် ဆက်သွယ်မှု အခက်အခဲတွေလို တိုင်းရင်းသား ဒေသတွေမှာ စိန်ခေါ်မှုတွေနဲ့ ကြုံနေရတာပါ။
ကချင်ပြည်နယ်ပြည်သူ့ပါတီ ကဒေါ်ဒွဲဘူကတော့ ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကြောင့် နိုင်ငံရေးလှုပ်ရှားမှုတွေကို ထင်သလောက် မလုပ်နိုင်ပဲ ဖြစ်နေရတယ်လို့ ပြောပါတယ်။

“သူများတွေလို ပါတီတွေအကုန်လုံး နာမည်ကြီးပြီးသား နာမည်ရှိပြီးသားပါတီတွေအတွက်က စည်းရုံးရတာ မခက်ဘူး ဒါပေမယ့် ကျမတို့ကျတော့ တော်တော်လေး အခက်အခဲတွေ ရှိတာပေါ့။ ကိုဗစ်ကာလ အနေအထားနဲ့စည်းကမ်းအောက်မှာလုပ်ရတော့ ပိုပြီးမှငွေကုန်ကြေးကျများတယ်။ အချိန်လည်း ကုန်တယ်၊ လူလည်းပိုပင်ပန်းတာပေါ့နော်။ ဒီလောက်လူ သိန်းဂဏန်းကို ၂လတွင်းမှာ တွေ့ဖို့ဆိုတာက သောင်းဂဏန်း တွေ့ဖို့တောင်မလွယ်ဘူးပေါ့နော်။ ကျမတို့ဆီမှာက တချို့ဒေသဆို အင်တာနက်အွန်လိုင်းတွေ၊ လမ်းပန်းဆက်သွယ်ရေးတွေ ခက်တယ်။ အဲဒါမျိုးနေရာမှာလည်း အခက်အခဲက နောက်တမျိုးပေါနော် နောက်တခု မဲဆွယ်ကာလ ၂လဆိုတာ အင်မတန်နည်းတယ်။ မဲစာရင်းသွားကြည့်ဖို့ ပြောမှ သူတို့က ပြောမှ အခုမှ နားလည်လာပြီးမှ တချို့ကျတော့ ခုထိမဲစာရင်းတောင်မကြည့်ကြဘူး။ သူတိုမဲစာရင်းပါလား၊ မပါလားတောင်မသိကြဘူး။ မသိတဲ့သူတွေက ပိုများတော့ဒီတကြိမ်လည်းတော်တော်ကျန်ခဲ့ဦးမယ်ထင်တယ်။”

ကချင်ပြည်နယ် ၊ ဖားကန့်ဒေသ ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းမှာ အလုပ်လုပ်နေကြတဲ့ သိန်းနဲ့ချီတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ မဲပေးခွင့် အခြေအနေတွေ မရေမရာဖြစ်နေတာဟာလည်း စိန်ခေါ်မှုတခုပါ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မဲဆန္ဒနယ်မြေ ပြင်ပမှာ ရက်ပေါင်း ၉၀ ထက်မနည်း ရောက်နေသူတွေ ကိုယ့်ရောက်ရာအရပ်မှာ မဲပေးချင်ရင် ဒီသီတင်းပတ်ထဲ နောက်ဆုံးထား လျှောက်ထားဖို့ ခွင့်ပြုထားပါတယ်။ ဒါပေမဲ့လည်း ဒီလိုလျှောက်ထားဖို့အတွက် အခက်အခဲတွေ ရှိနေတယ်လို့လည်း ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာက ဦးရွှေသိန်းကပြောပါတယ်။

“သက်ဆိုင်ရာ ရာအိမ်မှူးတွေဆီမှာ မဲထည့်ခွင့်ရဖို့အတွက် ချဉ်းကပ်ဆောင်ရွက်တဲ့အခါမျာစာရင်းထဲမှာ ပါတဲ့ဟာ မဲစာရင်းကမှားတယ်ဆိုတာ မှားတဲ့ အကြောင်း ပြောရင်ဒါကို ပြန်ပြင်ပေးဖို့ ဆိုတာမျိုးထက်ဒီလောက်ကရတယ် ၊ ဘာမှမဖြစ်ဘူးတို့ အမြဲတမ်း ဒီလိုပြောတာမျိုးတွေ ရှိတယ်။ စာရင်းမှားလို့ မဲပေးခွင့်မရရင်ဘယ်သူတာဝန်ယူမလဲ ဆိုတဲ့ ကိစ္စမှာ ပြောစရာရှိလာတယ်။ သေချာတာတခုက ဒီမှာ ရွှေ့ပြောင်းလုပ်သားတွေများတယ်။ ခြုံပြောရင် မဲထည့်ခွင့်မရသူ တော်တော်များများ ထက်ဝက်လောက်ရှိတယ်။ လူ ၁၀ယောက်မှာ ၅ယောက်ကမဲပေးခွင့် ရဖို့ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောလို့ရတယ်။”

ရွေးကောက်ပွဲ ကျင်းပဖို့ လပိုင်းသာ လိုတော့တဲ့ အချိန်မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လက်နက်ကိုင်ပဋိပက္ခတွေ တကျော့ပြန် ပေါ်ပေါက်နေတာကလည်း စိန်ခေါ်မှုတခုဖြစ်နေပါတယ်။ ဒီရက်ပိုင်းအတွင်း မူဆယ်ခရိုင်မှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာကြောင့် မဲပေးခွင့် ဆုံးရှုံးမယ့် အလားအလာတွေ ရှိနေတယ်လို့ မူဆယ် မဲဆန္ဒနနယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြည်နယ် ကိုယ်စားလှယ်လောင်း စိုင်းကျော်သိန်းက ပြောပြပါတယ်။

“အတွေ့အကြုံ က၂၀၁၅ ရှိတယ်။ ၂၀၁၀လည်းရှိတယ်။ ၂၀၁၅ ကနေ အခု ၂၀၂၀ အထိ အချိန် ၅နှစ်ရခဲ့တယ်။ အဲလို ၅နှစ်ရှိ တာကိုတောင်မှပထမကြိမ် မဲမှားတာကို ပြောမယ်ဆိုရင် ပေါ့လျော့တာပေါ့ဗျာ။ နောက်ပြီးတော့ ဒုတိယအကြိမ်ပါ ထပ်မှားတော့ ကော်မရှင်ကပဲ အလုပ်မလုပ်တာလား မေးစရာဖြစ်လာတယ်။ စာရင်းကမှားတယ် တချို့လည်း မပါဘူး။ ထပ်ဖြည့်လည်းမပါဘူး။ ဒါမဖြစ်သင့်တဲ့ ကိစ္စတွေပေါ့ဗျာ။ ပြောရမယ်ဆိုရင် အခုကစစ်ဘေးရှောင်တွေတောင် ရှိလာတယ်။ စစ်ဘေးရှောင်တွေ အတွက် ဘယ်လိုမဲပေးရမလဲ ဆိုတာ ကျနော်တို့ ခရိုင်ကော်မရှင်က ဘယ်လို စည်းစားပေးမလဲပေါ့။ ပြေးလာသူတွေက ဘုန်းကြီးကျောင်း တကျောင်းထဲနေတာမဟုတ်ဘူး။ ၃၊ ၄ ကျောင်းလောက် သွားနေနေတယ် ခုရောနေတော့ စစ်ဘေးရှောင်တွေ တော်တော်အခက်အခဲရှိမယ်ထင်တာဘဲ။”

နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်က ကိုယ်စားလှယ်လောင်းတွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တွေ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာတော့ မဲပေးခွင့်ရှိသူ ၃၇ သန်းကျော် ရှိမယ်လို့လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ခန့်မှန်းထားပါတယ်။

XS
SM
MD
LG