သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ကာလ ေနရပ္မျပန္ႏုိင္သူေတြ ႀကိဳတင္မဲေပးခြင့္ျပဳမည္


၂၀၁၅ ခုႏွစ္ေရြးေကာက္ပဲြတုန္းက မႏၱေလးၿမိဳ႕ရွိ မဲရံုတခုမွာ ေရြးေကာက္ပဲြအတြက္ ျပင္ဆင္ေနတဲ့ ျမင္ကြင္း။ (ႏို၀င္ဘာ ၀၇၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ္ကပ္ေရာဂါေၾကာင့္ ကုိယ့္ေဒသမျပန္ႏုိင္ဘဲ ျဖစ္ေနတဲ့သူေတြ ေရာက္ရာအရပ္မွာ ႀကိဳတင္မဲေပးခြင့္ျပဳမွာျဖစ္ေၾကာင္း ေရြးေကာက္ပဲြ ေကာ္မရွင္က ေျပာဆုိလုိက္တာကုိ တင္ျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေမခက တင္ျပေပးထားပါတယ္။

ျမန္မာႏုိင္ငံမွာ လပုိင္းအတြင္း ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၅၀၀ ေက်ာ္နဲ႔ ကူးစက္သူ ၂၀,၀၀၀ ေက်ာ္ တုိးလာရာက ကူးစက္မႈေတြကုိ ထိန္းခ်ဳပ္ဖုိ႔ သြားလာလႈပ္ရွားမႈေတြကုိ ကန္႔သတ္ထားတာပါ။ ဒီလုိအသြားအလာေတြ ကန္႔သတ္ထားခ်ိန္မွာ ေနရပ္မျပန္ႏုိင္ဘဲ ျဖစ္ေနသူေတြ အေနနဲ႔ ေရွ႕လထဲ က်င္းပမယ့္ ေရြးေကာက္ပဲြမွာ မဲေပးခြင့္ မဆုံး႐ႈံးေအာင္ ႀကိဳတင္မဲေပးခြင့္ျပဳဖုိ႔ စီစဥ္ေနတာျဖစ္တယ္လို႔ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ ၫႊန္ၾကားေရးမႈးခ်ဳပ္ ဦးခင္ေမာင္ဦးက ဗြီအိုေအ ကိုေျပာပါတယ္။

"ကိုဗစ္ကာလမွာတခ်ိဳ႕ပုဂၢိဳလ္ေတြက ေရာက္တဲ့ေနရာမွာ ခရီးေတြ သြားမရဘူး ျဖစ္ေနတာေပါ့ေလ။ သာမန္အားျဖင့္ အသက္ ၁၈ႏွစ္ျပည့္ ႏိုင္ငံသား၊ ႏိုင္ငံသားျပဳခြင့္ရသူ တဦးဦးက မဲစာရင္းမွာပါရင္ မဲေပးလို႔ရတယ္။ အခုက်ေတာ့ ရက္ေပါင္း ၉၀ ထက္မနည္းေရာက္ရင္ ပုံစံ ၃(က)နဲ႔ အက်ဳံးဝင္တာေပါ့ေလ။ ဒါေပမဲ့ တခ်ိဳ႕က်ေတာ့ ရက္ ၉၀ မျပည့္တာ ရွိမယ္ေလ။ အဲေတာ့ ၃(က)နဲ႔ အက်ဳံးမဝင္ဘူးေရာက္တဲ့ ေနရာကေန မဲေပးဖို႔လိုလာတယ္။ သက္ဆိုင္ရာ ေနရာလည္းမေပးႏိုင္ေတာ့ က်ေနာ္တို႔ ပုံစံ ၁၅နဲ႔ ခြင့္ျပဳလိုက္တာပါ။ လြယ္ကူေအာင္နဲ႔ အဆင္ေျပေအာင္လုပ္ေပးပါလိမ့္မယ္။ ေျဖေလ်ာ့ လုပ္တာမို႔ေလ။ ပုံမွန္ကေတာ့ ဥပေဒနည္းဥပေဒရွိၿပီးသားပါ။ လုပ္တဲ့ ၁၅ ကိစၥကေလ။ ခုကိုဗစ္ေၾကာင့္ဆိုတာက်ေတာ့ လြယ္ကူေအာင္ အဆင္ေျပေအာင္ထပ္ၫႊန္ၾကားခ်က္ေပးပါလိမ့္မယ္။"

ေရြးေကာက္ပဲြ ေကာ္မရွင္ကေတာ့ အေစာပုိင္းမွာ မဲဆႏၵနယ္ေျမျပင္ပမွာ ရက္ေပါင္း ၉၀ ထက္မနည္း ေရာက္ေနသူေတြ ကုိယ့္ေဒသက ကုိယ္စားလွယ္ေတြကုိ ေရာက္တဲ့ေနရာကေန မဲေပးခ်င္တယ္ဆုိရင္ စေနေန႔ ေနာက္ဆုံးထားၿပီး သက္ဆိုင္ရာ ရပ္ကြက္၊ ေက်း႐ြာအုပ္စု ေကာ္မရွင္ အဖြဲ႕ခြဲေတြထံမွာ ေလွ်ာက္ထားဖုိ႔လည္း ခြင့္ျပဳထားတာပါ။

ေရြးေကာက္ပဲြ က်င္းပဖုိ႔ တလေတာင္ မလုိေတာ့တဲ့ အခ်ိန္မွာပဲ မဲဆႏၵနယ္ေျမျပင္ပ ေရာက္ေနသူေတြ မဲေပးခြင့္ျပဳမယ့္ အစီအစဥ္နဲ႔ ပတ္သက္လုိ႔ တိတိက်က် မသိရေသးဘူးလုိ႔ု႔ ရန္ကုန္တုိင္း စမ္းေခ်ာင္းၿမိဳ႕နယ္ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ၿမိဳ႕နယ္ေကာ္မရွင္ဥကၠ႒ ဦးမ်ိဳးၫႊန႔္ကေျပာပါတယ္။

"စီစဥ္ေဆာင္႐ြက္ေနတုန္းပါ။ ဒါနဲ႔ပတ္သတ္လို႔ ဘယ္ေန႔ဘာလုပ္မလဲ ဘယ္ႏွစ္ရက္လုပ္မလဲဆိုတာက ဘာမွအေသးစိတ္ မေျပာေသးတာမို႔ ဘယ္လိုလုပ္မလဲဆိုတာ က်ေနာ္တို႔ေျပာဖို႔ခက္ပါတယ္။ ႀကိဳတင္မဲလုပ္ရတာ မလြယ္ပါဘူး။ ပြင့္လင္းျမင္သာမႈရွိဖို႔ ႀကိဳတင္မဲမလုပ္ခင္ထဲက ႀကိဳတင္မဲပံုး ခ်ိတ္ပိတ္ရတယ္။ အသိသက္ေသ ရပ္မိရပ္ဖ ပါတီကလူေတြ ကိုေခၚၿပီး အဲဒါကိုစီစဥ္ရတာ။ မဲပံုး လုံၿခဳံေရးဒါေတြ တာဝန္ယူရတယ္။ ႀကိဳတင္မဲေပးတဲ့သူေတြကို စနစ္တက်မွတ္ၿပီး မဲစာရင္းထဲကေန ပယ္ဖ်က္ေပးရတယ္။ ဒီေနရာမွာ အမွားအယြင္းမရွိဖို႔လိုတယ္။"

ေရြးေကာက္ပဲြ ဥပေဒမွာေတာ့ ႀကိဳတင္မဲေပးခြင့္ရွိသူေတြအျဖစ္ သတ္မွတ္ထားတဲ့အထဲမွာ ေရာဂါေဝဒနာ ျပင္းထန္စြာခံစားေနရသူ၊ အသက္အ႐ြယ္ႀကီး ရင့္ေနသူ၊ သားဖြားေနသူ၊ ရဲစခန္းဒါမွမဟုတ္ အက်ဥ္းစခန္းမွာ အခ်ဳပ္က်ခံေနရသူ၊ ေဆး႐ုံမွာ အတြင္းလူနာအျဖစ္ ေဆးကုသမႈ ခံယူေနရသူေတြ ပါဝင္ၾကပါတယ္။ မဲဆႏၵနယ္ေျမျပင္ပမွာ ယာယီတာဝန္ထမ္း ေဆာင္ေနရတဲ့ ႏိုင္ငံ့ဝန္ထမ္း၊ တပ္မေတာ္သား၊ ရဲတပ္ဖြဲ႕ဝင္ေတြအေနနဲ႔ မဲ႐ုံကို ကိုယ္တိုင္လာေရာက္ မဲမေပးႏိုင္ရင္ ႀကိဳတင္မဲလက္မွတ္နဲ႔ ဆႏၵမဲေပးႏိုင္ဖို႔ သက္ဆိုင္ရာ ေကာ္မရွင္အဖြဲ႕ခြဲေတြက စီစဥ္ေဆာင္႐ြက္ေပးရမယ္လို႔လည္း ေ႐ြးေကာက္ပြဲဥပေဒမွာ ေဖာ္ျပထားပါတယ္။

လာမယ့္ေရြးေကာက္ပဲြမွာ မဲေပးခြင့္ရွိသူ ၃၇ သန္းေက်ာ္အနက္ ၅၆ သိန္းေက်ာ္ရွိတဲ့ ရန္ကုန္တုိင္းမွာေတာ့ ကပ္ေရာဂါကူးစက္မႈေတြ အမ်ားဆုံး ျဖစ္ေနတာေၾကာင့္ အိမ္ျပင္မထြက္ဖုိ႔လည္း အမိန္႔ထုတ္ထားရတာေၾကာင့္ ေရြးေကာက္ပဲြ လုပ္ငန္းစဥ္မွာ အကန္႔အသတ္ေတြလည္း ရွိေနပါတယ္။ ေရြးေကာက္ပဲြ ေကာ္မရွင္ တာ၀န္ရွိသူေတြကေတာ့ မဲေပးခြင့္ရွိသူေတြ တတ္ႏုိင္သမွ် မဲေပးႏုိင္ေအာင္ စီစဥ္ေနၿပီး ကိုဗစ္ေရာဂါ ရွိ၊ မရွိ သီးျခားခဲြထားၿပီး ေစာင့္ၾကည့္စစ္ေဆးခံေနရသူေတြ ႀကိဳတင္မဲေပးႏိုင္ဖို႔လည္း စီစဥ္ထားတယ္လုိ႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကာလ နေရပ်မပြန်နိုင်သူတွေ ကြိုတင်မဲပေးခွင့်ပြုမည်

ကိုဗစ်ကပ်ရောဂါကြောင့် ကိုယ့်ဒေသမပြန်နိုင်ဘဲ ဖြစ်နေတဲ့သူတွေ ရောက်ရာအရပ်မှာ ကြိုတင်မဲပေးခွင့်ပြုမှာဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုလိုက်တာကို တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ လပိုင်းအတွင်း ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၅၀၀ ကျော်နဲ့ ကူးစက်သူ ၂၀,၀၀၀ ကျော် တိုးလာရာက ကူးစက်မှုတွေကို ထိန်းချုပ်ဖို့ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ထားတာပါ။ ဒီလိုအသွားအလာတွေ ကန့်သတ်ထားချိန်မှာ နေရပ်မပြန်နိုင်ဘဲ ဖြစ်နေသူတွေ အနေနဲ့ ရှေ့လထဲ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့် မဆုံးရှုံးအောင် ကြိုတင်မဲပေးခွင့်ပြုဖို့ စီစဉ်နေတာဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှုးချုပ် ဦးခင်မောင်ဦးက ဗွီအိုအေ ကိုပြောပါတယ်။

"ကိုဗစ်ကာလမှာတချို့ပုဂ္ဂိုလ်တွေက ရောက်တဲ့နေရာမှာ ခရီးတွေ သွားမရဘူး ဖြစ်နေတာပေါ့လေ။ သာမန်အားဖြင့် အသက် ၁၈နှစ်ပြည့် နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ တဦးဦးက မဲစာရင်းမှာပါရင် မဲပေးလို့ရတယ်။ အခုကျတော့ ရက်ပေါင်း ၉၀ ထက်မနည်းရောက်ရင် ပုံစံ ၃(က)နဲ့ အကျုံးဝင်တာပေါ့လေ။ ဒါပေမဲ့ တချို့ကျတော့ ရက် ၉၀ မပြည့်တာ ရှိမယ်လေ။ အဲတော့ ၃(က)နဲ့ အကျုံးမဝင်ဘူးရောက်တဲ့ နေရာကနေ မဲပေးဖို့လိုလာတယ်။ သက်ဆိုင်ရာ နေရာလည်းမပေးနိုင်တော့ ကျနော်တို့ ပုံစံ ၁၅နဲ့ ခွင့်ပြုလိုက်တာပါ။ လွယ်ကူအောင်နဲ့ အဆင်ပြေအောင်လုပ်ပေးပါလိမ့်မယ်။ ဖြေလျော့ လုပ်တာမို့လေ။ ပုံမှန်ကတော့ ဥပဒေနည်းဥပဒေရှိပြီးသားပါ။ လုပ်တဲ့ ၁၅ ကိစ္စကလေ။ ခုကိုဗစ်ကြောင့်ဆိုတာကျတော့ လွယ်ကူအောင် အဆင်ပြေအောင်ထပ်ညွှန်ကြားချက်ပေးပါလိမ့်မယ်။"

ရွေးကောက်ပွဲ ကော်မရှင်ကတော့ အစောပိုင်းမှာ မဲဆန္ဒနယ်မြေပြင်ပမှာ ရက်ပေါင်း ၉၀ ထက်မနည်း ရောက်နေသူတွေ ကိုယ့်ဒေသက ကိုယ်စားလှယ်တွေကို ရောက်တဲ့နေရာကနေ မဲပေးချင်တယ်ဆိုရင် စနေနေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲတွေထံမှာ လျှောက်ထားဖို့လည်း ခွင့်ပြုထားတာပါ။

ရွေးကောက်ပွဲ ကျင်းပဖို့ တလတောင် မလိုတော့တဲ့ အချိန်မှာပဲ မဲဆန္ဒနယ်မြေပြင်ပ ရောက်နေသူတွေ မဲပေးခွင့်ပြုမယ့် အစီအစဉ်နဲ့ ပတ်သက်လို့ တိတိကျကျ မသိရသေးဘူးလို့ု့ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ပြည်ထောင်စု ရွေးကောက်ပွဲ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌ ဦးမျိုးညွှန့်ကပြောပါတယ်။

"စီစဉ်ဆောင်ရွက်နေတုန်းပါ။ ဒါနဲ့ပတ်သတ်လို့ ဘယ်နေ့ဘာလုပ်မလဲ ဘယ်နှစ်ရက်လုပ်မလဲဆိုတာက ဘာမှအသေးစိတ် မပြောသေးတာမို့ ဘယ်လိုလုပ်မလဲဆိုတာ ကျနော်တို့ပြောဖို့ခက်ပါတယ်။ ကြိုတင်မဲလုပ်ရတာ မလွယ်ပါဘူး။ ပွင့်လင်းမြင်သာမှုရှိဖို့ ကြိုတင်မဲမလုပ်ခင်ထဲက ကြိုတင်မဲပုံး ချိတ်ပိတ်ရတယ်။ အသိသက်သေ ရပ်မိရပ်ဖ ပါတီကလူတွေ ကိုခေါ်ပြီး အဲဒါကိုစီစဉ်ရတာ။ မဲပုံး လုံခြုံရေးဒါတွေ တာဝန်ယူရတယ်။ ကြိုတင်မဲပေးတဲ့သူတွေကို စနစ်တကျမှတ်ပြီး မဲစာရင်းထဲကနေ ပယ်ဖျက်ပေးရတယ်။ ဒီနေရာမှာ အမှားအယွင်းမရှိဖို့လိုတယ်။"

ရွေးကောက်ပွဲ ဥပဒေမှာတော့ ကြိုတင်မဲပေးခွင့်ရှိသူတွေအဖြစ် သတ်မှတ်ထားတဲ့အထဲမှာ ရောဂါဝေဒနာ ပြင်းထန်စွာခံစားနေရသူ၊ အသက်အရွယ်ကြီး ရင့်နေသူ၊ သားဖွားနေသူ၊ ရဲစခန်းဒါမှမဟုတ် အကျဉ်းစခန်းမှာ အချုပ်ကျခံနေရသူ၊ ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရသူတွေ ပါဝင်ကြပါတယ်။ မဲဆန္ဒနယ်မြေပြင်ပမှာ ယာယီတာဝန်ထမ်း ဆောင်နေရတဲ့ နိုင်ငံ့ဝန်ထမ်း၊ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ မဲရုံကို ကိုယ်တိုင်လာရောက် မဲမပေးနိုင်ရင် ကြိုတင်မဲလက်မှတ်နဲ့ ဆန္ဒမဲပေးနိုင်ဖို့ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲတွေက စီစဉ်ဆောင်ရွက်ပေးရမယ်လို့လည်း ရွေးကောက်ပွဲဥပဒေမှာ ဖော်ပြထားပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ၃၇ သန်းကျော်အနက် ၅၆ သိန်းကျော်ရှိတဲ့ ရန်ကုန်တိုင်းမှာတော့ ကပ်ရောဂါကူးစက်မှုတွေ အများဆုံး ဖြစ်နေတာကြောင့် အိမ်ပြင်မထွက်ဖို့လည်း အမိန့်ထုတ်ထားရတာကြောင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ အကန့်အသတ်တွေလည်း ရှိနေပါတယ်။ ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေကတော့ မဲပေးခွင့်ရှိသူတွေ တတ်နိုင်သမျှ မဲပေးနိုင်အောင် စီစဉ်နေပြီး ကိုဗစ်ရောဂါ ရှိ၊ မရှိ သီးခြားခွဲထားပြီး စောင့်ကြည့်စစ်ဆေးခံနေရသူတွေ ကြိုတင်မဲပေးနိုင်ဖို့လည်း စီစဉ်ထားတယ်လို့ ပြောပါတယ်။

XS
SM
MD
LG