သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူငယ္ေတြ ဘာေၾကာင့္ မဲေပးၾကသလဲ


ဝါရွင္တန္ဒီစီ ျမန္မာသံ႐ုံးမွာ ႀကိဳတင္မဲလာေပးၾကတဲ့ ျမင္ကြင္း။ (ေအာက္တိုဘာ ၁၀၊ ၂၀၂၀)

၂၀၂၀ ေရြးေကာက္ပြဲမွာ ဝါရွင္တန္ဒီစီျမန္မာသံရံုးမွာ မဲေပးသူေတြ ၂၀၁၅ ထက္ ၃ ဆ မ်ားလာခဲ့ပါတယ္။ တိုင္းျပည္အတြက္ မဲေပးတာ ဆိုတာထက္ ေနာက္မ်ိုးဆက္အတြက္ မဲေပးတာသာ ျဖစ္ေၾကာင္း ဝါရွင္တန္ဒီစီျမန္မာသံရံုးက သံမွဴးၾကီး ေဒၚျမသီတာေအးက ေျပာပါတယ္။ ေအာက္တိုဘာ ၁၀ နဲ့ ၁၁ ရက္ေန့ က အေမရိကန္ ႏိုင္ငံ ဝါရွင္တန္ဒီစီ ျမန္မာသံရံုးမွာ ၾကိဳတင္မဲေပးတဲ့အခါ လူငယ္ေတြ ဘာေၾကာင့္ မဲေပးၾကသလဲဆိုတာက်ေနာ္ ၿငိမ္းခ်မ္းက တင္ဆက္ေပးပါ့မယ္။

၂၀၂၀ ခုႏွစ္ ႏိုဝင္ဘာလ ၈ ရက္ေန့မွာ က်င္းပမယ့္ ေရြးေကာက္ပြဲအတြက္ ကမာၻတဝန္းမွာ ရွိတဲ့ ျမန္မာသံရံုးေတြမွာ ၾကိဳတင္မဲေတြ ေပးေနၾကပါၿပီ။ ေအာက္တိုဘာလ ၁၀ နဲ့ ၁၁ ရက္ေန့ေတြမွာလည္း အေမရိကန္ ႏိုင္ငံ ဝါရွင္တန္ဒီစီ သံရံုးမွာ ျမန္မာႏိုင္ငံသားေတြ ၾကိဳတင္မဲေပးခဲ့ၾကပါတယ္။ ၂၀၁၅ ထက္ စာရင္ ၾကိဳတင္မဲေပးသူဟာ ၁၄၀ ေက်ာ္ကေန ၄၅၀ ေက်ာ္ အထိ မ်ားလာခဲ့တာပါ။ အေၾကာင္းအရင္းကို ေမးၾကည့္တဲ့အခါမွာ သံမွဴးၾကီး ေဒၚျမသီတာေအးက အခုလို ေျပာပါတယ္။

ေျပာင္းလဲလာတဲ့ေခတ္ကာလလည္း ပါမွာေပါ့ေနာ္။ ၿပီးတဲ့အခါက်ေတာ့ ျပည္သူေတြက အရင္ကထက္ေတာ့ ဆႏၵမဲေပးတာဟာ တိုင္းျပည္အတြက္လို့ လူေတြက ေျပာၾကတယ္။ ဒါေပမဲ့ အမွန္က ဆႏၵမဲေပးတာဟာ မိမိ နဲ့ မိမိ မိသားစု၊ ေနာက္လာမယ့္ Generations (မ်ိုးဆက္) အတြက္ ၊ ကိုယ္ရဲ့ တာဝန္၊ ႏိုင္ငံသား တစ္ေယာက္ရဲ့ တာဝန္၊ ေပးရမယ္ ဆိုတဲ့၊ ခံယူခ်က္ေတြ နဲ့ လာေပးတယ္လို့ပဲ က်မ ခံယူပါတယ္။ တကယ္ တကယ္က ၂၀၁၅ ခုႏွစ္တုန္းက ျမန္မာသံရံုးေတြ အားလံုးမွာ မဲေပးတဲ့သူေတြက သံုးေသာင္းေက်ာ္ေက်ာ္ပဲရွိပါတယ္။ အခု ဆိုရင္ ၁၀၉,၀၀၀ ေက်ာ္ရွိပါတယ္ရွင့္။

မဲလာေပးတဲ့ မဲဆႏၵရွင္ေတြထဲက နယူးဟမ္ရိႈင္းယားျပည္နယ္ Dartmouth College မွာ ဓာတုေဗဒ ပါရဂူတန္းမွာ ပညာသင္ၾကားေနတဲ့ ဘြဲ့လြန္ ေက်ာင္းသူ မထူးတင့္ေဝ ကို ဘာေၾကာင့္ အခုလို မဲလာေပးျဖစ္တာလဲဆိုတာေမးၾကည့္ခဲ့ပါတယ္။ သူဟာ မိုင္ ၅၀၀ နီးပါး ေဝးကြာတဲ့ ဝါရွင္တန္ဒီစီ ၿမိဳ့ ကို ၉နာရီ ခရီး ကားေမာင္းလာခဲ့တာပါ။

ႏိုင္ငံသားတိုင္း သူတုိ့ရဲ့ ဆႏၵကို ထုတ္ေဖာ္ႏိုင္တဲ့အခြင့္အလမ္းက အရမ္းအေရးၾကီးပါတယ္။ ႏိုင္ငံသားေတြ အေနနဲ့ မဲေပးႏိုင္တာဟာ ဒီမိုကေရစီ စနစ္ရဲ့ အစိတ္အပိုင္း တစ္ခုလည္း ျဖစ္ပါတယ္ လို့ ေျပာသြားတာပါ။

ဝါရွင္တန္ ဒီစီ မွာ ရွိတဲ့ ကုန္သြယ္ေရးအဖြဲ့အစည္းတစ္ခုမွာ အလုပ္သင္ အျဖစ္ လုပ္ကိုင္ေနတဲ့ ခြန္ဥာဏ္မင္းထက္ကလည္း မဲေပးရတဲ့အေၾကာင္းကို အခုလို ေျပာပါတယ္။

ဒါက က်ေနာ့္အတြက္ ပထမဦးဆံုးအၾကိမ္ မဲေပးတာျဖစ္ၿပီး ၿပီးခဲ့တဲ့တေခါက္ကေတာ့ လြတ္သြားပါတယ္။ ႏိုင္ငံသားတေယာက္ရဲ့ တာဝန္အေနနဲ့ မဲေပးရတာ ျဖစ္ပါတယ္ လို့ ေျပာသြားတာပါ။

ႏိုဝင္ဘာလ ၈ ရက္ေန့ မွာ က်င္းပမယ့္ အေထြေထြ ေရြးေကာက္ပြဲအတြက္ မဲဆႏၵရွင္ေပါင္း ၃၉သန္း နီးပါး ရွိၿပီး ပထမဦးဆံုး အၾကိမ္ မဲေပးမယ့္ လူငယ္ မဲဆႏၵရွင္ေပါင္း ၅ သန္း နီးပါး ရွိတယ္လို့ International Foundation for Electroal System (IFES) အဖြဲ့ၾကီးက ခန့္မွန္းထားပါတယ္ ခင္ဗ်ာ။

လူငယ္ေတြ ဘာေၾကာင့္မဲေပးၾကသလဲ
please wait

No media source currently available

0:00 0:02:55 0:00




unicode

၂၀၂၀ ရွေးကောက်ပွဲမှာ ဝါရှင်တန်ဒီစီမြန်မာသံရုံးမှာ မဲပေးသူတွေ ၂၀၁၅ ထက် ၃ ဆ များလာခဲ့ပါတယ်။ တိုင်းပြည်အတွက် မဲပေးတာ ဆိုတာထက် နောက်မျိုးဆက်အတွက် မဲပေးတာသာ ဖြစ်ကြောင်း ဝါရှင်တန်ဒီစီမြန်မာသံရုံးက သံမှူးကြီး ဒေါ်မြသီတာအေးက ပြောပါတယ်။ အောက်တိုဘာ ၁၀ နဲ့ ၁၁ ရက်နေ့ က အမေရိကန် နိုင်ငံ ဝါရှင်တန်ဒီစီ မြန်မာသံရုံးမှာ ကြိုတင်မဲပေးတဲ့အခါ လူငယ်တွေ ဘာကြောင့် မဲပေးကြသလဲဆိုတာ ကျနော် ငြိမ်းချမ်းက တင်ဆက်ပေးပါ့မယ်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ကမ္ဘာတဝန်းမှာ ရှိတဲ့ မြန်မာသံရုံးတွေမှာ ကြိုတင်မဲတွေ ပေးနေကြပါပြီ။ အောက်တိုဘာလ ၁၀ နဲ့ ၁၁ ရက်နေ့တွေမှာလည်း အမေရိကန် နိုင်ငံ ဝါရှင်တန်ဒီစီ သံရုံးမှာ မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးခဲ့ကြပါတယ်။ ၂၀၁၅ ထက် စာရင် ကြိုတင်မဲပေးသူဟာ ၁၄၀ ကျော်ကနေ ၄၅၀ ကျော် အထိ များလာခဲ့တာပါ။ အကြောင်းအရင်းကို မေးကြည့်တဲ့အခါမှာ သံမှူးကြီး ဒေါ်မြသီတာအေးက အခုလို ပြောပါတယ်။

ပြောင်းလဲလာတဲ့ခေတ်ကာလလည်း ပါမှာပေါ့နော်။ ပြီးတဲ့အခါကျတော့ ပြည်သူတွေက အရင်ကထက်တော့ ဆန္ဒမဲပေးတာဟာ တိုင်းပြည်အတွက်လို့ လူတွေက ပြောကြတယ်။ ဒါပေမဲ့ အမှန်က ဆန္ဒမဲပေးတာဟာ မိမိ နဲ့ မိမိ မိသားစု၊ နောက်လာမယ့် Generations (မျိုးဆက်) အတွက် ၊ ကိုယ်ရဲ့ တာဝန်၊ နိုင်ငံသား တစ်ယောက်ရဲ့ တာဝန်၊ ပေးရမယ် ဆိုတဲ့၊ ခံယူချက်တွေ နဲ့ လာပေးတယ်လို့ပဲ ကျမ ခံယူပါတယ်။ တကယ် တကယ်က ၂၀၁၅ ခုနှစ်တုန်းက မြန်မာသံရုံးတွေ အားလုံးမှာ မဲပေးတဲ့သူတွေက သုံးသောင်းကျော်ကျော်ပဲရှိပါတယ်။ အခု ဆိုရင် ၁၀၉,၀၀၀ ကျော်ရှိပါတယ်ရှင့်။

မဲလာပေးတဲ့ မဲဆန္ဒရှင်တွေထဲက နယူးဟမ်ရှိုင်းယားပြည်နယ် Dartmouth College မှာ ဓာတုဗေဒ ပါရဂူတန်းမှာ ပညာသင်ကြားနေတဲ့ ဘွဲ့လွန် ကျောင်းသူ မထူးတင့်ဝေ ကို ဘာကြောင့် အခုလို မဲလာပေးဖြစ်တာလဲဆိုတာမေးကြည့်ခဲ့ပါတယ်။ သူဟာ မိုင် ၅၀၀ နီးပါး ဝေးကွာတဲ့ ဝါရှင်တန်ဒီစီ မြို့ ကို ၉ နာရီ ခရီး ကားမောင်းလာခဲ့တာပါ။

နိုင်ငံသားတိုင်း သူတို့ရဲ့ ဆန္ဒကို ထုတ်ဖော်နိုင်တဲ့အခွင့်အလမ်းက အရမ်းအရေးကြီးပါတယ်။ နိုင်ငံသားတွေ အနေနဲ့ မဲပေးနိုင်တာဟာ ဒီမိုကရေစီ စနစ်ရဲ့ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပါတယ် လို့ ပြောသွားတာပါ။

ဝါရှင်တန် ဒီစီ မှာ ရှိတဲ့ ကုန်သွယ်ရေးအဖွဲ့အစည်းတစ်ခုမှာ အလုပ်သင် အဖြစ် လုပ်ကိုင်နေတဲ့ ခွန်ဉာဏ်မင်းထက်ကလည်း မဲပေးရတဲ့အကြောင်းကို အခုလို ပြောပါတယ်။

ဒါက ကျနော့်အတွက် ပထမဦးဆုံးအကြိမ် မဲပေးတာဖြစ်ပြီး ပြီးခဲ့တဲ့တခေါက်ကတော့ လွတ်သွားပါတယ်။ နိုင်ငံသားတယောက်ရဲ့ တာဝန်အနေနဲ့ မဲပေးရတာ ဖြစ်ပါတယ် လို့ ပြောသွားတာပါ။

နိုဝင်ဘာလ ၈ ရက်နေ့ မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပေါင်း ၃၉ သန်း နီးပါး ရှိပြီး ပထမဦးဆုံး အကြိမ် မဲပေးမယ့် လူငယ် မဲဆန္ဒရှင်ပေါင်း ၅ သန်း နီးပါး ရှိတယ်လို့ International Foundation for Electroal System (IFES) အဖွဲ့ကြီးက ခန့်မှန်းထားပါတယ် ခင်ဗျာ။

XS
SM
MD
LG