သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တပ္မေတာ္နဲ႔ RCSS တိုက္ပဲြမ်ားရပ္တန္႔ေရး ရွမ္းျပည္နယ္အစိုးရ ၾကား၀င္ေဆာင္ရြက္ဖို႔ လိုအပ္ေန


မွတ္တမ္းဓါတ္ပံု - ၂၀၁၉ ေအာက္တိုဘာတုန္းက တိုက္ပြဲေၾကာင့္ ထြက္ေျပးရတဲ့ ရွမ္းေဒသခံမ်ား

(Zawgyi/Unicode)

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႔နယ္မွာ တပ္မေတာ္နဲ႔ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS အၾကား တုိက္ပဲြေတြ ရပ္တန္႔ေရး ရွမ္းျပည္နယ္ အစိုးရအေနနဲ႔ ၾကား၀င္ေဆာင္ရြက္ဖို႔ လႊတ္ေတာ္အမတ္ေတြ ေတာင္းဆိုထားေၾကာင္းေက်ာက္မဲၿမိဳ႔နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းထြန္း၀င္းက ဗီြအိုေအကိုေျပာပါတယ္။

ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က သတင္းေပးပို႔ထားပါတယ္။

ဒီလဆန္းပိုင္းေလာက္က စတင္ၿပီး အစိုးရတပ္မေတာ္နဲ႔ RCSS အၾကားျဖစ္ပြားတဲ့တုိက္ပဲြေၾကာင့္ ေက်ာက္မဲၿမိဳ႔နယ္ေတာင္ပိုင္းမွာ ေဒသခံ ၃၀၀၀ ေလာက္ဟာ ရပ္ရြာေတြကို စြန္႔ခြာၿပီး ဘုန္းၾကီးေက်ာင္းေတြမွာ တိမ္းေရွာင္ေနၾကရတာပါ။

ဒါေပမဲ့လည္း ဒီရက္ပုိင္းအတြင္း တိုက္ခုိက္မႈေတြ ေလ်ာ့ပါးလာတာေၾကာင့္ စစ္ေရွာင္ျပည္သူေတြ ေနရပ္ျပန္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနတ့ဲအေၾကာင္း ေက်ာက္မဲၿမိဳ႔နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းထြန္း၀င္းက ေျပာပါတယ္။

“ တိုက္ပဲြျဖစ္မယ္အေျခအေနကေတာ့ က်ေနာ္ထင္တာေတာ့ နည္းနည္းရပ္တန္႔သြားၿပီလို႔ ထင္တာေပါ့။ ၿငိမ္သြားတာ လက္နက္သံမၾကားရတာေတာ့ ဒီေန႔နဲ႔ဆို ဒီေန႔ အသံမထြက္ဘူးဆို ၃ရက္ေျမာက္ ရိွသြားၿပီေပါ့။ ၃ရက္ေျမာက္ ဒါေပမဲ့ မေန႔တစ္ေန႔က ညတို႔၊ ဟိုးေရွ႔က ညတို႔ဆိုရင္ ၿမိဳ႔ပတ္၀န္းက်င္မွာေတာ့ တဒံုး ဒံုး တဒိုင္း ဒုိင္းေတာ့ ၾကားတာေပါ့ေနာ္။ ဒါေပမဲ့ တစ္ဘက္တည္းပစ္တဲ့အသံလုိ႔ေတာ့ က်ေနာ္တုိ႔က ယူဆရတာေပါ့။ ဒုကၡသည္ေတြက က်ေနာ္ထင္တာေတာ့ ၃-၄ရက္ဆုိရင္ေတာ့ ျပန္ႏိုင္မယ္လို႔ေတာ့ ထင္တာပဲ။”

စစ္ေရွာင္ဒုကၡသည္ေတြဟာ ေက်ာက္မဲၿမိဳ႔နယ္ ျပည္ေထာင္စုလမ္းမၾကီးရဲ့ ေတာင္ဘက္ျခမ္းက ပံု၀ုိး၊ နားေစာင္း၊ ဟဲကြီ၊ ကြမ္ဟင္၊ ေနာင္ကြမ္၊ ေတာင္ထိပ္ စတဲ့ေက်းရြာက ဘုန္းၾကီးေက်ာင္းေတြမွာ ခုိလႈံေနၾကတာျဖစ္ပါတယ္။

ဒုကၡသည္ေတြကို ကူညီေနတဲ့ နမ့္ခံုးပရဟိတအဖဲြ႔က ဦးစိုင္းပူးကလည္း စစ္ေရးတင္းမာမႈေတြ ေလ်ာ့နည္းသြားၿပီဆုိရင္ ဒုကၡသည္ေတြ ေနရပ္ျပန္ဖို႔ တုိက္တြန္းမွာျဖစ္ေၾကာင္း အခုလို ေျပာပါတယ္။

“ တိုက္ပဲြကေတာ့ ၿငိမ္ေနပါၿပီ။ တကယ္လုိ႔သာ တပ္မေတာ္က ထုိးစစ္မဆင္ဘူးဆုိရင္ေတာ့ တုိက္ပဲြကေတာ့ ၿပီးဆံုးတယ္လုိ႔ပဲ က်ေနာ္တုိ႔က မွတ္ယူရမွာေပါ့ေနာ္။ အခုခ်ိန္မွာ တပ္မေတာ္က ပံု၀ိုးတစ္ေၾကာမွာပဲ ရိွေနတဲ့အတြက္ ျပည္သူလူထု ေၾကာင့္ၾကမႈေတာ့ ရိွပါတယ္။ မနက္ျဖန္ကေတာ့ တစ္ေနရာ၊ ႏွစ္ေနရာကေတာ့ ျပန္သြားႏိုင္မယ့္အေနအထားရိွတယ္။ ဘာျဖစ္လုိ႔လည္းဆိုေတာ့ နားေကာင္းနဲ႔ ေကာင္းလန္းကေတာ့ ၿငိမ္သြားၿပီဆုိေတာ့ သူတို႔ကို ျပန္ဖုိ႔ နည္းနည္းေတာ့ တုိက္တြန္းေပးရမွာေပါ့ေနာ္။ ဘာျဖစ္လို႔ အဲလုိေျပာလဲဆုိေတာ့ ကိုဗစ္ကာလအတြင္းမွာ တကယ္လုိ႔သာ အခန္႔မသင့္လုိ႔ COVID-19 တစ္ေယာက္ေယာက္က ပါခဲ့သည္ရိွေသာ္ ဒီဟာၾကီးက ပိုထိမ္းရခက္သြားမွာေၾကာက္လုိ႔ အဲလိုျပန္ခိုင္းမွာျဖစ္ပါတယ္။ ”

ေက်ာက္မဲၿမိဳ႔နယ္က အမ်ိဳးသားလႊတ္ေတာ္၊ ျပည့္သူ႔ လႊတ္ေတာ္နဲ႔ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ေတြကလည္း တိုက္ပဲြေတြ ရပ္တန္႔ေအာင္ ေဆာင္ရြက္ေပးဖုိ႔ရွမ္းျပည္နယ္ အစိုးရကို ေတာင္းဆိုထားေၾကာင္း ဦးစိုင္းထြန္း၀င္းက ဆက္ေျပာပါတယ္။

“ က်ေနာ္တို႔ တင္ျပတာကေတာ့ ေက်ာက္မဲၿမဳိ႔နယ္အတြင္းထဲမွာ ရိွတဲ့ ဒီ တုိ္က္ပဲြေရွာင္ေတြကို အစိုးရကေနၿပီးေတာ့ ရွမ္းျပည္နယ္အစိုးရကေနၿပီး ရပ္ၾကည့္မေနဘဲနဲ႔ ကူညီေဆာင္ရြက္ေပးႏိုင္ဖို႔ က်ေနာ္တုိ႔က တင္ျပထားျခင္းျဖစ္တယ္။ တိုက္ပဲြၿငိမ္းေအးႏိုင္ဖို႔ ဆုိတာက ရွမ္းျပည္နယ္အစိုးရကေနၿပီး ေနာက္ဆံုးလုပ္ႏိုင္ရင္လုပ္၊ မလုပ္ႏိုင္ဘူးဆုိရင္ေတာင္မွ သမၼတကို တင္ျပေပါ့။ တင္ျပၿပီးေတာ့ ဒီတုိက္ပဲြနဲ႔႔ပတ္သက္ၿပီးေတာ့ ခ်ဳပ္ၿငိမ္းေအာင္ သူတို႔မွာ လုပ္ႏိုင္တဲ့အေနအထားရိွတာေပါ့ေနာ္။ အဓိကကေတာ့ အစိုးရကေနၿပီး လုပ္ေဆာင္ဖုိ႔ပဲ က်ေနာ္တုိ႔က တုိက္တြန္းတာ။”

ေက်ာက္မဲၿမိဳ႔နယ္ေတာင္ပိုင္းမွာ ၿငိမ္သက္စျပဳေနခ်ိန္မွာပဲ ေက်ာက္မဲၿမိဳ႔နယ္ ေျမာက္ဘက္ကျခမ္းမွာေတာ့ တနဂၤေႏြေန႔က အစိုးရတပ္မေတာ္နဲ႔ တအန္း(ပေလာင္) အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ဖဲြ႔ TNLA အၾကား တိုက္ပဲြျဖစ္ခဲ့ေၾကာင္း TNLA ရဲ့ ျပန္ၾကားေရးတာ၀န္ခံ ဗိုလ္မွဴးတာ့အုိက္ေက်ာ္က ေျပာပါတယ္။

“ မေန႔ကေတာ့ ဒီ ေက်ာက္မဲၿမိဳ႔နယ္ထဲက ေတာ့ဆန္ရြာနဲ႔ ပန္ခါးရြာၾကားမွာေတာ့ တိုက္ပဲြထိေတြ႔မႈ ခဏေလး ျဖစ္တယ္။ ၁၀မိနစ္၀န္းက်င္၊ ဒီ စစ္တပ္က ပန္ခါးရြာဘက္ကေန က်ေနာ္တို႔ ရိွတဲ့ဘက္ ေတာ့ဆန္ရြာ အထက္နားက ေတာင္ေၾကာေပၚမွာေပါ့။ တက္လာေတာ့ တုိက္ပဲြထိေတြ႔မႈျဖစ္တယ္။”

ဒီတုိက္ပဲြမွာ TNLA ဘက္က ထိခုိက္က်ဆံုးတာ မရိွေၾကာင္းနဲ႔ တဘက္က အထိအခိုက္ေတာ့ မသိရေၾကာင္း နဲ႔ ေအာက္တိုဘာလအတြင္းမွာ တပ္မေတာ္နဲ႔ TNLA အၾကား တုိက္ပဲြ အနည္းဆံုး ၁၂ၾကိမ္ေလာက္ ျဖစ္ခဲ့ေၾကာင္းလည္း ေျပာပါတယ္။ တနဂၤေႏြေန႔ျဖစ္ပြားတဲ့ တုိက္ပဲြနဲ႔႔ ပတ္သက္ၿပီး သီးျခားအတည္ျပဳခ်က္ မရေသးသလို တပ္မေတာ္ဘက္က သတင္းထုတ္ျပန္တာလည္း မရိွပါဘူး။

တိုက္႐ိုက္ လင့္ခ္


................

တပ်မတော်နဲ့ RCSS တိုက်ပွဲများရပ်တန့်ရေး ရှမ်းပြည်နယ်အစိုးရ ကြားဝင်ဆောင်ရွက်ဖို့ လိုအပ်နေ

(Unicode)

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ တပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အကြား တိုက်ပွဲတွေ ရပ်တန့်ရေး ရှမ်းပြည်နယ် အစိုးရအနေနဲ့ ကြားဝင်ဆောင်ရွက်ဖို့ လွှတ်တော်အမတ်တွေ တောင်းဆိုထားကြောင်းကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်းက ဗွီအိုအေကိုပြောပါတယ်။

ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ဒီလဆန်းပိုင်းလောက်က စတင်ပြီး အစိုးရတပ်မတော်နဲ့ RCSS အကြားဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ်တောင်ပိုင်းမှာ ဒေသခံ ၃၀၀၀ လောက်ဟာ ရပ်ရွာတွေကို စွန့်ခွာပြီး ဘုန်းကြီးကျောင်းတွေမှာ တိမ်းရှောင်နေကြရတာပါ။

ဒါပေမဲ့လည်း ဒီရက်ပိုင်းအတွင်း တိုက်ခိုက်မှုတွေ လျော့ပါးလာတာကြောင့် စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်နိုင်မယ်လို့ မျှော်လင့်နေတဲ့အကြောင်း ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်းက ပြောပါတယ်။

“ တိုက်ပွဲဖြစ်မယ်အခြေအနေကတော့ ကျနော်ထင်တာတော့ နည်းနည်းရပ်တန့်သွားပြီလို့ ထင်တာပေါ့။ ငြိမ်သွားတာ လက်နက်သံမကြားရတာတော့ ဒီနေ့နဲ့ဆို ဒီနေ့ အသံမထွက်ဘူးဆို ၃ရက်မြောက် ရှိသွားပြီပေါ့။ ၃ရက်မြောက် ဒါပေမဲ့ မနေ့တစ်နေ့က ညတို့၊ ဟိုးရှေ့က ညတို့ဆိုရင် မြို့ပတ်ဝန်းကျင်မှာတော့ တဒုံး ဒုံး တဒိုင်း ဒိုင်းတော့ ကြားတာပေါ့နော်။ ဒါပေမဲ့ တစ်ဘက်တည်းပစ်တဲ့အသံလို့တော့ ကျနော်တို့က ယူဆရတာပေါ့။ ဒုက္ခသည်တွေက ကျနော်ထင်တာတော့ ၃-၄ရက်ဆိုရင်တော့ ပြန်နိုင်မယ်လို့တော့ ထင်တာပဲ။”

စစ်ရှောင်ဒုက္ခသည်တွေဟာ ကျောက်မဲမြို့နယ် ပြည်ထောင်စုလမ်းမကြီးရဲ့ တောင်ဘက်ခြမ်းက ပုံဝိုး၊ နားစောင်း၊ ဟဲကွီ၊ ကွမ်ဟင်၊ နောင်ကွမ်၊ တောင်ထိပ် စတဲ့ကျေးရွာက ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြတာဖြစ်ပါတယ်။

ဒုက္ခသည်တွေကို ကူညီနေတဲ့ နမ့်ခုံးပရဟိတအဖွဲ့က ဦးစိုင်းပူးကလည်း စစ်ရေးတင်းမာမှုတွေ လျော့နည်းသွားပြီဆိုရင် ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ တိုက်တွန်းမှာဖြစ်ကြောင်း အခုလို ပြောပါတယ်။

“ တိုက်ပွဲကတော့ ငြိမ်နေပါပြီ။ တကယ်လို့သာ တပ်မတော်က ထိုးစစ်မဆင်ဘူးဆိုရင်တော့ တိုက်ပွဲကတော့ ပြီးဆုံးတယ်လို့ပဲ ကျနော်တို့က မှတ်ယူရမှာပေါ့နော်။ အခုချိန်မှာ တပ်မတော်က ပုံဝိုးတစ်ကြောမှာပဲ ရှိနေတဲ့အတွက် ပြည်သူလူထု ကြောင့်ကြမှုတော့ ရှိပါတယ်။ မနက်ဖြန်ကတော့ တစ်နေရာ၊ နှစ်နေရာကတော့ ပြန်သွားနိုင်မယ့်အနေအထားရှိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ နားကောင်းနဲ့ ကောင်းလန်းကတော့ ငြိမ်သွားပြီဆိုတော့ သူတို့ကို ပြန်ဖို့ နည်းနည်းတော့ တိုက်တွန်းပေးရမှာပေါ့နော်။ ဘာဖြစ်လို့ အဲလိုပြောလဲဆိုတော့ ကိုဗစ်ကာလအတွင်းမှာ တကယ်လို့သာ အခန့်မသင့်လို့ COVID-19 တစ်ယောက်ယောက်က ပါခဲ့သည်ရှိသော် ဒီဟာကြီးက ပိုထိမ်းရခက်သွားမှာကြောက်လို့ အဲလိုပြန်ခိုင်းမှာဖြစ်ပါတယ်။ ”

ကျောက်မဲမြို့နယ်က အမျိုးသားလွှတ်တော်၊ ပြည့်သူ့ လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေကလည်း တိုက်ပွဲတွေ ရပ်တန့်အောင် ဆောင်ရွက်ပေးဖို့ရှမ်းပြည်နယ် အစိုးရကို တောင်းဆိုထားကြောင်း ဦးစိုင်းထွန်းဝင်းက ဆက်ပြောပါတယ်။

“ ကျနော်တို့ တင်ပြတာကတော့ ကျောက်မဲမြို့နယ်အတွင်းထဲမှာ ရှိတဲ့ ဒီ တိုက်ပွဲရှောင်တွေကို အစိုးရကနေပြီးတော့ ရှမ်းပြည်နယ်အစိုးရကနေပြီး ရပ်ကြည့်မနေဘဲနဲ့ ကူညီဆောင်ရွက်ပေးနိုင်ဖို့ ကျနော်တို့က တင်ပြထားခြင်းဖြစ်တယ်။ တိုက်ပွဲငြိမ်းအေးနိုင်ဖို့ ဆိုတာက ရှမ်းပြည်နယ်အစိုးရကနေပြီး နောက်ဆုံးလုပ်နိုင်ရင်လုပ်၊ မလုပ်နိုင်ဘူးဆိုရင်တောင်မှ သမ္မတကို တင်ပြပေါ့။ တင်ပြပြီးတော့ ဒီတိုက်ပွဲနဲ့ပတ်သက်ပြီးတော့ ချုပ်ငြိမ်းအောင် သူတို့မှာ လုပ်နိုင်တဲ့အနေအထားရှိတာပေါ့နော်။ အဓိကကတော့ အစိုးရကနေပြီး လုပ်ဆောင်ဖို့ပဲ ကျနော်တို့က တိုက်တွန်းတာ။”

ကျောက်မဲမြို့နယ်တောင်ပိုင်းမှာ ငြိမ်သက်စပြုနေချိန်မှာပဲ ကျောက်မဲမြို့နယ် မြောက်ဘက်ကခြမ်းမှာတော့ တနင်္ဂနွေနေ့က အစိုးရတပ်မတော်နဲ့ တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ TNLA အကြား တိုက်ပွဲဖြစ်ခဲ့ကြောင်း TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးတာ့အိုက်ကျော်က ပြောပါတယ်။

“ မနေ့ကတော့ ဒီ ကျောက်မဲမြို့နယ်ထဲက တော့ဆန်ရွာနဲ့ ပန်ခါးရွာကြားမှာတော့ တိုက်ပွဲထိတွေ့မှု ခဏလေး ဖြစ်တယ်။ ၁၀မိနစ်ဝန်းကျင်၊ ဒီ စစ်တပ်က ပန်ခါးရွာဘက်ကနေ ကျနော်တို့ ရှိတဲ့ဘက် တော့ဆန်ရွာ အထက်နားက တောင်ကြောပေါ်မှာပေါ့။ တက်လာတော့ တိုက်ပွဲထိတွေ့မှုဖြစ်တယ်။”

ဒီတိုက်ပွဲမှာ TNLA ဘက်က ထိခိုက်ကျဆုံးတာ မရှိကြောင်းနဲ့ တဘက်က အထိအခိုက်တော့ မသိရကြောင်း နဲ့ အောက်တိုဘာလအတွင်းမှာ တပ်မတော်နဲ့ TNLA အကြား တိုက်ပွဲ အနည်းဆုံး ၁၂ကြိမ်လောက် ဖြစ်ခဲ့ကြောင်းလည်း ပြောပါတယ်။ တနင်္ဂနွေနေ့ဖြစ်ပွားတဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုချက် မရသေးသလို တပ်မတော်ဘက်က သတင်းထုတ်ပြန်တာလည်း မရှိပါဘူး။

XS
SM
MD
LG