သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဝါရွင္တန္က ျမန္မာသံ႐ုံးမွာ မဲေပးမည့္သူ ၂၀၁၅ ထက္ ၂၀၂၀ ပုိမ်ား


ဝါရွင္တန္ဒီစီ ျမန္မာသံ႐ုံးမွာ ႀကိဳတင္မဲလာေပးၾကတဲ့ ျမင္ကြင္း။ (ေအာက္တိုဘာ ၁၀၊ ၂၀၂၀)

(Zawgyi / Unicode)

လြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြးေကာက္ပြဲျဖစ္ဖို႔အတြက္ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္က ခ်မွတ္ထားတဲ့ စည္းကမ္းေတြအတိုင္း မဲ႐ုံကို ျပင္ဆင္ လုပ္ေဆာင္ထားၿပီး ႏုိင္ငံတကာက မီဒီယာေတြနဲ႔ ေရြးေကာက္ပြဲ ေလ့လာခ်င္သူေတြအတြက္လည္း ခြင့္ျပဳခ်က္ရွိရင္ ဗီဇာေပးမယ္လို႔ အေမရိကန္ႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေအာင္လင္းက ေျပာပါတယ္။ ေအာက္တိုဘာ ၁၀ ရက္ေန႔ ဝါရွင္တန္ဒီစီ ျမန္မာသံ႐ုံးမွာ က်င္းပတဲ့ ႀကိဳတင္မဲေပးပြဲ အခမ္းအနားမွာ ျမန္မာသံအမတ္ႀကီး ဦးေအာင္လင္းကုိ ကုိၿငိမ္းခ်မ္း ဆက္သြယ္ေမးျမန္းၿပီး တင္ျပထားပါတယ္။

ကုိၿငိမ္းခ်မ္း - အခု ဒီေရြးေကာက္ပြဲကို လြတ္လပ္ၿပီး တရားမွ်တေအာင္ သံအမတ္ႀကီးတို႔ဘက္က ဘာေတြလုပ္ေဆာင္ထားသလဲခင္ဗ်။

ဦးေအာင္လင္း - “က်ေနာ္တုိ႔အေနနဲ႔ကေတာ့ ဒီမွာရွိေနတဲ့ မဲ႐ုံမွာ ပါတီနဲ႔ပတ္သက္ၿပီး ပါတီကို ကုိယ္စားျပဳတဲ့ အေရာင္ေတြ ဘာေတြ ထားထားတာ မရွိပါဘူး။ ၿပီးေတာ့ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္က ခ်မွတ္ထားတဲ့ စည္းကမ္းအတုိင္းပဲ ပါတီစည္း႐ုံးေရးနဲ႔ ပတ္သက္ၿပီး မဲ႐ုံအတြင္း ပတ္ဝန္းက်င္ေတြမွာ လုပ္ခြင့္မေပးပါဘူး။”

ကိုၿငိမ္းခ်မ္း - ႏုိင္ငံတကာက ေလ့လာတဲ့သူေတြ ဒီအခ်ိန္ႀကီးမွာ ျမန္မာျပည္ကုိ သြားခ်င္တယ္ဆုိရင္ေရာ သံ႐ုံးအေနနဲ႔ ဘယ္လိုမ်ား ကူညီေဆာင္ရြက္ေပးမလဲ။

ဦးေအာင္လင္း - “ႏုိင္ငံတကာ ေလ့လာေရးနဲ႔ ပတ္သက္ၿပီးေတာ့လည္း ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ကေန သူတို႔သတ္မွတ္ထားတဲ့ စည္းကမ္း သတ္မွတ္ခ်က္ေတြ ရွိပါတယ္။ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ရယ္၊ ျပန္ၾကားေရးဝန္ႀကီးဌာနေတြနဲ႔ ဆက္သြယ္ၿပီး သူတုိ႔ကေန ခြင့္ျပဳတဲ့ ျပည္ပ မီဒီယာ ပုဂၢိဳလ္ေတြကိုေတာ့ က်ေနာ္တို႔အေနနဲ႔ သံ႐ုံးကေန ဗီဇာေတြ ထုတ္ေပးပါမယ္။”

ကုိၿငိမ္းခ်မ္း - အခုတေခါက္က ၿပီးခဲ့တဲ့ ၂၀၁၅ မဲစာရင္းေတြနဲ႔ ႏႈိင္းယွဥ္ၾကည့္လုိက္ေတာ့ ဒီမွာမဲေပးတဲ့လူ ပိုမ်ားလာတာကို ေတြ႔ရတယ္။ အဲဒါ ဘာ့ေၾကာင့္ပါလဲခင္ဗ်။

ဦးေအာင္လင္း - “အဲဒါကေတာ့ က်ေနာ္တုိ႔ႏုိင္ငံရဲ႕ ဒီမုိကေရစီ ျဖစ္ေပၚတုိးတက္မႈကို ျမန္မာႏုိင္ငံသားေတြက ပုိၿပီးေတာ့ ယခင္ကထက္ စိတ္ဝင္စားမႈ ျပသတဲ့အေနနဲ႔ က်ေနာ္တုိ႔ ယုံၾကည္ပါတယ္။ အဲလိုပဲ က်ေနာ္ျမင္ပါတယ္။”

အေမရိကန္ျပည္ေထာင္စု ဝါရွင္တန္ဒီစီၿမိဳ႕ေတာ္မွာရွိတဲ့ ျမန္မာသံ႐ုံးမွာ ေအာက္တိုဘာ ၁၀ ရက္ေန႔နဲ႔ ၁၁ ရက္ေန႔ေတြမွာ အေမရိကန္ေရာက္ ျမန္မာႏိုင္ငံသားေတြ ႀကိဳတင္မဲေပးၾကမွာပါ။ မနက္ ၈ နာရီကေန ညေန ၅ နာရီအထိ သံ႐ုံးကို ဖြင့္ေပးထားပါတယ္။ ကို႐ိုနာကပ္ေရာဂါကာလလည္း ျဖစ္တဲ့အတြက္ က်န္းမာေရးနဲ႔ဆိုင္တဲ့ စည္းကမ္းေတြျဖစ္တဲ့ မ်က္ႏွာဖုံးတပ္တာ၊ လူခပ္ခြာခြာေနတာ စတဲ့ စည္းကမ္းေတြကို လိုက္နာၾကရမွာပါ။ စေနေန႔မွာ မဲလာေပးသူတဦးျဖစ္တဲ့ ျမန္မာႏုိင္ငံ အမ်ိဳးသားၫြန႔္ေပါင္းအစိုးရ ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာစိန္ဝင္းရဲ႕ အေတြ့အႀကံဳေလးကို အခုလို ေမးျမန္းခဲ့ပါတယ္။

ကုိၿငိမ္းခ်မ္း - မဂၤလာပါ ေဒါက္တာစိန္ဝင္းခင္ဗ်ား၊ ၁၉၉၀ က မဲေပးတဲ့ အေတြ႔အႀကဳံနဲ႔ အခု ၂၀၂၀ မွာ ပထမဦးဆုံးအႀကိမ္ ျပန္ေပးရမွာလား ခင္ဗ်။

ဝါရွင္တန္ဒီစီ ျမန္မာသံ႐ုံးမွာ ႀကိဳတင္မဲလာေပးတဲ့ ေဒါက္တာစိန္ဝင္း။ (ေအာက္တိုဘာ ၁၀၊ ၂၀၂၀)
ဝါရွင္တန္ဒီစီ ျမန္မာသံ႐ုံးမွာ ႀကိဳတင္မဲလာေပးတဲ့ ေဒါက္တာစိန္ဝင္း။ (ေအာက္တိုဘာ ၁၀၊ ၂၀၂၀)


ေဒါက္တာစိန္ဝင္း - “ပထမဆုံးအႀကိမ္။”

ကိုၿငိမ္းခ်မ္း - ဘာေတြမ်ား ကြာျခားသြားၿပီလဲခင္ဗ်။

ေဒါက္တာစိန္ဝင္း - “ေရြးေကာက္ပြဲက ဒီေလာက္ကြာျခားတာ မဟုတ္ဘူး။ သုိ႔ေသာ္လည္း ဒီ ေရြးေကာက္ပြဲ အေျခအေန ၁၉၉၀ တုန္းက တပ္မေတာ္ရဲ႕ မာရွယ္ေလာေအာက္မွာ လုပ္တဲ့ ေရြးေကာက္ပြဲ။ ေနာက္ၿပီး အဲဒီတုန္းက အေျခခံဥပေဒ မရွိေသးဘူး။ အားလုံးသိပါတယ္၊ ဗုိလ္ခ်ဳပ္မွဴးႀကီးေစာေမာင္ ေျပာသြားတာက စစ္တန္းလ်ားျပန္မယ္၊ အဲေတာ့ အေျခခံဥပေဒဆြဲတဲ့ ကိစၥေတြက က်ဳပ္တုိ႔နဲ႔မဆုိင္ဘူးလုိ႔ ေျပာသြားတယ္။ ဆုိေတာ့ အဲဒီအေျခအေနေတြက ကြာျခားေနတယ္။ ေနာက္ပုိင္းအေျခအေနက ပိုကြာျခားတာေပါ့။”

ကိုၿငိမ္းခ်မ္း - ဆရာ အဲဒီေတာ့ လူကုိၾကည့္ၿပီး မဲေပးမွာလား၊ ပါတီကုိၾကည့္ၿပီး မဲေပးမွာလား။

ေဒါက္တာစိန္ဝင္း - “လူကိုၾကည့္ေတာ့ လူကို ဘယ္လိုလုပ္ျမင္မလဲ၊ အေဝးႀကီး။ ေနာက္ၿပီးေတာ့ က်ေနာ္တုိ႔အေနနဲ႔ လူတုိင္းလည္း မေတြ႔ႏုိင္ဘူးေလ။ မ်ားေသာအားျဖင့္ေတာ့ ပါတီကိုၾကည့္ၿပီး ေပးမွာေပါ့။ ပါတီက ဘာေတြလုပ္ေဆာင္ခဲ့သလဲ။ ဒီပါတီဟာ ဘယ္လုိေနရာမွာ ေပၚလစီေတြကို ရွိသလဲ။”

ကိုၿငိမ္းခ်မ္း - အခုလို ျေဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ခင္ဗ်။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ဝါရှင်တန်က မြန်မာသံရုံးမှာ မဲပေးမည့်သူ ၂၀၁၅ ထက် ၂၀၂၀ ပိုများ

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း မဲရုံကို ပြင်ဆင် လုပ်ဆောင်ထားပြီး နိုင်ငံတကာက မီဒီယာတွေနဲ့ ရွေးကောက်ပွဲ လေ့လာချင်သူတွေအတွက်လည်း ခွင့်ပြုချက်ရှိရင် ဗီဇာပေးမယ်လို့ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းက ပြောပါတယ်။ အောက်တိုဘာ ၁၀ ရက်နေ့ ဝါရှင်တန်ဒီစီ မြန်မာသံရုံးမှာ ကျင်းပတဲ့ ကြိုတင်မဲပေးပွဲ အခမ်းအနားမှာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းကို ကိုငြိမ်းချမ်း ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

ကိုငြိမ်းချမ်း - အခု ဒီရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတအောင် သံအမတ်ကြီးတို့ဘက်က ဘာတွေလုပ်ဆောင်ထားသလဲခင်ဗျ။

ဦးအောင်လင်း - “ကျနော်တို့အနေနဲ့ကတော့ ဒီမှာရှိနေတဲ့ မဲရုံမှာ ပါတီနဲ့ပတ်သက်ပြီး ပါတီကို ကိုယ်စားပြုတဲ့ အရောင်တွေ ဘာတွေ ထားထားတာ မရှိပါဘူး။ ပြီးတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားတဲ့ စည်းကမ်းအတိုင်းပဲ ပါတီစည်းရုံးရေးနဲ့ ပတ်သက်ပြီး မဲရုံအတွင်း ပတ်ဝန်းကျင်တွေမှာ လုပ်ခွင့်မပေးပါဘူး။”

ကိုငြိမ်းချမ်း - နိုင်ငံတကာက လေ့လာတဲ့သူတွေ ဒီအချိန်ကြီးမှာ မြန်မာပြည်ကို သွားချင်တယ်ဆိုရင်ရော သံရုံးအနေနဲ့ ဘယ်လိုများ ကူညီဆောင်ရွက်ပေးမလဲ။

ဦးအောင်လင်း - “နိုင်ငံတကာ လေ့လာရေးနဲ့ ပတ်သက်ပြီးတော့လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေ သူတို့သတ်မှတ်ထားတဲ့ စည်းကမ်း သတ်မှတ်ချက်တွေ ရှိပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရယ်၊ ပြန်ကြားရေးဝန်ကြီးဌာနတွေနဲ့ ဆက်သွယ်ပြီး သူတို့ကနေ ခွင့်ပြုတဲ့ ပြည်ပ မီဒီယာ ပုဂ္ဂိုလ်တွေကိုတော့ ကျနော်တို့အနေနဲ့ သံရုံးကနေ ဗီဇာတွေ ထုတ်ပေးပါမယ်။”

ကိုငြိမ်းချမ်း - အခုတခေါက်က ပြီးခဲ့တဲ့ ၂၀၁၅ မဲစာရင်းတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်တော့ ဒီမှာမဲပေးတဲ့လူ ပိုများလာတာကို တွေ့ရတယ်။ အဲဒါ ဘာ့ကြောင့်ပါလဲခင်ဗျ။

ဦးအောင်လင်း - “အဲဒါကတော့ ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှုကို မြန်မာနိုင်ငံသားတွေက ပိုပြီးတော့ ယခင်ကထက် စိတ်ဝင်စားမှု ပြသတဲ့အနေနဲ့ ကျနော်တို့ ယုံကြည်ပါတယ်။ အဲလိုပဲ ကျနော်မြင်ပါတယ်။”

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ မြန်မာသံရုံးမှာ အောက်တိုဘာ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာ အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးကြမှာပါ။ မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ သံရုံးကို ဖွင့်ပေးထားပါတယ်။ ကိုရိုနာကပ်ရောဂါကာလလည်း ဖြစ်တဲ့အတွက် ကျန်းမာရေးနဲ့ဆိုင်တဲ့ စည်းကမ်းတွေဖြစ်တဲ့ မျက်နှာဖုံးတပ်တာ၊ လူခပ်ခွာခွာနေတာ စတဲ့ စည်းကမ်းတွေကို လိုက်နာကြရမှာပါ။ စနေနေ့မှာ မဲလာပေးသူတဦးဖြစ်တဲ့ မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းရဲ့ အတွေ့အကြုံလေးကို အခုလို မေးမြန်းခဲ့ပါတယ်။

ကိုငြိမ်းချမ်း - မင်္ဂလာပါ ဒေါက်တာစိန်ဝင်းခင်ဗျား၊ ၁၉၉၀ က မဲပေးတဲ့ အတွေ့အကြုံနဲ့ အခု ၂၀၂၀ မှာ ပထမဦးဆုံးအကြိမ် ပြန်ပေးရမှာလား ခင်ဗျ။

ဒေါက်တာစိန်ဝင်း - “ပထမဆုံးအကြိမ်။”

ကိုငြိမ်းချမ်း - ဘာတွေများ ကွာခြားသွားပြီလဲခင်ဗျ။

ဒေါက်တာစိန်ဝင်း - “ရွေးကောက်ပွဲက ဒီလောက်ကွာခြားတာ မဟုတ်ဘူး။ သို့သော်လည်း ဒီ ရွေးကောက်ပွဲ အခြေအနေ ၁၉၉၀ တုန်းက တပ်မတော်ရဲ့ မာရှယ်လောအောက်မှာ လုပ်တဲ့ ရွေးကောက်ပွဲ။ နောက်ပြီး အဲဒီတုန်းက အခြေခံဥပဒေ မရှိသေးဘူး။ အားလုံးသိပါတယ်၊ ဗိုလ်ချုပ်မှူးကြီးစောမောင် ပြောသွားတာက စစ်တန်းလျားပြန်မယ်၊ အဲတော့ အခြေခံဥပဒေဆွဲတဲ့ ကိစ္စတွေက ကျုပ်တို့နဲ့မဆိုင်ဘူးလို့ ပြောသွားတယ်။ ဆိုတော့ အဲဒီအခြေအနေတွေက ကွာခြားနေတယ်။ နောက်ပိုင်းအခြေအနေက ပိုကွာခြားတာပေါ့။”

ကိုငြိမ်းချမ်း - ဆရာ အဲဒီတော့ လူကိုကြည့်ပြီး မဲပေးမှာလား၊ ပါတီကိုကြည့်ပြီး မဲပေးမှာလား။

ဒေါက်တာစိန်ဝင်း - “လူကိုကြည့်တော့ လူကို ဘယ်လိုလုပ်မြင်မလဲ၊ အဝေးကြီး။ နောက်ပြီးတော့ ကျနော်တို့အနေနဲ့ လူတိုင်းလည်း မတွေ့နိုင်ဘူးလေ။ များသောအားဖြင့်တော့ ပါတီကိုကြည့်ပြီး ပေးမှာပေါ့။ ပါတီက ဘာတွေလုပ်ဆောင်ခဲ့သလဲ။ ဒီပါတီဟာ ဘယ်လိုနေရာမှာ ပေါ်လစီတွေကို ရှိသလဲ။”

ကိုငြိမ်းချမ်း - အခုလို ြဖေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG