သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရွမ္းျပည္ေျမာက္ပုိင္းမွာ တုိက္ပြဲေတြဆက္ျဖစ္ေနလုိ႔ ေဒသခံေတြ ထပ္မံထြက္ေျပးေနရ


(Zawgyi/Unicode)

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႔နယ္မွာ တပ္မေတာ္နဲ႔ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS အၾကား စစ္ေရးတင္းမာမႈေတြေၾကာင့္ ေဒသခံေတြ ဆက္လက္ထြက္ေျပးေနသလုိ ေရြးေကာက္ပဲြကုိ ထိခုိက္မွာ စုိးရိမ္မႈေတြလည္း ရွိေနတဲ့အေၾကာင္း ကိုမိုးေဇာ္ ေျပာျပေပးမွာပါ။

ေက်ာက္မဲၿမိဳ႔နယ္အတြင္း တုိက္ပဲြျဖစ္ပြားတာဟာ ျပည္ေထာင္စုကားလမ္းမၾကီးရဲ့ ေတာင္ဘက္ျခမ္းမွာ ျဖစ္ပြားခဲ့ၿပီး ေက်းရြာအေတာ္မ်ားမ်ားက ေဒသခံေတြဟာ ေဘးလြတ္ရာ ဘုန္းၾကီးေက်ာင္းေတြမွာ သြားေရာက္ခိုလံႈေနၾကတာပါ။

လက္ရိွ စစ္ေရးတင္းမာေနတဲ့အေျခအေနနဲ႔ စစ္ေရွာင္ေတြ တုိးျမင့္လာတဲ့ အေျခအေနကို စစ္ေရွာင္စခန္းေတြကို သြားေရာက္ကူညီေနတဲ့ ကမ္းလင့္လက္မ်ား ပရဟိတအဖဲြ႔ ေနာင္ပိန္ရဲ့ အတြင္းေရးမွဴး စိုင္းေနေအာင္က VOA ကို အခုလုိ ေျပာပါတယ္။

“ လူဦးေရ ၃၀၀၀ ေက်ာ္သြားၿပီ။ ဒီေန႔ စစ္ေရွာင္တစ္ခုတိုးတယ္ေလ။ ဟဲကြီမွာ။ က်ေနာ္တုိ႔ ပံု၀ိုးအထိကေတာ့ စစ္ေရွာင္ေတြ ရိွေနတဲ့အထိကေတာ့ ေအးခ်မ္းသြားၿပီ။ နဂိုမူလျဖစ္တဲ့ အဲဒီ ထန္ခိုင္းေတာင္ထိပ္ဖက္ပဲ။ တပ္ေတြကလည္း အဲဒီဘက္ကို ေရာက္သြားၿပီဆုိေတာ့ အေပၚမွာေတာ့ သြားရႈပ္ေနတာေပါ။ ဒီေန႔ အဲဒါပဲေလ ထန္ခိုင္း။ ဟို ဟဲကြီစစ္ေရွာင္စခန္းတိုးတယ္ဆိုတာ အဲဒီအေပၚဘက္က နားေအာ္၊ နားခ်ိဳင္ဆုိတာ အဲဒီဘက္က စစ္ေရွာင္ေတြ ေျပးလာတာ။ က်ေနာ္တုိ႔နဲ႔ လမ္းမွာပဲ ေတြ႔တာ၊ ေလးလံုးထိုးေတြ၊ ေထာ္လာဂ်ီေတြနဲ႔ ေျပးလာၾကတာ။ ”

ၾကာသပေတးေန႔အထိကေတာ့ ပရဟိတအသင္းေတြ အလႈရွင္ေတြ ကူညီေပးထားတာေၾကာင့္ စားနပ္ရိကၡာပိုင္းမွာ အတန္အသင့္အဆင္ေျပေနေပမဲ့ COVID ကာကြယ္ေရးအတြက္ ႏွာေခါင္းစည္း၊ ဆပ္ျပာ၊ လက္ေဆးရည္၊ ေဆး၀ါးနဲ႔ အမ်ိဳးသမီးလစဥ္သံုးပစၥည္းေတြ လိုအပ္ေနသလို လူဦးေရမ်ားျပားလာတာေၾကာင့္ အိမ္သာေတြလည္း လုိအပ္ေနတယ္လုိ႔ ေျပာပါတယ္။

ဒီကေန႔မနက္မွာေတာ့ ပရဟိတအဖဲြ႔ေတြ၊ အစိုးမဟုတ္တဲ့ အဖဲြ႔ေတြ စုစုေပါင္း ၁၀ဖဲြ႔ေလာက္ဟာ စစ္ေရွာင္စခန္းေတြ ရိွရာကို သြားေရာက္ခဲ့ပါတယ္။

လူမႈ၀န္ထမ္း၊ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရး၀န္ၾကီးဌာနက စစ္ေရွာင္ေတြအတြက္ လိုအပ္တဲ့ စားနပ္ရိကၡာကို အဓိက ေထာက္ပံ့ေပးေနေၾကာင္း ေဘးအႏၱရာယ္ဆုိင္ရာ စီမံခန္႔ခဲြမႈ ဦးစီးဌာန၊ ေက်ာက္မဲခရိုင္ ခရိုင္ဦးစီးမႈး ဦးသိန္း၀င္းထြဋ္က အခုလို ေျပာပါတယ္။

“ေလာေလာဆည္ လတ္တေလာစား၀တ္ေနေရးအတြက္ ဆန္ရိကၡာဖုိးေတြ က်ေနာ္တုိ႔က ေထာက္ပံ့ေနတယ္။ သြားေရးလာေရးက အဆင္မေျပတဲ့အတြက္ေၾကာင့္ ပရဟိတအဖဲြ႔ေတြနဲ႔ ဆန္အိတ္ေတြ သယ္ဖို ႔လုပ္ေနပါတယ္။ သူတုိ႔က် ambulance ကားနဲ႔ဆုိေတာ့ တစ္ခါသြားရင္ သူတို႔က ၁၀ပိုင္း၊ ၁၅ပိုင္းေလာက္ပဲ ပါတာဆိုေတာ့ေလ။ အ၀တ္အစားေတြလည္း ေနာက္ပိုင္း ေထာက္ပံ့ဖုိ႔ ရိွတယ္။ ကယ္ဆယ္ေရးပစၥည္း ၁၀မ်ိဳးေပါ့။ ”

လက္ရိွေကာက္ယူထားတဲ့စာရင္းအရ အိမ္ေထာင္စုက ၄၀၄ စု။ လူဦးေရ ၁၂၄၁ အတြက္ ေထာက္ပံ့ထား ေၾကာင္း ေျပာပါတယ္။

ေက်ာက္မဲၿမိဳ႔နယ္ မဲဆႏၵနယ္ အမွတ္ ၂ ရဲ့ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းထြန္းဥာဏ္က ေက်ာက္မဲၿမိဳ႔အတြင္းမွာလည္း စစ္ေရွာင္ေတြကို ကူညီေထာက္ပံ့ဖို႔ အလႈခံဌာနဖြင့္ၿပီးေဆာင္ရြက္ေနေၾကာင္းနဲ႔ လားရိႈး၊ သီေပါ၊ ေနာင္ပိန္တို႔ကေနလည္း ပရဟိတအဖဲြ႔ေတြ သြားေရာက္ ကူညီေပးေနေၾကာင္း ေျပာပါတယ္။

သူက လက္ရိွျဖစ္ေနတဲ့ တိုက္ပဲြရက္ရွည္ၾကာလာရင္ ေရြးေကာက္ပဲြကို ထိခုိက္ႏိုင္ေၾကာင္း ေျပာပါတယ္။

“ တိုက္ပဲြပံုစံကေတာ့ က်ေနာ္တို႔ ခန္႔မွန္းၾကည့္သေလာက္ေတာ့ ရက္အၾကာၾကီးေတာ့ မသြားေလာက္ဘူး။ အကယ္၍ ရက္ ၂၀ထက္ ေက်ာ္သြားရင္ က်ေနာ္တုိ႔ ေဒသမွာ ေရြးေကာက္ပဲြ ကိစၥကေတာ့ ထိခုိက္လာႏိုင္တယ္။ သေဘာကေတာ့ နယ္ေျမမၿငိမ္မသက္လို႔၊ စစ္ေရးစစ္ရာျဖစ္ေနလို႔ ေရြးေကာက္ပဲြက်င္းပရင္ တရားမွ်တမႈမရိွႏိုင္ဘူး ဘာညာနဲ႔ ဟို ၂၀၁၅တံုးက မိုင္းရႈးဘက္မွာ ဆိုင္းငံ့ဖူးတယ္ ေရြးေကာက္ပဲြကိစၥ အဲဒါကေတာ့ စိုးရိမ္ရတယ္ဗ်။”

လက္ရိွအေျခအေနမွာေတာ့ စစ္ေရွာင္ေတြေနထိုင္တဲ့ေက်းရြာေတြမွာ COVID-19 ကူးစက္တာ မရိွေသးတဲ့အတြက္ ေရာဂါျပန္႔ပြားမွာ အထူးစိုးရိမ္စရာမရိွေသးေပမဲ့ စစ္ေရွာင္ဘုန္းၾကီးေက်ာင္းေတြမွာ က်န္းမာေရးလမ္းညႊန္ခ်က္ေတြကို လိုက္နာဖို႔ေတာ့ အခက္အခဲရိွေနတယ္လို႔ ေျပာပါတယ္။

လက္ရိွျဖစ္ပြားေနတဲ့ တုိက္ပဲြနဲ႔ပတ္သက္ၿပီး တပ္မေတာ္ဘက္က သူတို႔ရဲ့ တပ္စခန္းေတြကို RCSS တပ္ဖဲြ႔၀င္ေတြက လာေရာက္ပစ္ခတ္တုိက္ခုိက္တာရိွေၾကာင္း VOA ကို ေျပာဆုိထားသလို RCSS ဘက္ကလည္း တပ္မေတာ္က ထုိးစစ္ဆင္တာေၾကာင့္ ခုခံတုိက္ခုိက္တာျဖစ္ေၾကာင္း ေျပာဆိုတာေတြ ရိွပါတယ္။

ေဒသခံျပည္သူေတြကေတာ့ ဗုဒၶဟူးေန႔က တပ္မေတာ္ဘက္က ရဟတ္ယာဥ္နဲ႔ ပစ္ခတ္တာရိွေၾကာင္းနဲ႔ RCSS ကလည္း ေက်ာက္မဲၿမိဳ႔အ၀င္ အစိုးရ တပ္ရင္းကို လာေရာက္ပစ္ခတ္တာ၊ ျပည္ေထာင္စုလမ္းမေပၚမွာ စစ္ယာဥ္တန္းကို ပစ္ခတ္တာေတြ ရိွေၾကာင္း ေျပာဆုိေနၾကပါတယ္။

ဒီရက္ပိုင္းမွာ အစိုးရတပ္မေတာ္က စစ္အင္အားထပ္မံတုိးျမွင့္လာတာေၾကာင့္ တိုက္ပဲြ ဆက္လက္ျဖစ္ပြားမွာကို ေဒသခံေတြက စိုးရိမ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ရှမ်းပြည်မြောက်ပိုင်းမှာတိုက်ပွဲတွေဆက်ဖြစ်နေလို့ ဒေသခံတွေ ထပ်မံထွက်ပြေးနေရ

(Unicode)

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ တပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS အကြား စစ်ရေးတင်းမာမှုတွေကြောင့် ဒေသခံတွေ ဆက်လက်ထွက်ပြေးနေသလို ရွေးကောက်ပွဲကို ထိခိုက်မှာ စိုးရိမ်မှုတွေလည်း ရှိနေတဲ့အကြောင်း ကိုမိုးဇော် ပြောပြပေးမှာပါ။

ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားတာဟာ ပြည်ထောင်စုကားလမ်းမကြီးရဲ့ တောင်ဘက်ခြမ်းမှာ ဖြစ်ပွားခဲ့ပြီး ကျေးရွာအတော်များများက ဒေသခံတွေဟာ ဘေးလွတ်ရာ ဘုန်းကြီးကျောင်းတွေမှာ သွားရောက်ခိုလှုံနေကြတာပါ။

လက်ရှိ စစ်ရေးတင်းမာနေတဲ့အခြေအနေနဲ့ စစ်ရှောင်တွေ တိုးမြင့်လာတဲ့ အခြေအနေကို စစ်ရှောင်စခန်းတွေကို သွားရောက်ကူညီနေတဲ့ ကမ်းလင့်လက်များ ပရဟိတအဖွဲ့ နောင်ပိန်ရဲ့ အတွင်းရေးမှူး စိုင်းနေအောင်က VOA ကို အခုလို ပြောပါတယ်။

“ လူဦးရေ ၃၀၀၀ ကျော်သွားပြီ။ ဒီနေ့ စစ်ရှောင်တစ်ခုတိုးတယ်လေ။ ဟဲကွီမှာ။ ကျနော်တို့ ပုံဝိုးအထိကတော့ စစ်ရှောင်တွေ ရှိနေတဲ့အထိကတော့ အေးချမ်းသွားပြီ။ နဂိုမူလဖြစ်တဲ့ အဲဒီ ထန်ခိုင်းတောင်ထိပ်ဖက်ပဲ။ တပ်တွေကလည်း အဲဒီဘက်ကို ရောက်သွားပြီဆိုတော့ အပေါ်မှာတော့ သွားရှုပ်နေတာပေါ။ ဒီနေ့ အဲဒါပဲလေ ထန်ခိုင်း။ ဟို ဟဲကွီစစ်ရှောင်စခန်းတိုးတယ်ဆိုတာ အဲဒီအပေါ်ဘက်က နားအော်၊ နားချိုင်ဆိုတာ အဲဒီဘက်က စစ်ရှောင်တွေ ပြေးလာတာ။ ကျနော်တို့နဲ့ လမ်းမှာပဲ တွေ့တာ၊ လေးလုံးထိုးတွေ၊ ထော်လာဂျီတွေနဲ့ ပြေးလာကြတာ။ ”

ကြာသပတေးနေ့အထိကတော့ ပရဟိတအသင်းတွေ အလှုရှင်တွေ ကူညီပေးထားတာကြောင့် စားနပ်ရိက္ခာပိုင်းမှာ အတန်အသင့်အဆင်ပြေနေပေမဲ့ COVID ကာကွယ်ရေးအတွက် နှာခေါင်းစည်း၊ ဆပ်ပြာ၊ လက်ဆေးရည်၊ ဆေးဝါးနဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ လိုအပ်နေသလို လူဦးရေများပြားလာတာကြောင့် အိမ်သာတွေလည်း လိုအပ်နေတယ်လို့ ပြောပါတယ်။

ဒီကနေ့မနက်မှာတော့ ပရဟိတအဖွဲ့တွေ၊ အစိုးမဟုတ်တဲ့ အဖွဲ့တွေ စုစုပေါင်း ၁၀ဖွဲ့လောက်ဟာ စစ်ရှောင်စခန်းတွေ ရှိရာကို သွားရောက်ခဲ့ပါတယ်။

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက စစ်ရှောင်တွေအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာကို အဓိက ထောက်ပံ့ပေးနေကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျောက်မဲခရိုင် ခရိုင်ဦးစီးမှုး ဦးသိန်းဝင်းထွဋ်က အခုလို ပြောပါတယ်။

“လောလောဆည် လတ်တလောစားဝတ်နေရေးအတွက် ဆန်ရိက္ခာဖိုးတွေ ကျနော်တို့က ထောက်ပံ့နေတယ်။ သွားရေးလာရေးက အဆင်မပြေတဲ့အတွက်ကြောင့် ပရဟိတအဖွဲ့တွေနဲ့ ဆန်အိတ်တွေ သယ်ဖို့လုပ်နေပါတယ်။ သူတို့ကျ ambulance ကားနဲ့ဆိုတော့ တစ်ခါသွားရင် သူတို့က ၁၀ပိုင်း၊ ၁၅ပိုင်းလောက်ပဲ ပါတာဆိုတော့လေ။ အဝတ်အစားတွေလည်း နောက်ပိုင်း ထောက်ပံ့ဖို့ ရှိတယ်။ ကယ်ဆယ်ရေးပစ္စည်း ၁၀မျိုးပေါ့။ ”

လက်ရှိကောက်ယူထားတဲ့စာရင်းအရ အိမ်ထောင်စုက ၄၀၄ စု။ လူဦးရေ ၁၂၄၁ အတွက် ထောက်ပံ့ထား ကြောင်း ပြောပါတယ်။

ကျောက်မဲမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က ကျောက်မဲမြို့အတွင်းမှာလည်း စစ်ရှောင်တွေကို ကူညီထောက်ပံ့ဖို့ အလှုခံဌာနဖွင့်ပြီးဆောင်ရွက်နေကြောင်းနဲ့ လားရှိုး၊ သီပေါ၊ နောင်ပိန်တို့ကနေလည်း ပရဟိတအဖွဲ့တွေ သွားရောက် ကူညီပေးနေကြောင်း ပြောပါတယ်။

သူက လက်ရှိဖြစ်နေတဲ့ တိုက်ပွဲရက်ရှည်ကြာလာရင် ရွေးကောက်ပွဲကို ထိခိုက်နိုင်ကြောင်း ပြောပါတယ်။

“ တိုက်ပွဲပုံစံကတော့ ကျနော်တို့ ခန့်မှန်းကြည့်သလောက်တော့ ရက်အကြာကြီးတော့ မသွားလောက်ဘူး။ အကယ်၍ ရက် ၂၀ထက် ကျော်သွားရင် ကျနော်တို့ ဒေသမှာ ရွေးကောက်ပွဲ ကိစ္စကတော့ ထိခိုက်လာနိုင်တယ်။ သဘောကတော့ နယ်မြေမငြိမ်မသက်လို့၊ စစ်ရေးစစ်ရာဖြစ်နေလို့ ရွေးကောက်ပွဲကျင်းပရင် တရားမျှတမှုမရှိနိုင်ဘူး ဘာညာနဲ့ ဟို ၂၀၁၅တုံးက မိုင်းရှုးဘက်မှာ ဆိုင်းငံ့ဖူးတယ် ရွေးကောက်ပွဲကိစ္စ အဲဒါကတော့ စိုးရိမ်ရတယ်ဗျ။”

လက်ရှိအခြေအနေမှာတော့ စစ်ရှောင်တွေနေထိုင်တဲ့ကျေးရွာတွေမှာ COVID-19 ကူးစက်တာ မရှိသေးတဲ့အတွက် ရောဂါပြန့်ပွားမှာ အထူးစိုးရိမ်စရာမရှိသေးပေမဲ့ စစ်ရှောင်ဘုန်းကြီးကျောင်းတွေမှာ ကျန်းမာရေးလမ်းညွှန်ချက်တွေကို လိုက်နာဖို့တော့ အခက်အခဲရှိနေတယ်လို့ ပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး တပ်မတော်ဘက်က သူတို့ရဲ့ တပ်စခန်းတွေကို RCSS တပ်ဖွဲ့ဝင်တွေက လာရောက်ပစ်ခတ်တိုက်ခိုက်တာရှိကြောင်း VOA ကို ပြောဆိုထားသလို RCSS ဘက်ကလည်း တပ်မတော်က ထိုးစစ်ဆင်တာကြောင့် ခုခံတိုက်ခိုက်တာဖြစ်ကြောင်း ပြောဆိုတာတွေ ရှိပါတယ်။

ဒေသခံပြည်သူတွေကတော့ ဗုဒ္ဓဟူးနေ့က တပ်မတော်ဘက်က ရဟတ်ယာဉ်နဲ့ ပစ်ခတ်တာရှိကြောင်းနဲ့ RCSS ကလည်း ကျောက်မဲမြို့အဝင် အစိုးရ တပ်ရင်းကို လာရောက်ပစ်ခတ်တာ၊ ပြည်ထောင်စုလမ်းမပေါ်မှာ စစ်ယာဉ်တန်းကို ပစ်ခတ်တာတွေ ရှိကြောင်း ပြောဆိုနေကြပါတယ်။

ဒီရက်ပိုင်းမှာ အစိုးရတပ်မတော်က စစ်အင်အားထပ်မံတိုးမြှင့်လာတာကြောင့် တိုက်ပွဲ ဆက်လက်ဖြစ်ပွားမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

XS
SM
MD
LG