သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာလ ျမန္မာ့ေရြးေကာက္ပြဲ


ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ဥကၠ႒ ဦးလွသိန္း /ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း
ကိုဗစ္ကာလ ျမန္မာ့ေရြးေကာက္ပြဲ
please wait

No media source currently available

0:00 0:13:28 0:00
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ အေထြေထြေရြးေကာက္ပြဲ က်င္းပဖို႔ တစ္လပဲ လိုပါေတာ့တယ္။ ကိုဗစ္ကပ္ေရာဂါကာလမွာ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြးေကာက္ပြဲကို စိတ္ခ်လံုၿခံဳစြာ၊ အထေျမာက္ေအာင္ က်င္းပႏိုင္ပါ့မလားဆုိတာနဲ႔ ပတ္သက္ၿပီးေတာ့ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ ဦးလွသိန္းကို VOA က သီးသန္႔ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး ။ ။ အခုေရြးေကာက္ပြဲက တစ္လေလာက္ပဲ လိုပါေတာ့တယ္။ မဲစာရင္းနဲ႔ ပတ္သက္ၿပီးေတာ့ ေဝဖန္သံေတြလည္း အမ်ားႀကီးၾကားသိရပါတယ္။ ကြဲလြဲခ်က္ေတြလည္း ရိွတယ္။ ျပန္ၿပီးေတာ့ သံုးသပ္ရရင္ လိုအပ္ခ်က္ေတြက ဘာေတြမ်ား ရိွခဲ့လို႔ပါလဲ ဆရာ။

ေျဖ ။ ။ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရဲ ႔ စာရင္းမွာ မူတည္တာေပါ့။ ေနာက္တခါ လူဝန္မႈႀကီးၾကပ္ေရးဌာနကလည္း မွတ္ပံုတင္အမွတ္ေတြက လူတိုင္းမရိွပါဘူး။ လူတုိင္းမရိွတဲ့အခါၾကေတာ့ မရိွတဲ့လူေတြကို မစစ္ေပးႏိုင္ဘူး။ အဲဒီမွာလဲ ကြက္လပ္ေတြ ဇယားတိုင္ေတြထဲမွာ ကြက္လပ္ေတြ ပါလာႏိုင္တယ္။ ဝန္ႀကီးဌာနအသီးသီးက အကူအညီေပးတဲ့ ဝန္ထမ္းေတြ ရိုက္တဲ့ေနရာမွာလည္း ကၽြမ္းက်င္မႈ၊ မကၽြမ္းက်င္မႈေပၚ မူတည္ၿပီးေတာ့ မဲစာရင္းက ကပ္တာေတြ၊ ေပ်ာက္တာေတြ ပါလာတာေပါ့။ ဒါေၾကာင့္မို႔ ပထမအႀကိမ္ မဲစာရင္းေတြ ကပ္ၿပီးတဲ့အခ်ိန္မွာ တခါတည္း ခြင့္ျပဳေတာင္းဆိုလိုက္တာက တစ္အခ်က္က မပါရင္ ေတာင္းဆိုပါ။ မဲစာရင္းလာၾကည့္ၿပီးေတာ့ မဲစာရင္းထဲမွာ ကိုယ့္နာမည္မပါရင္ ေတာင္းဆုိပါ။ ၾကည့္လိုက္တဲ့အခါၾကေတာ့ ပထမအႀကိမ္ မဲစာရင္းမွာ (၃၇) သန္းခြဲ က်ေနာ္တုိ႔ ေၾကညာခဲ့တယ္။ အဲဒီမွာ အခုနေျပာတဲ့ မွားယြင္းတာ၊ ျပင္ဆင္တာ၊ ေတာင္းဆိုတာ၊ count လုပ္တာ တစ္သိန္းနဲ႔ တစ္ေသာင္းပဲ ရိွတယ္။ Percent နဲ႔တြက္ရင္ 0.5 ပဲ ရိွတယ္။ အမွန္က ရာႏႈန္းအားျဖင့္ တစ္ရာခိုင္ႏႈန္းေတာင္ မရိွပါဘူး။

ေမး ။ ။ ၂၀၁၅ ခုႏွစ္တုန္းက မဲစာရင္းကို ပထမအႀကိမ္ကတည္းက Online ကေန စစ္လို႔ရခဲ့တယ္။ အခုကေတာ့ ဒုတိယအႀကိမ္က်မွ Online ကေန စစ္လို႔ရတာ ဘာျဖစ္လို႔လဲဆိုတာကို ေမးၾကတဲ့လူေတြ ရိွပါတယ္။

ေျဖ ။ ။ ပထမအႀကိမ္ကေတာ့ (၃) မ်ဳိးလံုး မွားႏုိင္တယ္။ မိမိနာမည္ မပါလာတာလည္း ရိွႏိုင္တယ္။ ကြယ္လြန္သူေတြ ပါေနတာလည္း ရိွႏိုင္တယ္။ အခုနလို အမွားေတြလည္း ရိွႏိုင္တယ္။ ဒီဟာမျပင္ႏုိင္ဘဲ က်ေနာ္တုိ႔ Online တင္ရင္ အလကားပါပဲ။ ဒါေၾကာင့္မို႔ အမွန္ရေအာင္ ပထမတစ္ႀကိမ္က ဘာမွမလုပ္ဘူး။ ဒီသံုးခ်က္ကို ျပည္သူက လာၾကည့္ပါ။ မပါရင္ ေတာင္းဆိုပါ။ မပါသင့္တဲ့လူ ပါေနၾကမုိ႔၊ မွားေနလ်ွင္ျပင္ပါ။ ဒီသံုးခ်က္ျပည့္ေတာ့ အခုဆုိရင္ ဘာသံမွ မၾကားရေတာ့ဘူး။ က်ေနာ္တုိ႔ တစ္ခ်က္တည္းသာ ေရးလုိက္ရင္ ပိုၿပီးေတာ့ ဒီထက္ဆူညံသြားအံုးမယ္။

ေမး ။ ။ ေနာက္တစ္ခုက မဲစာရင္းထဲမွာ ႏိုင္ငံတကာလူ႔အခြင့္အေရးအဖြဲ႔အစည္းေတြ အမ်ားဆံုးေဝဖန္ေနၾကတာကေတာ့ ျပည္ပမွာရိွေနၾကတဲ့ မူစလင္ဒုကၡသည္ေတြ၊ ရိုဟင္ဂ်ာဒုကၡသည္ေတြနဲ႔ ပတ္သက္ၿပီးေတာ့ သူတုိ႔ကို ဘာျဖစ္လို႔ မဲစာရင္းထဲမွာ မထည့္ဘူးလဲဆိုၿပီးေတာ့ မၾကာခဏ ေထာက္ျပေနတဲ့ ေမးခြန္းေတြ ရိွပါတယ္။

ေျဖ ။ ။ မဲစာရင္းထဲပါဖုိ႔ကေတာ့ အခ်က္ (၂) ခ်က္ လိုအပ္တယ္။ တစ္အခ်က္က အသက္ (၁၈) ႏွစ္ျပည့္ၿပီသူ ျဖစ္ရမယ္။ ႏွစ္အခ်က္က အဲဒီလူက ႏုိင္ငံသား၊ ဧည့္ႏုိင္ငံသား၊ ႏိုင္ငံသားျဖစ္ခြင့္ရသူ ျဖစ္ရမယ္။

ေမး ။ ။ ဒီေရြးေကာက္ပြဲ မဲဆြယ္စည္းရံုးေရးအတြက္ကို ပါတီအသီးသီးက မဲဆြယ္စည္းရံုးတဲ့ေနရာမွာ သူတို႔မိန္႔ခြန္းေတြကို ရုပ္သံလႊင့္တဲ့ကိစၥမွာ ေရြးေကာက္ပြဲေကာ္မရွင္ကေန သူတို႔ႀကိဳတင္ေပးပို႔တဲ့ မိန္႔ခြန္းေတြကို ဆင္ဆာျဖတ္တယ္ဆုိၿပီး ေျပာေနၾကပါတယ္။ တည္ျဖတ္တာရိွတယ္လို႔ ေျပာေနၾကၿပီးေတာ့ လူ႔ေဘာင္သစ္ပါတီ၊ ျပည္သူ႔ပါတီ - ပါတီေပါင္း (၆) ခုေလာက္ ရိွမယ္ထင္ပါတယ္။ သူတုိ႔ကေန ရုပ္ျမင္သံၾကားကေန သူတုိ႔မေျပာေတာ့ပါဘူးဆိုၿပီးေတာ့ ဆႏၵျပတဲ့သေဘာအေနနဲ႔ သူတို႔ေတြ မလုပ္ေတာ့ဘူးလို႔ ေၾကညာထားတာကို ေတြ႔ရပါတယ္။ အဲဒါနဲ႔ ပတ္သက္လို႔ ေရြးေကာက္ပြဲေကာ္မရွင္ရဲ ႔ သေဘာထားကို သိပါရေစ။

ေျဖ ။ ။ က်ေနာ္တို႔ ေရြးေကာက္ပြဲေကာ္မရွင္က (၉၂) ပါတီ ၿပိဳင္တယ္။ ၿပိဳင္တဲ့အခါၾကေတာ့ မဲဆြယ္စည္းရံုးေရးကာလအတြင္းမွာ ေျပာခ်င္တဲ့ မိန္႔ခြန္းေတြရိွရင္ ေပးပို႔ဖုိ႔အတြက္ က်ေနာ္တို႔ အေၾကာင္းၾကားပါတယ္။ အဲဒီလို အေၾကာင္းၾကားတဲ့ေနရာမွာ ေပးပို႔ရမယ့္ အေၾကာင္းအရာက (၃) ခ်က္တည္း။ (၁) ပါတီရဲ ႔ မူဝါဒကို ေျပာပါ။ (၂) ပါတီရဲ ႔သေဘာထား။ (၃) ပါတီလုပ္ငန္းစဥ္။ ဒီ (၃) ခ်က္ကလြဲရင္ ပိုလက္မခံဘူး။ ေျပာစရာ (၁၅) မိနစ္ပဲ ေပးထားတယ္။ အဲဒီေခါင္းစဥ္ (၃) ခုထက္ ပိုေျပာရင္ျဖစ္ေစ၊ မပါတာေျပာတာျဖစ္ေစ က်ေနာ္တို႔ သတ္မွတ္ေဘာင္ကေန ေက်ာ္သြားၿပီ။ အဲဒီလိုမဟုတ္ဘဲ ပါလာတဲ့အခါ မည္သည့္ပါတီမဆို က်ေနာ္တိုိ႔ျဖတ္တယ္။ (၉၂) ပါတီလံုး က်ေနာ္တို႔ တည္ျဖတ္တယ္။ (၉၂) ပါတီမွာမွ ခင္မ်ားေျပာတဲ့ (၃) ပါတီ (၄) ပါတီကလြဲ က်န္တဲ့ပါတီေတြက ျဖတ္ေတာက္တာကို လက္ခံတယ္။ ဒီ (၃) ခ်က္ေျပာဆုိတာကို လက္ခံတယ္။ ျပန္ျပင္ၿပီးေတာ့ လႊင့္တယ္။ ဒီပါတီ (၃) ခု (၄) ခုပဲ က်ေနာ္တုိ႔ ျပန္မျပင္ဘူး၊ boycott လုပ္တယ္။ ဒါကေတာ့ က်ေနာ္ မတတ္ႏိုင္ဘူး။

ေမး ။ ။ လူ႔အခြင့္အေရးအဖြဲ႔အစည္းကေတာ့ ဒါ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ကို ပိတ္ပင္တားဆီးတဲ့သေဘာ ျဖစ္ေနတယ္ဆိုၿပီး ေဝဖန္ၾကတာေတြ ရိွလုိ႔ပါ။

ေျဖ ။ ။ Freedom of Expression ဆိုတာကို က်ေနာ္တို႔ လက္ခံတယ္။ ဒီမိုကေရစီႏိုင္ငံမွာ ရိွကိုရိွရမယ္။ သို႔ေသာ္လဲ အဲဒီ Expression ေတြက သူမ်ား လူတစ္ဦးတစ္ေယာက္ အဖြဲ႔အစည္းေတြကို မထိခိုက္ဖို႔ေတာ့ လိုတယ္။ မခိုင္လံုတဲ့အခ်က္ေတြနဲ႔ မေျပာဖို႔ေတာ့လုိတယ္။ ဒါဆိုရင္ေတာ့ က်ေနာ္တို႔က တည္ျဖတ္ရမွာပဲ။

ေမး ။ ။ အခု ေရြးေကာက္ပြဲကလဲ က်င္းပေတာ့မယ့္ဆိုေတာ့ ျပည္တြင္းျပည္ပက Observers ေရြးေကာက္ပြဲေလ့လာမယ့္ အဖြဲ႔အစည္းေတြရဲ ႔ အေျခအေန ဘယ္လိုရိွပါသလဲရွင့္။

ေျဖ ။ ။ ျပည္တြင္းမွာ ႏွစ္မ်ဳိးေလွ်ာက္ပါတယ္။ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ကို တုိက္ရိုက္ေလွ်ာက္တာရိွတယ္။ သက္ဆိုင္ရာ တိုင္းေဒသႀကီးျပည္နယ္၊ ခရိုင္ ေကာ္မရွင္အဖြဲ႔ခြဲကို ေလွ်ာက္တာရိွတယ္။ အဲဒီမွာ က်ေနာ္တို႔ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ကို ျပည္တြင္းေလ့လာသူ (၁၃) ဖြဲ႔ ေလွ်ာက္တယ္။ ဦးေရကေတာ့ (၉၄၃၃) ဦး။ ေနာက္သက္ဆိုင္ရာ တုိင္းေဒသႀကီးနဲ႔ ခရိုင္ေကာ္မရွင္ေတြကိုေတာ့ အဖြဲ႔ (၄၀) ေလွ်ာက္တယ္။ အဖြဲ႔ေပါင္း (၄၀)။ အဲဒီမွာ ေလွ်ာက္တဲ့အေရအတြက္က (၁၉၄၀)။ ေပါင္းေျပာမယ္ဆိုရင္ေတာ့ အဖြဲ႔ေပါင္း (၅၃) ဖြဲ႔ ရိွတယ္။ ေလ့လာသူက (၁၁၃၇၃) ေယာက္ ရိွတယ္။ က်ေနာ္တို႔ ခြင့္ျပဳၿပီးၿပီ။ ဒါကေတာ့ ျပည္တြင္းအဖြဲ႔ေတြ။ ျပည္ပကေန လာၿပီးေလ့လာတဲ့အဖြဲ႔က ႏွစ္ဖြဲ႔ ရိွတယ္။ Asian Network for Free Elections (ANFREL) - သူက (၅၅) ဦး ေလွ်ာက္ထားတယ္။ ေနာက္ Carter Center ရိွတယ္။ သူက (၇၀) ေလွ်ာက္ထားတယ္။ ကိုဗစ္ေၾကာင့္ ဒီမွာေရာက္ရင္ သူတုိ႔က quarantine ဝင္ရမွာကိုေၾကာက္လုိ႔ ဒီႏွစ္ေတာ့ သိပ္မလာေတာ့ဘူး။ ဒီႏွစ္ဖြဲ႔ကေတာ့လာမယ္။ ေနာက္ၿပီးေတာ့ ႏုိင္ငံျခားသံရံုးေတြက နွစ္ရာနီးပါး ေလွ်ာက္ထားတယ္။ စုစုေပါင္းေတာ့ သံုးရာေက်ာ္ ရိွပါတယ္။

ေမး ။ ။ မီဒီယာရဲ ႔ အခန္းက႑။ မီဒီယာေတြနဲ႔ ေရြးေကာက္ပြဲေကာ္မရွင္တို႔ရဲ ႔ ဆက္ဆံေရးအေျခအေနေလးေကာ ရွင္းျပေပးပါအံုးရွင့္။

ေျဖ ။ ။ မီဒီယာေတြနဲ႔ေတာ့ က်ေနာ္တို႔က ျမန္မာႏုိင္ငံသတင္းမီဒီယာေကာင္စီ (Myanmar Press Council – MPC) နဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ ေဆြးေႏြးပြဲေတြလုပ္တယ္။ ျပန္ၾကားခ်က္ေတြ ပူးတြဲေဆာင္ရြက္ခ်က္ေတြ လုပ္တယ္။ ဒါက သတင္းမီဒီယာေကာင္စီနဲ႔။ က်ေနာ္တို႔ ေကာ္မရွင္နဲ႔ ပတ္သက္လို႔ misinformation မမွန္သတင္းေတြ၊ သတင္းမီဒီယာနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ ဒါကိုတုိက္ဖ်က္သလို၊ ေဆာင္ရြက္ေပးဖို႔ သူကို သတင္းေပးပို႔ပါတယ္။ မီဒီယာေကာင္စီကလဲ မွန္တဲ့အေလွ်ာက္ သက္ဆိုင္ရာ သတင္းဂ်ာနယ္ေတြကို ေခၚၿပီးေနာက္ ဒါကိုမလုပ္ပါနဲ႔၊ ဒါနဲ႔ၿငိ ႔တယ္ဆိုၿပီး ညိွႏိႈင္းေဆာင္ရြက္ေနပါတယ္။ ဒါေၾကာင့္မို႔ misinformation ေတြက ယခင္ကထက္စာရင္ နည္းလာတယ္လို႔ ယူဆပါတယ္။

ေမး ။ ။ အားလံုးစိတ္ဝင္စားေနၾကတာကေတာ့ တပ္မေတာ္ဘက္က ႀကိဳတင္မဲေတြနဲ႔ ပတ္သက္ၿပီးေတာ့ ဘယ္လိုအေျခအေန ရိွပါသလဲ။ ေနာက္တခုက တပ္ထဲမွာ မဲရံုေတြ မထားေတာ့ဘဲနဲ႔ တပ္ျပင္ကို ထုတ္မယ့္အေျခအေနက ဘယ္လိုမ်ဳိး ညိွႏိႈင္းထားတာ ရိွပါသလဲရွင့္။

ေျဖ ။ ။ တပ္ဧရိယာအတြင္းမွာ မလုပ္ဖို႔ကို ဥပေဒ၊ နည္းဥပေဒေတြနဲ႔ ျပဌာန္းလိုက္ပါၿပီ။ ဒါကလဲ အတည္ျဖစ္သြားပါၿပီ။ ဘာေၾကာင့္ တပ္မဲရံုေတြကို အျပင္ထုတ္ရသလဲဆိုတာကို က်ေနာ္တို႔ ရွင္းလင္းေျပာျပၿပီ ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ တပ္မဲရံုေတြက တပ္ထဲမွာ လုပ္တဲ့အတြက္ ဝင္ေရာက္ၾကည့္ရႈ ႔ေလ့လာမယ့္ ပုဂၢိဳလ္ေတြအတြက္ အေႏွာင့္အယွက္ အတားအဆီးသေဘာမ်ဳိး သူတုိ႔မွာ ခံစားေနရတယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ တပ္ထဲဝင္ရင္ လံုၿခံဳေရးအရ စစ္ေဆးရတယ္။ ၿပီးေတာ့ ဝင္ခြင့္ၿပီးတဲ့အခါမွာလဲ အေျခအေနေပၚ မူတည္ၿပီးေတာ့ အေႏွာင့္အယွက္သေဘာမ်ဳိး ရိွေနတယ္လို႔ ယူဆမွာေပါ့။ ဒါေၾကာင့္မို႔ က်ေနာ္တို႔က ေလ့လာသူေတြ မွန္သမွ် လြတ္လြတ္လပ္လပ္ ေလ့လာႏုိင္ေအာင္ တပ္မဲရံုမွန္သမွ် တပ္ရဲ ႔အျပင္ဘက္ လာၾကည့္ရႈ ႔တဲ့လူေတြ စစ္ေဆးမခံရတဲ့ေနရာကို တပ္မဲရံုထားဖုိ႔ ညိွႏိႈင္းၿပီးေတာ့ အျပင္ဘက္ကို ေရာက္လာခဲ့တာပါ။ အျပင္ဘက္ၾကေတာ့ ႏွစ္မ်ဳိး ရိွျပန္တယ္။ တခ်ဳိ ႔တပ္ေတြက ဟိုးသီးျခားေနရာမွာ တပ္တည္ေဆာက္ထားတဲ့ တပ္ေတြရိွတယ္။ တခ်ဳိ ႔တပ္ေတြကေတာ့ ၿမိဳ ႔နဲ႔ မနီးမေဝး၊ ရပ္ကြက္နဲ႔ မနီးမေဝးမွာရိွတဲ့ တပ္ေတြရိွတယ္။ အဲဒီေတာ့ တပ္မဲမွာ ႏွစ္မ်ဳိး ရိွလာတယ္။ သီးျခားတပ္မဲရံုဆိုတာ ရိွလာတယ္။ သူက ဘယ္ရပ္ကြက္နဲ႔မွ မနီးဘူး။ ငါးမိုင္၊ ေျခာက္မိုင္၊ ခုႏွစ္မိုင္ ေဝးတယ္။ အဲဒီေတာ့ ရပ္ကြက္က လာေပးလို႔ မရဘူး။ သူကေန ရပ္ကြက္ထဲ လာေပးဖို႔လဲ အဆင္မေျပဘူး။ အဲဒီလိုမ်ဳိးကို တပ္မဲသီးသန္႔ဆုိၿပီး တပ္ရဲ ႔ျပင္ပဧရိယာ အနီးဆံုးေနရာမွာ က်ေနာ္တို႔ တပ္မဲရံုကို လုပ္ေပးတယ္။ ေနာက္တခုက ရပ္ကြက္ေတြနဲ႔ နီးတယ္။ ၿမိဳ ႔ဧရိယာထဲမွာ ပါတယ္ဆိုရင္ေတာ့ အဲဒီၿမိဳ ႔ဧရိယာ ရပ္ကြက္နဲ႔ေပါင္းၿပီးေတာ့ အရပ္သားေတြနဲ႔ ေပါင္းၿပီးေတာ့ အရပ္သားမဲရံုနဲ႔ ေပါင္းထားတဲ့ တပ္မဲရံုဆုိတာ ရိွတယ္။ ႏွစ္မ်ဳိး ရိွတယ္။ တပ္မေတာ္သားေတြနဲ႔ မိသားစုဝင္ေတြရိွတဲ့ သက္သက္မဲရံုက တစ္ခု။ အရပ္သားမဲဆႏၵရွင္ေတြနဲ႔ ေပါင္းၿပီးေတာ့ လုပ္ထားတဲ့ မဲရံုကတစ္ခု။ အဲဒီလို ႏွစ္မ်ဳိးေတာ့ ရိွတယ္။ ဒါေပမဲ့ အဲဒီႏွစ္မ်ဳိးလံုးမွာ ခ်ိတ္ဆက္ၿပီးေတာ့ ေဆာင္ရြက္တဲ့ေနရာမွာ အဆင္ေျပပါတယ္။

ေမး ။ ။ လံုၿခံဳေရးနဲ႔ ဆက္စပ္ၿပီးေတာ့ ေရြးေကာက္ပြဲ မက်င္းပႏုိင္မယ့္ စစ္ေရးပဋိပကၡေတြ ျဖစ္ေနတဲ့ ေနရာေတြ ရိွပါတယ္။ ဥပမာ ရခုိင္ျပည္နယ္မွာဆိုရင္လဲ ေတာ္ေတာ္ေလးကို တခ်ဳိ ႔ေျမာက္ပိုင္းဘက္မွာ မလုပ္ႏိုင္ဘူးေပါ့။ ဥကၠ႒ႀကီးကိုယ္တိုင္ သြားၿပီးေတာ့ ညိွႏိႈင္းတာ ရိွခဲ့တဲ့ ဝေဒသမွာေကာ၊ ရွမ္းေျမာက္ပိုင္း အဲဒီလိုေဒသေတြမွာ ေရြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီးေတာ့ က်င္းပႏိုင္ေျခ ရိွပါသလားရွင့္။

ေျဖ ။ ။ က်ေနာ္တို႔ ဝေဒသကို သြားၿပီးေတာ့ ေရြးေကာက္ပြဲ က်င္းပႏိုင္ဖို႔ အေျခအေန ရိွမရိွ သြားေရာက္ေလ့လာခဲ့ပါတယ္။ အဲဒီ ဝေဒသကလဲ တကယ္ေတာ့ ေရြးေကာက္ပြဲက်င္းပဖို႔ အေျခအေန ရိွပါတယ္။ ေရြးေကာက္ပြဲ လုပ္မယ္ဆိုရင္ သူတုိ႔ ၾကည္ၾကည္ျဖဴျဖဴ ပူးေပါင္းေဆာင္ရြက္မယ့္ အေျခအေန ရိွပါတယ္။ ဒါေပမဲ့ က်ေနာ္တို႔ အားနည္းခ်က္တစ္ခု သြားေတြ႔တာက အဲဒီ ဝေဒသ (၅) ၿမိဳ ႔နယ္မွာရိွတဲ့ လူဦးေရး (၅) သိန္းေလာက္မွာ ႏုိင္ငံသားစီစစ္ေရးကဒ္ျပား ႏွစ္ေသာင္းေလာက္ပဲ ရိွတယ္။ က်ေနာ္တို႔က ႏုိင္ငံေရးကဒ္ျပားေပၚ အေျခခံၿပီးေတာ့ မဲစာရင္းေတြ ထုတ္တယ္။ သူတုိ႔က (၅) သိန္းေလာက္ ရိွတယ္။ ႏုိင္ငံျခားစီစစ္ေရးကဒ္က ႏွစ္ေသာင္းေလာက္ပဲ ရိွတယ္။ က်န္တဲ့ သူတုိ႔ထုတ္ေပးထားတဲ့ ဝႏို္င္ငံသားကဒ္ေတာ့ ရိွတယ္။ ဒါကေတာ့ က်ေနာ္တို႔အစိုးရက လုပ္ေပးထားတဲ့ ကဒ္မဟုတ္တဲ့အတြက္ က်ေနာ္တုိ႔ အသံုးျပဳလို႔ မရဘူး။ ဒါေပမဲ့ က်ေနာ္တို႔က (၅) သိန္းလံုးကို ႏိုင္ငံသားစီစစ္ေရးကဒ္ျပား ရဖို႔ကိုေတာ့ အခ်ိန္ယူၿပီးေတာ့ လုပ္ရမွာမုိ႔ အခ်ိန္မီေအာင္ ေဆာင္ရြက္ေပးႏိုင္တဲ့အခါၾကရင္ ေရြးေကာက္ပြဲလုပ္ဖုိ႔ အစီအစဥ္ ရိွပါတယ္။ အခုေတာ့ ဝေဒသေတြကေတာ့ ခ်န္လွပ္ထားခဲ့ရမယ့္ အေျခအေနကို ေရာက္ပါတယ္။

အခုနေျပာတဲ့ ရခိုင္တို႔၊ တခ်ဳိ ႔လက္နက္ကိုင္ ပဋိပကၡ ျဖစ္ေနတာေတြကေတာ့ အခုအခ်ိန္မွာ ကာကြယ္ေရးဝန္ႀကီးဌာန၊ ျပည္ထဲေရးဝန္ႀကီးတုိ႔က တည္ၿငိမ္ေအးခ်မ္းစြာ က်င္းပႏုိင္ေျခ ရိွမရိွ သေဘာထားေတြ က်ေနာ္တို႔ ေတာင္းခံထားပါတယ္။ ေတာင္းခံထားေတာ့ သူတုိ႔ဆီက သေဘာထားေတြ ရလာၿပီဆိုရင္ အဲဒီသေဘာထားကို အေျခခံၿပီးေတာ့ ေရြးေကာက္ပြဲ မက်င္းပႏုိင္တဲ့ ၿမိဳ ႔နယ္ေတြကို ေၾကညာေပးသြားပါမယ္။ ဒါေပမဲ့ အဲဒီအေျခအေနေတာ့ က်ေနာ္တို႔ ေစာင့္ဆုိင္းၿပီးေတာ့ ၾကည့္ေနတဲ့ အေျခအေနမွာပါ။ မၾကာခင္ေတာ့ ေၾကညာႏုိင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

ေမး ။ ။ ေရြးေကာက္ပြဲ ေလ့လာေနတဲ့ အဖြဲ႔ေတြရဲ ႔ သံုးသပ္ခ်က္။ သူတို႔ စစ္တမ္းေတြ ေကာက္ယူတဲ့အခါမွာ ဒီကပ္ေရာဂါကာလႀကီးမွာ ေရြးေကာက္ပြဲလာၿပီး မဲေပးႏိုင္ဖို႔ ခန္႔မွန္းေျခက (၄၅) ရာခိုင္ႏႈန္းေလာက္ပဲ ရိွတယ္ဆိုေတာ့ ေရြးေကာက္ပြဲတစ္ခု ျဖစ္ေျမာက္ဖို႔အတြက္ ဘယ္ႏွစ္ရာခိုင္ႏႈန္းေလာက္ထိ မဲ လာေပးမွ ေရြးေကာက္ပြဲ အထေျမာက္တယ္လို႔ ေခၚႏုိင္ပါသလဲရွင့္။

ေျဖ ။ ။ မဲေပးႏိုင္တဲ့ ရာခိုင္ႏႈန္းက ေရြးေကာက္ပြဲမွာ ဥပေဒမွာက ဘယ္နား ဘယ္ႏွစ္ရာခိုင္ လာၿပီးမဲေပးမွ ေအာင္ျမင္တယ္ဆိုတာ ျပဌာန္းထားတာ မရိွဘူး။ အမ်ားဆံုးရတဲ့လူ အႏိုင္ယူဆိုတဲ့အတြက္ လာေပးတဲ့လူရဲ ႔ အေရအတြက္ထဲမွာ အမ်ားဆံုးရတဲ့လူက ႏုိင္မွာပဲ။ က်ေနာ္ကေတာ့ ဥပေဒေၾကာင္းအရေတာ့ ဒီလိုပဲ သေဘာေပါက္ထားတယ္။ တခ်ဳိ ႔ကေတာ့ (၅၀) မေက်ာ္ရင္ ေရြးေကာက္ပြဲ အထမေျမာက္ဘူးဆိုတာေတြက အဲဒါေတြက ဖြဲ႔စည္းပံုအေျခခံ ေျပာင္းတဲ့အခါမွာသာပါတာ။ က်ေနာ္တို႔ ေရြးေကာက္ပြဲသည္ သာမန္ေရြးေကာက္ပြဲ၊ လႊတ္ေတာ္ကိုယ္စားလွယ္ ေရြးေကာက္ပြဲမွာ ရာႏႈန္းသတ္မွတ္ထားတာ မရိွဘူး။ လာေပးတဲ့လူေတြထဲမွာ အမ်ားဆံုး မဲရသူက အႏုိင္ရတယ္။ ဒါေၾကာင့္မို႔ ရာႏႈန္းသတ္မွတ္ခ်က္နဲ႔ ၾကည့္တာကို မစိုးရိမ္ဘူး။ လာေပးတဲ့ အမ်ားဆံုးရတဲ့လူကို က်ေနာ္တို႔ အႏိုင္ေပးမွာ။ ဒါက ဥပေဒပါ။

ေမး ။ ။ တကယ္လို႔ ဒီကပ္ေရာဂါက ဆက္ၿပီးေတာ့ ဆုိးေနမယ္ဆိုရင္ေကာ ေရြးေကာက္ပြဲ ေရႊ ႔ဆိုင္းဖို႔ အလားအလာ ရိွပါသလား။

ေျဖ ။ ။ ကိုဗစ္ကာလမွာ က်င္းပသြားတဲ့ ေတာင္ကုိရီးယား၊ စကၤာပူ၊ သီရိလကၤာတို႔ ရိွၿပီသားေတြ။ သူတုိ႔လဲ ကိုဗစ္ကာလမွာ လုပ္သြားတယ္။ အခု က်ေနာ္တို႔ထက္ေစာတဲ့ အေမရိကန္မွာေတာင္ လုပ္မွာမဟုတ္လား။ ႏိုဝင္ဘာလ (၃) ရက္ေန႔။ က်ေနာ္တို႔ထက္ အေသအေပ်ာက္ အမ်ားႀကီး ရိွေနတာ ေရႊ ႔လား။ အေမရိကန္မွာ။ အေမရိကန္သမၼတ ေရြးေကာက္ပြဲ လုပ္မွာပဲ မဟုတ္လား ႏုိဝင္ဘာလ (၃) ရက္ေန႔။ အဲဒီေလာက္ ဆုိးဝါးေနတဲ့ ႏုိင္ငံႀကီးမွာေတာင္ လုပ္ေနတာ က်ေနာ္တို႔က သူေလာက္ ရာႏႈန္းနည္းတဲ့ ေနရာက မလုပ္ဘူးဆိုရင္ ဘာအေၾကာင္းျပမလဲ။ အဲဒီအခါ က်ေနာ္တို႔က က်န္းမာေရးရႈေထာင့္ကို မၾကည့္ဘဲနဲ႔ လုပ္တာမဟုတ္ဘူး။ က်န္းမာေရးရႈေထာင့္ကၾကည့္ၿပီး လုပ္မယ္။ ဒါေၾကာင့္မို႔ က်ေနာ္တို႔က ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ကုသထိန္းခ်ဳပ္ေရး ဗဟိုအဆင့္၊ အမ်ဳိးသားေကာ္မတီ ဗဟိုအဆင့္ရဲ ႔ လမ္းညႊန္မႈကို လိုက္နာယူထားတယ္။ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနကထုတ္တဲ့ လမ္းညႊန္မႈလည္း ယူထားတယ္။ ေနာက္ ေဒသဆိုင္ရာ အုပ္ခ်ဳပ္ေရးအဖြဲ႔ေတြရဲ ႔ ကန္႔သတ္ခ်က္ေတြကိုလည္း လုိက္နာေနေတာ့ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြးေကာက္ပြဲျဖစ္ေအာင္ က်ေနာ္တုိ႔ ႀကိဳးစားေဆာင္ရြက္သြားမွာပါ။ ျပည္သူသာ အဓိကဆိုတာ လိုပါတယ္။ ျပည္သူေတြ ပူးေပါင္းကူညီဖို႔ လိုပါတယ္။



===Unicode===

မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ တစ်လပဲ လိုပါတော့တယ်။ ကိုဗစ်ကပ်ရောဂါကာလမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို စိတ်ချလုံခြုံစွာ၊ အထမြောက်အောင် ကျင်းပနိုင်ပါ့မလားဆိုတာနဲ့ ပတ်သက်ပြီးတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းကို VOA က သီးသန့်ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ အခုရွေးကောက်ပွဲက တစ်လလောက်ပဲ လိုပါတော့တယ်။ မဲစာရင်းနဲ့ ပတ်သက်ပြီးတော့ ဝေဖန်သံတွေလည်း အများကြီးကြားသိရပါတယ်။ ကွဲလွဲချက်တွေလည်း ရှိတယ်။ ပြန်ပြီးတော့ သုံးသပ်ရရင် လိုအပ်ချက်တွေက ဘာတွေများ ရှိခဲ့လို့ပါလဲ ဆရာ။

ဖြေ ။ ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ စာရင်းမှာ မူတည်တာပေါ့။ နောက်တခါ လူဝန်မှုကြီးကြပ်ရေးဌာနကလည်း မှတ်ပုံတင်အမှတ်တွေက လူတိုင်းမရှိပါဘူး။ လူတိုင်းမရှိတဲ့အခါကြတော့ မရှိတဲ့လူတွေကို မစစ်ပေးနိုင်ဘူး။ အဲဒီမှာလဲ ကွက်လပ်တွေ ဇယားတိုင်တွေထဲမှာ ကွက်လပ်တွေ ပါလာနိုင်တယ်။ ဝန်ကြီးဌာနအသီးသီးက အကူအညီပေးတဲ့ ဝန်ထမ်းတွေ ရိုက်တဲ့နေရာမှာလည်း ကျွမ်းကျင်မှု၊ မကျွမ်းကျင်မှုပေါ် မူတည်ပြီးတော့ မဲစာရင်းက ကပ်တာတွေ၊ ပျောက်တာတွေ ပါလာတာပေါ့။ ဒါကြောင့်မို့ ပထမအကြိမ် မဲစာရင်းတွေ ကပ်ပြီးတဲ့အချိန်မှာ တခါတည်း ခွင့်ပြုတောင်းဆိုလိုက်တာက တစ်အချက်က မပါရင် တောင်းဆိုပါ။ မဲစာရင်းလာကြည့်ပြီးတော့ မဲစာရင်းထဲမှာ ကိုယ့်နာမည်မပါရင် တောင်းဆိုပါ။ ကြည့်လိုက်တဲ့အခါကြတော့ ပထမအကြိမ် မဲစာရင်းမှာ (၃၇) သန်းခွဲ ကျနော်တို့ ကြေညာခဲ့တယ်။ အဲဒီမှာ အခုနပြောတဲ့ မှားယွင်းတာ၊ ပြင်ဆင်တာ၊ တောင်းဆိုတာ၊ count လုပ်တာ တစ်သိန်းနဲ့ တစ်သောင်းပဲ ရှိတယ်။ Percent နဲ့တွက်ရင် 0.5 ပဲ ရှိတယ်။ အမှန်က ရာနှုန်းအားဖြင့် တစ်ရာခိုင်နှုန်းတောင် မရှိပါဘူး။

မေး ။ ။ ၂၀၁၅ ခုနှစ်တုန်းက မဲစာရင်းကို ပထမအကြိမ်ကတည်းက Online ကနေ စစ်လို့ရခဲ့တယ်။ အခုကတော့ ဒုတိယအကြိမ်ကျမှ Online ကနေ စစ်လို့ရတာ ဘာဖြစ်လို့လဲဆိုတာကို မေးကြတဲ့လူတွေ ရှိပါတယ်။

ဖြေ ။ ။ ပထမအကြိမ်ကတော့ (၃) မျိုးလုံး မှားနိုင်တယ်။ မိမိနာမည် မပါလာတာလည်း ရှိနိုင်တယ်။ ကွယ်လွန်သူတွေ ပါနေတာလည်း ရှိနိုင်တယ်။ အခုနလို အမှားတွေလည်း ရှိနိုင်တယ်။ ဒီဟာမပြင်နိုင်ဘဲ ကျနော်တို့ Online တင်ရင် အလကားပါပဲ။ ဒါကြောင့်မို့ အမှန်ရအောင် ပထမတစ်ကြိမ်က ဘာမှမလုပ်ဘူး။ ဒီသုံးချက်ကို ပြည်သူက လာကြည့်ပါ။ မပါရင် တောင်းဆိုပါ။ မပါသင့်တဲ့လူ ပါနေကြမို့၊ မှားနေလျှင်ပြင်ပါ။ ဒီသုံးချက်ပြည့်တော့ အခုဆိုရင် ဘာသံမှ မကြားရတော့ဘူး။ ကျနော်တို့ တစ်ချက်တည်းသာ ရေးလိုက်ရင် ပိုပြီးတော့ ဒီထက်ဆူညံသွားအုံးမယ်။

မေး ။ ။ နောက်တစ်ခုက မဲစာရင်းထဲမှာ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတွေ အများဆုံးဝေဖန်နေကြတာကတော့ ပြည်ပမှာရှိနေကြတဲ့ မူစလင်ဒုက္ခသည်တွေ၊ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးတော့ သူတို့ကို ဘာဖြစ်လို့ မဲစာရင်းထဲမှာ မထည့်ဘူးလဲဆိုပြီးတော့ မကြာခဏ ထောက်ပြနေတဲ့ မေးခွန်းတွေ ရှိပါတယ်။

ဖြေ ။ ။ မဲစာရင်းထဲပါဖို့ကတော့ အချက် (၂) ချက် လိုအပ်တယ်။ တစ်အချက်က အသက် (၁၈) နှစ်ပြည့်ပြီသူ ဖြစ်ရမယ်။ နှစ်အချက်က အဲဒီလူက နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားဖြစ်ခွင့်ရသူ ဖြစ်ရမယ်။

မေး ။ ။ ဒီရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက်ကို ပါတီအသီးသီးက မဲဆွယ်စည်းရုံးတဲ့နေရာမှာ သူတို့မိန့်ခွန်းတွေကို ရုပ်သံလွှင့်တဲ့ကိစ္စမှာ ရွေးကောက်ပွဲကော်မရှင်ကနေ သူတို့ကြိုတင်ပေးပို့တဲ့ မိန့်ခွန်းတွေကို ဆင်ဆာဖြတ်တယ်ဆိုပြီး ပြောနေကြပါတယ်။ တည်ဖြတ်တာရှိတယ်လို့ ပြောနေကြပြီးတော့ လူ့ဘောင်သစ်ပါတီ၊ ပြည်သူ့ပါတီ - ပါတီပေါင်း (၆) ခုလောက် ရှိမယ်ထင်ပါတယ်။ သူတို့ကနေ ရုပ်မြင်သံကြားကနေ သူတို့မပြောတော့ပါဘူးဆိုပြီးတော့ ဆန္ဒပြတဲ့သဘောအနေနဲ့ သူတို့တွေ မလုပ်တော့ဘူးလို့ ကြေညာထားတာကို တွေ့ရပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ သဘောထားကို သိပါရစေ။

ဖြေ ။ ။ ကျနော်တို့ ရွေးကောက်ပွဲကော်မရှင်က (၉၂) ပါတီ ပြိုင်တယ်။ ပြိုင်တဲ့အခါကြတော့ မဲဆွယ်စည်းရုံးရေးကာလအတွင်းမှာ ပြောချင်တဲ့ မိန့်ခွန်းတွေရှိရင် ပေးပို့ဖို့အတွက် ကျနော်တို့ အကြောင်းကြားပါတယ်။ အဲဒီလို အကြောင်းကြားတဲ့နေရာမှာ ပေးပို့ရမယ့် အကြောင်းအရာက (၃) ချက်တည်း။ (၁) ပါတီရဲ့ မူဝါဒကို ပြောပါ။ (၂) ပါတီရဲ့သဘောထား။ (၃) ပါတီလုပ်ငန်းစဉ်။ ဒီ (၃) ချက်ကလွဲရင် ပိုလက်မခံဘူး။ ပြောစရာ (၁၅) မိနစ်ပဲ ပေးထားတယ်။ အဲဒီခေါင်းစဉ် (၃) ခုထက် ပိုပြောရင်ဖြစ်စေ၊ မပါတာပြောတာဖြစ်စေ ကျနော်တို့ သတ်မှတ်ဘောင်ကနေ ကျော်သွားပြီ။ အဲဒီလိုမဟုတ်ဘဲ ပါလာတဲ့အခါ မည်သည့်ပါတီမဆို ကျနော်တို့ဖြတ်တယ်။ (၉၂) ပါတီလုံး ကျနော်တို့ တည်ဖြတ်တယ်။ (၉၂) ပါတီမှာမှ ခင်များပြောတဲ့ (၃) ပါတီ (၄) ပါတီကလွဲ ကျန်တဲ့ပါတီတွေက ဖြတ်တောက်တာကို လက်ခံတယ်။ ဒီ (၃) ချက်ပြောဆိုတာကို လက်ခံတယ်။ ပြန်ပြင်ပြီးတော့ လွှင့်တယ်။ ဒီပါတီ (၃) ခု (၄) ခုပဲ ကျနော်တို့ ပြန်မပြင်ဘူး၊ boycott လုပ်တယ်။ ဒါကတော့ ကျနော် မတတ်နိုင်ဘူး။

မေး ။ ။ လူ့အခွင့်အရေးအဖွဲ့အစည်းကတော့ ဒါ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်တားဆီးတဲ့သဘော ဖြစ်နေတယ်ဆိုပြီး ဝေဖန်ကြတာတွေ ရှိလို့ပါ။

ဖြေ ။ ။ Freedom of Expression ဆိုတာကို ကျနော်တို့ လက်ခံတယ်။ ဒီမိုကရေစီနိုင်ငံမှာ ရှိကိုရှိရမယ်။ သို့သော်လဲ အဲဒီ Expression တွေက သူများ လူတစ်ဦးတစ်ယောက် အဖွဲ့အစည်းတွေကို မထိခိုက်ဖို့တော့ လိုတယ်။ မခိုင်လုံတဲ့အချက်တွေနဲ့ မပြောဖို့တော့လိုတယ်။ ဒါဆိုရင်တော့ ကျနော်တို့က တည်ဖြတ်ရမှာပဲ။

မေး ။ ။ အခု ရွေးကောက်ပွဲကလဲ ကျင်းပတော့မယ့်ဆိုတော့ ပြည်တွင်းပြည်ပက Observers ရွေးကောက်ပွဲလေ့လာမယ့် အဖွဲ့အစည်းတွေရဲ့ အခြေအနေ ဘယ်လိုရှိပါသလဲရှင့်။

ဖြေ ။ ။ ပြည်တွင်းမှာ နှစ်မျိုးလျှောက်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုက်ရိုက်လျှောက်တာရှိတယ်။ သက်ဆိုင်ရာ တိုင်းဒေသကြီးပြည်နယ်၊ ခရိုင် ကော်မရှင်အဖွဲ့ခွဲကို လျှောက်တာရှိတယ်။ အဲဒီမှာ ကျနော်တို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြည်တွင်းလေ့လာသူ (၁၃) ဖွဲ့ လျှောက်တယ်။ ဦးရေကတော့ (၉၄၃၃) ဦး။ နောက်သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ခရိုင်ကော်မရှင်တွေကိုတော့ အဖွဲ့ (၄၀) လျှောက်တယ်။ အဖွဲ့ပေါင်း (၄၀)။ အဲဒီမှာ လျှောက်တဲ့အရေအတွက်က (၁၉၄၀)။ ပေါင်းပြောမယ်ဆိုရင်တော့ အဖွဲ့ပေါင်း (၅၃) ဖွဲ့ ရှိတယ်။ လေ့လာသူက (၁၁၃၇၃) ယောက် ရှိတယ်။ ကျနော်တို့ ခွင့်ပြုပြီးပြီ။ ဒါကတော့ ပြည်တွင်းအဖွဲ့တွေ။ ပြည်ပကနေ လာပြီးလေ့လာတဲ့အဖွဲ့က နှစ်ဖွဲ့ ရှိတယ်။ Asian Network for Free Elections (ANFREL) - သူက (၅၅) ဦး လျှောက်ထားတယ်။ နောက် Carter Center ရှိတယ်။ သူက (၇၀) လျှောက်ထားတယ်။ ကိုဗစ်ကြောင့် ဒီမှာရောက်ရင် သူတို့က quarantine ဝင်ရမှာကိုကြောက်လို့ ဒီနှစ်တော့ သိပ်မလာတော့ဘူး။ ဒီနှစ်ဖွဲ့ကတော့လာမယ်။ နောက်ပြီးတော့ နိုင်ငံခြားသံရုံးတွေက နှစ်ရာနီးပါး လျှောက်ထားတယ်။ စုစုပေါင်းတော့ သုံးရာကျော် ရှိပါတယ်။

မေး ။ ။ မီဒီယာရဲ့ အခန်းကဏ္ဍ။ မီဒီယာတွေနဲ့ ရွေးကောက်ပွဲကော်မရှင်တို့ရဲ့ ဆက်ဆံရေးအခြေအနေလေးကော ရှင်းပြပေးပါအုံးရှင့်။

ဖြေ ။ ။ မီဒီယာတွေနဲ့တော့ ကျနော်တို့က မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (Myanmar Press Council – MPC) နဲ့ ချိတ်ဆက်ပြီးတော့ ဆွေးနွေးပွဲတွေလုပ်တယ်။ ပြန်ကြားချက်တွေ ပူးတွဲဆောင်ရွက်ချက်တွေ လုပ်တယ်။ ဒါက သတင်းမီဒီယာကောင်စီနဲ့။ ကျနော်တို့ ကော်မရှင်နဲ့ ပတ်သက်လို့ misinformation မမှန်သတင်းတွေ၊ သတင်းမီဒီယာနဲ့ ချိတ်ဆက်ပြီးတော့ ဒါကိုတိုက်ဖျက်သလို၊ ဆောင်ရွက်ပေးဖို့ သူကို သတင်းပေးပို့ပါတယ်။ မီဒီယာကောင်စီကလဲ မှန်တဲ့အလျှောက် သက်ဆိုင်ရာ သတင်းဂျာနယ်တွေကို ခေါ်ပြီးနောက် ဒါကိုမလုပ်ပါနဲ့၊ ဒါနဲ့ငြိ့တယ်ဆိုပြီး ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ဒါကြောင့်မို့ misinformation တွေက ယခင်ကထက်စာရင် နည်းလာတယ်လို့ ယူဆပါတယ်။

မေး ။ ။ အားလုံးစိတ်ဝင်စားနေကြတာကတော့ တပ်မတော်ဘက်က ကြိုတင်မဲတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုအခြေအနေ ရှိပါသလဲ။ နောက်တခုက တပ်ထဲမှာ မဲရုံတွေ မထားတော့ဘဲနဲ့ တပ်ပြင်ကို ထုတ်မယ့်အခြေအနေက ဘယ်လိုမျိုး ညှိနှိုင်းထားတာ ရှိပါသလဲရှင့်။

ဖြေ ။ ။ တပ်ဧရိယာအတွင်းမှာ မလုပ်ဖို့ကို ဥပဒေ၊ နည်းဥပဒေတွေနဲ့ ပြဌာန်းလိုက်ပါပြီ။ ဒါကလဲ အတည်ဖြစ်သွားပါပြီ။ ဘာကြောင့် တပ်မဲရုံတွေကို အပြင်ထုတ်ရသလဲဆိုတာကို ကျနော်တို့ ရှင်းလင်းပြောပြပြီ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တပ်မဲရုံတွေက တပ်ထဲမှာ လုပ်တဲ့အတွက် ဝင်ရောက်ကြည့်ရှု့လေ့လာမယ့် ပုဂ္ဂိုလ်တွေအတွက် အနှောင့်အယှက် အတားအဆီးသဘောမျိုး သူတို့မှာ ခံစားနေရတယ်။ ဘာဖြစ်လို့လဲဆိုတော့ တပ်ထဲဝင်ရင် လုံခြုံရေးအရ စစ်ဆေးရတယ်။ ပြီးတော့ ဝင်ခွင့်ပြီးတဲ့အခါမှာလဲ အခြေအနေပေါ် မူတည်ပြီးတော့ အနှောင့်အယှက်သဘောမျိုး ရှိနေတယ်လို့ ယူဆမှာပေါ့။ ဒါကြောင့်မို့ ကျနော်တို့က လေ့လာသူတွေ မှန်သမျှ လွတ်လွတ်လပ်လပ် လေ့လာနိုင်အောင် တပ်မဲရုံမှန်သမျှ တပ်ရဲ့အပြင်ဘက် လာကြည့်ရှု့တဲ့လူတွေ စစ်ဆေးမခံရတဲ့နေရာကို တပ်မဲရုံထားဖို့ ညှိနှိုင်းပြီးတော့ အပြင်ဘက်ကို ရောက်လာခဲ့တာပါ။ အပြင်ဘက်ကြတော့ နှစ်မျိုး ရှိပြန်တယ်။ တချို့တပ်တွေက ဟိုးသီးခြားနေရာမှာ တပ်တည်ဆောက်ထားတဲ့ တပ်တွေရှိတယ်။ တချို့တပ်တွေကတော့ မြို့နဲ့ မနီးမဝေး၊ ရပ်ကွက်နဲ့ မနီးမဝေးမှာရှိတဲ့ တပ်တွေရှိတယ်။ အဲဒီတော့ တပ်မဲမှာ နှစ်မျိုး ရှိလာတယ်။ သီးခြားတပ်မဲရုံဆိုတာ ရှိလာတယ်။ သူက ဘယ်ရပ်ကွက်နဲ့မှ မနီးဘူး။ ငါးမိုင်၊ ခြောက်မိုင်၊ ခုနှစ်မိုင် ဝေးတယ်။ အဲဒီတော့ ရပ်ကွက်က လာပေးလို့ မရဘူး။ သူကနေ ရပ်ကွက်ထဲ လာပေးဖို့လဲ အဆင်မပြေဘူး။ အဲဒီလိုမျိုးကို တပ်မဲသီးသန့်ဆိုပြီး တပ်ရဲ့ပြင်ပဧရိယာ အနီးဆုံးနေရာမှာ ကျနော်တို့ တပ်မဲရုံကို လုပ်ပေးတယ်။ နောက်တခုက ရပ်ကွက်တွေနဲ့ နီးတယ်။ မြို့ဧရိယာထဲမှာ ပါတယ်ဆိုရင်တော့ အဲဒီမြို့ဧရိယာ ရပ်ကွက်နဲ့ပေါင်းပြီးတော့ အရပ်သားတွေနဲ့ ပေါင်းပြီးတော့ အရပ်သားမဲရုံနဲ့ ပေါင်းထားတဲ့ တပ်မဲရုံဆိုတာ ရှိတယ်။ နှစ်မျိုး ရှိတယ်။ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေရှိတဲ့ သက်သက်မဲရုံက တစ်ခု။ အရပ်သားမဲဆန္ဒရှင်တွေနဲ့ ပေါင်းပြီးတော့ လုပ်ထားတဲ့ မဲရုံကတစ်ခု။ အဲဒီလို နှစ်မျိုးတော့ ရှိတယ်။ ဒါပေမဲ့ အဲဒီနှစ်မျိုးလုံးမှာ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်တဲ့နေရာမှာ အဆင်ပြေပါတယ်။

မေး ။ ။ လုံခြုံရေးနဲ့ ဆက်စပ်ပြီးတော့ ရွေးကောက်ပွဲ မကျင်းပနိုင်မယ့် စစ်ရေးပဋိပက္ခတွေ ဖြစ်နေတဲ့ နေရာတွေ ရှိပါတယ်။ ဥပမာ ရခိုင်ပြည်နယ်မှာဆိုရင်လဲ တော်တော်လေးကို တချို့မြောက်ပိုင်းဘက်မှာ မလုပ်နိုင်ဘူးပေါ့။ ဥက္ကဋ္ဌကြီးကိုယ်တိုင် သွားပြီးတော့ ညှိနှိုင်းတာ ရှိခဲ့တဲ့ ဝဒေသမှာကော၊ ရှမ်းမြောက်ပိုင်း အဲဒီလိုဒေသတွေမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကျင်းပနိုင်ခြေ ရှိပါသလားရှင့်။

ဖြေ ။ ။ ကျနော်တို့ ဝဒေသကို သွားပြီးတော့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အခြေအနေ ရှိမရှိ သွားရောက်လေ့လာခဲ့ပါတယ်။ အဲဒီ ဝဒေသကလဲ တကယ်တော့ ရွေးကောက်ပွဲကျင်းပဖို့ အခြေအနေ ရှိပါတယ်။ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် သူတို့ ကြည်ကြည်ဖြူဖြူ ပူးပေါင်းဆောင်ရွက်မယ့် အခြေအနေ ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ အားနည်းချက်တစ်ခု သွားတွေ့တာက အဲဒီ ဝဒေသ (၅) မြို့နယ်မှာရှိတဲ့ လူဦးရေး (၅) သိန်းလောက်မှာ နိုင်ငံသားစီစစ်ရေးကဒ်ပြား နှစ်သောင်းလောက်ပဲ ရှိတယ်။ ကျနော်တို့က နိုင်ငံရေးကဒ်ပြားပေါ် အခြေခံပြီးတော့ မဲစာရင်းတွေ ထုတ်တယ်။ သူတို့က (၅) သိန်းလောက် ရှိတယ်။ နိုင်ငံခြားစီစစ်ရေးကဒ်က နှစ်သောင်းလောက်ပဲ ရှိတယ်။ ကျန်တဲ့ သူတို့ထုတ်ပေးထားတဲ့ ဝနိုင်ငံသားကဒ်တော့ ရှိတယ်။ ဒါကတော့ ကျနော်တို့အစိုးရက လုပ်ပေးထားတဲ့ ကဒ်မဟုတ်တဲ့အတွက် ကျနော်တို့ အသုံးပြုလို့ မရဘူး။ ဒါပေမဲ့ ကျနော်တို့က (၅) သိန်းလုံးကို နိုင်ငံသားစီစစ်ရေးကဒ်ပြား ရဖို့ကိုတော့ အချိန်ယူပြီးတော့ လုပ်ရမှာမို့ အချိန်မီအောင် ဆောင်ရွက်ပေးနိုင်တဲ့အခါကြရင် ရွေးကောက်ပွဲလုပ်ဖို့ အစီအစဉ် ရှိပါတယ်။ အခုတော့ ဝဒေသတွေကတော့ ချန်လှပ်ထားခဲ့ရမယ့် အခြေအနေကို ရောက်ပါတယ်။

အခုနပြောတဲ့ ရခိုင်တို့၊ တချို့လက်နက်ကိုင် ပဋိပက္ခ ဖြစ်နေတာတွေကတော့ အခုအချိန်မှာ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးတို့က တည်ငြိမ်အေးချမ်းစွာ ကျင်းပနိုင်ခြေ ရှိမရှိ သဘောထားတွေ ကျနော်တို့ တောင်းခံထားပါတယ်။ တောင်းခံထားတော့ သူတို့ဆီက သဘောထားတွေ ရလာပြီဆိုရင် အဲဒီသဘောထားကို အခြေခံပြီးတော့ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ်တွေကို ကြေညာပေးသွားပါမယ်။ ဒါပေမဲ့ အဲဒီအခြေအနေတော့ ကျနော်တို့ စောင့်ဆိုင်းပြီးတော့ ကြည့်နေတဲ့ အခြေအနေမှာပါ။ မကြာခင်တော့ ကြေညာနိုင်မယ်လို့ မျှော်လင့်ပါတယ်။

မေး ။ ။ ရွေးကောက်ပွဲ လေ့လာနေတဲ့ အဖွဲ့တွေရဲ့ သုံးသပ်ချက်။ သူတို့ စစ်တမ်းတွေ ကောက်ယူတဲ့အခါမှာ ဒီကပ်ရောဂါကာလကြီးမှာ ရွေးကောက်ပွဲလာပြီး မဲပေးနိုင်ဖို့ ခန့်မှန်းခြေက (၄၅) ရာခိုင်နှုန်းလောက်ပဲ ရှိတယ်ဆိုတော့ ရွေးကောက်ပွဲတစ်ခု ဖြစ်မြောက်ဖို့အတွက် ဘယ်နှစ်ရာခိုင်နှုန်းလောက်ထိ မဲ လာပေးမှ ရွေးကောက်ပွဲ အထမြောက်တယ်လို့ ခေါ်နိုင်ပါသလဲရှင့်။

ဖြေ ။ ။ မဲပေးနိုင်တဲ့ ရာခိုင်နှုန်းက ရွေးကောက်ပွဲမှာ ဥပဒေမှာက ဘယ်နား ဘယ်နှစ်ရာခိုင် လာပြီးမဲပေးမှ အောင်မြင်တယ်ဆိုတာ ပြဌာန်းထားတာ မရှိဘူး။ အများဆုံးရတဲ့လူ အနိုင်ယူဆိုတဲ့အတွက် လာပေးတဲ့လူရဲ့ အရေအတွက်ထဲမှာ အများဆုံးရတဲ့လူက နိုင်မှာပဲ။ ကျနော်ကတော့ ဥပဒေကြောင်းအရတော့ ဒီလိုပဲ သဘောပေါက်ထားတယ်။ တချို့ကတော့ (၅၀) မကျော်ရင် ရွေးကောက်ပွဲ အထမမြောက်ဘူးဆိုတာတွေက အဲဒါတွေက ဖွဲ့စည်းပုံအခြေခံ ပြောင်းတဲ့အခါမှာသာပါတာ။ ကျနော်တို့ ရွေးကောက်ပွဲသည် သာမန်ရွေးကောက်ပွဲ၊ လွှတ်တော်ကိုယ်စားလှယ် ရွေးကောက်ပွဲမှာ ရာနှုန်းသတ်မှတ်ထားတာ မရှိဘူး။ လာပေးတဲ့လူတွေထဲမှာ အများဆုံး မဲရသူက အနိုင်ရတယ်။ ဒါကြောင့်မို့ ရာနှုန်းသတ်မှတ်ချက်နဲ့ ကြည့်တာကို မစိုးရိမ်ဘူး။ လာပေးတဲ့ အများဆုံးရတဲ့လူကို ကျနော်တို့ အနိုင်ပေးမှာ။ ဒါက ဥပဒေပါ။

မေး ။ ။ တကယ်လို့ ဒီကပ်ရောဂါက ဆက်ပြီးတော့ ဆိုးနေမယ်ဆိုရင်ကော ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့ အလားအလာ ရှိပါသလား။

ဖြေ ။ ။ ကိုဗစ်ကာလမှာ ကျင်းပသွားတဲ့ တောင်ကိုရီးယား၊ စင်္ကာပူ၊ သီရိလင်္ကာတို့ ရှိပြီသားတွေ။ သူတို့လဲ ကိုဗစ်ကာလမှာ လုပ်သွားတယ်။ အခု ကျနော်တို့ထက်စောတဲ့ အမေရိကန်မှာတောင် လုပ်မှာမဟုတ်လား။ နိုဝင်ဘာလ (၃) ရက်နေ့။ ကျနော်တို့ထက် အသေအပျောက် အများကြီး ရှိနေတာ ရွှေ့လား။ အမေရိကန်မှာ။ အမေရိကန်သမ္မတ ရွေးကောက်ပွဲ လုပ်မှာပဲ မဟုတ်လား နိုဝင်ဘာလ (၃) ရက်နေ့။ အဲဒီလောက် ဆိုးဝါးနေတဲ့ နိုင်ငံကြီးမှာတောင် လုပ်နေတာ ကျနော်တို့က သူလောက် ရာနှုန်းနည်းတဲ့ နေရာက မလုပ်ဘူးဆိုရင် ဘာအကြောင်းပြမလဲ။ အဲဒီအခါ ကျနော်တို့က ကျန်းမာရေးရှုထောင့်ကို မကြည့်ဘဲနဲ့ လုပ်တာမဟုတ်ဘူး။ ကျန်းမာရေးရှုထောင့်ကကြည့်ပြီး လုပ်မယ်။ ဒါကြောင့်မို့ ကျနော်တို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေး ဗဟိုအဆင့်၊ အမျိုးသားကော်မတီ ဗဟိုအဆင့်ရဲ့ လမ်းညွှန်မှုကို လိုက်နာယူထားတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကထုတ်တဲ့ လမ်းညွှန်မှုလည်း ယူထားတယ်။ နောက် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ကန့်သတ်ချက်တွေကိုလည်း လိုက်နာနေတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကျနော်တို့ ကြိုးစားဆောင်ရွက်သွားမှာပါ။ ပြည်သူသာ အဓိကဆိုတာ လိုပါတယ်။ ပြည်သူတွေ ပူးပေါင်းကူညီဖို့ လိုပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG