သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအလုပ္သမားေတြကို ေငြေၾကးလိမ္လည္စဲြခ်က္နဲ႔ ထိုင္းလုပ္ငန္းရွင္တဦးဖမ္းဆီးခံရ


AAC အဖြဲ႕ေတြက ျမန္မာအလုပ္သမားေတြနဲ႔အတူ ရဲစခန္းမွာ အမႈတိုင္ၾကားခဲ့တဲ့ ျမင္ကြင္း။ (ဓာတ္ပုံ - AAC)

[Zawgyi/Unicode]

ထိုင္းႏိုင္ငံ အလယ္ပုိင္း စမုပရာကမ္ခရိုင္မွာ ျမန္မာႏုိင္ငံသားေတြအေပၚ လိမ္လည္မႈေတြ က်ဳးလြန္ခဲ့တယ္လုိ႔ စြပ္စဲြထားတဲ့ ထိုင္းကုမၸဏီတခုကုိ အာဏာပုိင္ေတြ ၀င္ေရာက္စီးနင္းခဲ့ျပီး၊ တာ၀န္ရွိသူ ထုိင္းအမ်ဳိးသမီးကုိ အေရးယူဖုိ႔ ႀကိဳးပမ္းေနၾကတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ၿပီးခဲ့တဲ့ သတင္းပတ္က AAC အဖြဲ႕ေတြက ျမန္မာအလုပ္သမားေတြနဲ႔အတူ ရဲစခန္းမွာ အမႈတိုင္ၾကားခဲ့တဲ့ ျမင္ကြင္း။ (ဓာတ္ပုံ - AAC)
ၿပီးခဲ့တဲ့ သတင္းပတ္က AAC အဖြဲ႕ေတြက ျမန္မာအလုပ္သမားေတြနဲ႔အတူ ရဲစခန္းမွာ အမႈတိုင္ၾကားခဲ့တဲ့ ျမင္ကြင္း။ (ဓာတ္ပုံ - AAC)

ထိုင္း နိုင္ငံ စမုပရာကမ္ ခရိုင္ ဘန္႔ပီၿမိဳ႕က KPS Management Company Limited, ကုမၸဏီဖြင့္ထားတဲ့ ေနအိမ္ကို နယ္ေျမခံရဲတပ္ဖြဲ႔၊ လူ၀င္မႈႀကီးၾကပ္ေရးနဲ႔ အလုပ္သမားေရးအဖြဲ႔ေတြ ပူးေပါင္းျပီး ျပီးခဲ့တဲ့ သီတင္းပတ္ကပဲ ၀င္ေရာက္စီးနင္းရွာေဖြခဲ့ၿပီး တာ၀န္ရွိသူ အမ်ဳိးသမီးကုိ ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။ ဖမ္းဆီးထားသူ အမ်ဳိးသမီးကုိေတာ့ ျမန္မာအလုပ္သမားေတြအေပၚ ေငြလိမ္လည္မႈနဲ႔ အေရးယူႏုိင္ဖုိ႔ ႀကိဳးပမ္းေနတယ္လုိ႔လည္း ျမန္မာအလုပ္သမားေရး လႈပ္ရွားေနတဲ့ AAC မဟာမိတ္အဖြဲ ့ရဲ ့ေျပာေရးဆိုခြင့္ရွိသူ ကုိရဲမင္းကေျပာပါတယ္။

"အေထာက္အထားေတြ သက္တမ္းတိုးေပးမယ္ဆုိျပီး ပတ္စ္ပို႔ အက်ိဳးေဆာင္ရံုးဖြင့္တယ္။ ဖြင့္ျပီးေတာ့ ျမန္မာအလုပ္သမားေတြဆီကေန တဦးကုိ ဘတ္ေငြ ၁၇,၀၀၀ ေလာက္ကေန ၁၈,၅၀၀ ေလာက္ထိ ႀကိဳတင္ေတာင္းခံတယ္။ တခ်ိဳ႕ကုိ ဗီဇာသက္တမ္းတုိးေပးတယ္။ တခ်ိဳ႕ကုိေတာ့ ဗီဇာေရာ၊ အလုပ္လုပ္ခြင့္လက္မွတ္ကိုေရာ ဘာမွမလုပ္ေပးဘူး။ က်ေနာ္တို႔ ေအေအစီကို တုိင္တယ္။ က်ေနာ္တို႔က ရဲစခန္းကုိ တိုင္ၾကားေပးတယ္။ အမႈဖြင့္တုိင္ၾကားေပးျပီးတဲ့ေနာက္မွာေတာ့ ရဲက ေနာက္တေန႔မွာ အဲဒီအမ်ိဳးသမီးကို ဖမ္းလိုက္တယ္။ က်ေနာ္တို႔ သိရသေလာက္ကေတာ့ ထုိင္းရဲအရာရွိတဦးရဲ႕ ဇနီးလို႔ သိရပါတယ္။"

သူမရဲ႕ ေနအိမ္အတြင္းမွာ အလုပ္ေလွ်ာက္ဗီဇာ သက္တမ္းစာရြတ္စာတမ္းေတြကို သိမ္းဆည္းခဲ့ျပီး ေငြေၾကးလိမ္လည္တယ္လုိ႔ စြပ္စဲြခံထားရတဲ့ အမ်ိဳးသမီးကိုေတာ့ ရဲစခန္းကို ေခၚေဆာင္သြားျပီး ဆက္လက္စစ္ေဆးေနပါတယ္။

နယ္ေျမခံရဲတပ္ဖြဲ ့မွဴး Noppadon Changruen ကေတာ့ ရဲတပ္ဖြဲ ့ စစ္ေဆးခ်က္ေတြအရ အလုပ္သမားေတြကို ျပည္၀င္ခြင့္ဗီဇာ လက္ခံလုပ္ေပးေနတာ မွန္ေပမဲ့ ကုိယ္တုိင္ေငြေၾကး လက္ခံရယူတာ မရွိေၾကာင္း ျငင္းဆိုထားတယ္လုိ႔ သတင္းေထာက္ေတြကုိ ေျပာဆုိထားပါတယ္။

အမႈမွာအလုပ္သမားေတြအတြက္ လိုက္ပါေဆာင္ရြက္ေပးေနတဲ့ ထုိင္းလူအခြင့္ေရွ႕ေန နိုင္အခ်ရီယကေတာ့ ဥပေဒနဲ႔အညီ တရားမွ်တမႈရေအာင္ ႀကိဳးပမ္းမယ့္အေၾကာင္း အခုလုိေျပာပါတယ္။

"အသက္ ၄၅ ႏွစ္အရြယ္ ထိုင္းနိုင္ငံသူ Ms. Wasana Wongkhamjan ၂၀၁၉ ႏွစ္စပိုင္းကတဲက ျမန္မာအလုပ္သမားေတြရဲ႕ အလုပ္ဗီဇာသက္တမ္းတိုးေပးဖို႔ တစ္ဦးကို ထိုင္းဘတ္ေငြ ၁၉,၀၀၀ ေက်ာ္ လက္ခံယူထားခဲ့ျပီးဘာမွ လုပ္မေပးခဲ့ဘဲ ကုိဗစ္-၁၉ ကပ္ေရာဂါအေၾကာင္းျပခ်က္နဲ႔ ဆိုင္းငံ့ထားရာက ေငြကိုလည္း ျပန္ေပးတာမ်ိဳးမရွိခဲ့တာေၾကာင့္ ျမန္မာအလုပ္သမား ၃၀၀ ေက်ာ္ဟာ ေရွ႕ေနၾကီး အခ်ရီယကို တရားစြဲေပးဖို႔ အကူညီေတာင္းခဲ့တာလို့ဆုိပါတယ္။ သူမဟာ ဘယ္သူပဲျဖစ္ျဖစ္ ဘယ္ေလာက္ပဲ အရွိန္အ၀ါရွိရွိ တရားဥပေဒ ခ်ိဳးေဖါက္ေနသူဆိုရင္ တရားစြဲနိုင္ေအာင္ လုပ္ေဆာင္သြားမယ္လို႔ လူအခြင့္ေရးေရွ႕ေနၾကီး အခ်ရီရက ထုိင္းဘာသာနဲ႔ ေျပာဆိုသြားတာ ျဖစ္ပါတယ္။"

ထိုင္းႏို္င္ငံမွာ ျမန္မာအလုပ္သမား ၃,၀၀၀,၀၀၀ ထက္မနည္း အလုပ္လုပ္ကုိင္ေနၾကတာျဖစ္ျပီး ကုိဗစ္ကပ္ေရာဂါကာလမွာ အလုပ္လုပ္ခြင့္လက္မွတ္ေတြ သက္တမ္းတုိးႏိုင္ဖို႔က အလုပ္သမားေတြအတြက္ အခက္အခဲရွိေနၾကတာပါ။ အခုလိုမ်ိဳး ကုမၸဏီေတြပဲြစားေတြက အဆမတန္ ေငြေၾကးေကာက္ခံတာမ်ိဳး လိမ္လည္တာမ်ိဳးေတြကိုလည္း မၾကာခဏ ၾကံဳရျပီး တခ်ိဳ႕အလုပ္သမားေတြဟာ သက္တမ္းမတိုးႏိုင္ၾကေတာ့ဘဲ တရားမ၀င္အလုပ္သမားေတြလည္း ျဖစ္သြားၾကရသူေတြလည္း ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာအလုပ်သမားတွေကို ငွေကြေးလိမ်လည်စွဲချက်နဲ့ ထိုင်းလုပ်ငန်းရှင်တဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ အလယ်ပိုင်း စမုပရာကမ်ခရိုင်မှာ မြန်မာနိုင်ငံသားတွေအပေါ် လိမ်လည်မှုတွေ ကျုးလွန်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ ထိုင်းကုမ္ပဏီတခုကို အာဏာပိုင်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး၊ တာဝန်ရှိသူ ထိုင်းအမျိုးသမီးကို အရေးယူဖို့ ကြိုးပမ်းနေကြတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် အေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း နိုင်ငံ စမုပရာကမ် ခရိုင် ဘန့်ပီမြို့က KPS Management Company Limited, ကုမ္ပဏီဖွင့်ထားတဲ့ နေအိမ်ကို နယ်မြေခံရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အလုပ်သမားရေးအဖွဲ့တွေ ပူးပေါင်းပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ ဝင်ရောက်စီးနင်းရှာဖွေခဲ့ပြီး တာဝန်ရှိသူ အမျိုးသမီးကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးထားသူ အမျိုးသမီးကိုတော့ မြန်မာအလုပ်သမားတွေအပေါ် ငွေလိမ်လည်မှုနဲ့ အရေးယူနိုင်ဖို့ ကြိုးပမ်းနေတယ်လို့လည်း မြန်မာအလုပ်သမားရေး လှုပ်ရှားနေတဲ့ AAC မဟာမိတ်အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းကပြောပါတယ်။

"အထောက်အထားတွေ သက်တမ်းတိုးပေးမယ်ဆိုပြီး ပတ်စ်ပို့ အကျိုးဆောင်ရုံးဖွင့်တယ်။ ဖွင့်ပြီးတော့ မြန်မာအလုပ်သမားတွေဆီကနေ တဦးကို ဘတ်ငွေ ၁၇,၀၀၀ လောက်ကနေ ၁၈,၅၀၀ လောက်ထိ ကြိုတင်တောင်းခံတယ်။ တချို့ကို ဗီဇာသက်တမ်းတိုးပေးတယ်။ တချို့ကိုတော့ ဗီဇာရော၊ အလုပ်လုပ်ခွင့်လက်မှတ်ကိုရော ဘာမှမလုပ်ပေးဘူး။ ကျနော်တို့ အေအေစီကို တိုင်တယ်။ ကျနော်တို့က ရဲစခန်းကို တိုင်ကြားပေးတယ်။ အမှုဖွင့်တိုင်ကြားပေးပြီးတဲ့နောက်မှာတော့ ရဲက နောက်တနေ့မှာ အဲဒီအမျိုးသမီးကို ဖမ်းလိုက်တယ်။ ကျနော်တို့ သိရသလောက်ကတော့ ထိုင်းရဲအရာရှိတဦးရဲ့ ဇနီးလို့ သိရပါတယ်။"

သူမရဲ့ နေအိမ်အတွင်းမှာ အလုပ်လျှောက်ဗီဇာ သက်တမ်းစာရွတ်စာတမ်းတွေကို သိမ်းဆည်းခဲ့ပြီး ငွေကြေးလိမ်လည်တယ်လို့ စွပ်စွဲခံထားရတဲ့ အမျိုးသမီးကိုတော့ ရဲစခန်းကို ခေါ်ဆောင်သွားပြီး ဆက်လက်စစ်ဆေးနေပါတယ်။

နယ်မြေခံရဲတပ်ဖွဲ့မှူး Noppadon Changruen ကတော့ ရဲတပ်ဖွဲ့ စစ်ဆေးချက်တွေအရ အလုပ်သမားတွေကို ပြည်ဝင်ခွင့်ဗီဇာ လက်ခံလုပ်ပေးနေတာ မှန်ပေမဲ့ ကိုယ်တိုင်ငွေကြေး လက်ခံရယူတာ မရှိကြောင်း ငြင်းဆိုထားတယ်လို့ သတင်းထောက်တွေကို ပြောဆိုထားပါတယ်။

အမှုမှာအလုပ်သမားတွေအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ထိုင်းလူအခွင့်ရှေ့နေ နိုင်အချရီယကတော့ ဥပဒေနဲ့အညီ တရားမျှတမှုရအောင် ကြိုးပမ်းမယ့်အကြောင်း အခုလိုပြောပါတယ်။

"အသက် ၄၅ နှစ်အရွယ် ထိုင်းနိုင်ငံသူ Ms. Wasana Wongkhamjan ၂၀၁၉ နှစ်စပိုင်းကတဲက မြန်မာအလုပ်သမားတွေရဲ့ အလုပ်ဗီဇာသက်တမ်းတိုးပေးဖို့ တစ်ဦးကို ထိုင်းဘတ်ငွေ ၁၉,၀၀၀ ကျော် လက်ခံယူထားခဲ့ပြီးဘာမှ လုပ်မပေးခဲ့ဘဲ ကိုဗစ်-၁၉ ကပ်ရောဂါအကြောင်းပြချက်နဲ့ ဆိုင်းငံ့ထားရာက ငွေကိုလည်း ပြန်ပေးတာမျိုးမရှိခဲ့တာကြောင့် မြန်မာအလုပ်သမား ၃၀၀ ကျော်ဟာ ရှေ့နေကြီး အချရီယကို တရားစွဲပေးဖို့ အကူညီတောင်းခဲ့တာလို့ဆိုပါတယ်။ သူမဟာ ဘယ်သူပဲဖြစ်ဖြစ် ဘယ်လောက်ပဲ အရှိန်အဝါရှိရှိ တရားဥပဒေ ချိုးဖေါက်နေသူဆိုရင် တရားစွဲနိုင်အောင် လုပ်ဆောင်သွားမယ်လို့ လူအခွင့်ရေးရှေ့နေကြီး အချရီရက ထိုင်းဘာသာနဲ့ ပြောဆိုသွားတာ ဖြစ်ပါတယ်။"

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၃,၀၀၀,၀၀၀ ထက်မနည်း အလုပ်လုပ်ကိုင်နေကြတာဖြစ်ပြီး ကိုဗစ်ကပ်ရောဂါကာလမှာ အလုပ်လုပ်ခွင့်လက်မှတ်တွေ သက်တမ်းတိုးနိုင်ဖို့က အလုပ်သမားတွေအတွက် အခက်အခဲရှိနေကြတာပါ။ အခုလိုမျိုး ကုမ္ပဏီတွေပွဲစားတွေက အဆမတန် ငွေကြေးကောက်ခံတာမျိုး လိမ်လည်တာမျိုးတွေကိုလည်း မကြာခဏ ကြုံရပြီး တချို့အလုပ်သမားတွေဟာ သက်တမ်းမတိုးနိုင်ကြတော့ဘဲ တရားမဝင်အလုပ်သမားတွေလည်း ဖြစ်သွားကြရသူတွေလည်း ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG