သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ ရေသ့ေတာင္မွာ ၾကည္းေရေလထိုးစစ္ဆင္


ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕မွာေတြ႔ရတဲ့ ျမန္မာစစ္တပ္ တပ္ဖဲြ႔၀င္မ်ား။ (ႏို၀င္ဘာ ၁၁၊ ၂၀၁၂)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္မွာ AA ရခိုင္လက္နက္ကိုင္အဖြဲ႔ ေျခကုတ္ယူထားတဲ့ ေနရာကို ျမန္မာစစ္တပ္က ၾကည္း၊ ေရ၊ ေလ ပူးတဲြၿပီး အျပင္းအထန္ ထိုးစစ္ဆင္ေနတာေၾကာင့္ ေဒသခံေတြ တိမ္းေရွာင္ေနရတဲ့ အေၾကာင္းေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုႏိုင္ကြန္းအိန္က သတင္းေပးပို႔ထားပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္အတြင္း AA အဖြဲ႕ေျခကုတ္ယူထားတဲ့ ေအာင္သာစည္ကုန္းကို တပ္မေတာ္ၾကည္း ေရ ေလ ပူေပါင္းတပ္အင္အားနဲ႔ ဒီကေန႔ မနက္ပိုင္းမွာ ထိုးစစ္ဆင္တိုက္ခုိက္ခဲ့တာပါ။ တိုက္ပြဲအျပင္းအထန္ ျဖစ္ပြားေနခ်ိန္မွာပဲ အနီးအနားမွာရွိတဲ့ ေအာင္သာစည္ ေက်းရြာလဲ မီးေလာင္သြားခဲ့တယ္လို႔ ေဒသခံရြာသား တဦးကေျပာပါတယ္။

“ဒီေန႔ကေတာ့ ေအာင္သာစည္ကို လာပစ္ေနတာေလ။ ဂ်က္ေလယာဥ္ႏွစ္စီးနဲ႔ လာပစ္ေနတယ္။ ရေသ့ေတာင္တပ္ရင္း ၃ ရင္းက လက္နက္ၾကီးေတြနဲ႕ပစ္တယ္။ ေနာက္ဇက္ NAVY ၃ စီးကေနပစ္တယ္။ ေနာက္ေျမျပင္ထီးစြဲနားမွာ ရွိတဲ့ တပ္ကေနျပီးေတာ့အတြဲလိုက္ဒုံးေတြနဲ႔ ပစ္တယ္။ ဆိုေတာ့ အခုေအာင္သာစည္က မီးေလာင္သြားျပီ။ လူက မရွိေတာ့ဘူး။ အရင္သူတို႔ သိမ္းျပီးေတာ့ AA က ျပန္သိမ္းထားတဲ့ကုန္းကို ျပန္တက္တယ္။ ခုကတိုက္ပြဲျပန္ျဖစ္ေနျပီ။ ေတာ္ေတာ္ေလးကိုၾကီးတာ။”

AA ရခိုင္လက္နက္ကိုင္အဖြဲ႔က တပ္စဲြထားတဲ့ေအာင္သာစည္ကုန္းကို ဒီလဆန္းကစၿပီး အျပန္အလွန္ တုိက္ခုိက္သိမ္းပုိက္ေနရာက အခုေနာက္ဆုံး AA တပ္ဖဲြ႔ေတြ ရွိေနတဲ့ ေနရာကုိ တပ္မေတာ္က အျပင္းအထန္ ထုိးစစ္ဆင္သိမ္းပုိက္ဖုိ႔ ႀကိဳးစားေနတာပါ။

တိုက္ပြဲေတြ အျပင္းအထန္ ျဖစ္ပြားရာက အနီးနားရြာေတြအထိ ေသနတ္က်ည္ထိမွန္တာေတြ ရွိေနတာေၾကာင့္ ႏြားလွေက်ာ္ (ေခၚ) လိုင္ဂြင္ေက်း ရြာသားေထာင္ခ်ီၿပီး ရေသ့ေတာင္ျမိဳ႕ထဲ တိမ္းေရွာင္ထြက္ေျပးေနရတယ္လို႔ ေဒသခံရြာသား ဦးေစာေ၀ကေျပာပါတယ္။

“ထီးစြဲက အဲဒီဘက္က ပစ္လိုက္တဲ့ဒုံးေတြဟာ ေတာင္ကိုေက်ာ္ျပီးေတာ့ ႏြားလွေက်ာ္ကိုလာျပီးေတာ့ ထိလာတယ္။ အဲဒီရြာေတြ က်တယ္။ ႏြားလွေက်ာ္ေလ။ ရြာသားေတြအခုေျပးေနၾကျပီး။ အဲဒီမွာမိန္းမေတြ၊ ကေလးေတြေျပးျပီ။ ၁,၀၀၀ ပတ္၀န္းက်င္ေလာက္ေျပးၾကတာေပါ့။ ရေသ့ေတာင္ဘက္ကိုေျပးၾကတယ္လို႔။ Honda ေတြနဲ႔၊ စက္ေလွေတြနဲ႔ေလ။”

ဒီမနက္ေအာင္သာစည္ကုန္း တိုက္ပြဲအေျခအေနနဲ႔ ပက္သက္လို႔ AA ေျပာခြင့္ရခိုင္သုခကအခုလိုေျပာပါတယ္။

“တိုက္ပြဲကေတာ့ အျပင္းအထန္ျဖစ္ေနတယ္။ တိုက္ပြဲကေတာ့ အျပင္းထန္ျဖစ္ေနတယ္။ ဒီေအာက္တိုဘာလ ၁၃ ရက္ မနက္ ၆ နာရီက စျပီးေတာ့ ရေသ့ေတာင္ျမိဳ႕နယ္ ေအာင္သာစည္ရြာတ၀ိုက္ကို ျမန္မာစစ္တပ္ကေနျပီးေတာ့မွ ၾကည္း၊ ေရ၊ ေလ အင္အားအလုံးအရင္းနဲ႔ ထိုးစစ္ဆင္ေနတာရွိတယ္။ မနက္ ၉ နာရီခြဲေလာက္စျပီးေတာ့မွ ဂ်က္ဖိုက္တာ ၂ စီးနဲ႔ အခုခ်ိန္ထိဆိုလို႔ ရွိရင္ေတာ့ သူတို႔ လာပစ္တာ ၃ ၾကိမ္ေျမာက္ရွိသြားျပီ။ ဒီထိုးစစ္ေတြအတြင္းမွာေတာ့ ျမန္မာစစ္တပ္ဘက္က အထိခိုက္အက်ဆုံးေတြ မ်ားတယ္ခင္ဗ်။ အေသးစိတ္ကေတာ့ မသိရေသးဘူး။”

ဒီေန႔ မနက္ပိုင္းကေန မိုးခ်ဳပ္တဲ့အထိ ႏွစ္ဘက္တိုက္ပြဲျပင္းထန္ေနဆဲျဖစ္ျပီး ႏွစ္ဘက္ထိခိုက္မႈကိုေတာ့ အတည္မျပဳနိုင္ေသးပါဘူး။

ေအာင္သာစည္ကုန္းတိုက္ပြဲ အေျခအေနနဲ႔ ပတ္သက္လို႔ တပ္မေတာ္ေျပာခြင့္ရကို ဆက္သြယ္ခဲ့ေပမဲ့ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

ရေသ့ေတာင္ၿမိဳ႕နယ္ေျမာက္ပိုင္း၊ ေက်ာက္တန္းတိုက္နယ္မွာ ျပီးခဲ့တဲ့ လကတည္းက ပစ္ခတ္တိုက္ခိုက္မႈေတြ ရွိေနခဲ့ပါတယ္။

မေန႔ကလည္း ေရတပ္သေဘၤာပစ္ခတ္မႈေၾကာင့္ မယူျမစ္ကမ္းနားေဘး စဖိုကြ်န္းအနီးရြာ ၅ ရြာက ရြာသား ၂,၀၀၀ ေက်ာ္ ေစတီျပင္စစ္ေရွာင္စခန္းဘက္ကို တိမ္းေရွာင္ေရာက္ရွိလာတယ္လို႔ စခန္းတာ၀န္ရွိသူ တဦးကေျပာပါတယ္။

“မေန႔က ဇက္ NAVY ေတြ တက္ျပီးေတာ့ ရမ္းသန္းပစ္ခတ္တာေပါ့။ အဲဒီေမယုျမစ္ေၾကာဟိုဘက္ဒီဘက္ေပါ့။ အဲဒီမွာ ေၾကာက္ျပီး ထြက္ေျပးလာၾကတာာ။ အခု ၂,၀၀၀ ေက်ာ္ေက်ာ္ေလာက္တိုးလာတာေပါ့။ ေအာက္ေက်ာင္းေတာင္၊ စဖိုကြ်န္း၊ ေအာင္ေဇကုန္း၊ ေနာက္ျပီး ကံျပင္၊ ျပင္၀န္း အဲဒီ ၅ ရြာေပါ့အဓိက။

ရခိုင္ျပည္နယ္အတြင္း ၂ ႏွစ္နီးပါး စစ္ေရးတင္းမာမႈအတြင္း ေဒသခံေတြထိခိုက္ေသဆုံးမႈေတြ မ်ားလာေနသလို အရပ္သား ၂၂၀,၀၀၀ ေက်ာ္ စစ္ေဘးတိမ္းေရွာင္ေနရတယ္လို႔ ရခိုင္လူမႈအဖြဲ႔အစည္းေတြက စာရင္းထုတ္ျပန္ထားပါတယ္။

ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္နဲ႔ AA ရခိုင္လက္နက္ကိုင္အဖြဲ႕ၾကား ပဋိပကၡေတြ အရွိန္ျမင့္တက္လာတာနဲ႔အမွ် အရပ္သားေတြအေပၚ မဆင္မျခင္တိုက္ခိုက္ေနတာေတြ၊ ႐ြာေတြ မီးရႈိ႕ဖ်က္စီးေနတာေတြ ရွိေနတယ္လုိ႔ စြပ္စဲြထားတဲ့ အေထာက္အထားေတြနဲ႔အတူ အစီရင္ခံစာသစ္ တခုကိုလည္း AI ေခၚ ႏိုင္ငံတကာ လူ႔အခြင့္ေရးလႈပ္ရွားမႈ အဖြဲ႔က ေအာက္တိုဘာလ ၁၂ ရက္ေန႔မွာ ထုတ္ျပန္လိုက္ပါတယ္။

ရခိုင္ ရေသ့ေတာင္မွာ ၾကည္းေရေလထိုးစစ္ဆင္
please wait

No media source currently available

0:00 0:03:34 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင် ရသေ့တောင်မှာ ကြည်းရေလေထိုးစစ်ဆင်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့ ခြေကုတ်ယူထားတဲ့ နေရာကို မြန်မာစစ်တပ်က ကြည်း၊ ရေ၊ လေ ပူးတွဲပြီး အပြင်းအထန် ထိုးစစ်ဆင်နေတာကြောင့် ဒေသခံတွေ တိမ်းရှောင်နေရတဲ့ အကြောင်းပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ရသေ့တောင်မြို့နယ်အတွင်း AA အဖွဲ့ခြေကုတ်ယူထားတဲ့ အောင်သာစည်ကုန်းကို တပ်မတော်ကြည်း ရေ လေ ပူပေါင်းတပ်အင်အားနဲ့ ဒီကနေ့ မနက်ပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေချိန်မှာပဲ အနီးအနားမှာရှိတဲ့ အောင်သာစည် ကျေးရွာလဲ မီးလောင်သွားခဲ့တယ်လို့ ဒေသခံရွာသား တဦးကပြောပါတယ်။

“ဒီနေ့ကတော့ အောင်သာစည်ကို လာပစ်နေတာလေ။ ဂျက်လေယာဉ်နှစ်စီးနဲ့ လာပစ်နေတယ်။ ရသေ့တောင်တပ်ရင်း ၃ ရင်းက လက်နက်ကြီးတွေနဲ့ပစ်တယ်။ နောက်ဇက် NAVY ၃ စီးကနေပစ်တယ်။ နောက်မြေပြင်ထီးစွဲနားမှာ ရှိတဲ့ တပ်ကနေပြီးတော့အတွဲလိုက်ဒုံးတွေနဲ့ ပစ်တယ်။ ဆိုတော့ အခုအောင်သာစည်က မီးလောင်သွားပြီ။ လူက မရှိတော့ဘူး။ အရင်သူတို့ သိမ်းပြီးတော့ AA က ပြန်သိမ်းထားတဲ့ကုန်းကို ပြန်တက်တယ်။ ခုကတိုက်ပွဲပြန်ဖြစ်နေပြီ။ တော်တော်လေးကိုကြီးတာ။”

AA ရခိုင်လက်နက်ကိုင်အဖွဲ့က တပ်စွဲထားတဲ့အောင်သာစည်ကုန်းကို ဒီလဆန်းကစပြီး အပြန်အလှန် တိုက်ခိုက်သိမ်းပိုက်နေရာက အခုနောက်ဆုံး AA တပ်ဖွဲ့တွေ ရှိနေတဲ့ နေရာကို တပ်မတော်က အပြင်းအထန် ထိုးစစ်ဆင်သိမ်းပိုက်ဖို့ ကြိုးစားနေတာပါ။

တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားရာက အနီးနားရွာတွေအထိ သေနတ်ကျည်ထိမှန်တာတွေ ရှိနေတာကြောင့် နွားလှကျော် (ခေါ်) လိုင်ဂွင်ကျေး ရွာသားထောင်ချီပြီး ရသေ့တောင်မြို့ထဲ တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ ဒေသခံရွာသား ဦးစောဝေကပြောပါတယ်။

“ထီးစွဲက အဲဒီဘက်က ပစ်လိုက်တဲ့ဒုံးတွေဟာ တောင်ကိုကျော်ပြီးတော့ နွားလှကျော်ကိုလာပြီးတော့ ထိလာတယ်။ အဲဒီရွာတွေ ကျတယ်။ နွားလှကျော်လေ။ ရွာသားတွေအခုပြေးနေကြပြီး။ အဲဒီမှာမိန်းမတွေ၊ ကလေးတွေပြေးပြီ။ ၁,၀၀၀ ပတ်ဝန်းကျင်လောက်ပြေးကြတာပေါ့။ ရသေ့တောင်ဘက်ကိုပြေးကြတယ်လို့။ Honda တွေနဲ့၊ စက်လှေတွေနဲ့လေ။”

ဒီမနက်အောင်သာစည်ကုန်း တိုက်ပွဲအခြေအနေနဲ့ ပက်သက်လို့ AA ပြောခွင့်ရခိုင်သုခကအခုလိုပြောပါတယ်။

“တိုက်ပွဲကတော့ အပြင်းအထန်ဖြစ်နေတယ်။ တိုက်ပွဲကတော့ အပြင်းထန်ဖြစ်နေတယ်။ ဒီအောက်တိုဘာလ ၁၃ ရက် မနက် ၆ နာရီက စပြီးတော့ ရသေ့တောင်မြို့နယ် အောင်သာစည်ရွာတဝိုက်ကို မြန်မာစစ်တပ်ကနေပြီးတော့မှ ကြည်း၊ ရေ၊ လေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာရှိတယ်။ မနက် ၉ နာရီခွဲလောက်စပြီးတော့မှ ဂျက်ဖိုက်တာ ၂ စီးနဲ့ အခုချိန်ထိဆိုလို့ ရှိရင်တော့ သူတို့ လာပစ်တာ ၃ ကြိမ်မြောက်ရှိသွားပြီ။ ဒီထိုးစစ်တွေအတွင်းမှာတော့ မြန်မာစစ်တပ်ဘက်က အထိခိုက်အကျဆုံးတွေ များတယ်ခင်ဗျ။ အသေးစိတ်ကတော့ မသိရသေးဘူး။”

ဒီနေ့ မနက်ပိုင်းကနေ မိုးချုပ်တဲ့အထိ နှစ်ဘက်တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး နှစ်ဘက်ထိခိုက်မှုကိုတော့ အတည်မပြုနိုင်သေးပါဘူး။

အောင်သာစည်ကုန်းတိုက်ပွဲ အခြေအနေနဲ့ ပတ်သက်လို့ တပ်မတော်ပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ရသေ့တောင်မြို့နယ်မြောက်ပိုင်း၊ ကျောက်တန်းတိုက်နယ်မှာ ပြီးခဲ့တဲ့ လကတည်းက ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေခဲ့ပါတယ်။

မနေ့ကလည်း ရေတပ်သင်္ဘောပစ်ခတ်မှုကြောင့် မယူမြစ်ကမ်းနားဘေး စဖိုကျွန်းအနီးရွာ ၅ ရွာက ရွာသား ၂,၀၀၀ ကျော် စေတီပြင်စစ်ရှောင်စခန်းဘက်ကို တိမ်းရှောင်ရောက်ရှိလာတယ်လို့ စခန်းတာဝန်ရှိသူ တဦးကပြောပါတယ်။

“မနေ့က ဇက် NAVY တွေ တက်ပြီးတော့ ရမ်းသန်းပစ်ခတ်တာပေါ့။ အဲဒီမေယုမြစ်ကြောဟိုဘက်ဒီဘက်ပေါ့။ အဲဒီမှာ ကြောက်ပြီး ထွက်ပြေးလာကြတာာ။ အခု ၂,၀၀၀ ကျော်ကျော်လောက်တိုးလာတာပေါ့။ အောက်ကျောင်းတောင်၊ စဖိုကျွန်း၊ အောင်ဇေကုန်း၊ နောက်ပြီး ကံပြင်၊ ပြင်ဝန်း အဲဒီ ၅ ရွာပေါ့အဓိက။

ရခိုင်ပြည်နယ်အတွင်း ၂ နှစ်နီးပါး စစ်ရေးတင်းမာမှုအတွင်း ဒေသခံတွေထိခိုက်သေဆုံးမှုတွေ များလာနေသလို အရပ်သား ၂၂၀,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ရခိုင်လူမှုအဖွဲ့အစည်းတွေက စာရင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကြား ပဋိပက္ခတွေ အရှိန်မြင့်တက်လာတာနဲ့အမျှ အရပ်သားတွေအပေါ် မဆင်မခြင်တိုက်ခိုက်နေတာတွေ၊ ရွာတွေ မီးရှို့ဖျက်စီးနေတာတွေ ရှိနေတယ်လို့ စွပ်စွဲထားတဲ့ အထောက်အထားတွေနဲ့အတူ အစီရင်ခံစာသစ် တခုကိုလည်း AI ခေါ် နိုင်ငံတကာ လူ့အခွင့်ရေးလှုပ်ရှားမှု အဖွဲ့က အောက်တိုဘာလ ၁၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG