သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ေၾကာင့္ ထိုင္း-ျမန္မာနယ္စပ္ ကုန္စည္သယ္ယူမႈ စည္းမ်ဥ္းသတ္မွတ္


မဲေဆာက္ၿမိဳ႕ ကုန္ေလွာင္႐ုံေတြက ျမန္မာလုပ္သားေတြကုိ က်န္းမာေရးစစ္ေဆးေနတဲ့ ျမင္ကြင္း။

(Zawgyi / Unicode)

ရန္ကုန္ကျပန္လာတဲ့ ထုိင္းႏုိင္ငံသား ၃ ဦးနဲ႔ ထိုင္း-ျမန္မာနယ္စပ္ရဲ႕ ကုန္စည္စီးဆင္းရာ လမ္းေၾကာင္းက ကုန္ကားေမာင္းသူ ၃ ဦးမွာ ကုိဗစ္ကပ္ေရာဂါပုိး ေတြ့ၿပီးတဲ့ေနာက္ နယ္စပ္ကုန္စည္ေတြကို သတ္မွတ္ထားတဲ့ ဇုန္ေတြအထိပဲ သြားလာဖို႔ ထုိင္း-ျမန္မာ ႏွစ္ႏုိင္ငံလံုးက ကန္႔သတ္လိုက္ပါတယ္။ အျပည့္အစုံကုိ ထုိင္းအေျခစုိက္ ဗြီအိုေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထုိင္း-ျမန္မာနယ္စပ္ မဲေဆာက္-ျမဝတီ ကုန္သြယ္လမ္းေၾကာင္းေတြကုိ ထိုင္း-ျမန္မာ ႏွစ္ႏုိင္ငံလံုးက အကန္႔အသတ္ေတြ တုိးျမႇင့္လိုက္ပါတယ္။ ဒါဟာ အိမ္နီးခ်င္း ျမန္မာႏုိင္ငံဘက္က ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ နယ္စပ္မွာ ျဖစ္လာၿပီးေနာက္ပိုင္း ဒီလို ေျပာင္းလဲလိုက္တာျဖစ္ေၾကာင္း ျမဝတီခ႐ုိင္ အုပ္ခ်ဳပ္ေရးမွဴး ဦးေတဇာေအာင္က ဗြီအုိေအကုိ ေျပာျပပါတယ္။

“BCF ဇုန္အခ်င္းအခ်င္းပဲ ကုန္သြယ္မႈပဲ လုပ္ပါေတာ့တယ္။ ရန္ကုန္ကေနျပန္လာတဲ့ တာ့ခ္ခ႐ုိင္ထဲ ျပန္ဝင္တဲ့ ထုိင္းႏုိင္ငံသား ၁၈ ဦးထဲက ၃ ဦးေတြ႔ပါတယ္။ ျမန္မာႏုိင္ငံက ေဒသတြင္း ကုန္စည္ပုိ႔ေဆာင္ေရး သြားေနတဲ့ ၈ ရက္၊ ၉ ရက္၊ ၁၀ ရက္၊ ၁၁ ရက္ေန႔ထိ ကုိဗစ္စစ္တာက ၈ ရက္ကစစ္တာ နက္ဂတစ္ပါပဲ။ ၉ ရက္ေန႔ကစစ္တာ ၂ ေယာက္ေတြ႔တယ္။ ၁၀ ရက္ေန႔စစ္တာ ၁ ေယာက္ေတြ႔တယ္။ က်ေနာ္တို႔ ကုန္သြယ္မႈလုပ္တဲ့ထဲက လူ ၁၀၀၊ ၂၀၀ ေလာက္ရွိတဲ့အထဲက ၃ ေယာက္ေလာက္ေတြ႔တယ္။ ထုိင္းက ၃ ေယာက္ေလာက္ေတြ႔ေတာ့ အဲဒါေတြေၾကာင့္ ကုန္သြယ္မႈေတြကို အခုလို ေျပာင္းလဲလုိက္တာပါ။”

အခုရက္ပိုင္းအတြင္း ရန္ကုန္ကေန ျမဝတီ-မဲေဆာက္လမ္းအတိုင္း ျပန္ဝင္လာတဲ့ ထိုင္းႏုိင္ငံသားႏွစ္ဦးမွာ ကိုဗစ္ကပ္ေရာဂါ ေတြ႔ရေၾကာင္း တာ့ခ္ခ႐ုိင္က်န္းမာေရးမွဴး Puri Chat Yingrungsan က သတင္းစာရွင္းလင္းခဲ့ၿပီး ျမန္မာႏုိင္ငံသား ကုန္သည္ေတြ သြားလာေနတဲ့ ေနရာေတြကိုလည္း က်န္းမာေရး စစ္ေဆးမႈေတြ လုပ္ေနတဲ့အေၾကာင္း ထုိင္းဘာသာနဲ႔ ေျပာသြားပါတယ္။

အရင္တုန္းကေတာ့ တာ့ခ္ခ႐ုိင္ဘက္က ကုန္သည္ေတြအေနနဲ႔လည္း ျမဝတီၿမိဳ႕ဘက္ကို သြားလာရင္ ၇ နာရီထက္ေက်ာ္ၿပီး သြားလာေနထုိင္တာ မလုပ္ဖို႔ ကန္႔သတ္ထားၿပီး အခုအခါမွာေတ့ာ ျမန္မာေရာ ထုိင္းက ကုန္တင္ကားေတြဟာ ႏွစ္ဖက္ခ႐ုိင္က သတ္မွတ္ထားတဲ့ ကုန္သြယ္ေရးဇုန္ေတြမွာပဲ ကုန္ပစၥည္းေတြခ်ၿပိီး ကုန္သြယ္မႈေတြလုပ္ဖို႔ ဆံုးျဖတ္ခဲ့ၾကတာပါ။

ျမန္မာဘက္က ကုန္တင္ကားေမာင္းသူေတြမွာ ကုိဗစ္ကပ္ေရာဂါပိုး ေတြ့ၿပီးတဲ့ေနာက္ မဲေဆာက္ၿမိဳ႕အတြင္း သူတို႔သြားလာခဲ့တဲ့ ေနရာေတြက လူေနရပ္ကြက္ေတြကို အျပင္မထြက္ၾကဖို႔ ကန္႔သတ္ထားၿပီး ရပ္ကြက္လူထုေတြ ကုိဗစ္စစ္ေဆးတာေတြ ထုိင္းဘက္က ဆက္လုပ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------------

(Unicode)

ကိုဗစ်ကြောင့် ထိုင်း-မြန်မာနယ်စပ် ကုန်စည်သယ်ယူမှု စည်းမျဉ်းသတ်မှတ်

ရန်ကုန်ကပြန်လာတဲ့ ထိုင်းနိုင်ငံသား ၃ ဦးနဲ့ ထိုင်း-မြန်မာနယ်စပ်ရဲ့ ကုန်စည်စီးဆင်းရာ လမ်းကြောင်းက ကုန်ကားမောင်းသူ ၃ ဦးမှာ ကိုဗစ်ကပ်ရောဂါပိုး တွေ့ပြီးတဲ့နောက် နယ်စပ်ကုန်စည်တွေကို သတ်မှတ်ထားတဲ့ ဇုန်တွေအထိပဲ သွားလာဖို့ ထိုင်း-မြန်မာ နှစ်နိုင်ငံလုံးက ကန့်သတ်လိုက်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြဝတီ ကုန်သွယ်လမ်းကြောင်းတွေကို ထိုင်း-မြန်မာ နှစ်နိုင်ငံလုံးက အကန့်အသတ်တွေ တိုးမြှင့်လိုက်ပါတယ်။ ဒါဟာ အိမ်နီးချင်း မြန်မာနိုင်ငံဘက်က ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ နယ်စပ်မှာ ဖြစ်လာပြီးနောက်ပိုင်း ဒီလို ပြောင်းလဲလိုက်တာဖြစ်ကြောင်း မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ဗွီအိုအေကို ပြောပြပါတယ်။

“BCF ဇုန်အချင်းအချင်းပဲ ကုန်သွယ်မှုပဲ လုပ်ပါတော့တယ်။ ရန်ကုန်ကနေပြန်လာတဲ့ တာ့ခ်ခရိုင်ထဲ ပြန်ဝင်တဲ့ ထိုင်းနိုင်ငံသား ၁၈ ဦးထဲက ၃ ဦးတွေ့ပါတယ်။ မြန်မာနိုင်ငံက ဒေသတွင်း ကုန်စည်ပို့ဆောင်ရေး သွားနေတဲ့ ၈ ရက်၊ ၉ ရက်၊ ၁၀ ရက်၊ ၁၁ ရက်နေ့ထိ ကိုဗစ်စစ်တာက ၈ ရက်ကစစ်တာ နက်ဂတစ်ပါပဲ။ ၉ ရက်နေ့ကစစ်တာ ၂ ယောက်တွေ့တယ်။ ၁၀ ရက်နေ့စစ်တာ ၁ ယောက်တွေ့တယ်။ ကျနော်တို့ ကုန်သွယ်မှုလုပ်တဲ့ထဲက လူ ၁၀၀၊ ၂၀၀ လောက်ရှိတဲ့အထဲက ၃ ယောက်လောက်တွေ့တယ်။ ထိုင်းက ၃ ယောက်လောက်တွေ့တော့ အဲဒါတွေကြောင့် ကုန်သွယ်မှုတွေကို အခုလို ပြောင်းလဲလိုက်တာပါ။”

အခုရက်ပိုင်းအတွင်း ရန်ကုန်ကနေ မြဝတီ-မဲဆောက်လမ်းအတိုင်း ပြန်ဝင်လာတဲ့ ထိုင်းနိုင်ငံသားနှစ်ဦးမှာ ကိုဗစ်ကပ်ရောဂါ တွေ့ရကြောင်း တာ့ခ်ခရိုင်ကျန်းမာရေးမှူး Puri Chat Yingrungsan က သတင်းစာရှင်းလင်းခဲ့ပြီး မြန်မာနိုင်ငံသား ကုန်သည်တွေ သွားလာနေတဲ့ နေရာတွေကိုလည်း ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်နေတဲ့အကြောင်း ထိုင်းဘာသာနဲ့ ပြောသွားပါတယ်။

အရင်တုန်းကတော့ တာ့ခ်ခရိုင်ဘက်က ကုန်သည်တွေအနေနဲ့လည်း မြဝတီမြို့ဘက်ကို သွားလာရင် ၇ နာရီထက်ကျော်ပြီး သွားလာနေထိုင်တာ မလုပ်ဖို့ ကန့်သတ်ထားပြီး အခုအခါမှာတေ့ာ မြန်မာရော ထိုင်းက ကုန်တင်ကားတွေဟာ နှစ်ဖက်ခရိုင်က သတ်မှတ်ထားတဲ့ ကုန်သွယ်ရေးဇုန်တွေမှာပဲ ကုန်ပစ္စည်းတွေချပြီး ကုန်သွယ်မှုတွေလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

မြန်မာဘက်က ကုန်တင်ကားမောင်းသူတွေမှာ ကိုဗစ်ကပ်ရောဂါပိုး တွေ့ပြီးတဲ့နောက် မဲဆောက်မြို့အတွင်း သူတို့သွားလာခဲ့တဲ့ နေရာတွေက လူနေရပ်ကွက်တွေကို အပြင်မထွက်ကြဖို့ ကန့်သတ်ထားပြီး ရပ်ကွက်လူထုတွေ ကိုဗစ်စစ်ဆေးတာတွေ ထိုင်းဘက်က ဆက်လုပ်နေပါတယ်။

XS
SM
MD
LG