သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ေရာဂါအခ်ိန္မီကုသဖို႔ က်န္းမာေရးတာ၀န္ရွိသူေတြ တိုက္တြန္း


PPE ဝတ္စံုဝတ္ က်န္းမာေရး၀န္ထမ္းမ်ားကို ရန္ကုန္ၿမိဳ႕မွာ ေတြ႔ရ။ (ေအာက္တိုဘာ ၁၂၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ ႀကဳံေနရတဲ့ ျမန္မာႏိုင္ငံမွာ မၾကာေသးခင္ရက္ေတြအတြင္း ေဆး႐ုံကို အခ်ိန္ေႏွာင္း ေရာက္လာၿပီးမွ ေသဆုံးသူေတြ မ်ားလာေနတာေၾကာင့္ အခ်ိန္မီျပသဖို႔ က်န္းမာေရးတာဝန္ရွိသူေတြ တိုက္တြန္းေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဒီသတင္းကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက တင္ဆက္ေပးမွာပါ။

မၾကာေသးခင္လေတြက စလို႔ ကပ္ေရာဂါကူးစက္မႈေတြ တိုးလာေနတဲ့ ျမန္မာႏိုင္ငံမွာ အခုဆိုရင္ ေန႔စဥ္အတည္ျပဳလူနာသစ္ ၁,၀၀၀ ေလာက္ တိုးလာေနသလို ေသဆုံးသူ အေရအတြက္ဟာလည္း လပိုင္းအတြင္း ၇၀၀ ေလာက္အထိ ျဖစ္လာခဲ့တာပါ။ ေသဆုံးသူေတြထဲမွာေတာ့ အထူးသျဖင့္ ေရာဂါအေျခအေနဆိုးၿပီးမွ ေဆး႐ုံကို ေရာက္လာသူေတြ မ်ားလာေနတာေၾကာင့္ အခ်ိန္မီ ကုသမႈခံယူဖို႔ အေရးႀကီးတဲ့အေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက VOA ကိုေျပာပါတယ္။

“ၿပီးခဲ့တဲ့ႏွစ္ရက္ေလာက္က ေသဆုံးႏႈန္းေတြရဲ႕ ရာခိုင္ႏႈန္းကို စိစစ္တဲ့အခါမွာဆိုရင္ ေသၿပီးေတာ့မွေရာက္လာတဲ့ ရာခိုင္ႏႈန္းက ၁၈ ရာခိုင္ႏႈန္းရွိတယ္။ အဲဒီမွာ အံ့ဩစရာေကာင္းတဲ့ ထူးဆန္းတာ တခုက ေဆး႐ုံကိုေသၿပီးေတာ့မွ ေရာက္တာ မဟုတ္ဘူး၊ ဒါေပမဲ့ ေရာက္ၿပီး နာရီပိုင္းအတြင္းမွာပဲ ေသတယ္။ တကယ့္ကို ဘယ္လိုမွ ကုသလို႔မရဘူး။ ျပန္ေကာင္းဖို႔ ေသြးရည္ၾကည္ေပးမလား၊ တကယ့္ကို ထိပ္တန္းေဆးေတြ ေပးမလား။ ဘာနည္းနဲ႔မွ ကယ္လို႔မရေတာ့တဲ့ အဆုတ္ေတြကေတာ္ေတာ္ႀကီး အေျခအေနဆိုးတဲ့ဟာမ်ိဳး ေရာက္လာတယ္။ ဒါေတြက ဘယ္ေလာက္ေတာင္ရွိသလဲဆိုရင္ ေရာက္ၿပီး ၂၄ နာရီအတြင္းေသသူဟာ ေသဆုံးသူရဲ႕ ၃၀ ရာခိုင္ႏႈန္းရွိတယ္။ အဲဒီမွာ ၇ ရက္ေျမာက္မွာေတာ့ ေသဆုံးသူရဲ႕ ၂ ရာခိုင္ႏႈန္းပဲရွိေတာ့တယ္။ ေျပာခ်င္တာကေတာ့ ေဆး႐ုံကို ေစာေစာေရာက္မယ္၊ ေစာေစာကုသမႈ ခံယူမယ္၊ ျမန္ျမန္ဆန္ဆန္ ေဆး႐ုံကိုေရာက္ေအာင္ မိသားစုဝင္ေတြကလည္း ပို႔ႏိုင္မယ္ဆိုရင္ေတာ့ အသက္ရွင္ႏိုင္တဲ့ ရာခိုင္ႏႈန္းက အမ်ားႀကီးမ်ားတယ္ဆိုတာ ပိုသိေစခ်င္ပါတယ္။”

သံသယလူနာေတြရဲ႕ ဓာတ္ခြဲနမူနာေတြကိုေတာ့ ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္နဲ႔ ေမာ္လၿမိဳင္၊ ေတာင္ႀကီး၊ စစ္ေတြ၊ စတဲ့ၿမိဳ႕ေတြမွာရွိတဲ့ ဓာတ္ခြဲဌာန ၁၁ ခုကေန စစ္ေဆး အတည္ျပဳေပးေနတာပါ။ အတည္ျပဳလူနာေတြထဲက ေရာဂါေပ်ာက္ကင္းသြားသူေတြကို ေဆး႐ုံဆင္းခြင့္ ေျပာင္းလဲလိုက္တဲ့မူအရ အခုရက္ပိုင္းေတြမွာ ေဆး႐ုံဆင္းခြင့္ရသူဦးေရဟာလည္း ေထာင္ဂဏန္းဝန္းက်င္မွာ ရွိလာပါတယ္။ ဒီလူနာေတြကို သတ္မွတ္ခ်က္ေတြနဲ႔အညီ ေဆး႐ုံဆင္းခြင့္ေပးေနတယ္လို႔လည္း ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

“လက္ရွိ ရန္ကုန္ရဲ႕အေနအထားကေတာ့ ဆင္းတာနဲ႔ တက္တာမွာေတာ့ ဆင္းတာကေတာ့ နည္းေနတုန္းပဲဆိုေပမယ့္လို႔ မၾကာခင္အခ်ိန္တြင္းမွာလည္း ေဆး႐ုံဆင္းတဲ့သူေတြ မ်ားလာမယ္။ ဒီေနရာမွာေဆး႐ုံ ဆင္းတာနဲ႔ တက္တာနဲ႔ကေတာ့ ဘယ္ေတာ့မွေတာ့ တူႏိုင္မွာမဟုတ္ဘူး။ ဘာျဖစ္လို႔လည္းဆိုရင္ ဆင္း႐ုံဆင္းသတ္မွတ္ခ်က္ကိုလည္း က်မတို႔ျပဳျပင္ ေျပာင္းလဲလိုက္ျခင္းအားျဖင့္ ေဆး႐ုံဆင္းတာ တက္တာေတြကလည္း သူ႔ဟာနဲ႔သူ မွ်တလာမယ္။ ဒီလိုဆင္းတယ္ဆိုတာလည္း က်မတို႔ ဝ႐ုန္းသုန္းကား ဆင္းခိုင္းၿပီး ေနာက္ထပ္လူနာေတြ ကုသဖို႔လိုလို႔ မဟုတ္ပါဘူး။ အခုသူတို႔ေတြကို ေဆး႐ုံဆင္းတယ္ဆိုတာကလည္း WHO ရယ္၊ CDC ရယ္၊ ေနာက္ Literature ေတြအရဆိုရင္ သူဟာ ၁၀ ရက္ေနာက္ပိုင္း၊ ၁၁ ရက္ဆိုရင္ မကူးစက္ႏိုင္ေတာ့ဘူးဆိုတဲ့ အေထာက္အထားေတြက ျပည့္ျပည့္စုံစုံရွိၿပီးသား ျဖစ္ပါတယ္။ ဒီဟာနဲ႔ ကိုက္ညီၿပီးေတာ့ က်မတို႔ေဆာင္႐ြက္တာ ျဖစ္ပါတယ္။”

ျမန္မာႏိုင္ငံ ကိုဗစ္ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီ ဥကၠ႒ ျဖစ္သူ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကလည္း ျပည္သူေတြစိုးရိမ္မႈ မလြန္ဖို႔နဲ႔ က်န္းမာေရးကို ကိုယ္တိုင္ဂ႐ုစိုက္ဖို႔က အဓိကျဖစ္တယ္လို႔ အြန္လိုင္းကေနတဆင့္ သတိေပးထားပါတယ္။

“က်မတို႔အေနနဲ႔ အေကာင္းဆုံးေဆးေတြ ရေအာင္လို႔ ျပည္သူေတြအတြက္ စီစဥ္ပါတယ္။ ေနာက္ၿပီးေတာ့ေျပာရခက္တဲ့ Remdesivir ေပါ့။ အဲဒီေဆးဟာဆိုရင္လည္း ဒီေရာဂါကိုျပင္းျပင္းထန္ထန္ ခံစားေနရတဲ့ ျပည္သူေတြအတြက္ သုံးပါတယ္။ သို႔ေသာ္လည္း က်မတို႔အမ်ားႀကီး မရွိပါဘူးဆိုတာေတာ့ ေျပာပါရေစ။ အခုဆိုရင္ က်မတို႔မွာရွိတဲ့ႏႈန္းက ေထာင္ဂဏန္းေလာက္အတြက္ပဲ သုံးႏိုင္တာျဖစ္ပါတယ္။ ထပ္ၿပီးေတာ့လည္း က်မတို႔တတ္ႏိုင္သမွ် ရေအာင္ေတာ့လုပ္ပါ့မယ္။ ဒီေဆးနဲ႔ဆိုရင္ ၁၀၀ ရာခိုင္ႏႈန္းအာမခံတယ္လို႔လည္း ေျပာလို႔မရပါဘူး။ ဒီေဆးဘယ္လိုပဲ စြမ္းစြမ္း ၁၀၀ ရာခိုင္ႏႈန္း အာမခံခ်က္မရွိပါဘူး။ ေနာက္ၿပီးေတာ့ အခုအေျခအေနမွာေတာ့ ေရာဂါကူးစက္သူေတြ ၁၀၀ ရာခိုင္ႏႈန္းအတြက္ က်မတို႔သုံးေပးႏိုင္တဲ့ အေျခအေနလည္း မရွိပါဘူး။ တတ္ႏိုင္သမွ်ေတာ့ က်မတို႔လုပ္ေပးေနပါတယ္။ ထပ္ၿပီးေတာ့လည္း ရေအာင္လုပ္ပါ့မယ္။”

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔မြန္းလြဲပိုင္း ထုတ္ျပန္ၿပီးခ်ိန္အထိ ျပည္တြင္းမွာ အတည္ျပဳလူနာေပါင္း ၃၀,၄၃၇ ဦးရွိေနၿပီး၊ ေသဆုံးသူကေတာ့ ၆၉၃ ဦးရွိေနပါတယ္။ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေရာဂါကာကြယ္ရာမွာ လိုအပ္တဲ့ ကာကြယ္ေရးပစၥည္းေတြနဲ႔ ေဆးပစၥည္းေတြကို ျဖည့္ဆည္းေပးေနၿပီး၊ ေနာက္ထပ္လိုအပ္တဲ့ ပစၥည္းကိရိယာေတြကိုလည္း အျမန္ဆုံးျဖန႔္ေဝေပးမွာျဖစ္တယ္လို႔ ကိုဗစ္တိုက္ဖ်က္ေရးမွာ တာဝန္ထမ္းေဆာင္ေနၾကတဲ့ က်န္းမာေရးဝန္ထမ္းေတြကို အသိေပးထားပါတယ္။ အဲဒါအျပင္ ဝန္နဲ႔အားမမွ်ေအာင္ တာဝန္ထမ္းေဆာင္ေနရတဲ့အေပၚသည္းခံေပးဖို႔ကိုလည္း ေမတၱာရပ္ခံထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ရောဂါအချိန်မီကုသဖို့ ကျန်းမာရေးတာဝန်ရှိသူတွေတိုက်တွန်း

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံမှာ မကြာသေးခင်ရက်တွေအတွင်း ဆေးရုံကို အချိန်နှောင်း ရောက်လာပြီးမှ သေဆုံးသူတွေ များလာနေတာကြောင့် အချိန်မီပြသဖို့ ကျန်းမာရေးတာဝန်ရှိသူတွေ တိုက်တွန်းနေတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။

မကြာသေးခင်လတွေက စလို့ ကပ်ရောဂါကူးစက်မှုတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံမှာ အခုဆိုရင် နေ့စဉ်အတည်ပြုလူနာသစ် ၁,၀၀၀ လောက် တိုးလာနေသလို သေဆုံးသူ အရေအတွက်ဟာလည်း လပိုင်းအတွင်း ၇၀၀ လောက်အထိ ဖြစ်လာခဲ့တာပါ။ သေဆုံးသူတွေထဲမှာတော့ အထူးသဖြင့် ရောဂါအခြေအနေဆိုးပြီးမှ ဆေးရုံကို ရောက်လာသူတွေ များလာနေတာကြောင့် အချိန်မီ ကုသမှုခံယူဖို့ အရေးကြီးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက VOA ကိုပြောပါတယ်။

“ပြီးခဲ့တဲ့နှစ်ရက်လောက်က သေဆုံးနှုန်းတွေရဲ့ ရာခိုင်နှုန်းကို စိစစ်တဲ့အခါမှာဆိုရင် သေပြီးတော့မှရောက်လာတဲ့ ရာခိုင်နှုန်းက ၁၈ ရာခိုင်နှုန်းရှိတယ်။ အဲဒီမှာ အံ့ဩစရာကောင်းတဲ့ ထူးဆန်းတာ တခုက ဆေးရုံကိုသေပြီးတော့မှ ရောက်တာ မဟုတ်ဘူး၊ ဒါပေမဲ့ ရောက်ပြီး နာရီပိုင်းအတွင်းမှာပဲ သေတယ်။ တကယ့်ကို ဘယ်လိုမှ ကုသလို့မရဘူး။ ပြန်ကောင်းဖို့ သွေးရည်ကြည်ပေးမလား၊ တကယ့်ကို ထိပ်တန်းဆေးတွေ ပေးမလား။ ဘာနည်းနဲ့မှ ကယ်လို့မရတော့တဲ့ အဆုတ်တွေကတော်တော်ကြီး အခြေအနေဆိုးတဲ့ဟာမျိုး ရောက်လာတယ်။ ဒါတွေက ဘယ်လောက်တောင်ရှိသလဲဆိုရင် ရောက်ပြီး ၂၄ နာရီအတွင်းသေသူဟာ သေဆုံးသူရဲ့ ၃၀ ရာခိုင်နှုန်းရှိတယ်။ အဲဒီမှာ ၇ ရက်မြောက်မှာတော့ သေဆုံးသူရဲ့ ၂ ရာခိုင်နှုန်းပဲရှိတော့တယ်။ ပြောချင်တာကတော့ ဆေးရုံကို စောစောရောက်မယ်၊ စောစောကုသမှု ခံယူမယ်၊ မြန်မြန်ဆန်ဆန် ဆေးရုံကိုရောက်အောင် မိသားစုဝင်တွေကလည်း ပို့နိုင်မယ်ဆိုရင်တော့ အသက်ရှင်နိုင်တဲ့ ရာခိုင်နှုန်းက အများကြီးများတယ်ဆိုတာ ပိုသိစေချင်ပါတယ်။”

သံသယလူနာတွေရဲ့ ဓာတ်ခွဲနမူနာတွေကိုတော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ မော်လမြိုင်၊ တောင်ကြီး၊ စစ်တွေ၊ စတဲ့မြို့တွေမှာရှိတဲ့ ဓာတ်ခွဲဌာန ၁၁ ခုကနေ စစ်ဆေး အတည်ပြုပေးနေတာပါ။ အတည်ပြုလူနာတွေထဲက ရောဂါပျောက်ကင်းသွားသူတွေကို ဆေးရုံဆင်းခွင့် ပြောင်းလဲလိုက်တဲ့မူအရ အခုရက်ပိုင်းတွေမှာ ဆေးရုံဆင်းခွင့်ရသူဦးရေဟာလည်း ထောင်ဂဏန်းဝန်းကျင်မှာ ရှိလာပါတယ်။ ဒီလူနာတွေကို သတ်မှတ်ချက်တွေနဲ့အညီ ဆေးရုံဆင်းခွင့်ပေးနေတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“လက်ရှိ ရန်ကုန်ရဲ့အနေအထားကတော့ ဆင်းတာနဲ့ တက်တာမှာတော့ ဆင်းတာကတော့ နည်းနေတုန်းပဲဆိုပေမယ့်လို့ မကြာခင်အချိန်တွင်းမှာလည်း ဆေးရုံဆင်းတဲ့သူတွေ များလာမယ်။ ဒီနေရာမှာဆေးရုံ ဆင်းတာနဲ့ တက်တာနဲ့ကတော့ ဘယ်တော့မှတော့ တူနိုင်မှာမဟုတ်ဘူး။ ဘာဖြစ်လို့လည်းဆိုရင် ဆင်းရုံဆင်းသတ်မှတ်ချက်ကိုလည်း ကျမတို့ပြုပြင် ပြောင်းလဲလိုက်ခြင်းအားဖြင့် ဆေးရုံဆင်းတာ တက်တာတွေကလည်း သူ့ဟာနဲ့သူ မျှတလာမယ်။ ဒီလိုဆင်းတယ်ဆိုတာလည်း ကျမတို့ ဝရုန်းသုန်းကား ဆင်းခိုင်းပြီး နောက်ထပ်လူနာတွေ ကုသဖို့လိုလို့ မဟုတ်ပါဘူး။ အခုသူတို့တွေကို ဆေးရုံဆင်းတယ်ဆိုတာကလည်း WHO ရယ်၊ CDC ရယ်၊ နောက် Literature တွေအရဆိုရင် သူဟာ ၁၀ ရက်နောက်ပိုင်း၊ ၁၁ ရက်ဆိုရင် မကူးစက်နိုင်တော့ဘူးဆိုတဲ့ အထောက်အထားတွေက ပြည့်ပြည့်စုံစုံရှိပြီးသား ဖြစ်ပါတယ်။ ဒီဟာနဲ့ ကိုက်ညီပြီးတော့ ကျမတို့ဆောင်ရွက်တာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံ ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူတွေစိုးရိမ်မှု မလွန်ဖို့နဲ့ ကျန်းမာရေးကို ကိုယ်တိုင်ဂရုစိုက်ဖို့က အဓိကဖြစ်တယ်လို့ အွန်လိုင်းကနေတဆင့် သတိပေးထားပါတယ်။

“ကျမတို့အနေနဲ့ အကောင်းဆုံးဆေးတွေ ရအောင်လို့ ပြည်သူတွေအတွက် စီစဉ်ပါတယ်။ နောက်ပြီးတော့ပြောရခက်တဲ့ Remdesivir ပေါ့။ အဲဒီဆေးဟာဆိုရင်လည်း ဒီရောဂါကိုပြင်းပြင်းထန်ထန် ခံစားနေရတဲ့ ပြည်သူတွေအတွက် သုံးပါတယ်။ သို့သော်လည်း ကျမတို့အများကြီး မရှိပါဘူးဆိုတာတော့ ပြောပါရစေ။ အခုဆိုရင် ကျမတို့မှာရှိတဲ့နှုန်းက ထောင်ဂဏန်းလောက်အတွက်ပဲ သုံးနိုင်တာဖြစ်ပါတယ်။ ထပ်ပြီးတော့လည်း ကျမတို့တတ်နိုင်သမျှ ရအောင်တော့လုပ်ပါ့မယ်။ ဒီဆေးနဲ့ဆိုရင် ၁၀၀ ရာခိုင်နှုန်းအာမခံတယ်လို့လည်း ပြောလို့မရပါဘူး။ ဒီဆေးဘယ်လိုပဲ စွမ်းစွမ်း ၁၀၀ ရာခိုင်နှုန်း အာမခံချက်မရှိပါဘူး။ နောက်ပြီးတော့ အခုအခြေအနေမှာတော့ ရောဂါကူးစက်သူတွေ ၁၀၀ ရာခိုင်နှုန်းအတွက် ကျမတို့သုံးပေးနိုင်တဲ့ အခြေအနေလည်း မရှိပါဘူး။ တတ်နိုင်သမျှတော့ ကျမတို့လုပ်ပေးနေပါတယ်။ ထပ်ပြီးတော့လည်း ရအောင်လုပ်ပါ့မယ်။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မွန်းလွဲပိုင်း ထုတ်ပြန်ပြီးချိန်အထိ ပြည်တွင်းမှာ အတည်ပြုလူနာပေါင်း ၃၀,၄၃၇ ဦးရှိနေပြီး၊ သေဆုံးသူကတော့ ၆၉၃ ဦးရှိနေပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ရောဂါကာကွယ်ရာမှာ လိုအပ်တဲ့ ကာကွယ်ရေးပစ္စည်းတွေနဲ့ ဆေးပစ္စည်းတွေကို ဖြည့်ဆည်းပေးနေပြီး၊ နောက်ထပ်လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကိုလည်း အမြန်ဆုံးဖြန့်ဝေပေးမှာဖြစ်တယ်လို့ ကိုဗစ်တိုက်ဖျက်ရေးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အသိပေးထားပါတယ်။ အဲဒါအပြင် ဝန်နဲ့အားမမျှအောင် တာဝန်ထမ်းဆောင်နေရတဲ့အပေါ်သည်းခံပေးဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။

XS
SM
MD
LG