သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာျပည္ကျပန္လာတဲ့ ထုိင္းလုပ္ငန္းရွင္မွာ ကုိဗစ္ကူးစက္ေန


ထိုင္းအာဏာပုိင္ေတြက ထုိင္းႏိုင္ငံသား ကုိဗစ္လူနာနဲ႔ ပတ္သက္လို႔ သတင္းစာရွင္းလင္းပဲြျပဳလုပ္ခဲ့ပံု (VOA)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ကိုဗစ္ကပ္ေရာဂါကူးစက္မႈေတြ တိုးလာေနတာေၾကာင့္ ထုိင္းႏုိင္ငံက ကူးစက္မႈေတြ ပ်ံ႕ႏွံ႔မလာေအာင္ ထိန္းခ်ဳပ္ေနခ်ိန္မွာပဲ ျမ၀တီျမိဳ႕ကေန မဲေဆာက္ၿမိဳ႕ကုိ ျပန္လာတဲ့ ထိုင္းလုပ္ငန္းရွင္တစ္ဦး ေရာဂါကူးစက္ေနတာကုိ စစ္ေဆးေတ႔ြရွိခဲ့တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ျမန္မာႏုိင္ငံ ျမ၀တီၿမိဳ႕ကေန ထုိင္းႏုိင္ငံ မဲေဆာက္ၿမိဳ႕ကုိ ၿပီးခဲ့တဲ့လထဲမွာပဲ ျပန္လာတဲ့ စီးပြားေရးလုပ္ငန္းရွင္တေယာက္မွာ ကုိဗစ္ေရာဂါပုိး ကူးစက္ေနတာ ေတြ႔ရွိတဲ့အေၾကာင္း တာခ့္ ခရိုင္ မဲေဆာက္ၿမိဳ႕ ဒုတိယအုပ္ခ်ဳပ္ေရးမွဴး Mr.Somchai Kitchareonrungroj၊ နိုင္စုန္ခ်ိဳင္း ကစ္က်လန္ နဲ ့ ခရိုင္က်န္းမာေရးမွဳး Puri Chat Yingrungsan တို႔က အတည္ျပဳ ေျပာဆုိလုိက္ၾကတာပါ။

"အသက္ ၅၃ နွစ္အရြယ္ ထိုင္းနိုင္ငံသားဟာ စက္တင္ဘာလ ၂၂ ရက္ေန ့က မဲေဆာက္-ျမ၀တီ ခ်စ္ၾကည္ေရးတံတားအမွတ္ (၂) ကေန ျပန္၀င္ေရာက္လာခဲ့ျပီး သူ ့ကို ေစာင့္ၾကည့္ ၁၄ ရက္ ကာလ မွာ ေရာဂါလကၡဏာ မျပ ကိုယ္အပူခ်ိန္လည္း မရွိခဲ့ေပမဲ့ ကိုဗစ္ေရာဂါပိုး ကူးစက္ေနတာကုိ စစ္ေဆးအတည္ျပဳႏုိင္ခဲ့ေၾကာင္း တာ့ခ္ခရိုင္က်န္းမာေရးမွဴးက မေန႔တုန္းက သတင္းစာရွင္းလင္းပဲြမွာ ထုိင္းဘာသာနဲ႔ ေျပာသြားတာပါ။"

ေရာဂါကူးစက္ခံထားရတဲ့ ထိုုင္းနိုင္ငံသားကိုေတာ့ ေဒသခံေဆး႐ုံမွာ ကုသေပးထားေၾကာင္းလည္း ေျပာပါတယ္။ ထုိင္းႏုိင္ငံမဲေဆာက္ၿမိဳ႕နဲ႔ ကပ္လ်က္ရွိေနတဲ့ ျမန္မာႏုိင္ငံ ျမ၀တီဘက္မွာ ေသဆုံးသူ တဦးအပါအ၀င္ ေရာဂါကူးစက္မႈ သတင္းေတြေၾကာင့္ ထုိင္းႏုိင္ငံဘက္မွာ စုိးရိမ္မႈေတြလည္း ရွိေနပါတယ္။

