သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စက္႐ုံ အလုပ္ရံုေတြမွာ ကိုဗစ္-၁၉ စနစ္တက် ဘယ္လို စစ္ေဆးသင့္သလဲ


မွတ္တမ္းဓါတ္ပံု- ၂၀၂၀ ေမလ ၁၆ ရက္ေန႔တုန္းက လိႈင္သာယာ စက္မႈဇံုအတြင္း အပူခ်ိန္တိုင္းေနစဥ္

(Zawgyi/Unicode)

ကိုဗစ္ေရာဂါအျဖစ္မ်ားေနတဲ့ ရန္ကုန္တိုင္းအတြင္း စက္ရံုတခ်ိဳ႕ျပန္ဖြင့္ခ်ိန္မွာ က်န္းမာေရးဝန္ထမ္းေတြမပါဘဲ စက္ရံုေတြက ကိုယ့္ဘာသာကိုယ္ အလုပ္သမားေတြကို ေသြးေဖာက္ စစ္ေဆးမႈေတြ လုပ္ခဲ့ပါတယ္။ ဒါဟာ အႏၱရာယ္မ်ားၿပီး ကာကြယ္ေရးအတြက္ အက်ဳိးမရွိႏိုင္ဘူးလို႔ အစိုးရ က်န္းမာေရးတာ၀န္ရွိသူတဦးက ဗီြအိုေအကိုေျပာပါတယ္။

လိႈင္သာယာၿမိဳ.နယ္ ေရႊသံလြင္စက္မူဇံုက Saiform International Garment အထည္ခ်ဳပ္စက္ရံုမွာေထာင္နဲ႔ခ်ီတဲ့အလုပ္သမားေတြကို အဂၤါေန႔က စစ္ေဆးခဲ့တာပါ။တဖက္မွာလည္း ေရာဂါကာကြယ္ေရးအတြက္ စက္ရံုေတြဘက္က ႀကိဳးစားလုပ္ေဆာင္တာျဖစ္ေပမဲ့ ထိေရာက္မႈရွိမရွိဆိုတဲ့ အေျခအေနကိုက်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေျပာခြင့္ရ ေဒါက္တာသန္းႏိုင္စိုးကို ကို၀င္းမင္းက ဆက္သြယ္ေမးျမန္းထားပါတယ္။

ေဒါက္တာသန္းႏိုင္စိုး။ ။ က်ေနာ္တို႔ကေတာ့ ဘာနဲ႔ စစ္လဲေတာ့ မသိဘူးေပါ့ေနာ္။ ေသြးေဖာက္တယ္လို႔လည္း ေျပာတယ္ေပါ့။ ေသြးေဖာက္တယ္ဆိုေတာ့ Antibody (ပဋိလုံပစၥည္း) ျဖစ္ဖို႔ မ်ားတယ္ေပါ့ေနာ္။ Antibody Test Kit (ပဋိလုံပစၥည္းစစ္တာ) ေတြကေတာ့ လက္ရွိ ကမာၻေပၚမွာလည္း အသိအမွတ္ျပဳထားတာ သိပ္မၾကားေသးဘူး။ အစပိုင္း စစ္တာကလည္း သိပ္မမွန္ဘူးေပါေ့နာ္၊ အဲဒီအခါက်ေတာ့ Positive (ပိုးေတြ႕တာ) ျဖစ္တဲ့လူေတြ Negative (ပိုးမေတြ႕တာ) ျဖစ္တဲ့လူေတြ ထြက္လာတဲ့အခါက်ေတာ့လည္း ဘာလုပ္မွာလဲေပါ့ေနာ္။

Antibody Positive ဆိုတာက Still Infection (ကူးစက္ႏိုင္တဲ့ပိုးဆက္ရွိတာ) ရွိေနတာေတာင္မွ IgM လိုေတာင္ဆိုရင္ Infection ရွိႏိုင္ေသးတယ္ေပါေ့နာ္။ Immunoglobulin M ေပါ့၊ ပဋိပစၥည္း လို႔ေခၚတာေပါ့ေနာ္၊ သူကေတာ့ နည္းနည္းေစာေစာ ထြက္တဲ့သေဘာရွိတာေပါ့။ Infectivity (တျခားသူကိုကူးစက္ႏိုင္မူ) ကေတာ့ က်န္ေနႏိုင္ေသးတယ္ေပါေ့နာ္။ ေနာက္ကေန ကပ္လိုက္တာကေတာ့ Immunoglobulin G ေပါ့ဆရာ၊ ဒီ IgG လိုဆိုရင္ေတာ့၊ ပိုး မရွိသေလာက္လို႔ ေျပာလို႔ရတယ္ေပါ့ေနာ္။စစ္ေဆးတဲ့ Procedure (လုပ္ငန္းစဥ္) ေတြကလည္း မွန္ရဲ႕လားေပါ့ေနာ္။ အဲဒီေတာ့ မမွန္ပဲနဲ႔ စစ္ေနရင္ေတာ့ ပိုက္ဆံကုန္တာနဲ႔ အသားနာတာပဲ ရွိမယ္ဆရာ။ လူစုလူေဝးျဖစ္ၿပီး ေရာဂါေတာင္ ပိုကူးႏိုင္တယ္။ ဘာမွ ထိေရာက္တဲ့ အေျဖတခု ထြက္လာမွာ မဟုတ္ဘူး။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့။ အဲဒီေတာ့ ပဋိပစၥည္းသာ သိၿပီးေတာ့၊ တကယ္တမ္း…

ေဒါက္တာသန္းႏိုင္စိုး။ ။ ပဋိပစၥည္း ဆိုတာက ကိုယ္ခံအားနဲ႔ထြက္လာတဲ့ဟာ။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့၊ ပိုးရွိမရွိကိုေတာ့ မသိႏိုင္တဲ့အေနအထားေပါ့ေနာ္။

ေဒါက္တာသန္းႏိုင္စိုး။ ။ မွန္တာေပါ့ဆရာ ဒါေတာင္မွ ခုနေျပာသလို Infectivity (တျခားသူကိုပိုးကူးစက္ႏိုင္မူ) က်န္လား မက်န္လားဆိုတာမ်ိဳးက ေျပာရ ခက္တာေပါေ့နာ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ဆရာ ဒီေနရာမွာ လုပ္ငန္းရွင္ေတြဘက္ကေရာ၊ အလုပ္သမားေတြဘက္ကေရာ၊ စက္႐ုံကို ျပန္လာမယ့္သူေတြကို စစ္ႏိုင္ရင္ေတာ့ တစုံတရာပိုၿပီးေတာ့ ကူးစက္မႈကို ထိန္းႏိုင္မယ္လို႔ ယူဆတဲ့အတြက္၊ က်န္းမာေရးဝန္ႀကီးဌာနဘက္ကေရာ အဲဒီလို စစ္ေပးဖို႔ အလားအလာရွိႏိုင္သလား။

ေဒါက္တာသန္းႏိုင္စိုး။ ။ က်ေနာ္တို႔ဘက္ကေတာ့ ဒီ Test ေတြရဲ႕ ခုနေျပာတဲ့ စစ္ေဆးႏိုင္တဲ့အတိုင္းအတာေပါ့ေနာ္ ျပန္ၾကည့္လိုက္ရင္၊ သူက Symptom (ေရာဂါလကၡဏာ) မျပခင္ ၂ ရက္ ၊ ေရာဂါလကၡဏာ ျပၿပီးရင္ ၆ ရက္ေပါ့ေနာ္၊ အဲဒီအခ်ိန္မွာ Viral Load (ပိုးပမာဏ) က တက္လာတဲ့အခါက်ရင္ Antigen Test Kit (အျမန္စစ္တဲ့နည္း) နဲ႔ မိတယ္ေပါ့ေနာ္။ ခုနလို ဒီ ၂ ရက္မတိုင္ခင္မွာ Viral Load က်ေနတဲ့အခ်ိန္မွာ၊ အမိဆုံးကေတာ့ Gold Standard Real Time PCR (စံခ်ိန္အျမင့္မားဆုံး အခ်ိန္နဲ႔တေျပးညီ ပုံမွန္စစ္တဲ့နည္း) ေပါ့ေနာ္။ ေမာ္လီက်ဴလာ နည္းပညာေပါ့ေနာ္။ အဲလိုမ်ိဳးမဟုတ္ပဲနဲ႔ ခုနေျပာတဲ့ လကၡဏာမရွိတဲ့ သာမန္လူလိုမ်ိဳးျဖစ္ေနတဲ့ Asymptomatic ဒီလိုလူနာမ်ိဳးကို စစ္မယ္ဆိုရင္ေတာ့၊ Viral Load က်သြားႏိုင္တယ္ေပါ့ေနာ္။ အဲဒီအခ်ိန္မ်ိဳးမွာ က်ေနာ္တို႔က RDT (အျမန္စစ္တဲ့နည္း) သုံးတဲ့အခါ၊ က်ေနာ္တို႔ Weak Point (အားနည္းခ်က္) ရွိတယ္ေပါ့ေနာ္။ ဒါေပမယ့္ တဖက္က ခုနေျပာတဲ့ Screening (ပုံမွန္စစ္တဲ့နည္းနဲ႔ ဇလုပ္တိုက္စစ္တာ) လိုအေနအထားမ်ိဳးနဲ႔ စက္႐ုံထဲကို ဝင္ေရာက္မယ့္လူေတြကို စစ္ေပးမလား၊ မစစ္ေပးဘူးလားဆိုတာေတာ့၊ မူဝါဒေရးရာကို ဆုံးျဖတ္တဲ့လူေတြအေနနဲ႔ ေဆာင္႐ြက္ရမွာျဖစ္တယ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့အခုလိုအေျခအေနမွာ ဒီအျဖစ္မ်ားေနတဲ့ ရန္ကုန္မွာ စက္႐ုံအလုပ္႐ုံေတြမ်ားတဲ့ လႈိင္သာယာတို႔ ၊ ေျမာက္ဥကၠလာပ တို႔မွာ ျဖစ္ႏႈန္းမ်ားေနတဲ့ အေနအထားမွာ၊ ကာကြယ္ေရးအတြက္ အဓိက ဘာမွာခ်င္သလဲ။

ေဒါက္တာသန္းႏိုင္စိုး။ ။ တကယ္တမ္းက်ေတာ့ က်ေနာ္တို႔က အိမ္မွာေနပါတို႔၊ အျပင္ထြက္ရင္ Mask (ပါးစပ္နဲ႔ႏွာေခါင္းစည္း) တပ္ပါတို႔ ၊ ခပ္ခြာခြာေနပါတို႔ ဆိုတာက လုပ္ငန္းရွင္ေတြအေနနဲ႔ လိုက္နာရင္လည္း၊ လုပ္ငန္းအတြက္ အက်ိဳးရွိမယ္။ မိမိလုပ္ငန္းက ေရရွည္လည္း ဘာမွ က်န္းမာေရးအရ အေႏွာင့္အယွက္မရွိပဲနဲ႔ လည္ပတ္ႏိုင္မယ္ေပါ့ေနာ္။ တစ္ဦးတစ္ေယာက္ခ်င္းစီအတြက္ ၾကည့္မယ္ဆိုရင္လည္း ကိုယ့္က်န္းမာေရး ေကာင္းေတာ့မွ စားဝတ္ေနေရး ၊ လူမႈေရး ၊ စီးပြားေရးဆိုတာ ျပည့္စုံမွ ဆိုေတာ့၊ ဒီအားလုံးကေနၿပီးေတာ့ ဒါေတြဟာ ဒို႔အတြက္ပါလား၊ ကိုယ့္အတြက္ပါလား ၊ ကိုယ့္စက္႐ုံအတြက္ပါလား ကိုယ့္လုပ္ငန္းအတြက္ပါလားဆိုတဲ့ Sense of Ownership (ဥစၥာရင္လိုဥစၥာခဲစိတ္မ်ိဳး) ရွိေတာ့မွ၊ ဒါ က်ေနာ္တို႔ ရည္မွန္းထားတဲ့အတိုင္း ျဖစ္လာမွာပါဆရာ။

ကိုဝင္းမင္း။ ။ ဒီအေနအထားမွာ ဒီ COVID ထိန္းခ်ဳပ္ဖို႔၊ ဒီ တခုလုံးအေနအထားအရ အျမန္စစ္တဲ့နည္းအပါအဝင္ေပါ့ေနာ္ ၊ ဒီေဆးစစ္မႈေတြကေတာ့ ဆက္တိုးၿပီး လုပ္သြားဖို႔ရွိတာေပါ့ေနာ္ ဆရာ။

ေဒါက္တာသန္းႏိုင္စိုး။ ။ ဟုတ္တယ္။ က်ေနာ္တို႔ RDT (အျမန္စစ္တဲ့နည္း) လည္း အမ်ားႀကီး စစ္ႏိုင္ၿပီ။ ေနာက္ၿပီးေတာ့ က်ေနာ္တို႔ NHL (အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမူဆိုင္ရာဌာန) လည္း ျပန္ၿပီးေတာ့ လည္ပတ္ၿပီေပါေ့နာ္ ဆရာ။ က်ေနာ္တို႔ စစ္ေဆးႏိုင္မႈအေနအထားကေတာ့ အရင္ကထက္စာရင္ သိသိသာသာ တက္လာတယ္ေပါ့ေနာ္။ ေရွ႕ေလ်ာက္လည္း ဒီထက္ တက္ဖို႔ရွိေတာ့မယ္၊ RDT (အျမန္စစ္တဲ့နည္း) က က်ေနာ္တို႔ ၅ သိန္း၊ ဒီရက္ပိုင္းအတြင္း ထပ္ေရာက္မွာေလဆရာ။ RDT စုစုေပါင္း ၉ သိန္းျဖစ္ေတာ့မွာေပါ့ေနာ္ ။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ေက်းဇူးအမ်ားႀကီးတင္ပါတယ္ဆရာ ။ ဒီကိုဗစ္ကာကြယ္ေရးနည္းေတြကို၊ အားလုံး ပူးေပါင္းေဆာင္႐ြက္ၿပီးေတာ့၊ အလုပ္ေတြလည္းလုပ္ႏိုင္၊ ဒီလႈိင္းကိုလည္းေက်ာ္လႊားႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ဆရာ။

တိုက္႐ိုက္ လင့္ခ္


............

စက်ရုံ အလုပ်ရုံတွေမှာ ကိုဗစ်-၁၉ စနစ်တကျ ဘယ်လို စစ်ဆေးသင့်သလဲ

(Unicode)

ကိုဗစ်ရောဂါအဖြစ်များနေတဲ့ ရန်ကုန်တိုင်းအတွင်း စက်ရုံတချို့ပြန်ဖွင့်ချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေမပါဘဲ စက်ရုံတွေက ကိုယ့်ဘာသာကိုယ် အလုပ်သမားတွေကို သွေးဖောက် စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ ဒါဟာ အန္တရာယ်များပြီး ကာကွယ်ရေးအတွက် အကျိုးမရှိနိုင်ဘူးလို့ အစိုးရ ကျန်းမာရေးတာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။

လှိုင်သာယာမြို.နယ် ရွှေသံလွင်စက်မူဇုံက Saiform International Garment အထည်ချုပ်စက်ရုံမှာထောင်နဲ့ချီတဲ့အလုပ်သမားတွေကို အင်္ဂါနေ့က စစ်ဆေးခဲ့တာပါ။တဖက်မှာလည်း ရောဂါကာကွယ်ရေးအတွက် စက်ရုံတွေဘက်က ကြိုးစားလုပ်ဆောင်တာဖြစ်ပေမဲ့ ထိရောက်မှုရှိမရှိဆိုတဲ့ အခြေအနေကိုကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ဒေါက်တာသန်းနိုင်စိုး။ ။ ကျနော်တို့ကတော့ ဘာနဲ့ စစ်လဲတော့ မသိဘူးပေါ့နော်။ သွေးဖောက်တယ်လို့လည်း ပြောတယ်ပေါ့။ သွေးဖောက်တယ်ဆိုတော့ Antibody (ပဋိလုံပစ္စည်း) ဖြစ်ဖို့ များတယ်ပေါ့နော်။ Antibody Test Kit (ပဋိလုံပစ္စည်းစစ်တာ) တွေကတော့ လက်ရှိ ကမ္ဘာပေါ်မှာလည်း အသိအမှတ်ပြုထားတာ သိပ်မကြားသေးဘူး။ အစပိုင်း စစ်တာကလည်း သိပ်မမှန်ဘူးပေါေ့နာ်၊ အဲဒီအခါကျတော့ Positive (ပိုးတွေ့တာ) ဖြစ်တဲ့လူတွေ Negative (ပိုးမတွေ့တာ) ဖြစ်တဲ့လူတွေ ထွက်လာတဲ့အခါကျတော့လည်း ဘာလုပ်မှာလဲပေါ့နော်။

Antibody Positive ဆိုတာက Still Infection (ကူးစက်နိုင်တဲ့ပိုးဆက်ရှိတာ) ရှိနေတာတောင်မှ IgM လိုတောင်ဆိုရင် Infection ရှိနိုင်သေးတယ်ပေါေ့နာ်။ Immunoglobulin M ပေါ့၊ ပဋိပစ္စည်း လို့ခေါ်တာပေါ့နော်၊ သူကတော့ နည်းနည်းစောစော ထွက်တဲ့သဘောရှိတာပေါ့။ Infectivity (တခြားသူကိုကူးစက်နိုင်မူ) ကတော့ ကျန်နေနိုင်သေးတယ်ပေါေ့နာ်။ နောက်ကနေ ကပ်လိုက်တာကတော့ Immunoglobulin G ပေါ့ဆရာ၊ ဒီ IgG လိုဆိုရင်တော့၊ ပိုး မရှိသလောက်လို့ ပြောလို့ရတယ်ပေါ့နော်။စစ်ဆေးတဲ့ Procedure (လုပ်ငန်းစဉ်) တွေကလည်း မှန်ရဲ့လားပေါ့နော်။ အဲဒီတော့ မမှန်ပဲနဲ့ စစ်နေရင်တော့ ပိုက်ဆံကုန်တာနဲ့ အသားနာတာပဲ ရှိမယ်ဆရာ။ လူစုလူဝေးဖြစ်ပြီး ရောဂါတောင် ပိုကူးနိုင်တယ်။ ဘာမှ ထိရောက်တဲ့ အဖြေတခု ထွက်လာမှာ မဟုတ်ဘူး။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့။ အဲဒီတော့ ပဋိပစ္စည်းသာ သိပြီးတော့၊ တကယ်တမ်း…

ဒေါက်တာသန်းနိုင်စိုး။ ။ ပဋိပစ္စည်း ဆိုတာက ကိုယ်ခံအားနဲ့ထွက်လာတဲ့ဟာ။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့၊ ပိုးရှိမရှိကိုတော့ မသိနိုင်တဲ့အနေအထားပေါ့နော်။

ဒေါက်တာသန်းနိုင်စိုး။ ။ မှန်တာပေါ့ဆရာ ဒါတောင်မှ ခုနပြောသလို Infectivity (တခြားသူကိုပိုးကူးစက်နိုင်မူ) ကျန်လား မကျန်လားဆိုတာမျိုးက ပြောရ ခက်တာပေါေ့နာ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ဆရာ ဒီနေရာမှာ လုပ်ငန်းရှင်တွေဘက်ကရော၊ အလုပ်သမားတွေဘက်ကရော၊ စက်ရုံကို ပြန်လာမယ့်သူတွေကို စစ်နိုင်ရင်တော့ တစုံတရာပိုပြီးတော့ ကူးစက်မှုကို ထိန်းနိုင်မယ်လို့ ယူဆတဲ့အတွက်၊ ကျန်းမာရေးဝန်ကြီးဌာနဘက်ကရော အဲဒီလို စစ်ပေးဖို့ အလားအလာရှိနိုင်သလား။

ဒေါက်တာသန်းနိုင်စိုး။ ။ ကျနော်တို့ဘက်ကတော့ ဒီ Test တွေရဲ့ ခုနပြောတဲ့ စစ်ဆေးနိုင်တဲ့အတိုင်းအတာပေါ့နော် ပြန်ကြည့်လိုက်ရင်၊ သူက Symptom (ရောဂါလက္ခဏာ) မပြခင် ၂ ရက် ၊ ရောဂါလက္ခဏာ ပြပြီးရင် ၆ ရက်ပေါ့နော်၊ အဲဒီအချိန်မှာ Viral Load (ပိုးပမာဏ) က တက်လာတဲ့အခါကျရင် Antigen Test Kit (အမြန်စစ်တဲ့နည်း) နဲ့ မိတယ်ပေါ့နော်။ ခုနလို ဒီ ၂ ရက်မတိုင်ခင်မှာ Viral Load ကျနေတဲ့အချိန်မှာ၊ အမိဆုံးကတော့ Gold Standard Real Time PCR (စံချိန်အမြင့်မားဆုံး အချိန်နဲ့တပြေးညီ ပုံမှန်စစ်တဲ့နည်း) ပေါ့နော်။ မော်လီကျူလာ နည်းပညာပေါ့နော်။ အဲလိုမျိုးမဟုတ်ပဲနဲ့ ခုနပြောတဲ့ လက္ခဏာမရှိတဲ့ သာမန်လူလိုမျိုးဖြစ်နေတဲ့ Asymptomatic ဒီလိုလူနာမျိုးကို စစ်မယ်ဆိုရင်တော့၊ Viral Load ကျသွားနိုင်တယ်ပေါ့နော်။ အဲဒီအချိန်မျိုးမှာ ကျနော်တို့က RDT (အမြန်စစ်တဲ့နည်း) သုံးတဲ့အခါ၊ ကျနော်တို့ Weak Point (အားနည်းချက်) ရှိတယ်ပေါ့နော်။ ဒါပေမယ့် တဖက်က ခုနပြောတဲ့ Screening (ပုံမှန်စစ်တဲ့နည်းနဲ့ ဇလုပ်တိုက်စစ်တာ) လိုအနေအထားမျိုးနဲ့ စက်ရုံထဲကို ဝင်ရောက်မယ့်လူတွေကို စစ်ပေးမလား၊ မစစ်ပေးဘူးလားဆိုတာတော့၊ မူဝါဒရေးရာကို ဆုံးဖြတ်တဲ့လူတွေအနေနဲ့ ဆောင်ရွက်ရမှာဖြစ်တယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့အခုလိုအခြေအနေမှာ ဒီအဖြစ်များနေတဲ့ ရန်ကုန်မှာ စက်ရုံအလုပ်ရုံတွေများတဲ့ လှိုင်သာယာတို့ ၊ မြောက်ဥက္ကလာပ တို့မှာ ဖြစ်နှုန်းများနေတဲ့ အနေအထားမှာ၊ ကာကွယ်ရေးအတွက် အဓိက ဘာမှာချင်သလဲ။

ဒေါက်တာသန်းနိုင်စိုး။ ။ တကယ်တမ်းကျတော့ ကျနော်တို့က အိမ်မှာနေပါတို့၊ အပြင်ထွက်ရင် Mask (ပါးစပ်နဲ့နှာခေါင်းစည်း) တပ်ပါတို့ ၊ ခပ်ခွာခွာနေပါတို့ ဆိုတာက လုပ်ငန်းရှင်တွေအနေနဲ့ လိုက်နာရင်လည်း၊ လုပ်ငန်းအတွက် အကျိုးရှိမယ်။ မိမိလုပ်ငန်းက ရေရှည်လည်း ဘာမှ ကျန်းမာရေးအရ အနှောင့်အယှက်မရှိပဲနဲ့ လည်ပတ်နိုင်မယ်ပေါ့နော်။ တစ်ဦးတစ်ယောက်ချင်းစီအတွက် ကြည့်မယ်ဆိုရင်လည်း ကိုယ့်ကျန်းမာရေး ကောင်းတော့မှ စားဝတ်နေရေး ၊ လူမှုရေး ၊ စီးပွားရေးဆိုတာ ပြည့်စုံမှ ဆိုတော့၊ ဒီအားလုံးကနေပြီးတော့ ဒါတွေဟာ ဒို့အတွက်ပါလား၊ ကိုယ့်အတွက်ပါလား ၊ ကိုယ့်စက်ရုံအတွက်ပါလား ကိုယ့်လုပ်ငန်းအတွက်ပါလားဆိုတဲ့ Sense of Ownership (ဥစ္စာရင်လိုဥစ္စာခဲစိတ်မျိုး) ရှိတော့မှ၊ ဒါ ကျနော်တို့ ရည်မှန်းထားတဲ့အတိုင်း ဖြစ်လာမှာပါဆရာ။

ကိုဝင်းမင်း။ ။ ဒီအနေအထားမှာ ဒီ COVID ထိန်းချုပ်ဖို့၊ ဒီ တခုလုံးအနေအထားအရ အမြန်စစ်တဲ့နည်းအပါအဝင်ပေါ့နော် ၊ ဒီဆေးစစ်မှုတွေကတော့ ဆက်တိုးပြီး လုပ်သွားဖို့ရှိတာပေါ့နော် ဆရာ။

ဒေါက်တာသန်းနိုင်စိုး။ ။ ဟုတ်တယ်။ ကျနော်တို့ RDT (အမြန်စစ်တဲ့နည်း) လည်း အများကြီး စစ်နိုင်ပြီ။ နောက်ပြီးတော့ ကျနော်တို့ NHL (အမျိုးသားကျန်းမာရေးဓာတ်ခွဲမူဆိုင်ရာဌာန) လည်း ပြန်ပြီးတော့ လည်ပတ်ပြီပေါေ့နာ် ဆရာ။ ကျနော်တို့ စစ်ဆေးနိုင်မှုအနေအထားကတော့ အရင်ကထက်စာရင် သိသိသာသာ တက်လာတယ်ပေါ့နော်။ ရှေ့လျောက်လည်း ဒီထက် တက်ဖို့ရှိတော့မယ်၊ RDT (အမြန်စစ်တဲ့နည်း) က ကျနော်တို့ ၅ သိန်း၊ ဒီရက်ပိုင်းအတွင်း ထပ်ရောက်မှာလေဆရာ။ RDT စုစုပေါင်း ၉ သိန်းဖြစ်တော့မှာပေါ့နော် ။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ဆရာ ။ ဒီကိုဗစ်ကာကွယ်ရေးနည်းတွေကို၊ အားလုံး ပူးပေါင်းဆောင်ရွက်ပြီးတော့၊ အလုပ်တွေလည်းလုပ်နိုင်၊ ဒီလှိုင်းကိုလည်းကျော်လွှားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဆရာ။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG