သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရွမ္းျပည္ေျမာက္ပုိင္းမွာ တုိက္ပြဲေတြဆက္ျဖစ္ေနလုိ႔ စစ္ေဘးေရွာင္ေတြ ရိကၡာအခက္အခဲရွိေန


၂၀၁၉ ၾသဂုတ္လတုန္းက ဘုန္းႀကီးေက်ာင္းတခုတြင္ ခိုလံုေနေသာ ရွမ္းဒုကၡသည္မ်ား

(Zawgyi/Unicode)

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႔နယ္အတြင္းမွာ ဒီမနက္အထိ တုိက္ပဲြေတြ ဆက္လက္ျဖစ္ပြားေနၿပီး သြားလာဖို႔ ခက္ခဲတဲ့ ေက်းရြာက စစ္ေရွာင္ေတြအတြက္ ရိကၡာအခက္အခဲရိွေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္ သတင္းေပးပို႔ထားပါတယ္။

အစိုးရတပ္မေတာ္နဲ႔ NCA အပစ္ရပ္စာခ်ဳပ္ကို လက္မွတ္ေရးထိုးထားတဲ့ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS တပ္ဖဲြ႔အၾကားျဖစ္ပြားတဲ့တုိက္ပဲြေတြဟာ ေက်ာက္မဲၿမိဳ႔နယ္အတြင္းမွာ ဒီကေန႔ မနက္ပိုင္းထိ ဆက္လက္ျဖစ္ပြားေနၿပီး တိမ္းေရွာင္သူေတြလည္း တိုးျမင့္ေနပါတယ္။

ၿပီးခဲ့တဲ့ရက္ကေတာ့ စစ္ေရွာင္ ၁၀၀၀ေက်ာ္ေလာက္ရိွေနၿပီး တခိ်ဳ႔ ေက်းရြာေတြကို သြားေရာက္ဖို႔ မလြယ္ကူတာေၾကာင့္ ရိကၡာအခက္အခဲရိွေနေၾကာင္း ေက်ာက္မဲၿမိဳ႔ နမ့္ခံုးပရဟိတအဖဲြ႔က ဦးစိုင္းပူးက ေျပာပါတယ္။

“ တိုက္ပဲြကေတာ့ ထပ္ျဖစ္ေနတယ္ဗ်။ ဒီ နမ့္ေမာ္ဖီလူးနားမွာျဖစ္တယ္။ ပံု၀ိုးနားမွာ ၾကိဳးၾကားၾကိဳးၾကား ျပန္ျဖစ္တယ္ဗ်။ နမ့္ေမာ္ဖီလူးက လူေတြက နမ့္ဟန္ခိန္း ဘုန္းၾကီးေက်ာင္းမွာ သြားၿပီးေတာ့ ေနေနၾကတယ္။ ၁၀၀ ၀န္းက်င္ေလာက္ရိွမယ္ထင္တယ္။ နမ့္ေမာ္ဖီလူးက လူေတြ။ အခက္အခဲကေတာ့ ဒီပံု၀ိုးမွာ လာေနတဲ့ သူေတြကေတာ့ နည္းနည္းေလး အဆင္ေျပပါတယ္။ ဒီ က်ေနာ္တုိ႔ ဒီနည္းနည္းခက္ခဲတဲ့ ေတာင္ထိပ္နဲ႔ နမ့္ဟင္းက သြားလုိ႔ ရမလား မရဘူးလားေပါ့ေနာ္။ ေတာင္ထိပ္မွာက လူဦးေရ ၆၀၀ ေလာက္ ရိွတယ္။ အခုခက္တာက ေတာင္ထိပ္ရယ္၊ နမ့္ဟင္းရယ္။ ၃ရြာေပါ့ အဲဒီနားေလးမွာ ၃ရြာရိွတယ္။ ေတာင္ထိပ္ကေတာ့ နည္းနည္းခဲယဥ္းမယ္ထင္တယ္။ သူတုိ႔က စားနပ္ရိကၡာေတာင္ အခက္အခဲျဖစ္ေနတယ္ဆိုေတာ့။”

ပံု၀ိုး၊ နားေစာင္း၊ ခန္႔ခဲ၊ ေတာင္ထိပ္နဲ႔ နမ့္ဟင္ေက်းရြာေတြမွာ စစ္ေရွာင္ ၁၀၀၀ေက်ာ္ေလာက္ရိွေနၿပီး အခ်ိဳ႔ရြာေတြက ပံုု၀ိုးဘုန္းၾကီးေက်ာင္းကို လာေရာက္ပူးေပါင္းခိုလံႈေနၾကေၾကာင္းနဲ႔ ေတာင္ထိပ္နဲ႔ နမ့္ဟင္ရြာဘက္ကေတာ့ လာေရာက္ဖုိ႔ ခက္ခဲေနတယ္လုိ႔ေျပာပါတယ္။

မေန႔ကေတာ့ တပ္မေတာ္ဘက္က ရဟတ္ယာဥ္နဲ႔ တုိက္ခုိက္တာရိွေၾကာင္း ေဒသခံေတြက ေျပာပါတယ္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖဲြ႔က ဗိုလ္မႈးခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ တပ္မေတာ္စခန္းေတြကို RCSS က လာေရာက္တုိက္ခိုက္ခဲ့ေၾကာင္း အခုလို ေျပာပါတယ္။

“ မေန႔က မနက္ ၁၀နာရီခဲြေလာက္မွာ က်ေနာ္တုိ႔ တပ္ဌာနခ်ဳပ္တစ္ခုကို RCSS က အရပ္၀တ္ ၀တ္ဆင္ထားတဲ့ ၁၀ေယာက္ေလာက္က လာၿပီး ေႏွာက္ယွက္ပစ္ခတ္တာရိွတယ္။ ထိခိုက္ဒဏ္ရာရရိွမႈမရိွဘူး။ ၿပီးရင္ ေက်ာက္မဲနဲ႔ ေနာင္ပိန္လမ္းခဲြအၾကား ျပည္ေထာင္စုလမ္းမၾကီးေပၚ လမ္းလံုၿခံဳေဆာင္ရြက္ေနတဲ့ အဖဲြ႔ကို စခန္းသာရြာနားေလးကေနၿပီးေတာ့ RCSS ၂ဖဲြ႔ အင္အား ၂၀ ေလာက္ရိွမယ္။ လက္နက္ငယ္နဲ႔ လာပစ္တယ္။ ၿပီးရင္ သူတို႔ ေျမာက္ဘက္ကို ျပန္ဆုတ္သြားတယ္။ အဲဒီမွာလည္း ထိခိုက္မႈမရိွပါဘူး။ ၿပီးရင္ ပံု၀ိုးေတာင္ေျခဘက္မွာ မနက္ ၉နာရီခဲြေလာက္က ပံု၀ိုးစခန္းရဲ့ အေရွ႔ဘက္ မီတာ ၅၀၀ေလာက္မွာ ၂ေနရာမွာ ထိေတြ႔တုိက္ပဲြျဖစ္ပြားခဲ့ပါတယ္။”

RCSS ရဲ့ ေျပာေရးဆုိခြင့္ရိွသူ ဒုဗိုလ္မႈးၾကီးအုမ္ေခးကေတာ့ RCSSက စတင္တုိက္ခိုက္တာမရိွေၾကာင္းနဲ႔ လက္ရိွအေျခအေနမွာ တိုက္ပဲြေတြဟာ ဆက္လက္ျပင္းထန္ လာဖြယ္ရိွေၾကာင္း သံုးသပ္ထားပါတယ္။

“ RCSSဘက္က စၿပီးေတာ့ ၀င္တုိက္တာလည္း မဟုတ္ဘူး။ ၿပီးေတာ့ ေတာက္ေလ်ာက္ ခံတိုက္ေနတာလည္းမဟုတ္ဘူး။ တတ္ႏိုင္သေလာက္ေတာ့ ေရွာင္ရွားေပးတယ္။ ေနာက္ဆံုး ေရွာင္ရွားလုိ႔ မရတဲ့ေနရာမ်ိဳးက်ေတာ့ ျပန္လည္ခုခံတိုက္ခိုက္ရတယ္။ ဒီေန႔ တုိက္ပဲြအေျခအေနက ဆက္လက္ၿပီးေတာ့ ျပင္းထန္ေနတံုးပဲ။ တပ္မေတာ္ဘက္ကလည္း အဘက္ဘက္မွာ အင္အားေတြ ထပ္ျဖည့္တင္းေနတယ္ေနာ္။ ေလာေလာဆည္ တိုက္ပဲြအလားအလာကေတာ့ အရိွန္နည္းနည္း ဆက္တက္အံုးမယ္လို႔ပဲ ခန္႔မွန္းလုိ႔ ရတာေပါ့ေနာ။ ”

အစိုးရတပ္မေတာ္ဘက္ကေတာ့ RCSS တပ္ဖဲြ႔ေတြဟာ Bilateral ေခၚ ႏွစ္ဘက္ အပစ္ရပ္စာခ်ဳပ္ကို ခ်ိဳးေဖာက္ၿပီး ရွမ္းျပည္နယ္ ေတာင္ပိုင္းေဒသကေန ေျမာက္ပိုင္းကို နယ္ေက်ာ္လႈပ္ရွားတာျဖစ္ေၾကာင္း ေျပာဆုိထားသလို RCSS ဘက္ကလည္း သူတို႔တပ္ဖဲြ႔ေတြရဲ့ လႈပ္ရွားမႈနဲ႔ပတ္သက္ၿပီး နယ္ေျမသတ္မွတ္ ထားတာမရိွေၾကာင္း ေျပာဆုိတာေတြ ရိွေနပါတယ္။

ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ပူးတဲြေကာ္မတီ UPDJC အတြင္းေရးမႈးအဖဲြ႔၀င္ စိုင္းေက်ာ္ညႊန္ကေတာ့ ခုလို တိုက္ပဲြျဖစ္တာဟာ JMC (ေခၚ)ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆုိင္ရာပူးတဲြေစာင့္ၾကည့္ေရးေကာ္မတီ ယႏၱရားေတြ အားနည္းတာေၾကာင့္ျဖစ္ေၾကာင္း သံုးသပ္ပါတယ္။

COVID ကပ္ေရာဂါျဖစ္ပြားေနခ်ိန္မွာ တုိက္ပဲြေတြ လံုး၀မျဖစ္သင့္ေၾကာင္းနဲ႔ အစိုးရအေနနဲ႔ တိုက္ပဲြေတြ ရပ္ဆုိင္းေရးအတြက္ ၀င္ေရာက္ ထိန္းေၾကာင္းသင့္ေၾကာင္းလည္း ဆက္လက္ ေျပာဆုိပါတယ္။

“ၿငိမ္းခ်မ္းေရးကေတာ့ ညီလာခံလုပ္ၿပီး ခဏရပ္ထားတာပဲ။ အဲေတာ့ ေနာက္အစိုးရ တက္မလာမခ်င္း ဒီၾကားထဲမွာ ဘာမွ ျဖစ္မွာ မဟုတ္ဘူး။ အစိုးရကလည္း စိတ္မ၀င္စားပါဘူး။ ေလာေလာဆည္က။ အခုက ဒီေရြးေကာက္ပဲြကိုပဲ စိတ္၀င္စားေနတာေလ။ ေနာက္အစိုးရျဖစ္ေရးေပါ့ဗ်ာ။ တျခားတျခားေတြကလည္း ျပန္ၿပီးေတာ့ အစိုးရျဖစ္ေရးေပါ့ဗ်ာ။ အဲဒါေတြပဲ လံုးပမ္းေနတဲ့အခ်ိန္ဆိုေတာ့။ တကယ္တမ္းက ဘာပဲျဖစ္ျဖစ္ ေရြးေကာက္ပဲြ လံုးပမ္းတာ လံုးပမ္းတာပဲ။ လက္ရိွအစိုးရမွာ တာ၀န္ရိွတာပဲ။ ဒါကေတာ့ ေျပာသင့္တယ္လို႔ ျမင္တယ္။ ထိန္းေၾကာင္းသင့္တယ္လို႔ ျမင္တယ္ေလ။ ”

အရပ္ဘက္လူမႈအဖဲြ႔အစည္းေတြကေတာ့ စစ္ေရွာင္ေတြဟာ မိမိတို႔အိုးအိမ္ေတြကို စြန္႔ခြာၿပီး ဒုကၡသည္စခန္းေတြမွာ စုေပါင္းေနထုိင္ေနၾကတာေၾကာင့္ ေရာဂါ ကူးစက္ျပန္႔ပြားမွာ၊ လက္ရိွ တုိက္ပဲြေတြက ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္နဲ႔ လာမယ့္ ေရြးေကာက္ပဲြကို ထိခိုက္မွာကို စိုးရိမ္ေၾကာင္း သေဘာထားထုတ္ျပန္တာေတြ ရိွေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေဆက်ဖြစ်နေလို့ စစ်ဘေးရှောင်တွေ ရိက္ခာအခက်အခဲရှိနေ
(Unicode)

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းမှာ ဒီမနက်အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး သွားလာဖို့ ခက်ခဲတဲ့ ကျေးရွာက စစ်ရှောင်တွေအတွက် ရိက္ခာအခက်အခဲရှိနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော် သတင်းပေးပို့ထားပါတယ်။

အစိုးရတပ်မတော်နဲ့ NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS တပ်ဖွဲ့အကြားဖြစ်ပွားတဲ့တိုက်ပွဲတွေဟာ ကျောက်မဲမြို့နယ်အတွင်းမှာ ဒီကနေ့ မနက်ပိုင်းထိ ဆက်လက်ဖြစ်ပွားနေပြီး တိမ်းရှောင်သူတွေလည်း တိုးမြင့်နေပါတယ်။

ပြီးခဲ့တဲ့ရက်ကတော့ စစ်ရှောင် ၁၀၀၀ကျော်လောက်ရှိနေပြီး တချို့ ကျေးရွာတွေကို သွားရောက်ဖို့ မလွယ်ကူတာကြောင့် ရိက္ခာအခက်အခဲရှိနေကြောင်း ကျောက်မဲမြို့ နမ့်ခုံးပရဟိတအဖွဲ့က ဦးစိုင်းပူးက ပြောပါတယ်။

“ တိုက်ပွဲကတော့ ထပ်ဖြစ်နေတယ်ဗျ။ ဒီ နမ့်မော်ဖီလူးနားမှာဖြစ်တယ်။ ပုံဝိုးနားမှာ ကြိုးကြားကြိုးကြား ပြန်ဖြစ်တယ်ဗျ။ နမ့်မော်ဖီလူးက လူတွေက နမ့်ဟန်ခိန်း ဘုန်းကြီးကျောင်းမှာ သွားပြီးတော့ နေနေကြတယ်။ ၁၀၀ ဝန်းကျင်လောက်ရှိမယ်ထင်တယ်။ နမ့်မော်ဖီလူးက လူတွေ။ အခက်အခဲကတော့ ဒီပုံဝိုးမှာ လာနေတဲ့ သူတွေကတော့ နည်းနည်းလေး အဆင်ပြေပါတယ်။ ဒီ ကျနော်တို့ ဒီနည်းနည်းခက်ခဲတဲ့ တောင်ထိပ်နဲ့ နမ့်ဟင်းက သွားလို့ ရမလား မရဘူးလားပေါ့နော်။ တောင်ထိပ်မှာက လူဦးရေ ၆၀၀ လောက် ရှိတယ်။ အခုခက်တာက တောင်ထိပ်ရယ်၊ နမ့်ဟင်းရယ်။ ၃ရွာပေါ့ အဲဒီနားလေးမှာ ၃ရွာရှိတယ်။ တောင်ထိပ်ကတော့ နည်းနည်းခဲယဉ်းမယ်ထင်တယ်။ သူတို့က စားနပ်ရိက္ခာတောင် အခက်အခဲဖြစ်နေတယ်ဆိုတော့။”

ပုံဝိုး၊ နားစောင်း၊ ခန့်ခဲ၊ တောင်ထိပ်နဲ့ နမ့်ဟင်ကျေးရွာတွေမှာ စစ်ရှောင် ၁၀၀၀ကျော်လောက်ရှိနေပြီး အချို့ရွာတွေက ပုံဝိုးဘုန်းကြီးကျောင်းကို လာရောက်ပူးပေါင်းခိုလှုံနေကြကြောင်းနဲ့ တောင်ထိပ်နဲ့ နမ့်ဟင်ရွာဘက်ကတော့ လာရောက်ဖို့ ခက်ခဲနေတယ်လို့ပြောပါတယ်။

မနေ့ကတော့ တပ်မတော်ဘက်က ရဟတ်ယာဉ်နဲ့ တိုက်ခိုက်တာရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှုးချုပ် ဇော်မင်းထွန်းကတော့ တပ်မတော်စခန်းတွေကို RCSS က လာရောက်တိုက်ခိုက်ခဲ့ကြောင်း အခုလို ပြောပါတယ်။

“ မနေ့က မနက် ၁၀နာရီခွဲလောက်မှာ ကျနော်တို့ တပ်ဌာနချုပ်တစ်ခုကို RCSS က အရပ်ဝတ် ဝတ်ဆင်ထားတဲ့ ၁၀ယောက်လောက်က လာပြီး နှောက်ယှက်ပစ်ခတ်တာရှိတယ်။ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘူး။ ပြီးရင် ကျောက်မဲနဲ့ နောင်ပိန်လမ်းခွဲအကြား ပြည်ထောင်စုလမ်းမကြီးပေါ် လမ်းလုံခြုံဆောင်ရွက်နေတဲ့ အဖွဲ့ကို စခန်းသာရွာနားလေးကနေပြီးတော့ RCSS ၂ဖွဲ့ အင်အား ၂၀ လောက်ရှိမယ်။ လက်နက်ငယ်နဲ့ လာပစ်တယ်။ ပြီးရင် သူတို့ မြောက်ဘက်ကို ပြန်ဆုတ်သွားတယ်။ အဲဒီမှာလည်း ထိခိုက်မှုမရှိပါဘူး။ ပြီးရင် ပုံဝိုးတောင်ခြေဘက်မှာ မနက် ၉နာရီခွဲလောက်က ပုံဝိုးစခန်းရဲ့ အရှေ့ဘက် မီတာ ၅၀၀လောက်မှာ ၂နေရာမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။”

RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှုးကြီးအုမ်ခေးကတော့ RCSSက စတင်တိုက်ခိုက်တာမရှိကြောင်းနဲ့ လက်ရှိအခြေအနေမှာ တိုက်ပွဲတွေဟာ ဆက်လက်ပြင်းထန် လာဖွယ်ရှိကြောင်း သုံးသပ်ထားပါတယ်။

“ RCSSဘက်က စပြီးတော့ ဝင်တိုက်တာလည်း မဟုတ်ဘူး။ ပြီးတော့ တောက်လျောက် ခံတိုက်နေတာလည်းမဟုတ်ဘူး။ တတ်နိုင်သလောက်တော့ ရှောင်ရှားပေးတယ်။ နောက်ဆုံး ရှောင်ရှားလို့ မရတဲ့နေရာမျိုးကျတော့ ပြန်လည်ခုခံတိုက်ခိုက်ရတယ်။ ဒီနေ့ တိုက်ပွဲအခြေအနေက ဆက်လက်ပြီးတော့ ပြင်းထန်နေတုံးပဲ။ တပ်မတော်ဘက်ကလည်း အဘက်ဘက်မှာ အင်အားတွေ ထပ်ဖြည့်တင်းနေတယ်နော်။ လောလောဆည် တိုက်ပွဲအလားအလာကတော့ အရှိန်နည်းနည်း ဆက်တက်အုံးမယ်လို့ပဲ ခန့်မှန်းလို့ ရတာပေါ့နော။ ”

အစိုးရတပ်မတော်ဘက်ကတော့ RCSS တပ်ဖွဲ့တွေဟာ Bilateral ခေါ် နှစ်ဘက် အပစ်ရပ်စာချုပ်ကို ချိုးဖောက်ပြီး ရှမ်းပြည်နယ် တောင်ပိုင်းဒေသကနေ မြောက်ပိုင်းကို နယ်ကျော်လှုပ်ရှားတာဖြစ်ကြောင်း ပြောဆိုထားသလို RCSS ဘက်ကလည်း သူတို့တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုနဲ့ပတ်သက်ပြီး နယ်မြေသတ်မှတ် ထားတာမရှိကြောင်း ပြောဆိုတာတွေ ရှိနေပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အတွင်းရေးမှုးအဖွဲ့ဝင် စိုင်းကျော်ညွှန်ကတော့ ခုလို တိုက်ပွဲဖြစ်တာဟာ JMC (ခေါ်)ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ ယန္တရားတွေ အားနည်းတာကြောင့်ဖြစ်ကြောင်း သုံးသပ်ပါတယ်။

COVID ကပ်ရောဂါဖြစ်ပွားနေချိန်မှာ တိုက်ပွဲတွေ လုံးဝမဖြစ်သင့်ကြောင်းနဲ့ အစိုးရအနေနဲ့ တိုက်ပွဲတွေ ရပ်ဆိုင်းရေးအတွက် ဝင်ရောက် ထိန်းကြောင်းသင့်ကြောင်းလည်း ဆက်လက် ပြောဆိုပါတယ်။

“ငြိမ်းချမ်းရေးကတော့ ညီလာခံလုပ်ပြီး ခဏရပ်ထားတာပဲ။ အဲတော့ နောက်အစိုးရ တက်မလာမချင်း ဒီကြားထဲမှာ ဘာမှ ဖြစ်မှာ မဟုတ်ဘူး။ အစိုးရကလည်း စိတ်မဝင်စားပါဘူး။ လောလောဆည်က။ အခုက ဒီရွေးကောက်ပွဲကိုပဲ စိတ်ဝင်စားနေတာလေ။ နောက်အစိုးရဖြစ်ရေးပေါ့ဗျာ။ တခြားတခြားတွေကလည်း ပြန်ပြီးတော့ အစိုးရဖြစ်ရေးပေါ့ဗျာ။ အဲဒါတွေပဲ လုံးပမ်းနေတဲ့အချိန်ဆိုတော့။ တကယ်တမ်းက ဘာပဲဖြစ်ဖြစ် ရွေးကောက်ပွဲ လုံးပမ်းတာ လုံးပမ်းတာပဲ။ လက်ရှိအစိုးရမှာ တာဝန်ရှိတာပဲ။ ဒါကတော့ ပြောသင့်တယ်လို့ မြင်တယ်။ ထိန်းကြောင်းသင့်တယ်လို့ မြင်တယ်လေ။ ”

အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကတော့ စစ်ရှောင်တွေဟာ မိမိတို့အိုးအိမ်တွေကို စွန့်ခွာပြီး ဒုက္ခသည်စခန်းတွေမှာ စုပေါင်းနေထိုင်နေကြတာကြောင့် ရောဂါ ကူးစက်ပြန့်ပွားမှာ၊ လက်ရှိ တိုက်ပွဲတွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ လာမယ့် ရွေးကောက်ပွဲကို ထိခိုက်မှာကို စိုးရိမ်ကြောင်း သဘောထားထုတ်ပြန်တာတွေ ရှိနေပါတယ်။

XS
SM
MD
LG