နယ္စပ္ၿမိဳ႕ျဖစ္တဲ့ ျမ၀တီၿမိဳ႕က ေဆးရံုအုပ္ႀကီးေဒါက္တာနႏၵ၀င္းကေတာ့ ကပ္ေရာဂါကူးစက္မႈ အေျခအေနနဲ႔ ပတ္သက္လုိ႔ ေနာက္ဆုံးအေျခအေနကုိ အခုလုိရွင္းျပပါတယ္။

"က်ေနာ္တို႔ မေန႔ကထိ ၅ေယာက္ ဒီေန႔ေန႔လယ္မွာ တဦးထပ္တုိးေတာ့ ၆ေယာက္ရိွပါတယ္။ တေယာက္က ေဆးရံုက ဆင္းပါတယ္။ ေဆးရံုမွာအတြင္း လူနာလက္ရွိ ၅ ဦးပါ။ ျမ၀တီျမိဳ႕ခံ ရန္ကုန္ျမိဳ႕က ျပန္လာတာက ၃ေယာက္၊ က်န္တဲ့ ၃ေယာက္က လွည္ကူးက တေယာက္၊ ပန္းပဲတန္းက တေယာက္၊ ၾကည့္ျမင္တုိင္က တေယာက္ပါခင္ဗ်ာ။"

တာ့ခ္ခရိုင္က်န္းမာေရးမွဴးကေတာ့ ေရာဂါကူးစက္မႈ အႏၱရာယ္ကုိ သတိထားဖုိ႔ ေျပာဆုိခဲ့ေပမဲ့ အထိတ္တလန္႔ မျဖစ္ၾကဖုိ႔နဲ႔ ကိုဗစ္ေရာဂါ ကာကြယ္ေရး နည္းလမ္းေတြကို လိုက္နာက်င့္သံုးဖုိ႔လည္း တုိက္တြန္းထားပါတယ္။ ျမန္မာႏုိင္ငံဘက္မွာ ေရာဂါကူးစက္မႈေတြ တုိးလာရာက ထုိင္းႏုိင္ငံက နယ္စပ္တေလွ်ာက္ၿမိဳ႕ေတြမွာ လုံၿခံဳေရးတင္းၾကပ္ထားၿပီး ကုန္သြယ္မႈေတြနဲ႔ အသြားအလာေတြကုိလည္း ကန္႔သတ္ထားပါတယ္။ ႏွစ္ ႏုိင္ငံ နယ္စပ္ကုိ တရားမ၀င္ ျဖတ္ေက်ာ္သူေတြကုိလည္း ရွာေဖြဖမ္းဆီး အေရးယူေနရာမွာ ဒီရက္ပုိင္းအတြင္း ျမန္မာႏုိင္ငံသား ၁၀ ေယာက္ေက်ာ္ေလာက္ ဖမ္းဆီးခဲ့ေၾကာင္းလည္း ထုိင္းအာဏာပုိင္ေတြက သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


[Unicode Version]

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ တိုးလာနေတာကြောင့် ထိုင်းနိုင်ငံက ကူးစက်မှုတွေ ပျံ့နှံ့မလာအောင် ထိန်းချုပ်နေချိန်မှာပဲ မြဝတီမြို့ကနေ မဲဆောက်မြို့ကို ပြန်လာတဲ့ ထိုင်းလုပ်ငန်းရှင်တစ်ဦး ရောဂါကူးစက်နေတာကို စစ်ဆေးတေ့ွရှိခဲ့တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံ မြဝတီမြို့ကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ပြီးခဲ့တဲ့လထဲမှာပဲ ပြန်လာတဲ့ စီးပွားရေးလုပ်ငန်းရှင်တယောက်မှာ ကိုဗစ်ရောဂါပိုး ကူးစက်နေတာ တွေ့ရှိတဲ့အကြောင်း တာခ့် ခရိုင် မဲဆောက်မြို့ ဒုတိယအုပ်ချုပ်ရေးမှူး Mr.Somchai Kitchareonrungroj၊ နိုင်စုန်ချိုင်း ကစ်ကျလန် နဲ့ ခရိုင်ကျန်းမာရေးမှုး Puri Chat Yingrungsan တို့က အတည်ပြု ပြောဆိုလိုက်ကြတာပါ။

"အသက် ၅၃ နှစ်အရွယ် ထိုင်းနိုင်ငံသားဟာ စက်တင်ဘာလ ၂၂ ရက်နေ့က မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားအမှတ် (၂) ကနေ ပြန်ဝင်ရောက်လာခဲ့ပြီး သူ့ကို စောင့်ကြည့် ၁၄ ရက် ကာလ မှာ ရောဂါလက္ခဏာ မပြ ကိုယ်အပူချိန်လည်း မရှိခဲ့ပေမဲ့ ကိုဗစ်ရောဂါပိုး ကူးစက်နေတာကို စစ်ဆေးအတည်ပြုနိုင်ခဲ့ကြောင်း တာ့ခ်ခရိုင်ကျန်းမာရေးမှူးက မနေ့တုန်းက သတင်းစာရှင်းလင်းပွဲမှာ ထိုင်းဘာသာနဲ့ ပြောသွားတာပါ။"

ရောဂါကူးစက်ခံထားရတဲ့ ထိုင်းနိုင်ငံသားကိုတော့ ဒေသခံဆေးရုံမှာ ကုသပေးထားကြောင်းလည်း ပြောပါတယ်။ ထိုင်းနိုင်ငံမဲဆောက်မြို့နဲ့ ကပ်လျက်ရှိနေတဲ့ မြန်မာနိုင်ငံ မြဝတီဘက်မှာ သေဆုံးသူ တဦးအပါအဝင် ရောဂါကူးစက်မှု သတင်းတွေကြောင့် ထိုင်းနိုင်ငံဘက်မှာ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့က ဆေးရုံအုပ်ကြီးဒေါက်တာနန္ဒဝင်းကတော့ ကပ်ရောဂါကူးစက်မှု အခြေအနေနဲ့ ပတ်သက်လို့ နောက်ဆုံးအခြေအနေကို အခုလိုရှင်းပြပါတယ်။

"ကျနော်တို့ မနေ့ကထိ ၅ယောက် ဒီနေ့နေ့လယ်မှာ တဦးထပ်တိုးတော့ ၆ယောက်ရှိပါတယ်။ တယောက်က ဆေးရုံက ဆင်းပါတယ်။ ဆေးရုံမှာအတွင်း လူနာလက်ရှိ ၅ ဦးပါ။ မြဝတီမြို့ခံ ရန်ကုန်မြို့က ပြန်လာတာက ၃ယောက်၊ ကျန်တဲ့ ၃ယောက်က လှည်ကူးက တယောက်၊ ပန်းပဲတန်းက တယောက်၊ ကြည့်မြင်တိုင်က တယောက်ပါခင်ဗျာ။"

တာ့ခ်ခရိုင်ကျန်းမာရေးမှူးကတော့ ရောဂါကူးစက်မှု အန္တရာယ်ကို သတိထားဖို့ ပြောဆိုခဲ့ပေမဲ့ အထိတ်တလန့် မဖြစ်ကြဖို့နဲ့ ကိုဗစ်ရောဂါ ကာကွယ်ရေး နည်းလမ်းတွေကို လိုက်နာကျင့်သုံးဖို့လည်း တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံဘက်မှာ ရောဂါကူးစက်မှုတွေ တိုးလာရာက ထိုင်းနိုင်ငံက နယ်စပ်တလျှောက်မြို့တွေမှာ လုံခြုံရေးတင်းကြပ်ထားပြီး ကုန်သွယ်မှုတွေနဲ့ အသွားအလာတွေကိုလည်း ကန့်သတ်ထားပါတယ်။ နှစ် နိုင်ငံ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်သူတွေကိုလည်း ရှာဖွေဖမ်းဆီး အရေးယူနေရာမှာ ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံသား ၁၀ ယောက်ကျော်လောက် ဖမ်းဆီးခဲ့ကြောင်းလည်း ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG