သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မဲေဆာက္ေရာက္ ျမန္မာေတြကို coronavirus ႐ွိ-မ႐ွိ စစ္ေဆးမည္


မတ္လ ၂၅ ရက္ေန႔တုန္းက ျမန္မာေရႊႊ႕ေျပာင္းအလုပ္သမားမ်ားကို မဲေဆာက္တြင္ ေတြ႔ရစဥ္

(Zawgyi/Unicode)

ထိုင္းႏုိင္ငံ မဲေဆာက္ၿမိဳ႕မွာ ၿပီးခဲ႔တဲ႔ ေသာၾကာေန႔ကေန စေနေန႔ အတြင္း ျမန္မာ ကားသမား ၃ ဦး ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ေတြ႔ရွိခဲ႔ၿပီးေနာက္မွာ မဲေဆာက္က ထုိင္းနဲ႔ ျမန္မာႏုိင္ငံသား စုစုေပါင္း ၄,၀၀၀ ေလာက္ကို ဗိုင္းရပ္စ္ စစ္ေဆးေပးဖို႔႔ အတြက္ COVID-19 စစ္ေဆးေရး အဖြဲ႔သံုးဖြဲ႔ကို တနလာၤေန႔က ေစလႊတ္ထားပါတယ္။

ျမန္မာနဲ႔ နယ္စပ္ၿမိဳ႕ ျဖစ္တဲ႔ မဲေဆာက္ၿမိဳ႕က ေဒသခံေတြ ၾကားမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႔ႏွံ႔ႏုိင္တဲ႔ အႏၱရာယ္မ်ားတယ္လို႔လည္း မဲေဆာက္ ၿမိဳ႕ေတာ္၀န္ Thoetkiat Shinsoranan က ေျပာဆိုေၾကာင္း Bangkok Post က ေဖာ္ျပပါတယ္။ မဲေဆာက္ၿမိဳ႕မွာ ဗိုင္းရပ္စ္ ေဆးစစ္မႈေတြ လုပ္ေနတဲ႔ တခ်ိန္တည္းမွာဘဲ ေဒသခံေတြ အားလံုး အိမ္မွာဘဲ ေနဖို႔နဲ႔ တတ္ႏုိင္ရင္ ခရီးမသြားၾကဖို႔ သတိေပးထားေၾကာင္းလည္း မစၥတာ Thoetkiat က ေျပာပါတယ္။

စာသင္ေက်ာင္း ၁၁ ခုကို သန္႔ရွင္းေရးလုပ္ ပိုးသတ္ဖို႔ အတြက္ တနလာၤေန႔က ပိတ္ခဲ႔ပါတယ္။ အဂၤါေန႔ကေတာ့ အမ်ားျပည္သူ အလုပ္ပိတ္ရက္ ျဖစ္တာေၾကာင့္ ေက်ာင္းေတြ ပိတ္ခဲ႔ၿပီး ဗုဒၶဟူးေန႔မွာ ေက်ာင္းေတြ ျပန္ဖြင့္မွာပါ။

ထိုင္း- ျမန္မာ နယ္စပ္မွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၃ ဦး ေတြ႔ခဲ႔တဲ႔ သတင္းေၾကာင့္လည္း မဲေဆာက္ၿမိဳ႕ေပၚက ေစ်းႀကီး ၂ ခုမွာ တနလာၤေန႔က ေစ်း၀ယ္သူ ေလ်ာ့သြားတယ္လို႔လည္း ေဒသတြင္း သတင္းရင္းျမစ္ကို ကိုးကားၿပီး Bangkok Post က ေျပာပါတယ္။

နယ္စပ္ အနီးက Pha Charone ေစ်းမွာေတာ့ COVID-19 ကာကြယ္ေရး အတြက္ ႏွာေခါင္းစည္းေတြ မျဖစ္မေန ၀တ္ဖို႔ တင္းတင္းၾကပ္ၾကပ္ ညႊန္ၾကားထားပါတယ္။ ႏွာေခါင္းစည္း မ၀တ္ရင္ အျမင့္ဆံုး ဒဏ္ေငြ ဘတ္ ၂,၀၀၀ ဒဏ္ရိုက္မယ္လို႔ ေစ်းအ၀င္မွာ သတိေပးထားသလို ႏွာေခါင္းစည္း မရွိတဲ႔ ေရႊ႕ေျပာင္း အလုပ္သမားေတြကိုလည္း ႏွာေခါင္းစည္းေတြ ေပးေနပါတယ္။ ျမန္မာဘက္က ကားေတြ အ၀င္ကိုေတာ့ ထိုင္းဘက္က ပိတ္ထားဆဲ ျဖစ္ပါတယ္။ သတ္မွတ္ထားတဲ႔ ေနရာေတြမွာသာ ကုန္တင္ ကုန္ခ် လုပ္ဖို႔လည္း လက္တေလာ ညႊန္ၾကားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

မဲဆောက်ရောက် မြန်မာတွေကို coronavirus ရှိ-မရှိ စစ်ဆေးမည်

(Unicode)

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ပြီးခဲ့တဲ့ သောကြာနေ့ကနေ စနေနေ့ အတွင်း မြန်မာ ကားသမား ၃ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု တွေ့ရှိခဲ့ပြီးနောက်မှာ မဲဆောက်က ထိုင်းနဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၄,၀၀၀ လောက်ကို ဗိုင်းရပ်စ် စစ်ဆေးပေးဖို့ အတွက် COVID-19 စစ်ဆေးရေး အဖွဲ့သုံးဖွဲ့ကို တနလာၤနေ့က စေလွှတ်ထားပါတယ်။

မြန်မာနဲ့ နယ်စပ်မြို့ ဖြစ်တဲ့ မဲဆောက်မြို့က ဒေသခံတွေ ကြားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နိုင်တဲ့ အန္တရာယ်များတယ်လို့လည်း မဲဆောက် မြို့တော်ဝန် Thoetkiat Shinsoranan က ပြောဆိုကြောင်း Bangkok Post က ဖော်ပြပါတယ်။ မဲဆောက်မြို့မှာ ဗိုင်းရပ်စ် ဆေးစစ်မှုတွေ လုပ်နေတဲ့ တချိန်တည်းမှာဘဲ ဒေသခံတွေ အားလုံး အိမ်မှာဘဲ နေဖို့နဲ့ တတ်နိုင်ရင် ခရီးမသွားကြဖို့ သတိပေးထားကြောင်းလည်း မစ္စတာ Thoetkiat က ပြောပါတယ်။

စာသင်ကျောင်း ၁၁ ခုကို သန့်ရှင်းရေးလုပ် ပိုးသတ်ဖို့ အတွက် တနလာၤနေ့က ပိတ်ခဲ့ပါတယ်။ အင်္ဂါနေ့ကတော့ အများပြည်သူ အလုပ်ပိတ်ရက် ဖြစ်တာကြောင့် ကျောင်းတွေ ပိတ်ခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာ ကျောင်းတွေ ပြန်ဖွင့်မှာပါ။

ထိုင်း- မြန်မာ နယ်စပ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃ ဦး တွေ့ခဲ့တဲ့ သတင်းကြောင့်လည်း မဲဆောက်မြို့ပေါ်က ဈေးကြီး ၂ ခုမှာ တနလာၤနေ့က ဈေးဝယ်သူ လျော့သွားတယ်လို့လည်း ဒေသတွင်း သတင်းရင်းမြစ်ကို ကိုးကားပြီး Bangkok Post က ပြောပါတယ်။

နယ်စပ် အနီးက Pha Charone ဈေးမှာတော့ Covid-19 ကာကွယ်ရေး အတွက် နှာခေါင်းစည်းတွေ မဖြစ်မနေ ဝတ်ဖို့ တင်းတင်းကြပ်ကြပ် ညွှန်ကြားထားပါတယ်။ နှာခေါင်းစည်း မဝတ်ရင် အမြင့်ဆုံး ဒဏ်ငွေ ဘတ် ၂,၀၀၀ ဒဏ်ရိုက်မယ်လို့ ဈေးအဝင်မှာ သတိပေးထားသလို နှာခေါင်းစည်း မရှိတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကိုလည်း နှာခေါင်းစည်းတွေ ပေးနေပါတယ်။ မြန်မာဘက်က ကားတွေ အဝင်ကိုတော့ ထိုင်းဘက်က ပိတ်ထားဆဲ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ နေရာတွေမှာသာ ကုန်တင် ကုန်ချ လုပ်ဖို့လည်း လက်တလော ညွှန်ကြားထားပါတယ်။

XS
SM
MD
LG