သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္တိုင္းအတြင္း စက္ရံု၊ အလုပ္ရံုမ်ားကန္႔သတ္ခ်က္နဲ႔ျပန္ဖြင့္


ရန္ကုန္ၿမိဳ႕ရွိ စက္မႈဇုန္တခုမွာ အလုပ္လုပ္ေနၾကတဲ့ အလုပ္သမားမ်ား။ (ေမ ၂၈၊ ၂၀၂၀)

[Zawgyi/Unicode]

ကပ္ေရာဂါေၾကာင့္ ရန္ကုန္တိုင္းအတြင္း ယာယီပိတ္ထားရတဲ့ ကုန္ထုတ္လုပ္ငန္းေတြကုိ က်န္းမာေရးလမ္းညႊန္ခ်က္ေတြနဲ႔အညီ ျပန္လည္ လုပ္ကုိင္ခြင့္ ျပဳလုိက္ေပမဲ့ ေရာဂါအႏၱရာယ္ကုိ စုိးရိမ္မႈေတြ ရွိေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအဂၢႏြန္က ေျပာျပပါမယ္။

ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးမႈေတြနဲ႔ ကူးစက္မႈေတြ တုိးေနဆဲ ျဖစ္ေပမဲ့ က်န္းမာေရး လမ္းညႊန္ခ်က္ေတြနဲ႔အညီ လုပ္ငန္းေတြကုိ ဒီကေန႔ကစ ျပန္လုပ္ႏုိင္ေၾကာင္း ခြင့္ျပဳလုိက္တာ ျဖစ္ပါတယ္။ ယာယီ ပိတ္ထားရတဲ့ စက္႐ုံ၊ အလုပ္႐ုံေတြကုိ ျပန္ဖြင့္တဲ့အခါ က်န္းမာေရး ၀န္ႀကီးဌာနက သတ္မွတ္ထားတဲ့ စည္းကမ္းခ်က္ေတြအတုိင္း လုိက္နာဖုိ႔လည္း ညႊန္ၾကားထားပါတယ္။ ဒါေပမဲ့လည္း က်န္းမာေရးဆုိင္ရာ ျပင္ဆင္မႈေတြ အားနည္းေနဆဲ ျဖစ္တာေၾကာင့္ လုပ္ငန္းခြင္ျပန္၀င္ရမွာ စိတ္ပူတယ္လုိ႔ ရန္ကုန္တုိင္း ဆိပ္ကမ္းၿမိဳ႕နယ္ စက္မႈဇုန္က အထည္ခ်ဳပ္အလုပ္သမ မဇင္မင္းထိုက္က ေျပာပါတယ္။

“ညီမအေနနဲ႔ အခုစက္႐ုံကို သြားၾကည့္လိုက္ေတာ့ သူတို႔က အထဲမွာ စစ္ေဆးတာ၊ ဘာေတြလည္း မေတြ႔ဘူး၊ သူတို႔ စာကပ္ထားတာလည္း ပထမ ၆ လပိုင္း ပထမအေခါက္ကဟိုဟာထုတ္ျပန္ထားတဲ့ စာေတြနဲ႔ပဲ ကပ္ထားတာေတြ႔တယ္၊ အဲ့ဒီစာအတိုင္း ညီမတို႔အဲ့ဒီအတိုင္း ဝင္လုပ္မယ္ဆိုလို႔ရွိရင္ အထဲမွာေနၿပီးေတာ့ သူတို႔ ၆ ေပကြာထားတာလည္း မရွိဘူး၊ က်န္းမာေရးနဲ႔ ညီညႊတ္ေအာင္လို႔ လက္သန္႔ေဆးရည္တို႔၊ ႏွာေခါင္းစည္းတို႔လည္း သူတို႔ခ်ဳပ္ေပးထားတဲ့ဟာေတြပဲ ေပးတယ္။ ကိုယ့္ဘာသာကိုယ္ အျပင္မွာ က်န္းမာေရးနဲ႔ ညီညႊတ္တဲ့ ႏွာေခါင္းစည္းမ်ဳိးကို ဝယ္သံုးရတယ္။ ေနာက္ၿပီးေတာ့ ဆပ္ျပာေတြဆိုတာကလည္း အဲ့လုိမ်ဳိးေပါ့ေနာ္ ေရနဲ႔ေရာထားတို႔ အဲ့လိုမ်ဳိးေတြ ထားတဲ့အတြက္ေၾကာင့္ ညီမတို႔အေနနဲ႔ကေတာ့ ဒီကိစၥ က်န္းမာေရးမညီညႊတ္ အရင္တစ္ေခါက္ကလည္း က်န္းမာေရးနဲ႔ မညီညႊတ္ဘူးလို႔ပဲ ျမင္တယ္။ အခုဟာလည္း စက္႐ုံေတြ ျပန္ဖြင့္လို႔ရတယ္၊ ၁၂ ရက္ေန႔ ဆင္းရမယ္ဆိုေပးမယ့္ ညီမတို႔အေနနဲ႔ကေတာ့ လာစစ္ေဆးခ်က္ စစ္တာတို႔ ဘာတို႔လည္း အခုထိ မေတြ႕ရေသးဘူး။”

လုပ္ငန္းေတြ ရပ္နားထားရခ်ိန္မွာ စား၀တ္ေနေရး အခက္ႀကံဳေနရတဲ့ အလုပ္သမားေတြ အေနနဲ႔ ၀င္ေငြရမယ့္ လုပ္ငန္းခြင္ ျပန္၀င္ရမယ့္အတြက္ ၀မ္းသာေနေပမဲ့ ေရာဂါကူးစက္မွာကုိလည္း စုိးရိမ္တယ္လုိ႔ ေတာင္ဒဂုံၿမိဳ႕နယ္ စက္မႈဇုန္က အထပ္သားနဲ႔ သစ္အေခ်ာစက္႐ုံမွာ လုပ္ကိုင္ေနတဲ့ မလဲ့လဲ့ဝင္းေရႊက ေျပာပါတယ္။

“က်န္းမာေရးေတြ၊ ဘာေတြနဲ႔ သူတို႔က ညီညႊတ္မႈက်ေတာ့လည္း မရွိဘူးေလ၊ ဒီမနက္မွ ေဘးစင္တပ္တယ္ အဲ့လိုမ်ဳိးလက္ေဆးဖို႔ ဥစၥာေတြ ဆပ္ျပာေတြ Mask ေတြ အဲ့လိုမ်ဳိးစီစဥ္ေပးတာပါ၊ သူတို႔က ႀကိဳတင္ျပင္ဆင္ထားတယ္ဆိုတာ ဘာတစ္ကြက္မွ မရွိဘူး။ အဲ့လိုမ်ဳိး က်န္းမာေရးကိုက်ေတာ့ ညီမတို႔ စိုးရိမ္မိတယ္၊ အျပင္လူေတြ သူတို႔က အဝင္အထြက္ရွိတယ္ေလး၊ ဟိုဟာေပါ့ေနာ္ သူတို႔ဘက္က က်န္းမာေရးေထာက္ခံခ်က္ေတြ အဲ့လိုမ်ဳိးေတြ မျပႏိုင္ေသးဘူးေလ။ ဘယ္ဌာနကမွ လာၿပီးစစ္ေဆးတာ ဘာေတြမရွိတဲ့အတြက္ ညီမတို႔ စက္႐ုံက ဒီေန႔အေဆာင္ေနအေဆာင္စားေပါ့ေနာ္။ လူဦးေရ ၁၇၀ ရွိတယ္။ အလုပ္မဆင္းဘူး၊ အျပင္က လက္ခစား ေန႔ခအလုပ္သမားေတြက အလုပ္လာဆင္းပါတယ္။”

ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ ႐ုတ္တရက္ တုိးလာရာက စက္တင္ဘာလ ေႏွာင္းပုိင္းမွာပဲ ကုန္ထုတ္လုပ္ငန္းေတြကုိ သီတင္း ၂ ပတ္ၾကာ ရပ္နားထားဖုိ႔ အစုိးရက အမိန္႔ထုတ္ခဲ့တာပါ။ သီတင္း ၂ ပတ္ျပည့္ခဲ့ၿပီးေနာက္ ဒီလဆန္းပုိင္းမွာပဲ ေနာက္ထပ္ သီတင္း ၂ ပတ္ ရပ္နားထားဖုိ႔ သက္တမ္းထပ္တုိးထားေပမဲ့ သတ္မွတ္ထားတဲ့ရက္ မျပည့္ခင္မွာပဲ လုပ္ငန္းေတြ ျပန္လုပ္ခြင့္ျပဳခဲ့တာ ျဖစ္ပါတယ္။

အလုပ္သမားေရး လႈပ္ရွားသူေတြကေတာ့ ကပ္ေရာဂါ အႏၱရာယ္ ရွိေနခ်ိန္မွာ လုပ္ငန္းေတြ ျပန္စခြင့္ျပဳလုိက္တဲ့အေပၚ စုိးရိမ္ေနၾကတာပါ။ အထူးသျဖင့္ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ လမ္းညႊန္ခ်က္ေတြကုိ မလုိက္နာတဲ့ လုပ္ငန္းေတြရွိေနတာေၾကာင့္ လုပ္ငန္းေတြ ျပန္လုပ္ခြင့္ေပးတဲ့ ဆုံးျဖတ္ခ်က္ကုိ လက္မခံႏုိင္ေၾကာင္း ဗမာႏိုင္ငံလံုးဆိုင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႔ခ်ဳပ္ရဲ႕ သတင္းျပန္ၾကားေရးတာဝန္ခံ ေဒၚသက္ထားေဆြက ေျပာပါတယ္။

“တကယ္ ညႊန္ၾကားခ်က္မွာ ပါတဲ့အတိုင္းလဲ A အဆင့္ရမွ တကယ္က်န္းမာေရးနဲ႔ ညီညႊတ္မွ စက္႐ုံေတြ ဖြင့္ပိုင္ခြင့္ေပးမွာလား၊ ဒါကိုညီမတို႔အေနနဲ႔ ေမးခ်င္တယ္၊ တကယ္တန္း ဒီေန႔ဖြင့္ေနတဲ့ စက္႐ုံေတြရွိတယ္။ ပံုမွန္လည္ပတ္ေနတဲ့ႏႈန္းအတိုင္းပဲ ပံုမွန္အလုပ္ဆင္းတဲ့အတိုင္းပဲ။ ဖြင့္ေနတဲ့ စက္႐ုံေတြရွိတယ္၊ က်န္းမာေရးဝန္ႀကီးဌာနက ညႊန္ၾကားထားတဲ့အတိုင္း မလုပ္ေဆာင္ပဲနဲ႔ အလုပ္သမားေတြကုိ ဒီအတိုင္းပဲ လုပ္ငန္းခြင္ထဲကို ျပန္ဝင္ခိုင္းတဲ့အေျခအေနမ်ဳိးကေတာ့ ျဖစ္လည္းမျဖစ္သင့္သလို ညီမအေနနဲ႔က ဒါကို ဆင့္လည္း မဆင္းခ်င္ဘူး၊ လုပ္လည္း မလုပ္ခ်င္ဘူး၊ ဒီထြက္လာတဲ့ ညႊန္ၾကားခ်က္အေပၚေတာင္မွ ညီမတို႔အေနနဲ႔ ကန္႔ကြက္တယ္ေပါ့ေနာ္။”

ျပန္လည္စတင္တဲ့ လုပ္ငန္းေတြမွာ ေရာဂါကူးစက္မႈ အႏၱရာယ္ကုိ ကာကြယ္ႏုိင္ဖုိ႔ အလုပ္သမားေတြ သြားေရးလာေရးကုိ စနစ္တက် စီစဥ္ဖုိ႔ လူခ်င္းခပ္ခြာခြာေနဖုိ႔ ႏွာေခါင္းစည္း၀တ္ဆင္တာ၊ လက္ေဆးတာ၊ ကုိယ္ပူခ်ိန္တုိင္းတာစတဲ့ လမ္းညႊန္ခ်က္ေတြကုိ လုိက္နာဖုိ႔ သက္ဆုိင္ရာက ညႊန္ၾကားထားပါတယ္။ က်န္းမာေရးဝန္ႀကီးဌာန ေျပာခြင့္ရသူ ေဒါက္တာသန္းႏိုင္စိုးကေတာ့ လူအမ်ားအျပား စုေ၀းလုပ္ကုိင္ၾကတဲ့ လုပ္ငန္းေတြမွာ ေရာဂါကူးစက္မႈအႏၱရာယ္ ရွိတာေၾကာင့္ အထူးသတိထားသင့္တယ္လုိ႔ တုိက္တြန္းပါတယ္။

“အဓိကေတာ့ က်ေနာ္တို႔က ဒီအခ်ိန္က မည္သူ႔ဆီမွာ ေရာဂါရွိမွန္းမသိတဲ့ အခ်ိန္ေပါ့ေနာ္၊ စက္႐ုံ၊ အလုပ္႐ုံလုပ္တဲ့ လူနဲ႔ အတူတူေပမဲ့ေပါ့ေနာ္... မည္သူ႔ထံမွာ ပိုးရွိႏိုင္တယ္ဆိုတဲ့အေျခအေနက ေျပာလို႔မရဘူးေပ့ါေနာ္၊ ကိုယ့္မွာလည္း ရွိႏိုင္တယ္၊ သူ႔မွာလည္း ရွိႏိုင္တယ္ေပါ့၊ အဲ့လိုအမ်ားထဲမွာ ခုဏ စက္႐ုံတစ္႐ုံထဲမွာ အလုပ္လုပ္ကိုင္ေနတဲ့ လူေတြက်ေတာ့ ၁,၀၀၀ လည္း ျဖစ္ခ်င္ျဖစ္မယ္၊ တစ္ေနရာဆီက အလုပ္လာလုပ္တဲ့လူလည္းျဖစ္မယ္။ အလုပ္လာတဲ့ လမ္းေၾကာင္းခ်င္းကလည္း တူခ်င္မွတူမယ္ေပါ့ေနာ္၊ ႏွစ္ဘက္ကာကြယ္ရင္ အရမ္းထိေရာက္တယ္၊ အဲ့ေနရာမွာ အထိေရာက္ဆံုးနည္းလမ္းကေတာ့ ဒါအားလံုးသိတဲ့အတိုင္းပဲ Mask တပ္မယ္၊ လက္ေဆးမယ္၊ ခပ္ခြာခြာေနမယ္ေပါ့ေနာ္၊ တခ်ဳိ႕ေနရာေတြက် Mask မျဖစ္မေနခြ်တ္ရတဲ့ေနရာ ဥပမာထမင္းစားတဲ့ေနရာ လံုးဝစုမစားဖို႔လိုပါတယ္၊ Mask ခြ်တ္တဲ့အခ်ိန္က လုပ္ငန္းခြင္အတြင္းမွာ ေရာဂါပိုးအကူးစက္ႏိုင္ဆံုးအခ်ိန္ ျဖစ္ပါတယ္။ အဲ့ဒီအခါက်ေတာ့ ဒီစားဖို႔ ေသာက္ဖို႔ စုၾကၿပီးဆိုရင္ ဒါလံုးဝ ဒီအခ်ိန္မွာ မစုပါနဲ႔ တစ္ဦးတစ္ေယာက္ခ်င္ဆီပဲ စားပါ၊ ျဖစ္နိုင္ရင္ ေလဝင္ေလထြက္ ေကာင္းတဲ့ေနရာမွာ တစ္ဦးတည္း သီးသန္႔ ခပ္ခြာခြာေနၿပီးေတာ့ စားေပါ့၊ ဒါမ်ဳိးကို က်ေနာ္တို႔ အႀကံျပဳလိုပါတယ္၊ အဓိကေတာ့ ခုဏ လုပ္ငန္းခြင္အတြင္းမွာ ကူးစက္ႏုိင္တဲ့ အမ်ားဆံုးကေတာ့ Mask မတပ္ဘဲ ထမင္းစားတဲ့ေနရာပဲ ျဖစ္ပါတယ္။”

ကုိဗစ္ကပ္ေရာဂါေၾကာင့္ လပုိင္းအတြင္း ရာဂဏန္းနဲ႔ခ်ီ ေသဆုံးမႈေတြ တုိးလာခဲ့သလုိ ကူးစက္မႈေတြလည္း ၂၀,၀၀၀ ေက်ာ္အထိ ရွိခဲ့ရာက ရန္ကုန္တုိင္းအတြင္း သြားလာလႈပ္ရွားမႈေတြကုိ ကန္႔သတ္ထားသလုိ အိမ္ျပင္မထြက္ဖုိ႔လည္း အမိန္႔ထုတ္ထားတာပါ။ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ မေန႔တုန္းကလည္း တရက္တည္း ေသဆုံးသူ အမ်ားဆုံးအျဖစ္ ၅၀ နီးပါး ရွိခဲ့တာေၾကာင့္ စုစုေပါင္း ေသဆုံးသူ အေရအတြက္ဟာလည္း ၆၀၀ ေက်ာ္ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရန်ကုန်တိုင်းအတွင်း စက်ရုံ၊ အလုပ်ရုံများကန့်သတ်ချက်နဲ့ပြန်ဖွင့်

ကပ်ရောဂါကြောင့် ရန်ကုန်တိုင်းအတွင်း ယာယီပိတ်ထားရတဲ့ ကုန်ထုတ်လုပ်ငန်းတွေကို ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီ ပြန်လည် လုပ်ကိုင်ခွင့် ပြုလိုက်ပေမဲ့ ရောဂါအန္တရာယ်ကို စိုးရိမ်မှုတွေ ရှိနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က ပြောပြပါမယ်။

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးမှုတွေနဲ့ ကူးစက်မှုတွေ တိုးနေဆဲ ဖြစ်ပေမဲ့ ကျန်းမာရေး လမ်းညွှန်ချက်တွေနဲ့အညီ လုပ်ငန်းတွေကို ဒီကနေ့ကစ ပြန်လုပ်နိုင်ကြောင်း ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ ယာယီ ပိတ်ထားရတဲ့ စက်ရုံ၊ အလုပ်ရုံတွေကို ပြန်ဖွင့်တဲ့အခါ ကျန်းမာရေး ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း လိုက်နာဖို့လည်း ညွှန်ကြားထားပါတယ်။ ဒါပေမဲ့လည်း ကျန်းမာရေးဆိုင်ရာ ပြင်ဆင်မှုတွေ အားနည်းနေဆဲ ဖြစ်တာကြောင့် လုပ်ငန်းခွင်ပြန်ဝင်ရမှာ စိတ်ပူတယ်လို့ ရန်ကုန်တိုင်း ဆိပ်ကမ်းမြို့နယ် စက်မှုဇုန်က အထည်ချုပ်အလုပ်သမ မဇင်မင်းထိုက်က ပြောပါတယ်။

“ညီမအနေနဲ့ အခုစက်ရုံကို သွားကြည့်လိုက်တော့ သူတို့က အထဲမှာ စစ်ဆေးတာ၊ ဘာတွေလည်း မတွေ့ဘူး၊ သူတို့ စာကပ်ထားတာလည်း ပထမ ၆ လပိုင်း ပထမအခေါက်ကဟိုဟာထုတ်ပြန်ထားတဲ့ စာတွေနဲ့ပဲ ကပ်ထားတာတွေ့တယ်၊ အဲ့ဒီစာအတိုင်း ညီမတို့အဲ့ဒီအတိုင်း ဝင်လုပ်မယ်ဆိုလို့ရှိရင် အထဲမှာနေပြီးတော့ သူတို့ ၆ ပေကွာထားတာလည်း မရှိဘူး၊ ကျန်းမာရေးနဲ့ ညီညွှတ်အောင်လို့ လက်သန့်ဆေးရည်တို့၊ နှာခေါင်းစည်းတို့လည်း သူတို့ချုပ်ပေးထားတဲ့ဟာတွေပဲ ပေးတယ်။ ကိုယ့်ဘာသာကိုယ် အပြင်မှာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ နှာခေါင်းစည်းမျိုးကို ဝယ်သုံးရတယ်။ နောက်ပြီးတော့ ဆပ်ပြာတွေဆိုတာကလည်း အဲ့လိုမျိုးပေါ့နော် ရေနဲ့ရောထားတို့ အဲ့လိုမျိုးတွေ ထားတဲ့အတွက်ကြောင့် ညီမတို့အနေနဲ့ကတော့ ဒီကိစ္စ ကျန်းမာရေးမညီညွှတ် အရင်တစ်ခေါက်ကလည်း ကျန်းမာရေးနဲ့ မညီညွှတ်ဘူးလို့ပဲ မြင်တယ်။ အခုဟာလည်း စက်ရုံတွေ ပြန်ဖွင့်လို့ရတယ်၊ ၁၂ ရက်နေ့ ဆင်းရမယ်ဆိုပေးမယ့် ညီမတို့အနေနဲ့ကတော့ လာစစ်ဆေးချက် စစ်တာတို့ ဘာတို့လည်း အခုထိ မတွေ့ရသေးဘူး။”

လုပ်ငန်းတွေ ရပ်နားထားရချိန်မှာ စားဝတ်နေရေး အခက်ကြုံနေရတဲ့ အလုပ်သမားတွေ အနေနဲ့ ဝင်ငွေရမယ့် လုပ်ငန်းခွင် ပြန်ဝင်ရမယ့်အတွက် ဝမ်းသာနေပေမဲ့ ရောဂါကူးစက်မှာကိုလည်း စိုးရိမ်တယ်လို့ တောင်ဒဂုံမြို့နယ် စက်မှုဇုန်က အထပ်သားနဲ့ သစ်အချောစက်ရုံမှာ လုပ်ကိုင်နေတဲ့ မလဲ့လဲ့ဝင်းရွှေက ပြောပါတယ်။

“ကျန်းမာရေးတွေ၊ ဘာတွေနဲ့ သူတို့က ညီညွှတ်မှုကျတော့လည်း မရှိဘူးလေ၊ ဒီမနက်မှ ဘေးစင်တပ်တယ် အဲ့လိုမျိုးလက်ဆေးဖို့ ဥစ္စာတွေ ဆပ်ပြာတွေ Mask တွေ အဲ့လိုမျိုးစီစဉ်ပေးတာပါ၊ သူတို့က ကြိုတင်ပြင်ဆင်ထားတယ်ဆိုတာ ဘာတစ်ကွက်မှ မရှိဘူး။ အဲ့လိုမျိုး ကျန်းမာရေးကိုကျတော့ ညီမတို့ စိုးရိမ်မိတယ်၊ အပြင်လူတွေ သူတို့က အဝင်အထွက်ရှိတယ်လေး၊ ဟိုဟာပေါ့နော် သူတို့ဘက်က ကျန်းမာရေးထောက်ခံချက်တွေ အဲ့လိုမျိုးတွေ မပြနိုင်သေးဘူးလေ။ ဘယ်ဌာနကမှ လာပြီးစစ်ဆေးတာ ဘာတွေမရှိတဲ့အတွက် ညီမတို့ စက်ရုံက ဒီနေ့အဆောင်နေအဆောင်စားပေါ့နော်။ လူဦးရေ ၁၇၀ ရှိတယ်။ အလုပ်မဆင်းဘူး၊ အပြင်က လက်ခစား နေ့ခအလုပ်သမားတွေက အလုပ်လာဆင်းပါတယ်။”

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ရုတ်တရက် တိုးလာရာက စက်တင်ဘာလ နှောင်းပိုင်းမှာပဲ ကုန်ထုတ်လုပ်ငန်းတွေကို သီတင်း ၂ ပတ်ကြာ ရပ်နားထားဖို့ အစိုးရက အမိန့်ထုတ်ခဲ့တာပါ။ သီတင်း ၂ ပတ်ပြည့်ခဲ့ပြီးနောက် ဒီလဆန်းပိုင်းမှာပဲ နောက်ထပ် သီတင်း ၂ ပတ် ရပ်နားထားဖို့ သက်တမ်းထပ်တိုးထားပေမဲ့ သတ်မှတ်ထားတဲ့ရက် မပြည့်ခင်မှာပဲ လုပ်ငန်းတွေ ပြန်လုပ်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

အလုပ်သမားရေး လှုပ်ရှားသူတွေကတော့ ကပ်ရောဂါ အန္တရာယ် ရှိနေချိန်မှာ လုပ်ငန်းတွေ ပြန်စခွင့်ပြုလိုက်တဲ့အပေါ် စိုးရိမ်နေကြတာပါ။ အထူးသဖြင့် ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေကို မလိုက်နာတဲ့ လုပ်ငန်းတွေရှိနေတာကြောင့် လုပ်ငန်းတွေ ပြန်လုပ်ခွင့်ပေးတဲ့ ဆုံးဖြတ်ချက်ကို လက်မခံနိုင်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ဒေါ်သက်ထားဆွေက ပြောပါတယ်။

“တကယ် ညွှန်ကြားချက်မှာ ပါတဲ့အတိုင်းလဲ A အဆင့်ရမှ တကယ်ကျန်းမာရေးနဲ့ ညီညွှတ်မှ စက်ရုံတွေ ဖွင့်ပိုင်ခွင့်ပေးမှာလား၊ ဒါကိုညီမတို့အနေနဲ့ မေးချင်တယ်၊ တကယ်တန်း ဒီနေ့ဖွင့်နေတဲ့ စက်ရုံတွေရှိတယ်။ ပုံမှန်လည်ပတ်နေတဲ့နှုန်းအတိုင်းပဲ ပုံမှန်အလုပ်ဆင်းတဲ့အတိုင်းပဲ။ ဖွင့်နေတဲ့ စက်ရုံတွေရှိတယ်၊ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားတဲ့အတိုင်း မလုပ်ဆောင်ပဲနဲ့ အလုပ်သမားတွေကို ဒီအတိုင်းပဲ လုပ်ငန်းခွင်ထဲကို ပြန်ဝင်ခိုင်းတဲ့အခြေအနေမျိုးကတော့ ဖြစ်လည်းမဖြစ်သင့်သလို ညီမအနေနဲ့က ဒါကို ဆင့်လည်း မဆင်းချင်ဘူး၊ လုပ်လည်း မလုပ်ချင်ဘူး၊ ဒီထွက်လာတဲ့ ညွှန်ကြားချက်အပေါ်တောင်မှ ညီမတို့အနေနဲ့ ကန့်ကွက်တယ်ပေါ့နော်။”

ပြန်လည်စတင်တဲ့ လုပ်ငန်းတွေမှာ ရောဂါကူးစက်မှု အန္တရာယ်ကို ကာကွယ်နိုင်ဖို့ အလုပ်သမားတွေ သွားရေးလာရေးကို စနစ်တကျ စီစဉ်ဖို့ လူချင်းခပ်ခွာခွာနေဖို့ နှာခေါင်းစည်းဝတ်ဆင်တာ၊ လက်ဆေးတာ၊ ကိုယ်ပူချိန်တိုင်းတာစတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာဖို့ သက်ဆိုင်ရာက ညွှန်ကြားထားပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာသန်းနိုင်စိုးကတော့ လူအများအပြား စုဝေးလုပ်ကိုင်ကြတဲ့ လုပ်ငန်းတွေမှာ ရောဂါကူးစက်မှုအန္တရာယ် ရှိတာကြောင့် အထူးသတိထားသင့်တယ်လို့ တိုက်တွန်းပါတယ်။

“အဓိကတော့ ကျနော်တို့က ဒီအချိန်က မည်သူ့ဆီမှာ ရောဂါရှိမှန်းမသိတဲ့ အချိန်ပေါ့နော်၊ စက်ရုံ၊ အလုပ်ရုံလုပ်တဲ့ လူနဲ့ အတူတူပေမဲ့ပေါ့နော်... မည်သူ့ထံမှာ ပိုးရှိနိုင်တယ်ဆိုတဲ့အခြေအနေက ပြောလို့မရဘူးပေ့ါနော်၊ ကိုယ့်မှာလည်း ရှိနိုင်တယ်၊ သူ့မှာလည်း ရှိနိုင်တယ်ပေါ့၊ အဲ့လိုအများထဲမှာ ခုဏ စက်ရုံတစ်ရုံထဲမှာ အလုပ်လုပ်ကိုင်နေတဲ့ လူတွေကျတော့ ၁,၀၀၀ လည်း ဖြစ်ချင်ဖြစ်မယ်၊ တစ်နေရာဆီက အလုပ်လာလုပ်တဲ့လူလည်းဖြစ်မယ်။ အလုပ်လာတဲ့ လမ်းကြောင်းချင်းကလည်း တူချင်မှတူမယ်ပေါ့နော်၊ နှစ်ဘက်ကာကွယ်ရင် အရမ်းထိရောက်တယ်၊ အဲ့နေရာမှာ အထိရောက်ဆုံးနည်းလမ်းကတော့ ဒါအားလုံးသိတဲ့အတိုင်းပဲ Mask တပ်မယ်၊ လက်ဆေးမယ်၊ ခပ်ခွာခွာနေမယ်ပေါ့နော်၊ တချို့နေရာတွေကျ Mask မဖြစ်မနေချွတ်ရတဲ့နေရာ ဥပမာထမင်းစားတဲ့နေရာ လုံးဝစုမစားဖို့လိုပါတယ်၊ Mask ချွတ်တဲ့အချိန်က လုပ်ငန်းခွင်အတွင်းမှာ ရောဂါပိုးအကူးစက်နိုင်ဆုံးအချိန် ဖြစ်ပါတယ်။ အဲ့ဒီအခါကျတော့ ဒီစားဖို့ သောက်ဖို့ စုကြပြီးဆိုရင် ဒါလုံးဝ ဒီအချိန်မှာ မစုပါနဲ့ တစ်ဦးတစ်ယောက်ချင်ဆီပဲ စားပါ၊ ဖြစ်နိုင်ရင် လေဝင်လေထွက် ကောင်းတဲ့နေရာမှာ တစ်ဦးတည်း သီးသန့် ခပ်ခွာခွာနေပြီးတော့ စားပေါ့၊ ဒါမျိုးကို ကျနော်တို့ အကြံပြုလိုပါတယ်၊ အဓိကတော့ ခုဏ လုပ်ငန်းခွင်အတွင်းမှာ ကူးစက်နိုင်တဲ့ အများဆုံးကတော့ Mask မတပ်ဘဲ ထမင်းစားတဲ့နေရာပဲ ဖြစ်ပါတယ်။”

ကိုဗစ်ကပ်ရောဂါကြောင့် လပိုင်းအတွင်း ရာဂဏန်းနဲ့ချီ သေဆုံးမှုတွေ တိုးလာခဲ့သလို ကူးစက်မှုတွေလည်း ၂၀,၀၀၀ ကျော်အထိ ရှိခဲ့ရာက ရန်ကုန်တိုင်းအတွင်း သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ထားသလို အိမ်ပြင်မထွက်ဖို့လည်း အမိန့်ထုတ်ထားတာပါ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မနေ့တုန်းကလည်း တရက်တည်း သေဆုံးသူ အများဆုံးအဖြစ် ၅၀ နီးပါး ရှိခဲ့တာကြောင့် စုစုပေါင်း သေဆုံးသူ အရေအတွက်ဟာလည်း ၆၀၀ ကျော် ရှိနေပါတယ်။

XS
SM
MD
LG