သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရုတ္ႏိုင္ငံတြင္း တေက်ာ့ျပန္ ကိုဗစ္ေရာဂါကူးစက္လာမႈ ျမန္မာႏိုင္ငံသားေတြပါမပါသံရံုးေစာင့္ၾကည့္ေန


တ႐ုတ္ႏုိင္ငံ အေရွ႕ပုိင္း ရွန္တုန္းျပည္နယ္တြင္ COVID တေက်ာ့ျပန္ျဖစ္ပြားတာေၾကာင့္ ေအာက္တိုဘာ ၁၃ ရက္ေန႔ ေဆးစစ္ေန

(Zawgyi/Unicode)

တ႐ုတ္ႏုိင္ငံမွာ ၂ လနီးပါးအတြင္း ပထမဆုံးအႀကိမ္ ကုိဗစ္ကပ္ေရာဂါ ျပည္တြင္းကူးစက္မႈေတြ ေတြ႔ရွိခဲ့တဲ့ ႏုိင္ငံအေရွ႕ပုိင္း ခ်င္းေတာင္ၿမိဳ႕မွာ ေရာဂါပုိး ရွိ၊မရွိ စစ္ေဆးေနသလုိ၊ အဲဒီၿမိဳ႕မွာ ေရာက္ေနတဲ့ ျမန္မာႏုိင္ငံသားတခ်ဳိ႕ကလည္း အေျခအေနကုိ စုိးရိမ္ေနၾကပါတယ္။ေရာဂါပိုးရွိမရွိ စစ္ေဆးခံရသူေတြထဲမွာ ျမန္မာႏိုင္ငံသားေတြ ပါမပါ ေစာင့္ၾကည့္ေနေၾကာင္း ေပက်င္းၿမိဳ႕ေတာ္မွာရွိတဲ့ ျမန္မာသံရံုး သံမႉးႀကီး ဦးဟန္ဝင္းေအာင္က ဗြီအိုေအကို ေျပာပါတယ္။

ဗီြအိုေအ သတင္းေထာက္ ကိုေဇာ္ထက္က သတင္းေပးပို႔ထားပါတယ္။

တ႐ုတ္ႏုိင္ငံ အေရွ႕ပုိင္း ရွန္တုန္းျပည္နယ္က ဆိပ္ကမ္းၿမိဳ႕ျဖစ္တဲ့ ခ်င္းေတာင္မွာ ကုိဗစ္ေရာဂါလကၡဏာရွိသူ ၆ ေယာက္နဲ႔ ေရာဂါလကၡဏာ မျပတဲ့သူ ၆ ေယာက္ကုိ ဒီသီတင္းပတ္ကုန္မွာပဲ အတည္ျပဳခဲ့ၿပီးေနာက္ သန္းနဲ႔ခ်ီတဲ့ ၿမိဳ႕ခံေတြကုိလည္း ေရာဂါပုိး ရွိ၊ မရွိ စစ္ေဆးေနတာပါ။

ခ်င္းေတာင္ၿမိဳ႕ကုိ သြားဖုိ႔ ႀကိဳးစားတဲ့ ျမန္မာအလုပ္သမားတေယာက္ကေတာ့ ကပ္ေရာဂါကူးစက္မႈေတြ တေက်ာ့ျပန္ေတြ႔ရွိခဲ့ၿပီးေနာက္ ၿမိဳ႕အ၀င္အထြက္ေတြကုိ တားျမစ္ထားတာေၾကာင့္ လမ္းကေန လွည့္ျပန္ခဲ့ရတယ္လုိ႔ အခုလုိ ေျပာပါတယ္။

“ေျပာရမယ္ဆိုရင္ ဒီေန႔က်ေနာ္တို႔ ျပန္လာတာက လမ္းတဝက္နဲ႔ ျပန္ေခါက္လာရတယ္။ လမ္းတဝက္ေရာက္ရင္ ဂိတ္မွာ မျဖတ္ခိုင္းမွာစိုးလို႔ အဲဒီျဖစ္ေနတဲ့ေနရာေတာ့ lockdown ခ်ထားတယ္။ စစ္ေဆးမႈေတြ ျပဳလုပ္မယ္ေျပာတယ္”

ေရာဂါကူးစက္မႈေတြကုိ ထိန္းခ်ဳပ္ႏုိင္ၿပီျဖစ္ေၾကာင္း ေၾကညာထားတဲ့ တ႐ုတ္ႏုိင္ငံမွာ တေက်ာ့ျပန္ ျပည္တြင္းကူးစက္မႈေတြ ေတြ႔ရွိခဲ့တာေၾကာင့္ ခ်င္းေတာင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားေတြၾကား စုိးရိမ္မႈေတြ ထြက္ေပၚေနသလုိ၊ တခ်ဳိ႕ကေတာ့ ျမန္မာႏုိင္ငံ နယ္စပ္ေဒသေတြကို ျပန္လာေနၾကေၾကာင္း တ႐ုတ္ႏုိင္ငံ ယူနန္ျပည္နယ္ ေ႐ႊလီၿမိဳ႕အေျခစိုက္ မိုးမခေဖာင္ေဒးရွင္းက ေဒၚမိုးမခက ေျပာပါတယ္။

“ဒီေန႔မနက္ အဲဒီဘက္ကေန ေျပာတာ သူတို႔က အဲဒီမွာ ေရာဂါတအားျဖစ္လို႔တဲ့ အဲဒီမွာေနရင္သူတို႔ ထမင္းငတ္မွာ ေၾကာက္လို႔ ဆိုၿပီးမွ ျပန္လာတာ အေယာက္ ၄၀ ေက်ာ္၊ ဒီေန႔မနက္ ေ႐ႊလီေရာက္ေတာ့ အကုန္ဖမ္းမိတယ္။ အခုေလာေလာဆယ္ေတာ့ သူတို႔ ေထာင္ထဲမွာေတာ့ ပို႔လိုက္တာပဲ ဘယ္လို ေရွ႕ဆက္လုပ္မလဲ မသိေသးဘူး။”

တ႐ုတ္ႏုိင္ငံ အာဏာပုိင္ေတြကေတာ့ ျမန္မာႏုိင္ငံမွာ မၾကာေသးခင္ လပုိင္းအတြင္း ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ရာဂဏန္းနဲ႔ ကူးစက္သူ ေသာင္းနဲ႔ခ်ီ တုိးလာရာက နယ္စပ္ေဒသေတြမွာ လုံၿခံဳေရး တင္းၾကပ္ထားပါတယ္။ ၿပီးခဲ့တဲ့လထဲမွာလည္း ေ႐ႊလီၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသား ၂ ေယာက္မွာ ကိုဗစ္ေရာဂါ ေတြ႔ခဲ့ၿပီးေနာက္ တၿမိဳ႕လုံး အသြားအလာေတြ ယာယီတားျမစ္ခဲ့သလုိ ေရာဂါပုိး ရွိမရွိစစ္ေဆးမႈေတြလည္း လုပ္ခဲ့ပါတယ္။ တ႐ုတ္ႏုိင္ငံတြင္းမွာ ကုိဗစ္ကပ္ေရာဂါ တေက်ာ့ျပန္ကူးစက္မႈေတြ ေတြ႔ရတဲ့ ခ်င္းေတာင္ၿမိဳ႕မွာေတာ့ အာဏာပုိင္ေတြက တၿမိဳ႕လုံးကုိ မေန႔ကစ ေရာဂါပုိး စစ္ေဆးတာေတြလုပ္ခဲ့တာပါ

ခ်င္းေတာင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားေတြ အေျခအေနနဲ႔ ပတ္သက္လုိ႔လည္း တ႐ုတ္ႏုိင္ငံ ေပက်င္းၿမိဳ႕ ျမန္မာသံ႐ုံးက သံမႉးႀကီး ဦးဟန္ဝင္းေအာင္က ဗြီအိုေအကို အခုလိုရွင္းျပပါတယ္။

“ သူတို႔ တၿမိဳ႕လုံးကို စစ္မယ္ဆိုၿပီးေတာ့ ေျပာထားတဲ့အေနအထားေတာ့ က်ေနာ္တို႔ သိရွိထားပါတယ္။ ျမန္မာေတြ ပါ မပါဆိုတာကေလ က်ေနာ္တို႔ အဲဒါေလးက နည္းနည္းေလး ေစာင့္ၾကည့္ရမယ့္ အေနအထားပါခင္ဗ်၊ သူတို႔စစ္မယ္လို႔သာ ေျပာထားၿပီးလို႔ေလ။ ေနာက္တရက္၊ ႏွစ္ရက္ေလာက္ေနရင္ေတာ့ detail အေသးစိတ္ေလး သိရႏိုင္ပါတယ္။ အခုက အၾကမ္းဖ်င္းေတာ့ သူတို႔ ေၾကညာထားပါတယ္။ အဓိကေတာ့ သူတို႔ တေနရာေတြ႕လိုက္တာနဲ႔ အကုန္ ပိုက္စိပ္တိုက္ၿပီး စစ္တဲ့အေနအထားေလး သူတို႔လုပ္တာေပါ့ေနာ္၊ အရင္က ေပက်င္းမွာလည္း ေတြ႕တဲ့ေနရာေတြရဲ႕ ပတ္ဝန္းက်င္ေတြအကုန္ ပိတ္ၿပီးေတာ့ အကုန္ ဖမ္းစစ္လိုက္တဲ့အေနအထားေပါ့၊ စစ္လိုက္ေတာ့ ေပက်င္းမွာေတာ့ တလအတြင္းေတာ့ ေတြ႕ၿပီးေပ်ာက္သြားတဲ့ အေနအထားေလး ေတြ႕ရပါတယ္။”

တ႐ုတ္အမ်ဳိးသား က်န္းမာေရးေကာ္မရွင္ကေတာ့ ခ်င္းေတာင္ၿမိဳ႕က ျပည္တြင္းကူးစက္သူ ၆ ဦး အပါအ၀င္ တ႐ုတ္ျပည္မႀကီးမွာ ကူးစက္သူ လူနာသစ္ ၁၃ ေယာက္ ရွိခဲ့ေၾကာင္း ဒီကေန႔ပဲ သတင္းထုတ္ျပန္ထားပါတယ္။ ကပ္ေရာဂါ ကူးစက္မႈေတြ စတင္ခ်ိန္ကစလုိ႔ တ႐ုတ္ျပည္မႀကီးမွာ ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၄၆၀၀ ေက်ာ္ အပါအ၀င္ ကူးစက္မႈေပါင္း ၈ ေသာင္းခဲြေက်ာ္ ရွိတယ္လုိ႔ တရား၀င္သတင္းထုတ္ျပန္ ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

တရုတ်နိုင်ငံတွင်း တကျော့ပြန် ကိုဗစ်ရောဂါကူးစက်လာမှု မြန်မာနိုင်ငံသားတွေပါမပါသံရုံးစောင့်ကြည့်နေ

(Unicode)

တရုတ်နိုင်ငံမှာ ၂ လနီးပါးအတွင်း ပထမဆုံးအကြိမ် ကိုဗစ်ကပ်ရောဂါ ပြည်တွင်းကူးစက်မှုတွေ တွေ့ရှိခဲ့တဲ့ နိုင်ငံအရှေ့ပိုင်း ချင်းတောင်မြို့မှာ ရောဂါပိုး ရှိ၊မရှိ စစ်ဆေးနေသလို၊ အဲဒီမြို့မှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတချို့ကလည်း အခြေအနေကို စိုးရိမ်နေကြပါတယ်။ရောဂါပိုးရှိမရှိ စစ်ဆေးခံရသူတွေထဲမှာ မြန်မာနိုင်ငံသားတွေ ပါမပါ စောင့်ကြည့်နေကြောင်း ပေကျင်းမြို့တော်မှာရှိတဲ့ မြန်မာသံရုံး သံမှူးကြီး ဦးဟန်ဝင်းအောင်က ဗွီအိုအေကို ပြောပါတယ်။

ဗွီအိုအေ သတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်တုန်းပြည်နယ်က ဆိပ်ကမ်းမြို့ဖြစ်တဲ့ ချင်းတောင်မှာ ကိုဗစ်ရောဂါလက္ခဏာရှိသူ ၆ ယောက်နဲ့ ရောဂါလက္ခဏာ မပြတဲ့သူ ၆ ယောက်ကို ဒီသီတင်းပတ်ကုန်မှာပဲ အတည်ပြုခဲ့ပြီးနောက် သန်းနဲ့ချီတဲ့ မြို့ခံတွေကိုလည်း ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးနေတာပါ။

ချင်းတောင်မြို့ကို သွားဖို့ ကြိုးစားတဲ့ မြန်မာအလုပ်သမားတယောက်ကတော့ ကပ်ရောဂါကူးစက်မှုတွေ တကျော့ပြန်တွေ့ရှိခဲ့ပြီးနောက် မြို့အဝင်အထွက်တွေကို တားမြစ်ထားတာကြောင့် လမ်းကနေ လှည့်ပြန်ခဲ့ရတယ်လို့ အခုလို ပြောပါတယ်။

“ပြောရမယ်ဆိုရင် ဒီနေ့ကျနော်တို့ ပြန်လာတာက လမ်းတဝက်နဲ့ ပြန်ခေါက်လာရတယ်။ လမ်းတဝက်ရောက်ရင် ဂိတ်မှာ မဖြတ်ခိုင်းမှာစိုးလို့ အဲဒီဖြစ်နေတဲ့နေရာတော့ lockdown ချထားတယ်။ စစ်ဆေးမှုတွေ ပြုလုပ်မယ်ပြောတယ်”

ရောဂါကူးစက်မှုတွေကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ကြေညာထားတဲ့ တရုတ်နိုင်ငံမှာ တကျော့ပြန် ပြည်တွင်းကူးစက်မှုတွေ တွေ့ရှိခဲ့တာကြောင့် ချင်းတောင်မြို့ရောက် မြန်မာနိုင်ငံသားတွေကြား စိုးရိမ်မှုတွေ ထွက်ပေါ်နေသလို၊ တချို့ကတော့ မြန်မာနိုင်ငံ နယ်စပ်ဒေသတွေကို ပြန်လာနေကြကြောင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့အခြေစိုက် မိုးမခဖောင်ဒေးရှင်းက ဒေါ်မိုးမခက ပြောပါတယ်။

“ဒီနေ့မနက် အဲဒီဘက်ကနေ ပြောတာ သူတို့က အဲဒီမှာ ရောဂါတအားဖြစ်လို့တဲ့ အဲဒီမှာနေရင်သူတို့ ထမင်းငတ်မှာ ကြောက်လို့ ဆိုပြီးမှ ပြန်လာတာ အယောက် ၄၀ ကျော်၊ ဒီနေ့မနက် ရွှေလီရောက်တော့ အကုန်ဖမ်းမိတယ်။ အခုလောလောဆယ်တော့ သူတို့ ထောင်ထဲမှာတော့ ပို့လိုက်တာပဲ ဘယ်လို ရှေ့ဆက်လုပ်မလဲ မသိသေးဘူး။”

တရုတ်နိုင်ငံ အာဏာပိုင်တွေကတော့ မြန်မာနိုင်ငံမှာ မကြာသေးခင် လပိုင်းအတွင်း ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ရာဂဏန်းနