သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာနယ္စပ္တရားမ၀င္ျဖတ္ေက်ာ္လာတဲ့ တ႐ုတ္လူမ်ိဳးေတြ ထိုင္းဖမ္းဆီး


ထိုင္းႏို္င္ငံေျမာက္ပုိင္း ခ်င္းစန္ခရိုင္မွာ ေအာက္တိုဘာလ ၁၁ ရက္ေန့က ခိုး၀င္လာတဲ့ တရုတ္ႏိုင္ငံသားမ်ား။ (ဓာတ္ပံု - နယ္ျခားေစာင့္တပ္ - ေအာက္တိုဘာ ၁၁၊ ၂၀၂၀)

[Zawgyi/Unicode]

ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တုိးလာေနတဲ့ ျမန္မာႏုိင္ငံဘက္ကေန ထုိင္းႏုိင္ငံဘက္ တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္ ၀င္လာေနတဲ့ တ႐ုတ္ႏုိင္ငံသားေတြကုိ ဖမ္းဆီးမိေနတာ ၿပီးခဲ့တဲ့လကစၿပီး ၅၀ ေလာက္အထိ ရွိေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ေျပာျပေပးပါမယ္။

ကပ္ေရာဂါေၾကာင့္ ေသဆုံးမႈေတြနဲ႔ ကူးစက္မႈေတြ ဆက္လက္ ျမင့္တက္ေနခ်ိန္မွာပဲ ျမန္မာႏိုင္ငံမွာ ေရာက္ေနၾကတဲ့ တ႐ုတ္ႏုိင္ငံသားေတြ ထိုင္းနယ္စပ္ကုိ တရားမ၀င္ ျဖတ္ေက်ာ္ၿပီး ၀င္လာေနၾကတာပါ။ ၿပီးခဲ့တဲ့လကစ ထုိင္းႏုိင္ငံ ခ်င္းမုိင္၊ မဲဆုိင္နဲ႔ မဲေဆာက္ၿမိဳ႕ေတြမွာ ဖမ္းဆီးမိတဲ့ တ႐ုတ္ႏုိင္ငံသား ၅၀ ထက္မနည္း ရွိတယ္လုိ႔လည္း ထုိင္းအာဏာပုိင္ေတြက ေျပာပါတယ္။

ျပီးခဲ့တဲ့သီတင္းပတ္ထဲ ခ်င္းမိုင္ၿမိဳ႕မွာ ဖမ္းဆီးမိခဲ့တဲ့ တရုတ္ႏိုင္ငံသား ၁၉ ဦးဟာဆုိရင္လည္း ျမန္မာႏုိင္ငံ ျမ၀တီၿမိဳ႕ကေန ထုိင္းႏုိင္ငံ မဲေဆာက္ၿမိဳ႕ကို တရားမ၀င္ ၀င္ေရာက္လာခဲ့သူေတြ ျဖစ္ေၾကာင္းလည္း ထိုင္းလူ၀င္မႈႀကီးၾကပ္ေရးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

ထုိင္းႏုိင္ငံကုိ တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္၀င္ေရာက္လာတဲ့ တ႐ုတ္ႏုိင္ငံသား အမ်ားစုဟာ ျမန္မာႏုိင္ငံ နယ္စပ္ျမိဳ႕ေတြက ေလာင္းကစားနဲ ့ ကက္စီႏိုေတြ၊ အြန္လိုင္း စီးပြားေရးလုပ္ငန္းေတြမွာ လုပ္ကိုင္ေနသူေတြ ျဖစ္ေၾကာင္းလည္း ထိုင္းသတင္းေတြမွာ ေဖာ္ျပေနပါတယ္။

ျမန္မာႏုိင္ငံမွာ ကပ္ေရာဂါကူးစက္မႈေတြ တုိးလာေနတာေၾကာင့္ ထုိင္းႏုိင္ငံက နယ္စပ္မွာ လုံၿခံဳေရး တင္းၾကပ္ထားတဲ့ၾကားက တ႐ုတ္ႏုိင္ငံသားေတြ တရားမ၀င္ ၀င္ေရာက္ေနတာ ျဖစ္ေၾကာင္းလည္း ခ်င္းမိုင္ခရိုင္ အမွတ္(၅) ေဒသဒုရဲမွဴးႀကီး Lt. Col. Prachuap Wongsuk က သတင္းေထာက္ေတြကုိ ေျပာဆုိသြားပါတယ္။

"ထုိင္းနယ္စပ္ ျမန္မာႏိုင္ငံဘက္က ၀င္လာၾကတဲ့ ႏိုင္ငံျခားသားေတြရွိတယ္။ နယ္စပ္လမ္းေတြမွာလံုျခံဳေရးေတြ ခ်ထားေပမဲ့ တရားမ၀င္ လမ္းေႀကာင္းေတြ အမ်ားႀကီး ရွိေနတဲ့အတြက္ ဒီလမ္းေတြကေန သူတို႔ခိုးျပီး၀င္ေနၾကပါတယ္။ က်ေနာ္တို႔အေနနဲ႔ ဖမ္းမိတဲ့ ႏို္င္ငံျခားသားေတြကုိ ေနာက္ေၾကာင္း ရာဇ၀င္ေတြ စစ္ေဆးတာ က်န္းမာေရးအရ ကိုဗစ္ကပ္ေရာဂါစတဲ့ ေဆးစစ္မႈေတြ လုပ္ၿပီး၊ သက္ဆိုင္ရာႏိုင္ငံေတြကို ျပန္ပို႔ေပးေနပါတယ္။ အခု ဖမ္းမိသူေတြ အားလံုးကို ကပ္ေရာဂါပိုးေတြ ပါလား၊ မပါလားဆိုတာကိုအဓိက စစ္ေဆးေနပါတယ္ဆိုျပီး ထုိင္းဘာသာနဲ႔ ေျပာဆုိသြားတာပါ။"

ျမန္မာျပည္သားမ်ားအေရး ပူးတဲြလႈပ္ရွားမႈေကာ္မတီရဲ႕ ဥကၠ႒ ဦးမိုးႀကိဳးကလည္း ျမန္မာႏုိင္ငံမွာ ကပ္ေရာဂါကာလ သြားလာလႈပ္ရွားမႈေတြနဲ႔ လုပ္ငန္းေတြကုိ ကန္႔သတ္ထားခ်ိန္မွာ ျမန္မာႏုိင္ငံက ေလာင္းကစားလုပ္ငန္းေတြမွာ လုပ္ကုိင္ေနသူ တ႐ုတ္ႏုိင္ငံသားေတြ ထုိင္းႏုိင္ငံဘက္ တိမ္းေရွာင္လာေနၾကတာလုိ႔ အခုလိုေျပာျပပါတယ္။

"ျမန္မာႏိုင္ငံေလာင္းကစားရံု၊ ကာစီႏိုရံုေတြ စီးပြားေရးရင္ႏွီးျမွဳပ္ႏွံမႈေတြ လုပ္ထားတဲ့ တရုတ္ႏိုင္ငံသားေတြက နယ္စပ္ျမိဳ႕ေတြျဖစ္တဲ့ တာခ်ိီလိတ္မွာ ရွိတဲ့ တရုတ္ေတြက မဲဆိုင္ဘက္ကို ျမ၀တီမွာရွိ တဲ့တရုတ္ေတြက မဲေဆာက္ဘက္ကုိ ေျပးလာၾကတယ္။ စက္တင္ဘာလကုန္နဲ့ ေအာက္တုိဘာလဆန္းမွာ တာခ်ီလိတ္ေန၊ မဲဆိုင္၊ ျမ၀တီကေန မဲေဆာက္ဘက္ကိုေျပးလာတဲ့ တရုတ္ႏိုင္ငံသားအေရအတြက္ ၅၀ ေလာက္ရွိျပီလို႔ ထုိင္းသတင္းေတြမွာေဖာ္ျပေနတယ္။ ျမန္မာႏိုင္ငံမွာ တေန႔ထက္တေန႔ ကူးစက္မႈႏႈန္း မ်ားလာတယ္။ ပိုးကူးသူေတြလည္း မ်ားလာသလို ေသဆံုးသူေတြလည္း တစစမ်ားလာေတာ့ တရုတ္ေတြက အထိတ္တလန္႔ ျဖစ္လာေတာ့ သူတုိ႔ရဲ႕ လက္ငုတ္လက္ရင္းအလုပ္ေတြ ျဖစ္တဲ့ ကာစီႏိုရံုေတြနဲ႔ ရင္းႏွီးျမွဳပ္ႏွံအလုပ္ေတြ ပစ္ျပီး ထုိင္းႏုိင္ငံဘက္ကုိ ထြက္ေျပးလာတဲ့သေဘာေပါ့ဗ်ာ။"

ထိုင္းအာဏာပိုင္ေတြကေတာ့ အခုလို ျမန္မာျပည္ဘက္ကေန အေထာက္အထားမဲ့ ဗီဇာသက္တမ္းကုန္ တရုတ္နိုင္ငံသားေတြကို လိုအပ္တဲ့ ေဆးစစ္မႈေတြ လုပ္ေဆာင္ေပးျပီး တရုတ္နိုင္ငံ သံရံုးနဲ႔ ဆက္သြယ္ၿပီး ႏိုင္ငံရင္းကိုျပန္ပို႔ေပးေနတာပါ။ ျမန္မာျပည္ကေန ထုိင္းဘက္ကုိ ခိုး၀င္လာတဲ့ တရုတ္ႏိုင္ငံသားေတြဟာ တခ်ိဳ႕ကေတာ့ တဦးစ၊ ႏွစ္ဦးစ ထြက္ေျပးလာတာရိွသလို တခ်ိဳ႕ကလည္း အစုအေ၀းနဲ႔ ထြက္ေျပးလာေနတာလည္း ရွိပါတယ္။ ျမန္မာႏုိင္ငံမွာ ကုိဗစ္ေရာဂါ ကူးစက္မႈေတြ တုိးလာေနတာေၾကာင့္ ထုိင္းႏုိင္ငံက ပ်ံ႕ႏွံ႔မလာေအာင္ နယ္စပ္ေဒသေတြမွာ လုံၿခံဳေရး တင္းၾကပ္ေနခ်ိန္မွာ ျမန္မာႏုိင္ငံကေန ျပန္လာသူ ထုိင္းႏုိင္ငံသား တခ်ဳိ႕မွာ ကုိဗစ္ကပ္ေရာဂါ ကူးစက္ေနေၾကာင္း မၾကာေသးခင္ကပဲ အတည္ျပဳထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာနယ်စပ်တရားမဝင်ဖြတ်ကျော်လာတဲ့ တရုတ်လူမျိုးတွေ ထိုင်းဖမ်းဆီး

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံဘက်ကနေ ထိုင်းနိုင်ငံဘက် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်လာနေတဲ့ တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးမိနေတာ ပြီးခဲ့တဲ့လကစပြီး ၅၀ လောက်အထိ ရှိနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပေးပါမယ်။

ကပ်ရောဂါကြောင့် သေဆုံးမှုတွေနဲ့ ကူးစက်မှုတွေ ဆက်လက် မြင့်တက်နေချိန်မှာပဲ မြန်မာနိုင်ငံမှာ ရောက်နေကြတဲ့ တရုတ်နိုင်ငံသားတွေ ထိုင်းနယ်စပ်ကို တရားမဝင် ဖြတ်ကျော်ပြီး ဝင်လာနေကြတာပါ။ ပြီးခဲ့တဲ့လကစ ထိုင်းနိုင်ငံ ချင်းမိုင်၊ မဲဆိုင်နဲ့ မဲဆောက်မြို့တွေမှာ ဖမ်းဆီးမိတဲ့ တရုတ်နိုင်ငံသား ၅၀ ထက်မနည်း ရှိတယ်လို့လည်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ထဲ ချင်းမိုင်မြို့မှာ ဖမ်းဆီးမိခဲ့တဲ့ တရုတ်နိုင်ငံသား ၁၉ ဦးဟာဆိုရင်လည်း မြန်မာနိုင်ငံ မြဝတီမြို့ကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို တရားမဝင် ဝင်ရောက်လာခဲ့သူတွေ ဖြစ်ကြောင်းလည်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား အများစုဟာ မြန်မာနိုင်ငံ နယ်စပ်မြို့တွေက လောင်းကစားနဲ့ ကက်စီနိုတွေ၊ အွန်လိုင်း စီးပွားရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေသူတွေ ဖြစ်ကြောင်းလည်း ထိုင်းသတင်းတွေမှာ ဖော်ပြနေပါတယ်။

မြန်မာနိုင်ငံမှာ ကပ်ရောဂါကူးစက်မှုတွေ တိုးလာနေတာကြောင့် ထိုင်းနိုင်ငံက နယ်စပ်မှာ လုံခြုံရေး တင်းကြပ်ထားတဲ့ကြားက တရုတ်နိုင်ငံသားတွေ တရားမဝင် ဝင်ရောက်နေတာ ဖြစ်ကြောင်းလည်း ချင်းမိုင်ခရိုင် အမှတ်(၅) ဒေသဒုရဲမှူးကြီး Lt. Col. Prachuap Wongsuk က သတင်းထောက်တွေကို ပြောဆိုသွားပါတယ်။

"ထိုင်းနယ်စပ် မြန်မာနိုင်ငံဘက်က ဝင်လာကြတဲ့ နိုင်ငံခြားသားတွေရှိတယ်။ နယ်စပ်လမ်းတွေမှာလုံခြုံရေးတွေ ချထားပေမဲ့ တရားမဝင် လမ်းကြောင်းတွေ အများကြီး ရှိနေတဲ့အတွက် ဒီလမ်းတွေကနေ သူတို့ခိုးပြီးဝင်နေကြပါတယ်။ ကျနော်တို့အနေနဲ့ ဖမ်းမိတဲ့ နိုင်ငံခြားသားတွေကို နောက်ကြောင်း ရာဇဝင်တွေ စစ်ဆေးတာ ကျန်းမာရေးအရ ကိုဗစ်ကပ်ရောဂါစတဲ့ ဆေးစစ်မှုတွေ လုပ်ပြီး၊ သက်ဆိုင်ရာနိုင်ငံတွေကို ပြန်ပို့ပေးနေပါတယ်။ အခု ဖမ်းမိသူတွေ အားလုံးကို ကပ်ရောဂါပိုးတွေ ပါလား၊ မပါလားဆိုတာကိုအဓိက စစ်ဆေးနေပါတယ်ဆိုပြီး ထိုင်းဘာသာနဲ့ ပြောဆိုသွားတာပါ။"

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးကလည်း မြန်မာနိုင်ငံမှာ ကပ်ရောဂါကာလ သွားလာလှုပ်ရှားမှုတွေနဲ့ လုပ်ငန်းတွေကို ကန့်သတ်ထားချိန်မှာ မြန်မာနိုင်ငံက လောင်းကစားလုပ်ငန်းတွေမှာ လုပ်ကိုင်နေသူ တရုတ်နိုင်ငံသားတွေ ထိုင်းနိုင်ငံဘက် တိမ်းရှောင်လာနေကြတာလို့ အခုလိုပြောပြပါတယ်။

"မြန်မာနိုင်ငံလောင်းကစားရုံ၊ ကာစီနိုရုံတွေ စီးပွားရေးရင်နှီးမြှုပ်နှံမှုတွေ လုပ်ထားတဲ့ တရုတ်နိုင်ငံသားတွေက နယ်စပ်မြို့တွေဖြစ်တဲ့ တာချီလိတ်မှာ ရှိတဲ့ တရုတ်တွေက မဲဆိုင်ဘက်ကို မြဝတီမှာရှိ တဲ့တရုတ်တွေက မဲဆောက်ဘက်ကို ပြေးလာကြတယ်။ စက်တင်ဘာလကုန်နဲ့ အောက်တိုဘာလဆန်းမှာ တာချီလိတ်နေ၊ မဲဆိုင်၊ မြဝတီကနေ မဲဆောက်ဘက်ကိုပြေးလာတဲ့ တရုတ်နိုင်ငံသားအရေအတွက် ၅၀ လောက်ရှိပြီလို့ ထိုင်းသတင်းတွေမှာဖော်ပြနေတယ်။ မြန်မာနိုင်ငံမှာ တနေ့ထက်တနေ့ ကူးစက်မှုနှုန်း များလာတယ်။ ပိုးကူးသူတွေလည်း များလာသလို သေဆုံးသူတွေလည်း တစစများလာတော့ တရုတ်တွေက အထိတ်တလန့် ဖြစ်လာတော့ သူတို့ရဲ့ လက်ငုတ်လက်ရင်းအလုပ်တွေ ဖြစ်တဲ့ ကာစီနိုရုံတွေနဲ့ ရင်းနှီးမြှုပ်နှံအလုပ်တွေ ပစ်ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာတဲ့သဘောပေါ့ဗျာ။"

ထိုင်းအာဏာပိုင်တွေကတော့ အခုလို မြန်မာပြည်ဘက်ကနေ အထောက်အထားမဲ့ ဗီဇာသက်တမ်းကုန် တရုတ်နိုင်ငံသားတွေကို လိုအပ်တဲ့ ဆေးစစ်မှုတွေ လုပ်ဆောင်ပေးပြီး တရုတ်နိုင်ငံ သံရုံးနဲ့ ဆက်သွယ်ပြီး နိုင်ငံရင်းကိုပြန်ပို့ပေးနေတာပါ။ မြန်မာပြည်ကနေ ထိုင်းဘက်ကို ခိုးဝင်လာတဲ့ တရုတ်နိုင်ငံသားတွေဟာ တချို့ကတော့ တဦးစ၊ နှစ်ဦးစ ထွက်ပြေးလာတာရှိသလို တချို့ကလည်း အစုအဝေးနဲ့ ထွက်ပြေးလာနေတာလည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတာကြောင့် ထိုင်းနိုင်ငံက ပျံ့နှံ့မလာအောင် နယ်စပ်ဒေသတွေမှာ လုံခြုံရေး တင်းကြပ်နေချိန်မှာ မြန်မာနိုင်ငံကနေ ပြန်လာသူ ထိုင်းနိုင်ငံသား တချို့မှာ ကိုဗစ်ကပ်ရောဂါ ကူးစက်နေကြောင်း မကြာသေးခင်ကပဲ အတည်ပြုထားပါတယ်။

XS
SM
MD
LG