သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ရွေးကောက်ပွဲ EU အကဲခတ်တွေ အပြည့်အဝစောင့်ကြည့်နိုင်မှာ မဟုတ်


၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတုန်းက မဲဆန္ဒရှင်တဦး မဲထည့်နေတဲ့ မြင်ကွင်း။ (နိုဝင်ဘာ ၃၊ ၂၀၁၈)
၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတုန်းက မဲဆန္ဒရှင်တဦး မဲထည့်နေတဲ့ မြင်ကွင်း။ (နိုဝင်ဘာ ၃၊ ၂၀၁၈)

[Zawgyi/Unicode]

ကိုဗစ်ကပ်ရောဂါနဲ့ ကြုံနေရချိန်မှာပဲ မြန်မာနိုင်ငံမှာ ရှေ့လထဲ ကျင်းပမယ့် ရွေးကောက်ပွဲကို EU ဥရောပသမဂ္ဂအကဲခတ်အဖွဲ့က အပြည့်အ၀ စောင့်ကြည့် အကဲခတ်နိုင်မှာ မဟုတ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့လည်း ရွေးကောက်ပွဲလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ဆန်းစစ်မှု အစီရင်ခံစာကိုတော့ ပြည့်ပြည့်စုံစုံနဲ့ ပိုကောင်းတဲ့ အကြံပြုချက်တွေကိုတော့ ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။

ဒီရွေးကောက်ပွဲမတိုင်ခင် တလအလိုမှာပဲ၊ ဥရောပသမဂ္ဂရဲ့ ရွေးကောက်ပွဲဆိုင်ရာကျွမ်းကျင်သူအဖွဲ့ EEM အနေနဲ့ မြန်မာနိုင်ငံရောက်လာပြီး၊ ရွေးကောက်ပွဲကော်မရှင်ပြောခွင့်ရ ဦးမြင့်နိုင်နဲ့ အင်တာနက်ကနေ ဒီနေ့ဆွေးနွေးခဲ့ခါ၊ ခုလိုထုတ်ပြန်လိုက်တာပါ။

ဒီဥရောပသမဂ္ဂရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာပဲ အခု EEM ရွေးကောက်ပွဲကျွမ်းကျင်သူအဖွဲ့ကို၊ အတွေ့အကြုံပြည့်ဝတဲ့ ကျွမ်းကျင်သူ ၄ ဦးနဲ့ ဖွဲ့စည်းခဲ့ပြီး၊ ကိုဗစ်ကန့်သတ်ချက်တွေကြားက ဆက်ကျင်းပမယ့် မြန်မာ့ဒီမိုကရေစီရွေးကောက်ပွဲအတွက် ပံ့ပိုးပေးဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီရွေးကောက်ပွဲ ကျွမ်းကျင်သူအဖွဲ့အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးနောက်ခံအခြေအနေ၊ မူဘောင်၊ စီမံအုပ်ချုပ်မှု၊ လုပ်ငန်းစဉ်အဆင့်ဆင့် စတာတွေအပြင်၊ သတင်းမီဒီယာနဲ့ လူမှုမီဒီယာအခြေအနေတွေကိုလည်း စောင့်ကြည့်အကဲဖြတ်သွားမယ်လို့ ဆိုပါတယ်။

ဒီ ဥရောပသမဂ္ဂရဲ့ ရွေးကောက်ပွဲကျွမ်းကျင်သူတွေအနေနဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပြီးအထိ မြန်မာနိုင်ငံထဲဆက်ရှိနေမှာဖြစ်ပြီး၊ ဒီလုပ်ငန်းစဉ်ထဲမှာ ရွေးကောက်ပွဲဆိုင်ရာတိုင်ကြားမှုနဲ့ အယူခံတင်မှုတင်သွင်းမှုအဆင့်တွေလည်းပါတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG