(Zawgyi/Unicode)
၂၀၂၀ အေထြေထြ ေ႐ြးေကာက္ပြဲအတြက္ ႀကိဳတင္ဆႏၵမဲေပးတာကို မေလးရွားႏိုင္ငံမွာ ဒီေန႔စတင္ခဲ့ၿပီး သူတို႔အစိုးရရဲ႕ ကိုဗစ္ကပ္ေရာဂါ စည္းကမ္းခ်က္ ေတြၾကားက ျမန္မာႏိုင္ငံသားေတြ အလြယ္တကူ မဲေပးႏိုင္ေအာင္ ပရဟိတအဖြဲ႕ေတြ ဝိုင္းဝန္းကူညီခဲ့ရတဲ့ သတင္းကို ကိုေဇာ္ထက္ တင္ဆက္ေပးမွာပါ။
မေလးရွားႏိုင္ငံ ကြာလာလမ္ပူၿမိဳ႕ ျမန္မာသံ႐ုံးမွာ အေထြေထြေ႐ြးေကာက္ပြဲ ႀကိဳတင္ဆႏၵမဲေပးတာကို ေအာက္တိုဘာ ၉ ရက္က စတင္ေနၿပီး မေလးရွားအစိုးရရဲ႕ ကပ္ေရာဂါစည္းကမ္းေတြ၊ အလုပ္ရွင္ေတြရဲ႕ အတားအဆီးေတြၾကားက တစုတေဝး မဲေပးခြင့္ရေအာင္ ျမန္မာပရဟိတအဖြဲ႕ေတြက စီစဥ္ေပးႏိုင္ခဲ့ ပါတယ္။
ဒီလိုစီစဥ္ထားေပမဲ့ မဲထြက္ေပးသူေတြ ေရာဂါကူးစက္လာရင္ ပရဟိတအဖြဲ႕ေတြက တာဝန္ယူရမယ္လို႔ မေလးရွား အလုပ္ရွင္ေတြက ကန႔္ကြက္လို႔ အလုပ္သမား ၂၀၀၀ ေလာက္ေတာ့ မဲေပးခြင့္ဆုံးရႈံးႏိုင္ေၾကာင္း ကပုန္းျမန္မာလူမႈကူညီေရးအသင္း ဥကၠ႒ ဦးဆန္းဝင္းက ဗြီအိုေအကို ေျပာပါတယ္။
“ မေလးရွားႏိုင္ငံမွာ နယ္ေျမအလိုက္ေပါ့ေလ ပရဟိတအဖြဲ႕ေတြက ေခါင္းေဆာင္တယ္၊ ဒါေပမဲ့ အခုဘာျဖစ္လဲဆိုေတာ့ မေလးရွားႏိုင္ငံမွာ COVID-19 ေရာဂါေတြေၾကာင့္ စက္႐ုံေတြကေန အျပင္ေပးမထြက္တာေတြ ႀကဳံေနရတယ္။ တကယ္လို႔ သူတို႔အျပင္ေပးထြက္လို႔ ေရာဂါေတြ ပါလာမယ္ဆိုရင္ လာေခၚတဲ့သူက တာဝန္ရွိတယ္ဆိုၿပီး၊ Quarantine ဝင္ရမယ္၊ ကုန္က်စရိတ္ေတြ က်ခံရမယ္ဆိုၿပီး တခ်ိဳ႕သူေဌးေတြက အဲဒါမ်ိဳးေတြ ပညတ္ခ်က္ ထားတယ္။ ကုမၸဏီေတြက အျပင္ေပးမထြက္တာက ၂၀၀၀ နီးနီးေလာက္ရွိမယ္၊ အဲဒါေၾကာင့္နည္းနည္း သတ္မွတ္ခ်က္ထက္ မဲေပးႏိုင္တဲ့သူက ေလ်ာ့သြားႏိုင္တဲ့ အေနအထား ရွိပါတယ္။”
ဒီေန႔မဲလာေပးတဲ့သူအမ်ားစုက မေလးရွားႏိုင္ငံ ပီနန္ကြၽန္းကျဖစ္ၿပီး ေဝးလံတဲ့ ကလန္းတို႔၊ ဂ်ိဳဟိုးတို႔ ကသူေတြ လာႏိုင္ေအာင္လို႔ ပရဟိတအဖြဲ႕ေတြ စီစဥ္ေဆာင္႐ြက္ေနေၾကာင္း ႏွလုံးလွပရဟိတက ဦးပီတာေပါက္ ကေျပာပါတယ္။
“ ကလန္းမွာေတာ့ မဲေပးခြင့္လူဦးေရေပါ့ မလာႏိုင္တာ ခန႔္မွန္းေျခေျပာရရင္ ၁၀၀၀ ဝန္းက်င္ေလာက္မွာရွိတယ္၊ အဲဒီဘက္က ပိတ္မိသြားတယ္။ ေနာက္ ဂ်ိဳဟိုးနယ္ေျမမွာက်ေတာ့ ေပးမလႊတ္လို႔ မလာရမယ့္သူေတြရွိတယ္၊ မဲလာေပးခြင့္ရေအာင္ အဲဒီက ပရဟိတအသင္းေတြက သူေဌးေတြနဲ႔ လိုက္ေတြ႕ၿပီး ေဆြးေႏြးမယ္လို႔ေတာ့ ေျပာတာပဲ။ ေနာက္ပိုင္းအေျဖကေတာ့ မသိေသးဘူး။ သံ႐ုံးက စီစဥ္ေပးတာေတာ့ ေကာင္းပါတယ္ မဲေပးရတာလည္း ျမန္တယ္ တန္းစီရတာလည္း ျမန္တယ္။ အစားအေသာက္ လႉတဲ့သူေတြလည္းေပါတယ္၊ ပရဟိတအသင္းေတြ volunteer ေတြရွိတယ္။”
မဲေပးဖို႔လႈံ႕ေဆာ္ေပးတာ၊ စားေသာက္ဖို႔နဲ႔ သြားလာဖို႔အခမဲ့ စီစဥ္ေပးတာေတြ ပရဟိတအဖြဲ႕ေတြက လုပ္ေဆာင္ခဲ့တာပါ။ ဒါေၾကာင့္လည္း မဲ႐ုံက မနက္ ၉ နာရီဖြင့္ေပမဲ့ အေစာႀကီးကတည္းက တစုတေဝးေရာက္ေနၾကၿပီလို႔ ျမန္မာသံအမတ္ႀကီး ဦးစိန္ဦးက ဗြီအိုေအကို အခုလိုေျပာပါတယ္။
“ ဆႏၵမဲေပးတဲ့သူေတြက မ်ားေသာအားျဖင့္ အေဝးကလာၾကေတာ့ သံ႐ုံးကို မနက္ ၅ နာရီ ၆ နာရီေလာက္ကတည္းဆိုရင္ လူေတာ္ေတာ္မ်ားမ်ား ေရာက္ေနၿပီ။ Express ေျခာက္စီးနဲ႔ တၿပိဳင္နက္တည္း ေရာက္လာတာေပါ့ေနာ္၊ မဲလက္ခံရရွိထားတာက ၆၂၀၀ ေက်ာ္ရွိတဲ့အတြက္ က်ေနာ္တို႔ သံ႐ုံးအေနနဲ႔ မဲ႐ုံႏွစ္႐ုံ ဖြင့္ၿပီးေတာ့ တစ္ေန႔မွာ လူ ၂၀၀၀ ေပးႏိုင္ေအာင္ စီစဥ္ထားပါတယ္ခင္ဗ်ာ။ ဒီေန႔ဆိုရင္ ဒီအခ်ိန္ ( ေန႔လည္ ၁နာရီ) အထိ ၁၈၀၀ ေလာက္ေပးၿပီး သြားပါၿပီခင္ဗ်ာ။”
ဒီေန႔ ေအာက္တိုဘာ ၉ ရက္ကေန ၁၁ ရက္အထိ မဲေပးႏိုင္ဖို႔ သံ႐ုံးက စီစဥ္ထားတယ္လို႔ ဆိုပါတယ္။
လူဦးေရ ၆၂၀၀ ေက်ာ္မဲေပးခြင့္ရထားေပမဲ့ စက္႐ုံအျပင္ထြက္ခြင့္မရတဲ့ အလုပ္သမားက ၂၀၀၀ ေလာက္ရွိလို႔ ခန႔္မွန္းေျခ ၄၀၀၀ ေလာက္ပဲမဲေပးႏိုင္မယ္လို႔ ပရဟိတအဖြဲ႕ေတြက ခန႔္မွန္းထားပါတယ္။ ဒီေန႔မလာႏိုင္တဲ့ အလုပ္သမားေတြအေနနဲ႔ လမ္းခရီးမွာ မေမွ်ာ္လင့္ႏိုင္တဲ့ အႏၲရာယ္ေတြမျဖစ္ေအာင္ က်န္တဲ့ ၂ရက္မွာ မနက္ေစာေစာမလာဘဲ မဲေပးခ်ိန္အမီေရာက္ဖို႔ ပရဟိတအဖြဲ႕ေတြက တိုက္တြန္း ထားပါတယ္။
ျပည္ပေရာက္ ျမန္မာႏိုင္ငံသားေတြ ႀကိဳတင္မဲေပးတဲ့ အစီအစဥ္ေတြကိုေတာ့ ထိုင္း၊ စကၤာပူနဲ႔ ေတာင္ကိုရီးယား အပါအဝင္ အာရွႏိုင္ငံေတြမွာ ဒီလဆန္းကပဲ စတင္ခဲ့တာပါ။ ဝါရွင္တန္ဒီစီ အပါအဝင္ အေမရိကန္ျပည္ေထာင္စုမွာလည္း ျပည္ပေရာက္ျမန္မာႏိုင္ငံသားေတြ ဒီကေန႔ကစလို႔ ႀကိဳတင္မဲေပးၾကမွာျဖစ္ပါတယ္။
.........
မလေးရှားရောက်မြန်မာတွေ ကြိုတင်မဲပေးခွင့်ရဖို့ ပရဟိတအဖွဲ့တွေကူညီ
(Unicode)
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးတာကို မလေးရှားနိုင်ငံမှာ ဒီနေ့စတင်ခဲ့ပြီး သူတို့အစိုးရရဲ့ ကိုဗစ်ကပ်ရောဂါ စည်းကမ်းချက် တွေကြားက မြန်မာနိုင်ငံသားတွေ အလွယ်တကူ မဲပေးနိုင်အောင် ပရဟိတအဖွဲ့တွေ ဝိုင်းဝန်းကူညီခဲ့ရတဲ့ သတင်းကို ကိုဇော်ထက် တင်ဆက်ပေးမှာပါ။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မြန်မာသံရုံးမှာ အထွေထွေရွေးကောက်ပွဲ ကြိုတင်ဆန္ဒမဲပေးတာကို အောက်တိုဘာ ၉ ရက်က စတင်နေပြီး မလေးရှားအစိုးရရဲ့ ကပ်ရောဂါစည်းကမ်းတွေ၊ အလုပ်ရှင်တွေရဲ့ အတားအဆီးတွေကြားက တစုတဝေး မဲပေးခွင့်ရအောင် မြန်မာပရဟိတအဖွဲ့တွေက စီစဉ်ပေးနိုင်ခဲ့ ပါတယ်။
ဒီလိုစီစဉ်ထားပေမဲ့ မဲထွက်ပေးသူတွေ ရောဂါကူးစက်လာရင် ပရဟိတအဖွဲ့တွေက တာဝန်ယူရမယ်လို့ မလေးရှား အလုပ်ရှင်တွေက ကန့်ကွက်လို့ အလုပ်သမား ၂၀၀၀ လောက်တော့ မဲပေးခွင့်ဆုံးရှုံးနိုင်ကြောင်း ကပုန်းမြန်မာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းက ဗွီအိုအေကို ပြောပါတယ်။
“ မလေးရှားနိုင်ငံမှာ နယ်မြေအလိုက်ပေါ့လေ ပရဟိတအဖွဲ့တွေက ခေါင်းဆောင်တယ်၊ ဒါပေမဲ့ အခုဘာဖြစ်လဲဆိုတော့ မလေးရှားနိုင်ငံမှာ COVID-19 ရောဂါတွေကြောင့် စက်ရုံတွေကနေ အပြင်ပေးမထွက်တာတွေ ကြုံနေရတယ်။ တကယ်လို့ သူတို့အပြင်ပေးထွက်လို့ ရောဂါတွေ ပါလာမယ်ဆိုရင် လာခေါ်တဲ့သူက တာဝန်ရှိတယ်ဆိုပြီး၊ Quarantine ဝင်ရမယ်၊ ကုန်ကျစရိတ်တွေ ကျခံရမယ်ဆိုပြီး တချို့သူဌေးတွေက အဲဒါမျိုးတွေ ပညတ်ချက် ထားတယ်။ ကုမ္ပဏီတွေက အပြင်ပေးမထွက်တာက ၂၀၀၀ နီးနီးလောက်ရှိမယ်၊ အဲဒါကြောင့်နည်းနည်း သတ်မှတ်ချက်ထက် မဲပေးနိုင်တဲ့သူက လျော့သွားနိုင်တဲ့ အနေအထား ရှိပါတယ်။”
ဒီနေ့မဲလာပေးတဲ့သူအများစုက မလေးရှားနိုင်ငံ ပီနန်ကျွန်းကဖြစ်ပြီး ဝေးလံတဲ့ ကလန်းတို့၊ ဂျိုဟိုးတို့ ကသူတွေ လာနိုင်အောင်လို့ ပရဟိတအဖွဲ့တွေ စီစဉ်ဆောင်ရွက်နေကြောင်း နှလုံးလှပရဟိတက ဦးပီတာပေါက် ကပြောပါတယ်။
“ ကလန်းမှာတော့ မဲပေးခွင့်လူဦးရေပေါ့ မလာနိုင်တာ ခန့်မှန်းခြေပြောရရင် ၁၀၀၀ ဝန်းကျင်လောက်မှာရှိတယ်၊ အဲဒီဘက်က ပိတ်မိသွားတယ်။ နောက် ဂျိုဟိုးနယ်မြေမှာကျတော့ ပေးမလွှတ်လို့ မလာရမယ့်သူတွေရှိတယ်၊ မဲလာပေးခွင့်ရအောင် အဲဒီက ပရဟိတအသင်းတွေက သူဌေးတွေနဲ့ လိုက်တွေ့ပြီး ဆွေးနွေးမယ်လို့တော့ ပြောတာပဲ။ နောက်ပိုင်းအဖြေကတော့ မသိသေးဘူး။ သံရုံးက စီစဉ်ပေးတာတော့ ကောင်းပါတယ် မဲပေးရတာလည်း မြန်တယ် တန်းစီရတာလည်း မြန်တယ်။ အစားအသောက် လှူတဲ့သူတွေလည်းပေါတယ်၊ ပရဟိတအသင်းတွေ volunteer တွေရှိတယ်။”
မဲပေးဖို့လှုံ့ဆော်ပေးတာ၊ စားသောက်ဖို့နဲ့ သွားလာဖို့အခမဲ့ စီစဉ်ပေးတာတွေ ပရဟိတအဖွဲ့တွေက လုပ်ဆောင်ခဲ့တာပါ။ ဒါကြောင့်လည်း မဲရုံက မနက် ၉ နာရီဖွင့်ပေမဲ့ အစောကြီးကတည်းက တစုတဝေးရောက်နေကြပြီလို့ မြန်မာသံအမတ်ကြီး ဦးစိန်ဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။
“ ဆန္ဒမဲပေးတဲ့သူတွေက များသောအားဖြင့် အဝေးကလာကြတော့ သံရုံးကို မနက် ၅ နာရီ ၆ နာရီလောက်ကတည်းဆိုရင် လူတော်တော်များများ ရောက်နေပြီ။ Express ခြောက်စီးနဲ့ တပြိုင်နက်တည်း ရောက်လာတာပေါ့နော်၊ မဲလက်ခံရရှိထားတာက ၆၂၀၀ ကျော်ရှိတဲ့အတွက် ကျနော်တို့ သံရုံးအနေနဲ့ မဲရုံနှစ်ရုံ ဖွင့်ပြီးတော့ တစ်နေ့မှာ လူ ၂၀၀၀ ပေးနိုင်အောင် စီစဉ်ထားပါတယ်ခင်ဗျာ။ ဒီနေ့ဆိုရင် ဒီအချိန် ( နေ့လည် ၁နာရီ) အထိ ၁၈၀၀ လောက်ပေးပြီး သွားပါပြီခင်ဗျာ။”
ဒီနေ့ အောက်တိုဘာ ၉ ရက်ကနေ ၁၁ ရက်အထိ မဲပေးနိုင်ဖို့ သံရုံးက စီစဉ်ထားတယ်လို့ ဆိုပါတယ်။
လူဦးရေ ၆၂၀၀ ကျော်မဲပေးခွင့်ရထားပေမဲ့ စက်ရုံအပြင်ထွက်ခွင့်မရတဲ့ အလုပ်သမားက ၂၀၀၀ လောက်ရှိလို့ ခန့်မှန်းခြေ ၄၀၀၀ လောက်ပဲမဲပေးနိုင်မယ်လို့ ပရဟိတအဖွဲ့တွေက ခန့်မှန်းထားပါတယ်။ ဒီနေ့မလာနိုင်တဲ့ အလုပ်သမားတွေအနေနဲ့ လမ်းခရီးမှာ မမျှော်လင့်နိုင်တဲ့ အန္တရာယ်တွေမဖြစ်အောင် ကျန်တဲ့ ၂ရက်မှာ မနက်စောစောမလာဘဲ မဲပေးချိန်အမီရောက်ဖို့ ပရဟိတအဖွဲ့တွေက တိုက်တွန်း ထားပါတယ်။
ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးတဲ့ အစီအစဉ်တွေကိုတော့ ထိုင်း၊ စင်္ကာပူနဲ့ တောင်ကိုရီးယား အပါအဝင် အာရှနိုင်ငံတွေမှာ ဒီလဆန်းကပဲ စတင်ခဲ့တာပါ။ ဝါရှင်တန်ဒီစီ အပါအဝင် အမေရိကန်ပြည်ထောင်စုမှာလည်း ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ဒီကနေ့ကစလို့ ကြိုတင်မဲပေးကြမှာဖြစ်ပါတယ်။