သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အလုပ္ရံုေတြျပန္ဖြင့္ေပးမဲ့ က်န္းမာေရးညီၫႊတ္မႈ အလုပ္သမားေတြစိုးရိမ္


က်န္းမာေရးလုပ္သားမ်ားအတြက္ COVID-19 ကာကြယ္ေရးဝတ္စံုမ်ား ခ်ဳပ္လုပ္ေနသည့္ စက္ခ်ဳပ္လုပ္သားမ်ား။ (ေမ ၈၊ ၂၀၂၀)

[Zawgyi/Unicode]

ကပ္ေရာဂါေၾကာင့္ ယာယီပိတ္ထားတဲ့ ရန္ကုန္တုိင္းအတြင္းက ကုန္ထုတ္လုပ္ငန္းေတြကုိ ျပန္လည္လုပ္ကုိင္ခြင့္ ျပဳလုိက္ေပမဲ့ က်န္းမာေရးအတြက္ လုံေလာက္တဲ့ စိစစ္မႈေတြ မရွိဘူးဆုိၿပီး အလုပ္သမားေတြနဲ႔ အလုပ္သမားအေရး လႈပ္ရွားသူေတြ စုိးရိမ္ေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မအဂၢႏြန္က သတင္းေပးပို႔ထားပါတယ္။

ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ အမ်ားဆုံး ႀကံဳေနရတဲ့ ရန္ကုန္တုိင္းအတြင္း သီတင္း ၂ ပတ္ေက်ာ္ၾကာ ယာယီပိတ္ထားခဲ့တဲ့ စက္႐ုံ၊ အလုပ္႐ုံေပါင္း ၃,၀၀၀ ေလာက္ မေန႔ကစ ျပန္ဖြင့္လုိက္ေပမဲ့ က်န္းမာေရးအတြက္ ျပင္ဆင္ထားတာ မရွိေသးတဲ့အတြက္ ေရာဂါကူးစက္မွာ စုိးရိမ္ေနၾကတာပါ။ က်န္းမာေရးလမ္းညႊန္ခ်က္ေတြနဲ႔ ကုိက္ညီမႈ ရွိ၊ မရွိဆုိတာကုိ သက္ဆုိင္ရာ တာ၀န္ရွိသူေတြက စိစစ္မႈေတြ မရွိဘဲ ျပန္လည္ဖြင့္လွစ္တာဟာ စုိးရိမ္စရာ ေကာင္းတယ္လုိ႔လည္း ျမန္မာႏိုင္ငံ စက္မႈလက္မႈ နဲ႔ ဝန္ေဆာင္မႈလုပ္ငန္းေပါင္းစံု အလုပ္သမားမ်ားသမဂၢအဖြဲ႔ခ်ဳပ္ရဲ႕ အေထြေထြအတြင္းေရးမွဴး ဦးသက္ႏွင္းေအာင္က ေျပာပါတယ္။

“ဟုတ္ကဲ့။ အဲ့ဒါအဓိက က်ေနာ္တို႔ေျပာတာလည္း အဲ့ဒါပဲေလး၊ ပထမတစ္ခါ ဥပမာ သူတို႔ စစ္တုန္းကဆိုရင္ ၆ လပိုင္း၊ ၇ လပိုင္းေလာက္က သူတို႔က စစ္ေဆးခဲ့ၾကတာေလး၊ အခုေတာင္မွ က်ေနာ္တို႔ ၁၀ လပိုင္းကိုေရာက္လာၿပီ၊ ဒီ ၃ လတာကာလအတြင္းမွာ ျပန္လည္ၿပီးေတာ့မွ စိစစ္တယ္ဆိုတဲ့ လုပ္ငန္းစဥ္ေတြကိုလည္း အစိုးရက မလုပ္ခဲ့ဘူး။ ေနာက္တစ္ခုကက်ေတာ့ ဒီလိုစိစစ္ပါတယ္ဆိုတဲ့ ေနရာမွာလည္း ေရွာင္တခင္ဝင္ေရာက္ စစ္ေဆးတာလည္း မလုပ္ဘူးေပါ့ေနာ္။ ဒီလိုအေျခအေနမ်ဳိးမွာ ဒီလိုစက္႐ုံ အလုပ္႐ုံ ဖြင့္လွစ္ခြင့္ေပးခဲ့တာကို ျပင္းျပင္းထန္ထန္ကန္႔ကြက္ ႐ႈတ္ခ်တယ္။”

ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ ႐ုတ္တရက္ တုိးလာရာက စက္တင္ဘာလ ေႏွာင္းပုိင္းမွာပဲ ကုန္ထုတ္လုပ္ငန္းေတြကုိ သီတင္း ၂ ပတ္ၾကာ ရပ္နားထားဖုိ႔ အစုိးရက အမိန္႔ထုတ္ခဲ့တာပါ။ သီတင္း ၂ ပတ္ျပည့္ခဲ့ၿပီးေနာက္ ဒီလဆန္းပုိင္းမွာပဲ ေနာက္ထပ္ သီတင္း ၂ ပတ္ ရပ္နားထားဖုိ႔ သက္တမ္းထပ္တုိးထားေပမဲ့ သတ္မွတ္ထားတဲ့ရက္ မျပည့္ခင္မွာဘဲ လုပ္ငန္းေတြ ျပန္လုပ္ခြင့္ျပဳခဲ့တာ ျဖစ္ပါတယ္။

ရန္ကုန္တုိင္း ဆိပ္ကမ္းၿမိဳ႕နယ္ စက္မႈဇုန္က အထည္ခ်ဳပ္အလုပ္သမ မဇင္မင္းထိုက္ကလည္း သူအလုပ္လုပ္ေနတဲ့ လုပ္ငန္းခြင္မွာ က်န္းမာေရးအတြက္ အကာအကြယ္ေတြ အားနည္းေနတာ ေတြ႔ရတယ္လုိ႔ ေျပာပါတယ္။

“ညႊန္ၾကားခ်က္ထုတ္ထား၊ ထြက္လာတာပဲ ရွိတယ္၊ အဲ့လိုမ်ဳိး တိတိက်က်လာၿပီးေတာ့ စစ္ေဆးတာရယ္လို႔ေတာ့ မရွိေသးဘူး။”

က်န္းမာေရး၀န္ႀကီးဌာနကေတာ့ ျပန္လည္ဖြင့္လွစ္မယ့္ လုပ္ငန္းေတြကုိ က်န္းမာေရးဆုိင္ရာ လမ္းညႊန္ခ်က္ေတြနဲ႔ ကုိက္ညီမႈရွိ၊ မရွိ စစ္ေဆးၿပီး ဖြင့္လွစ္ခြင့္ျပဳဖုိ႔ ေျပာဆုိထားတာပါ။ ဒါေပမဲ့လည္း က်န္းမာေရး၀န္ႀကီးဌာန လမ္းညႊန္ခ်က္အတုိင္း လုိက္နာမႈမရွိပဲ လုပ္ငန္းေတြ လုပ္ကုိင္ေနတဲ့အတြက္ စုိးရိမ္စရာ ေကာင္းတယ္လုိ႔လည္း ရန္ကုန္တုိင္း လႈိင္သာယာၿမိဳ႕နယ္ စက္မႈဇုန္ (၂) အထည္ခ်ဳပ္စက္႐ုံ အေျခခံအလုပ္သမားအဖြဲ႔ ဥကၠ႒ ေဒၚသင္ဇာထက္က ေျပာပါတယ္။

“လက္ရွိမွာ ဘာမွ Guideline ကိုက္ညီမႈမရွိတဲ့ အေနအထားမ်ဳိးေတြ ျမင္ေနရေတာ့က်ေတာ့ က်မတို႔အေနနဲ႔ အခု ညႊန္ၾကားခ်က္ထုတ္တဲ့အေပၚမွာေတာ့ ေတာ္ေတာ္ေလး သေဘာမက်ျဖစ္ရတယ္၊ အလုပ္သမားေတြလည္း လုပ္ငန္းခြင္ထဲမွာ စိုးရိမ္တႀကီးနဲ႔ ဆင္းေနၾကတာေတြရွိတယ္၊ ကိုယ္ေတြက အသံုးစရိတ္လိုအပ္လို႔ ဆင္းရတယ္ဆိုေပမဲ့ က်မတို႔ လုပ္ငန္းခြင္ထဲက လုပ္ငန္းခြင္ေဘးအႏၱရာယ္ကင္းရွင္းတဲ့ လံုးဝ၊ လံုးဝမညီညႊတ္တဲ့ အေနအထားမ်ဳိးေတြ ျဖစ္ေနပါတယ္ရွင္။”

အလုပ္သမားေတြနဲ႔ အလုပ္သမားေရး လႈပ္ရွားသူေတြရဲ႕ စုိးရိမ္မႈေတြနဲ႔ ပတ္သက္လုိ႔ ရန္ကုန္တုိင္းအစုိးရ တာ၀န္ရွိသူေတြကုိ ဆက္သြယ္ေမးျမန္းဖုိ႔ ႀကိဳးစားခဲ့ေပမဲ့ ဒီကေန႔ညေနပုိင္းအထိ ဆက္သြယ္လုိ႔ မရခဲ့ပါဘူး။

ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ ကပ္ေရာဂါေၾကာင့္ တုိင္းျပည္စီးပြားေရး ထိခုိက္ေနခ်ိန္မွာ ကုန္ထုတ္လုပ္ငန္းေတြကို အခ်ိန္ၾကာၾကာ ရပ္ဆိုင္းထားမယ္ဆိုရင္ ရင္းႏွီးျမွုဳပ္ႏွံမႈေတြနဲ႔ အတူ ေနာက္ဆက္တဲြ အလုပ္သမားေတြရဲ႕ ဘ၀ရပ္တည္မႈကိုပါ ထိခိုက္လာႏုိင္ေၾကာင္း မေန႔တုန္းက အြန္လုိင္းက မိန္႔ခြန္းေျပာရာမွာ ထည့္သြင္းေျပာဆုိခဲ့တာပါ။ ဒါေပမဲ့လည္း လုပ္ငန္းေတြကုိ ျပန္လည္ပတ္ရာမွာ ေရာဂါအႏၱရာယ္ ကာကြယ္ေရး စည္းမ်ဥ္းစည္းကမ္းေတြကို တိတိက်က် လိုက္နာဖုိ႔ လုိအပ္ေၾကာင္းလည္း သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အလုပ်ရုံတွေပြန်ဖွင့်ပေးမဲ့ ကျန်းမာရေးညီညွှတ်မှု အလုပ်သမားတွေစိုးရိမ်

ကပ်ရောဂါကြောင့် ယာယီပိတ်ထားတဲ့ ရန်ကုန်တိုင်းအတွင်းက ကုန်ထုတ်လုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင်ခွင့် ပြုလိုက်ပေမဲ့ ကျန်းမာရေးအတွက် လုံလောက်တဲ့ စိစစ်မှုတွေ မရှိဘူးဆိုပြီး အလုပ်သမားတွေနဲ့ အလုပ်သမားအရေး လှုပ်ရှားသူတွေ စိုးရိမ်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအဂ္ဂနွန်က သတင်းပေးပို့ထားပါတယ်။

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ အများဆုံး ကြုံနေရတဲ့ ရန်ကုန်တိုင်းအတွင်း သီတင်း ၂ ပတ်ကျော်ကြာ ယာယီပိတ်ထားခဲ့တဲ့ စက်ရုံ၊ အလုပ်ရုံပေါင်း ၃,၀၀၀ လောက် မနေ့ကစ ပြန်ဖွင့်လိုက်ပေမဲ့ ကျန်းမာရေးအတွက် ပြင်ဆင်ထားတာ မရှိသေးတဲ့အတွက် ရောဂါကူးစက်မှာ စိုးရိမ်နေကြတာပါ။ ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိဆိုတာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက စိစစ်မှုတွေ မရှိဘဲ ပြန်လည်ဖွင့်လှစ်တာဟာ စိုးရိမ်စရာ ကောင်းတယ်လို့လည်း မြန်မာနိုင်ငံ စက်မှုလက်မှု နဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဦးသက်နှင်းအောင်က ပြောပါတယ်။

“ဟုတ်ကဲ့။ အဲ့ဒါအဓိက ကျနော်တို့ပြောတာလည်း အဲ့ဒါပဲလေး၊ ပထမတစ်ခါ ဥပမာ သူတို့ စစ်တုန်းကဆိုရင် ၆ လပိုင်း၊ ၇ လပိုင်းလောက်က သူတို့က စစ်ဆေးခဲ့ကြတာလေး၊ အခုတောင်မှ ကျနော်တို့ ၁၀ လပိုင်းကိုရောက်လာပြီ၊ ဒီ ၃ လတာကာလအတွင်းမှာ ပြန်လည်ပြီးတော့မှ စိစစ်တယ်ဆိုတဲ့ လုပ်ငန်းစဉ်တွေကိုလည်း အစိုးရက မလုပ်ခဲ့ဘူး။ နောက်တစ်ခုကကျတော့ ဒီလိုစိစစ်ပါတယ်ဆိုတဲ့ နေရာမှာလည်း ရှောင်တခင်ဝင်ရောက် စစ်ဆေးတာလည်း မလုပ်ဘူးပေါ့နော်။ ဒီလိုအခြေအနေမျိုးမှာ ဒီလိုစက်ရုံ အလုပ်ရုံ ဖွင့်လှစ်ခွင့်ပေးခဲ့တာကို ပြင်းပြင်းထန်ထန်ကန့်ကွက် ရှုတ်ချတယ်။”

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ရုတ်တရက် တိုးလာရာက စက်တင်ဘာလ နှောင်းပိုင်းမှာပဲ ကုန်ထုတ်လုပ်ငန်းတွေကို သီတင်း ၂ ပတ်ကြာ ရပ်နားထားဖို့ အစိုးရက အမိန့်ထုတ်ခဲ့တာပါ။ သီတင်း ၂ ပတ်ပြည့်ခဲ့ပြီးနောက် ဒီလဆန်းပိုင်းမှာပဲ နောက်ထပ် သီတင်း ၂ ပတ် ရပ်နားထားဖို့ သက်တမ်းထပ်တိုးထားပေမဲ့ သတ်မှတ်ထားတဲ့ရက် မပြည့်ခင်မှာဘဲ လုပ်ငန်းတွေ ပြန်လုပ်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း ဆိပ်ကမ်းမြို့နယ် စက်မှုဇုန်က အထည်ချုပ်အလုပ်သမ မဇင်မင်းထိုက်ကလည်း သူအလုပ်လုပ်နေတဲ့ လုပ်ငန်းခွင်မှာ ကျန်းမာရေးအတွက် အကာအကွယ်တွေ အားနည်းနေတာ တွေ့ရတယ်လို့ ပြောပါတယ်။

“ညွှန်ကြားချက်ထုတ်ထား ထွက်လာတာပဲ ရှိတယ်၊ အဲ့လိုမျိုး တိတိကျကျလာပြီးတော့ စစ်ဆေးတာရယ်လို့တော့ မရှိသေးဘူး။”

ကျန်းမာရေးဝန်ကြီးဌာနကတော့ ပြန်လည်ဖွင့်လှစ်မယ့် လုပ်ငန်းတွေကို ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေနဲ့ ကိုက်ညီမှုရှိ၊ မရှိ စစ်ဆေးပြီး ဖွင့်လှစ်ခွင့်ပြုဖို့ ပြောဆိုထားတာပါ။ ဒါပေမဲ့လည်း ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်အတိုင်း လိုက်နာမှုမရှိပဲ လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့အတွက် စိုးရိမ်စရာ ကောင်းတယ်လို့လည်း ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန် (၂) အထည်ချုပ်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သင်ဇာထက်က ပြောပါတယ်။

“လက်ရှိမှာ ဘာမှ Guideline ကိုက်ညီမှုမရှိတဲ့ အနေအထားမျိုးတွေ မြင်နေရတော့ကျတော့ ကျမတို့အနေနဲ့ အခု ညွှန်ကြားချက်ထုတ်တဲ့အပေါ်မှာတော့ တော်တော်လေး သဘောမကျဖြစ်ရတယ်၊ အလုပ်သမားတွေလည်း လုပ်ငန်းခွင်ထဲမှာ စိုးရိမ်တကြီးနဲ့ ဆင်းနေကြတာတွေရှိတယ်၊ ကိုယ်တွေက အသုံးစရိတ်လိုအပ်လို့ ဆင်းရတယ်ဆိုပေမဲ့ ကျမတို့ လုပ်ငန်းခွင်ထဲက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းတဲ့ လုံးဝ၊ လုံးဝမညီညွှတ်တဲ့ အနေအထားမျိုးတွေ ဖြစ်နေပါတယ်ရှင်။”

အလုပ်သမားတွေနဲ့ အလုပ်သမားရေး လှုပ်ရှားသူတွေရဲ့ စိုးရိမ်မှုတွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းအစိုးရ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဒီကနေ့ညနေပိုင်းအထိ ဆက်သွယ်လို့ မရခဲ့ပါဘူး။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ကပ်ရောဂါကြောင့် တိုင်းပြည်စီးပွားရေး ထိခိုက်နေချိန်မှာ ကုန်ထုတ်လုပ်ငန်းတွေကို အချိန်ကြာကြာ ရပ်ဆိုင်းထားမယ်ဆိုရင် ရင်းနှီးမြှုုပ်နှံမှုတွေနဲ့ အတူ နောက်ဆက်တွဲ အလုပ်သမားတွေရဲ့ ဘဝရပ်တည်မှုကိုပါ ထိခိုက်လာနိုင်ကြောင်း မနေ့တုန်းက အွန်လိုင်းက မိန့်ခွန်းပြောရာမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း လုပ်ငန်းတွေကို ပြန်လည်ပတ်ရာမှာ ရောဂါအန္တရာယ် ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေကို တိတိကျကျ လိုက်နာဖို့ လိုအပ်ကြောင်းလည်း သတိပေးထားပါတယ်။

XS
SM
MD
LG