သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ေဒသခံမ်ား စစ္ေဘးေရာ ကပ္ေရာဂါေၾကာင့္ပါ ေနထိ္ုင္မႈခက္ခဲ


လက္နက္ႀကီးေၾကာင့္ ရခိုင္ျပည္နယ္ မိုးစဲကြြ်န္းေဒသခံေတြ စစ္ေတြကို တိမ္းေရွာင္လာၾကတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - ေမယုထြန္း - စက္တင္ဘာ ၂၃၊ ၂၀၂၀)

(Zawgyi / Unicode)

COVID-19 ကပ္ေရာဂါ ကူးစက္မႈအႏၲရာယ္သာမက စစ္ေဘးအႏၲရာယ္ကိုပါ ရင္ဆိုင္ေနရတဲ့ ရခိုင္ျပည္သူေတြအေနနဲ႔ သြားလာေရး၊ က်န္းမာေရးနဲ႔ ေန႔စဥ္လူမႈဘဝ အခက္ႀကံဳေနရတာေတြကို မဆုမြန္ စုစည္းတင္ျပထားပါတယ္။

ကပ္ေရာဂါကူးစက္မႈအႏၲရာယ္ စိုးရိမ္စရာအဆင့္မွာ ရွိေနေသးတဲ့ ရခိုင္ျပည္နယ္တြင္းက ျပည္သူေတြဟာ ေဒသတြင္း ထုတ္ျပန္ထားတဲ့ Stay At Home ေနအိမ္ထဲမွာ ျပည္သူေတြေနၾကဖို႔အမိန႔္၊ Social Distancing တဦးနဲ႔တဦး ခပ္ခြာခြာေနၾကဖို႔ဆိုတဲ့ လမ္းၫႊန္ခ်က္ေတြ လိုက္နာႏုိင္ဖို႔ထက္ လတ္တေလာ စစ္မက္ပဋိပကၡေတြေၾကာင့္ အသက္ေဘးကပဲ လြတ္ေအာင္ ေျပးေနၾကရတယ္လို႔ ရခိုင္ေဒသခံ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ေစာေဝကက ေျပာပါတယ္။

“ေရာက္လာတဲ့သူေတြက က်မတို႔ ရေသ့ေတာင္ၿမိဳ႕နယ္ ေစတီျပင္ေက်းရြာမွာ ပိုမ်ားပါတယ္။ အဲ့ေတာ့ အဲဒီဘက္ေတြမွာက တိုက္ပြဲေတြ ဟိုတေလာကျဖစ္တယ္။ တိုက္ပြဲမရွိလည္း လက္နက္ႀကီးက်ည္က်တယ္။ အဲ့ေတာ့ ကိုယ့္ၿမိဳ႕ကိုယ္ေက်းရြာ ကိုယ့္အိမ္ေပၚမွာ မေနရဲၾကေတာ့ဘဲ ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာင္လာၾကသူေတြ အမ်ားႀကီးရွိပါတယ္။ ေစတီျပင္ေက်းရြာမွာဆိုရင္ စစ္ေဘးေရွာင္ေတြ ေနာက္ထပ္ ၂,၀၀၀ နီးပါးေလာက္ကို ထပ္ၿပီး ထြက္ေျပးလာၾကတယ္လို႔ သိရပါတယ္။ သူတို႔စားဝတ္ေနေရးေတြ အခက္အခဲ ရွိတဲ့အတြက္လည္း သြားလာေရး အင္မတန္ခက္ခဲေနတဲ့ ၾကားထဲက တခ်ိဳ႕ လာလွဴေနၾကတာလည္း ေတြ႔ရပါတယ္။”

ေရာဂါေဘးေရာ စစ္ေဘးပါ ရင္ဆိုင္ေနရတဲ့ ရခိုင္ျပည္သူေတြ ေဘးကင္းလုံၿခဳံစြာ အသက္ရွင္ေနႏိုင္ေရး ျပည္ေထာင္စုအစိုးရနဲ႔ ျပည္နယ္အစိုးရဘက္က အေလးအနက္ထား ေဆာင္ရြက္ေပးပါလို႔ ရေသ့ေတာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ေစာေဝက ေျပာပါတယ္။

“အဲ့ေတာ့ က်မတို႔ ရခိုင္ျပည္နယ္မွာ COVID-19 အႏၲရာယ္အတြက္ကိုလည္း စိုးရိမ္ေနၾကရတယ္။ ေနာက္တခါ တိုက္ပြဲေတြျဖစ္လို႔ တိုက္ပြဲေရွာင္ေတြ အမ်ားႀကီးျဖစ္လာၿပီး တိုက္ပြဲကိုလည္း စိုးရိမ္ေနၾကရတယ္။ အဲ့သလို စိန္ေခၚမႈေတြ အမ်ားႀကီး ရွိေနတဲ့ၾကားထဲက ဒီအစိုးရအေနနဲ႔ တာဝန္အႀကီးဆုံး ျဖစ္တဲ့အတြက္ သူတို႔အတြက္ တာဝန္ယူေစခ်င္ပါတယ္။ အကုန္ပူးေပါင္းလုပ္ရင္ေတာ့ အဆင္ေျပသြားႏုိင္ပါတယ္။ လူဦးေရ ထူထပ္ၿပီးေနရတယ္၊ က်န္းမာေရး ေစာင့္ေရွာက္မႈ အားနည္းမႈေတြေတာ့ ရွိတယ္။ အကုန္လုံးက ျဖစ္သလိုေနေနရတဲ့ အေျခအေနေတြကိုလည္း က်မတို႔ ေတြ႔ေနရပါတယ္။ အဲ့ဒီ့အတြက္ အစိုးရအေနနဲ႔ သူတို႔စားေရးေသာက္ေရး အဆင္ေျပဖို႔ က်န္းမာေရးေတြ အဆင္ေျပဖို႔ လုံၿခဳံေရးေကာင္းေကာင္းနဲ႔ ေနရဖို႔အတြက္လည္း အစိုးရအေနနဲ႔ ကိုယ္စားလွယ္ေတြနဲ႔ CSO အရပ္ဘက္အဖြဲ႔ေတြနဲ႔ ပူးေပါင္းၿပီးေတာ့ အကုန္ တာဝန္ယူ လုပ္ေဆာင္ေပးဖို႔ က်မေျပာခ်င္ပါတယ္ရွင့္။”

ေရာဂါထိန္းခ်ဳပ္ေရးအတြက္ COVID-19 ကူးစက္မႈ အမ်ားဆုံးျဖစ္ေနတဲ့ စစ္ေတြၿမိဳ႕ဘက္ကလာတဲ့ အသြားအလာေတြကို အဝင္ဂိတ္ေတြမွာ အထူးေစာင့္ၾကည့္ စစ္ေဆးေနၿပီး ခရီးကျပန္လာသူတခ်ိဳ႕ကို သီးျခား ကန႔္သတ္ခြဲေနထိုင္တဲ့ အစီအစဥ္ ကြာရမ္တင္းဝင္ခိုင္းေနတဲ့ အေျခအေနကိုလည္း ေဒၚခင္ေစာေဝက ေျပာျပပါတယ္။

“က်မတို႔ ရေသ့ေတာင္ရဲ႕ ဆိပ္ကမ္းမွာ အဖြဲ႔ေတြ ဖြဲ႔ထားပါတယ္။ က်န္းမာေရး အေထာက္အကူျပဳ အဖြဲ႔ေတြေပါ့ေနာ္။ ကြာရမ္တင္းနဲ႔ ကိုဗစ္နဲ႔ပတ္သက္တဲ့ အဖြဲ႔ေတြေပါ့။ စစ္ေတြကလာတဲ့သူတိုင္းကို ဒီကေနေစာင့္ၿပီးေတာ့ သူတို႔ရဲ႕ ကိုယ္ေရးရာဇဝင္ေတြယူ ေမးၿပီးေတာ့ ကြာရမ္တင္းထားပါတယ္။ အခုက က်မတို႔ ရေသ့ေတာင္မွာ ကားလမ္းကို ဘယ္သူမွ မသြားရဲ မလာရဲၾကဘူးေပါ့ေနာ္။ အဲ့ဒီ့ကားလမ္းကို ပိတ္ထားတဲ့ အေျခအေန ျဖစ္တဲ့အတြက္ ေရလမ္းခရီးတခုပဲ ရွိပါတယ္။ အဲ့ဒီ့အတြက္ေၾကာင့္ ေရလမ္းခရီးကပဲ ေစာင့္ၿပီးေတာ့ ကြာရမ္တင္းဝင္သင့္တဲ့သူဆို တကယ့္ကို စစ္ေတြကလာတယ္ဆိုရင္ ဝင္ရပါတယ္။ ေန႔ခ်င္းျပန္ တျခားေက်းရြာေလးေတြက လာၾကတယ္ဆိုရင္ေတာ့ ဝင္စရာမလိုပါဘူး။”

COVID-19 ကူးစက္မႈ အမ်ားဆုံးျဖစ္ခဲ့တဲ့ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ဘက္မွာလည္း အခုအခ်ိန္အထိ ျပည္သူေတြ ေနအိမ္ထဲမွာပဲေနၾကဖို႔ အမိန႔္ထုတ္ထားသလို အျပင္သြားလာခြင့္အတြက္ ထုတ္ေပးထားတဲ့ကတ္ အကန႔္အသတ္နဲ႔ သြားလာေနရဆဲ အေျခအေနကို စစ္ေတြၿမိဳ႕မွာ ျပည္သူေတြကို အကူအညီေပးေနတဲ့ အေနာက္တံခါးေဒသ ေစာင့္ေရွာက္ေရးအဖြဲ႔ ေခါင္းေဆာင္ ဦးေအာင္ေဌးက ေျပာျပပါတယ္။

“က်ေနာ္တို႔က မေန႔ကဆိုရင္ ရခိုင္ကိုလာတဲ့ ေဆးဝါးပစၥည္းေတြကို အမ္းတပ္နယ္ကေန သြားခြင့္မေပးဘဲ ပိတ္ထားတာေတြ ရွိတယ္ခင္ဗ်။ အဲ့လိုမ်ိဳးေတြက်တာ့ ေဆး႐ုံသုံးပစၥည္းေတြေတာင္ မသြားရဘူး၊ မသယ္ရဘူးဆိုရင္ ေတာ္ေတာ္ အခက္အခဲျဖစ္တာေပါ့ေနာ္။ ဘာပဲျဖစ္ျဖစ္ လူသားခ်င္းစာနာမႈဆိုတဲ့ စိတ္တခုေတာ့ ထားသင့္တယ္လို႔ က်ေနာ္တို႔က ျမင္တယ္။ လမ္းပန္း ဆက္သြယ္ေရးမွာ အေရးေပၚအေျခအေနအရ ဖြင့္ေပးသင့္တဲ့ ကားေတြကိုေတာ့ ဖြင့္ေပးရပါမယ္။ သြားလာသင့္တဲ့ ကားေတြကိုလည္း ခြင့္ျပဳသင့္ ခြင့္ျပဳေပးဖို႔ေတာ့ ျဖစ္ေစခ်င္တယ္ဗ်ာ။

“ညမထြက္ရအမိန႔္ ဆိုတာထက္ကို က်ေနာ္တို႔ဆီမွာက အဓိက အျပင္ထြက္ခြင့္ကတ္ေပါ့၊ ေဈးဝယ္ကတ္၊ ေဆးခန္းျပခြင့္ကတ္ ဆိုတာေတြ ထုတ္ေပးထားတယ္။ အဲ့ဒါေတြကေတာ့ နည္းနည္း အခက္အခဲရွိတယ္ဗ်။ ဘယ္လိုအခက္ခဲရွိလဲဆိုေတာ့ သေဘာမွာက ေဈးဝယ္ကတ္ အဝါေရာင္ဆို ေဈးဝယ္၊ အနီေရာင္ဆို ေဆးခန္းျပခြင့္ကတ္ေပါ့၊ ၂ ေယာက္သြားလာခြင့္ ေပးထားတာေပါ့။ စစ္ေတြတင္မကဘူး။ တခ်ိဳ႕ၿမိဳ႕ ဥပမာ ေက်ာက္ျဖဴမွာဆို ၁၁ နာရီဆို ေဈးပိတ္သြားေတာ့ လူေတြလည္း ၁၁ နာရီေနာက္ပိုင္း မထြက္ရေတာ့ဘူးဆိုေတာ့ ေတာ္ေတာ္ အခက္အခဲ ျဖစ္သြားတာေပါ့။ အဲ့လိုမ်ိဳး အခက္အခဲေတြက ရခိုင္ဘက္မွာ ေက်ာက္ျဖဴေရာ စစ္ေတြမွာလည္း အဲ့လိုအေျခအေနမ်ိဳးေတြ ရွိတယ္။ အျပင္ကိုသြားလို႔ ကတ္မပါရင္ ဖမ္းတယ္ ဆီးတယ္ ေလ်ာ္ေၾကးတပ္တယ္။ အခုလည္း ၁၀ ရက္ေနာက္ပိုင္း ဥပေဒအရ အေရးယူမယ္ဆိုၿပီး အမိန႔္ထုတ္ထားတာလည္း ရွိပါတယ္။ အဲ့လိုမ်ိဳး အေျခအေနေတြ ေနာက္ဆုံးႀကဳံေတြ႔ေနရပါတယ္ခင္ဗ်။”

အခုလက္ရွိ ရခိုင္ျပည္နယ္တြင္း ရခိုင္လက္နက္ကိုင္တပ္နဲ႔ အစိုးရစစ္တပ္တို႔ၾကား တိုက္ပြဲေတြအတြင္း ေဘးလြတ္ရာ တိမ္းေရွာင္ ထြက္ေျပးလာရတဲ့ စစ္ေျပးဒုကၡသည္ေပါင္းက အခုဆိုရင္ ၂၂၆,၈၀၄ ရွိသြားၿပီလို႔ စစ္ေၾကာင့္ေရာ COVID-19 ေၾကာင့္ပါ သြားလာမႈေတြ အကန႔္အသတ္ေတြၾကားက စစ္ေဘးေရွာင္ေတြဆီ သြားကူညီေပးတဲ့ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံး (REC) က ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၁ ရက္ေန႔က ေနာက္ဆုံး စာရင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ရခိုင်ဒေသခံများ စစ်ဘေးရော ကပ်ရောဂါကြောင့်ပါ နေထိုင်မှုခက်ခဲ

COVID-19 ကပ်ရောဂါ ကူးစက်မှုအန္တရာယ်သာမက စစ်ဘေးအန္တရာယ်ကိုပါ ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်သူတွေအနေနဲ့ သွားလာရေး၊ ကျန်းမာရေးနဲ့ နေ့စဉ်လူမှုဘဝ အခက်ကြုံနေရတာတွေကို မဆုမွန် စုစည်းတင်ပြထားပါတယ်။

ကပ်ရောဂါကူးစက်မှုအန္တရာယ် စိုးရိမ်စရာအဆင့်မှာ ရှိနေသေးတဲ့ ရခိုင်ပြည်နယ်တွင်းက ပြည်သူတွေဟာ ဒေသတွင်း ထုတ်ပြန်ထားတဲ့ Stay At Home နေအိမ်ထဲမှာ ပြည်သူတွေနေကြဖို့အမိန့်၊ Social Distancing တဦးနဲ့တဦး ခပ်ခွာခွာနေကြဖို့ဆိုတဲ့ လမ်းညွှန်ချက်တွေ လိုက်နာနိုင်ဖို့ထက် လတ်တလော စစ်မက်ပဋိပက္ခတွေကြောင့် အသက်ဘေးကပဲ လွတ်အောင် ပြေးနေကြရတယ်လို့ ရခိုင်ဒေသခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကက ပြောပါတယ်။

“ရောက်လာတဲ့သူတွေက ကျမတို့ ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာမှာ ပိုများပါတယ်။ အဲ့တော့ အဲဒီဘက်တွေမှာက တိုက်ပွဲတွေ ဟိုတလောကဖြစ်တယ်။ တိုက်ပွဲမရှိလည်း လက်နက်ကြီးကျည်ကျတယ်။ အဲ့တော့ ကိုယ့်မြို့ကိုယ်ကျေးရွာ ကိုယ့်အိမ်ပေါ်မှာ မနေရဲကြတော့ဘဲ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်လာကြသူတွေ အများကြီးရှိပါတယ်။ စေတီပြင်ကျေးရွာမှာဆိုရင် စစ်ဘေးရှောင်တွေ နောက်ထပ် ၂,၀၀၀ နီးပါးလောက်ကို ထပ်ပြီး ထွက်ပြေးလာကြတယ်လို့ သိရပါတယ်။ သူတို့စားဝတ်နေရေးတွေ အခက်အခဲ ရှိတဲ့အတွက်လည်း သွားလာရေး အင်မတန်ခက်ခဲနေတဲ့ ကြားထဲက တချို့ လာလှူနေကြတာလည်း တွေ့ရပါတယ်။”

ရောဂါဘေးရော စစ်ဘေးပါ ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်သူတွေ ဘေးကင်းလုံခြုံစွာ အသက်ရှင်နေနိုင်ရေး ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရဘက်က အလေးအနက်ထား ဆောင်ရွက်ပေးပါလို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။

“အဲ့တော့ ကျမတို့ ရခိုင်ပြည်နယ်မှာ COVID-19 အန္တရာယ်အတွက်ကိုလည်း စိုးရိမ်နေကြရတယ်။ နောက်တခါ တိုက်ပွဲတွေဖြစ်လို့ တိုက်ပွဲရှောင်တွေ အများကြီးဖြစ်လာပြီး တိုက်ပွဲကိုလည်း စိုးရိမ်နေကြရတယ်။ အဲ့သလို စိန်ခေါ်မှုတွေ အများကြီး ရှိနေတဲ့ကြားထဲက ဒီအစိုးရအနေနဲ့ တာဝန်အကြီးဆုံး ဖြစ်တဲ့အတွက် သူတို့အတွက် တာဝန်ယူစေချင်ပါတယ်။ အကုန်ပူးပေါင်းလုပ်ရင်တော့ အဆင်ပြေသွားနိုင်ပါတယ်။ လူဦးရေ ထူထပ်ပြီးနေရတယ်၊ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းမှုတွေတော့ ရှိတယ်။ အကုန်လုံးက ဖြစ်သလိုနေနေရတဲ့ အခြေအနေတွေကိုလည်း ကျမတို့ တွေ့နေရပါတယ်။ အဲ့ဒီ့အတွက် အစိုးရအနေနဲ့ သူတို့စားရေးသောက်ရေး အဆင်ပြေဖို့ ကျန်းမာရေးတွေ အဆင်ပြေဖို့ လုံခြုံရေးကောင်းကောင်းနဲ့ နေရဖို့အတွက်လည်း အစိုးရအနေနဲ့ ကိုယ်စားလှယ်တွေနဲ့ CSO အရပ်ဘက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ အကုန် တာဝန်ယူ လုပ်ဆောင်ပေးဖို့ ကျမပြောချင်ပါတယ်ရှင့်။”

ရောဂါထိန်းချုပ်ရေးအတွက် COVID-19 ကူးစက်မှု အများဆုံးဖြစ်နေတဲ့ စစ်တွေမြို့ဘက်ကလာတဲ့ အသွားအလာတွေကို အဝင်ဂိတ်တွေမှာ အထူးစောင့်ကြည့် စစ်ဆေးနေပြီး ခရီးကပြန်လာသူတချို့ကို သီးခြား ကန့်သတ်ခွဲနေထိုင်တဲ့ အစီအစဉ် ကွာရမ်တင်းဝင်ခိုင်းနေတဲ့ အခြေအနေကိုလည်း ဒေါ်ခင်စောဝေက ပြောပြပါတယ်။

“ကျမတို့ ရသေ့တောင်ရဲ့ ဆိပ်ကမ်းမှာ အဖွဲ့တွေ ဖွဲ့ထားပါတယ်။ ကျန်းမာရေး အထောက်အကူပြု အဖွဲ့တွေပေါ့နော်။ ကွာရမ်တင်းနဲ့ ကိုဗစ်နဲ့ပတ်သက်တဲ့ အဖွဲ့တွေပေါ့။ စစ်တွေကလာတဲ့သူတိုင်းကို ဒီကနေစောင့်ပြီးတော့ သူတို့ရဲ့ ကိုယ်ရေးရာဇဝင်တွေယူ မေးပြီးတော့ ကွာရမ်တင်းထားပါတယ်။ အခုက ကျမတို့ ရသေ့တောင်မှာ ကားလမ်းကို ဘယ်သူမှ မသွားရဲ မလာရဲကြဘူးပေါ့နော်။ အဲ့ဒီ့ကားလမ်းကို ပိတ်ထားတဲ့ အခြေအနေ ဖြစ်တဲ့အတွက် ရေလမ်းခရီးတခုပဲ ရှိပါတယ်။ အဲ့ဒီ့အတွက်ကြောင့် ရေလမ်းခရီးကပဲ စောင့်ပြီးတော့ ကွာရမ်တင်းဝင်သင့်တဲ့သူဆို တကယ့်ကို စစ်တွေကလာတယ်ဆိုရင် ဝင်ရပါတယ်။ နေ့ချင်းပြန် တခြားကျေးရွာလေးတွေက လာကြတယ်ဆိုရင်တော့ ဝင်စရာမလိုပါဘူး။”

COVID-19 ကူးစက်မှု အများဆုံးဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ဘက်မှာလည်း အခုအချိန်အထိ ပြည်သူတွေ နေအိမ်ထဲမှာပဲနေကြဖို့ အမိန့်ထုတ်ထားသလို အပြင်သွားလာခွင့်အတွက် ထုတ်ပေးထားတဲ့ကတ် အကန့်အသတ်နဲ့ သွားလာနေရဆဲ အခြေအနေကို စစ်တွေမြို့မှာ ပြည်သူတွေကို အကူအညီပေးနေတဲ့ အနောက်တံခါးဒေသ စောင့်ရှောက်ရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်ဌေးက ပြောပြပါတယ်။

“ကျနော်တို့က မနေ့ကဆိုရင် ရခိုင်ကိုလာတဲ့ ဆေးဝါးပစ္စည်းတွေကို အမ်းတပ်နယ်ကနေ သွားခွင့်မပေးဘဲ ပိတ်ထားတာတွေ ရှိတယ်ခင်ဗျ။ အဲ့လိုမျိုးတွေကျတာ့ ဆေးရုံသုံးပစ္စည်းတွေတောင် မသွားရဘူး၊ မသယ်ရဘူးဆိုရင် တော်တော် အခက်အခဲဖြစ်တာပေါ့နော်။ ဘာပဲဖြစ်ဖြစ် လူသားချင်းစာနာမှုဆိုတဲ့ စိတ်တခုတော့ ထားသင့်တယ်လို့ ကျနော်တို့က မြင်တယ်။ လမ်းပန်း ဆက်သွယ်ရေးမှာ အရေးပေါ်အခြေအနေအရ ဖွင့်ပေးသင့်တဲ့ ကားတွေကိုတော့ ဖွင့်ပေးရပါမယ်။ သွားလာသင့်တဲ့ ကားတွေကိုလည်း ခွင့်ပြုသင့် ခွင့်ပြုပေးဖို့တော့ ဖြစ်စေချင်တယ်ဗျာ။

“ညမထွက်ရအမိန့် ဆိုတာထက်ကို ကျနော်တို့ဆီမှာက အဓိက အပြင်ထွက်ခွင့်ကတ်ပေါ့၊ ဈေးဝယ်ကတ်၊ ဆေးခန်းပြခွင့်ကတ် ဆိုတာတွေ ထုတ်ပေးထားတယ်။ အဲ့ဒါတွေကတော့ နည်းနည်း အခက်အခဲရှိတယ်ဗျ။ ဘယ်လိုအခက်ခဲရှိလဲဆိုတော့ သဘောမှာက ဈေးဝယ်ကတ် အဝါရောင်ဆို ဈေးဝယ်၊ အနီရောင်ဆို ဆေးခန်းပြခွင့်ကတ်ပေါ့၊ ၂ ယောက်သွားလာခွင့် ပေးထားတာပေါ့။ စစ်တွေတင်မကဘူး။ တချို့မြို့ ဥပမာ ကျောက်ဖြူမှာဆို ၁၁ နာရီဆို ဈေးပိတ်သွားတော့ လူတွေလည်း ၁၁ နာရီနောက်ပိုင်း မထွက်ရတော့ဘူးဆိုတော့ တော်တော် အခက်အခဲ ဖြစ်သွားတာပေါ့။ အဲ့လိုမျိုး အခက်အခဲတွေက ရခိုင်ဘက်မှာ ကျောက်ဖြူရော စစ်တွေမှာလည်း အဲ့လိုအခြေအနေမျိုးတွေ ရှိတယ်။ အပြင်ကိုသွားလို့ ကတ်မပါရင် ဖမ်းတယ် ဆီးတယ် လျော်ကြေးတပ်တယ်။ အခုလည်း ၁၀ ရက်နောက်ပိုင်း ဥပဒေအရ အရေးယူမယ်ဆိုပြီး အမိန့်ထုတ်ထားတာလည်း ရှိပါတယ်။ အဲ့လိုမျိုး အခြေအနေတွေ နောက်ဆုံးကြုံတွေ့နေရပါတယ်ခင်ဗျ။”

အခုလက်ရှိ ရခိုင်ပြည်နယ်တွင်း ရခိုင်လက်နက်ကိုင်တပ်နဲ့ အစိုးရစစ်တပ်တို့ကြား တိုက်ပွဲတွေအတွင်း ဘေးလွတ်ရာ တိမ်းရှောင် ထွက်ပြေးလာရတဲ့ စစ်ပြေးဒုက္ခသည်ပေါင်းက အခုဆိုရင် ၂၂၆,၈၀၄ ရှိသွားပြီလို့ စစ်ကြောင့်ရော COVID-19 ကြောင့်ပါ သွားလာမှုတွေ အကန့်အသတ်တွေကြားက စစ်ဘေးရှောင်တွေဆီ သွားကူညီပေးတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့က နောက်ဆုံး စာရင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG