သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္ႏုိင္ငံ ေရႊလီၿမိဳ႕မွာ NLD ပါတီေထာက္ခံလႈပ္ရွားသူေတြ ဖမ္းဆီးခံရ


NLD ေထာက္ခံဝန္းရံသူေတြကို ေ႐ႊလီၿမိဳ႕မွာေတြ႔ရ။ (ဓာတ္ပံု - ေအာက္တိုဘာ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

ကုိဗစ္ကပ္ေရာဂါေၾကာင့္ သြားလာလႈပ္ရွားမႈေတြကုိ ကန္႔သတ္ထားတဲ့ ျမန္မာႏုိင္ငံနဲ႔ နယ္စပ္ တ႐ုတ္ႏိုင္ငံေ႐ႊလီၿမိဳ႕မွာ ရာနဲ႔ခ်ီတဲ့ ျမန္မာအလုပ္သမားေတြ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီကို ေထာက္ခံတဲ့အေနနဲ႔ စုေ၀းလွည့္လည္ခဲ့တဲ့အတြက္ ဖမ္းဆီးခံခဲ့ရတဲ့ အေၾကာင္းေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က သတင္းေပးပို႔ထားပါတယ္။

ျမန္မာမူဆယ္ၿမိဳ႕တဘက္ျခမ္း တ႐ုတ္နယ္စပ္ ေ႐ႊလီၿမိဳ႕မွာ အလုပ္လုပ္ေနတဲ့ ျမန္မာအလုပ္သမား ၄၀၀ ေက်ာ္ေလာက္ဟာ NLD တံဆိပ္ပါတဲ့ တီရွပ္ေတြဝတ္ၿပီး ဒီေန႔မနက္ ၉ နာရီကေန ၁၂ နာရီအထိ ဆိုင္ကယ္ေတြနဲ႔ လွည့္လည္ ေထာက္ခံပြဲတခုလုပ္ခဲ့ပါတယ္။

ကိုဗစ္ကပ္ေရာဂါ က်န္းမာေရး စည္းကမ္းေတြ တင္းၾကပ္ထားတဲ့ ေ႐ႊလီၿမိဳ႕ထဲမွာ အခုလို လူစုလူေဝးနဲ႔ လွည့္လည္ခဲ့တဲ့ ျမန္မာေတြကို တ႐ုတ္ရဲတပ္ဖြဲ႕က ေန႔လည္ ၁နာရီေလာက္မွာဖမ္းဆီးလိုက္ၿပီး မူဆယ္အုပ္ခ်ဳပ္ေရးဌာနကို WeChat ကေန သတင္းလွမ္းပို႔ခဲ့ပါတယ္။ အေျခအေန တည္ၿငိမ္သြားရင္ တ႐ုတ္ဘက္က သူတို႔အားလုံးကို ျမန္မာဘက္ျပန္လႊဲေျပာင္းႏိုင္တယ္လို႔ မူဆယ္ခ႐ိုင္အုပ္ခ်ဳပ္ေရး လက္ေထာက္ၫႊန္မႉး ဦးေမာင္ေမာင္သန္းက ဗြီအိုေအကို ေျပာပါတယ္။

“ဒီမွာေတာ့ က်ေနာ္တို႔ဆီေရာက္တာ (အေယာက္) ၄၀၀ ခန႔္ေပါ့ေနာ္၊ သူတို႔စုရပ္ကေတာ့ (တ႐ုတ္) က်ယ္ေဂါင္မွာ ရွိတဲ့ ကခ်င္မေနာကြင္း ပန္းၿခံေပါ့ အဲဒီမွာ စုၾကတာ၊ အဲဒီျမန္မာေတြက အဲဒီမွာ ေ႐ႊ႕ေျပာင္း အလုပ္သမားေတြေပါ့၊ ေနထိုင္ခြင့္လည္း စာအုပ္ရထားတဲ့သူေတြ။ သူတို႔အစီအစဥ္နဲ႔ သူတို႔စုၿပီးေတာ့ ေအာင္ႏိုင္ေရးဆိုၿပီး လႈံ႕ေဆာ္တာေပါ့။ က်ယ္ေဂါင္ကေန ေ႐ႊလီအထိသြားတယ္၊ ေ႐ႊလီကေန က်ယ္ေဂါင္ျပန္တယ္ေပါ့၊ သြားၾကေတာ့ တ႐ုတ္ရဲက ဖမ္းတယ္ေပါ့ဗ်ာ။ သူတို႔ စည္းကမ္းခ်က္ကေတာ့ ေရာဂါျဖစ္ေနတဲ့ကာလမွာ လူစုလူေဝး သူတို႔မလုပ္ၾကဘူးေလ။ သူႏိုင္ငံနဲ႔ဆိုင္တဲ့ စည္းမ်ဥ္းစည္းကမ္းလည္း ထုတ္ထားတာကိုး။”

က်ယ္ေဂါင္ၿမိဳ႕ထဲက ပန္းၿခံထဲေရာက္တဲ့အခါမွာ သူတို႔အားလုံးကို ေဒသရဲတပ္ဖြဲ႕က ဝန္းရံထားၿပီး အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD တံဆိပ္ ႐ိုက္ႏွိပ္ထားတဲ့ စပို႔ရွပ္အက်ီေတြကို ဖယ္ရွားဖို႔ ရဲေတြကေျပာခဲ့ပါတယ္။ အဲဒီေနာက္သူတို႔အားလုံးကို ဘတ္စ္ကား ၁၂ စီးနဲ႔ ေခၚေဆာင္သြားေၾကာင္း ျမန္မာလုပ္သားတဦးက Tik Tok လူမႈကြန္ရက္ေပၚ အခုလိုတင္ခဲ့တာပါ။

“ေယာက်ၤားေလးေတြ အကုန္လုံး အက်ႌေတြ ခြၽတ္ခိုင္းတယ္၊ ဦးထုပ္ေတြသိမ္းတယ္၊ NLD တံဆိပ္ပါတဲ့ Mask ေတြေရာေပါ့ေနာ္၊ မိန္းကေလးေတြက လြဲလို႔ ေယာက်ၤားေလးေတြ အကုန္လုံးခြၽတ္ၿပီးေတာ့မွာ၊ ပန္းၿခံထဲေရာက္တဲ့အခါမွာ ရဲမ်ားလာၿပီးေတာ့ အဖြဲ႕ကို ဝန္းရံထားျခင္း ျဖစ္ပါတယ္။ ၿပီးေတာ့ ေခၚေဆာင္သြားၿပီး ဖမ္းသြားတယ္ဗ်၊ ကားႀကီးေပါင္း ၁၂ စီးနဲ႔ေပါ့ဗ်ာ အျပည့္ေပါ့။ ကားတစီးကို လူအနည္းဆုံး ၇၀၊ ၈၀ ေလာက္ပါတယ္ခင္ဗ်၊ တကယ္လို႔မ်ား လိုင္းေပၚမွာရွိတယ္ဆိုရင္ လူႀကီးမင္းတို႔ ျပန္ၿပီးေတာာ့ က်ေနာ္တို႔ ဒီဥစၥာကို လုပ္ေပးသင့္တာကို လုပ္ေပးပါဦးခင္ဗ်။”

သူတို႔အားလုံးကို စစ္ေဆးတာေတြ အဆင့္ဆင့္ လုပ္ၿပီးရင္ေတာ့ ျမန္မာႏိုင္ငံဘက္ ျပန္လႊဲေျပာင္းေပးလိမ့္မယ္လို႔ မူဆယ္ခ႐ိုင္အုပ္ခ်ဳပ္ေရးအဖြဲ႕က ဗြီအိုေအကို ေျပာပါတယ္။

ဒီလိုလူစုလူေဝးနဲ႔ လွည့္လည္တာကို ဦးေဆာင္ခဲ့သူတဦးကေတာ့ သူ႔ဟာ ေဒသရဲတပ္ဖြဲ႕ဆီမွာ ခြင့္ေတာင္းၿပီးလုပ္ခြင့္ရလို႔ ဒါကိုလုပ္ခဲ့တာလို႔ အြန္လိုင္းေပၚမွာတင္ခဲ့ၿပီး သူတို႔အေနနဲ႔ ဒီကာလ အိမ္ျပန္ခြင့္မရသလို တ႐ုတ္မွာလည္း မဲေပးခြင့္ဆုံးရႈံးေနလို႔ အခုလိုေ႐ြးခ်ယ္ခဲ့တာလို႔ ဆိုပါတယ္။ တယ္ဟုန္းျပည္နယ္ ေအာက္က ၿမိဳ႕နယ္ေတြအေနနဲ႔ ျပည္နယ္အစိုးရဆီက လုပ္ပိုင္ခြင့္ကို ယူရမွာျဖစ္ၿပီး အခုလိုလုပ္ေဆာင္လိုက္တဲ့ အေျခအေနေၾကာင့္ အမ်ားအျပား အဖမ္းခံရတာလို႔ ေဝဖန္ေနၾကတဲ့ အလုပ္သမားေတြလည္း ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တရုတ်နိုင်ငံ ရွှေလီမြို့မှာ NLD ပါတီထောက်ခံလှုပ်ရှားသူတွေ ဖမ်းဆီးခံရ

ကိုဗစ်ကပ်ရောဂါကြောင့် သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ထားတဲ့ မြန်မာနိုင်ငံနဲ့ နယ်စပ် တရုတ်နိုင်ငံရွှေလီမြို့မှာ ရာနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ထောက်ခံတဲ့အနေနဲ့ စုဝေးလှည့်လည်ခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရတဲ့ အကြောင်းပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

မြန်မာမူဆယ်မြို့တဘက်ခြမ်း တရုတ်နယ်စပ် ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၄၀၀ ကျော်လောက်ဟာ NLD တံဆိပ်ပါတဲ့ တီရှပ်တွေဝတ်ပြီး ဒီနေ့မနက် ၉ နာရီကနေ ၁၂ နာရီအထိ ဆိုင်ကယ်တွေနဲ့ လှည့်လည် ထောက်ခံပွဲတခုလုပ်ခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂါ ကျန်းမာရေး စည်းကမ်းတွေ တင်းကြပ်ထားတဲ့ ရွှေလီမြို့ထဲမှာ အခုလို လူစုလူဝေးနဲ့ လှည့်လည်ခဲ့တဲ့ မြန်မာတွေကို တရုတ်ရဲတပ်ဖွဲ့က နေ့လည် ၁နာရီလောက်မှာဖမ်းဆီးလိုက်ပြီး မူဆယ်အုပ်ချုပ်ရေးဌာနကို WeChat ကနေ သတင်းလှမ်းပို့ခဲ့ပါတယ်။ အခြေအနေ တည်ငြိမ်သွားရင် တရုတ်ဘက်က သူတို့အားလုံးကို မြန်မာဘက်ပြန်လွှဲပြောင်းနိုင်တယ်လို့ မူဆယ်ခရိုင်အုပ်ချုပ်ရေး လက်ထောက်ညွှန်မှူး ဦးမောင်မောင်သန်းက ဗွီအိုအေကို ပြောပါတယ်။

“ဒီမှာတော့ ကျနော်တို့ဆီရောက်တာ (အယောက်) ၄၀၀ ခန့်ပေါ့နော်၊ သူတို့စုရပ်ကတော့ (တရုတ်) ကျယ်ဂေါင်မှာ ရှိတဲ့ ကချင်မနောကွင်း ပန်းခြံပေါ့ အဲဒီမှာ စုကြတာ၊ အဲဒီမြန်မာတွေက အဲဒီမှာ ရွှေ့ပြောင်း အလုပ်သမားတွေပေါ့၊ နေထိုင်ခွင့်လည်း စာအုပ်ရထားတဲ့သူတွေ။ သူတို့အစီအစဉ်နဲ့ သူတို့စုပြီးတော့ အောင်နိုင်ရေးဆိုပြီး လှုံ့ဆော်တာပေါ့။ ကျယ်ဂေါင်ကနေ ရွှေလီအထိသွားတယ်၊ ရွှေလီကနေ ကျယ်ဂေါင်ပြန်တယ်ပေါ့၊ သွားကြတော့ တရုတ်ရဲက ဖမ်းတယ်ပေါ့ဗျာ။ သူတို့ စည်းကမ်းချက်ကတော့ ရောဂါဖြစ်နေတဲ့ကာလမှာ လူစုလူဝေး သူတို့မလုပ်ကြဘူးလေ။ သူနိုင်ငံနဲ့ဆိုင်တဲ့ စည်းမျဉ်းစည်းကမ်းလည်း ထုတ်ထားတာကိုး။”

ကျယ်ဂေါင်မြို့ထဲက ပန်းခြံထဲရောက်တဲ့အခါမှာ သူတို့အားလုံးကို ဒေသရဲတပ်ဖွဲ့က ဝန်းရံထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တံဆိပ် ရိုက်နှိပ်ထားတဲ့ စပို့ရှပ်အကျီတွေကို ဖယ်ရှားဖို့ ရဲတွေကပြောခဲ့ပါတယ်။ အဲဒီနောက်သူတို့အားလုံးကို ဘတ်စ်ကား ၁၂ စီးနဲ့ ခေါ်ဆောင်သွားကြောင်း မြန်မာလုပ်သားတဦးက Tik Tok လူမှုကွန်ရက်ပေါ် အခုလိုတင်ခဲ့တာပါ။

“ယောင်္ကျားလေးတွေ အကုန်လုံး အင်္ကျီတွေ ချွတ်ခိုင်းတယ်၊ ဦးထုပ်တွေသိမ်းတယ်၊ NLD တံဆိပ်ပါတဲ့ Mask တွေရောပေါ့နော်၊ မိန်းကလေးတွေက လွဲလို့ ယောင်္ကျားလေးတွေ အကုန်လုံးချွတ်ပြီးတော့မှာ၊ ပန်းခြံထဲရောက်တဲ့အခါမှာ ရဲများလာပြီးတော့ အဖွဲ့ကို ဝန်းရံထားခြင်း ဖြစ်ပါတယ်။ ပြီးတော့ ခေါ်ဆောင်သွားပြီး ဖမ်းသွားတယ်ဗျ၊ ကားကြီးပေါင်း ၁၂ စီးနဲ့ပေါ့ဗျာ အပြည့်ပေါ့။ ကားတစီးကို လူအနည်းဆုံး ၇၀၊ ၈၀ လောက်ပါတယ်ခင်ဗျ၊ တကယ်လို့များ လိုင်းပေါ်မှာရှိတယ်ဆိုရင် လူကြီးမင်းတို့ ပြန်ပြီးတောာ့ ကျနော်တို့ ဒီဥစ္စာကို လုပ်ပေးသင့်တာကို လုပ်ပေးပါဦးခင်ဗျ။”

သူတို့အားလုံးကို စစ်ဆေးတာတွေ အဆင့်ဆင့် လုပ်ပြီးရင်တော့ မြန်မာနိုင်ငံဘက် ပြန်လွှဲပြောင်းပေးလိမ့်မယ်လို့ မူဆယ်ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ဗွီအိုအေကို ပြောပါတယ်။

ဒီလိုလူစုလူဝေးနဲ့ လှည့်လည်တာကို ဦးဆောင်ခဲ့သူတဦးကတော့ သူ့ဟာ ဒေသရဲတပ်ဖွဲ့ဆီမှာ ခွင့်တောင်းပြီးလုပ်ခွင့်ရလို့ ဒါကိုလုပ်ခဲ့တာလို့ အွန်လိုင်းပေါ်မှာတင်ခဲ့ပြီး သူတို့အနေနဲ့ ဒီကာလ အိမ်ပြန်ခွင့်မရသလို တရုတ်မှာလည်း မဲပေးခွင့်ဆုံးရှုံးနေလို့ အခုလိုရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။ တယ်ဟုန်းပြည်နယ် အောက်က မြို့နယ်တွေအနေနဲ့ ပြည်နယ်အစိုးရဆီက လုပ်ပိုင်ခွင့်ကို ယူရမှာဖြစ်ပြီး အခုလိုလုပ်ဆောင်လိုက်တဲ့ အခြေအနေကြောင့် အများအပြား အဖမ်းခံရတာလို့ ဝေဖန်နေကြတဲ့ အလုပ်သမားတွေလည်း ရှိပါတယ်။

XS
SM
MD
LG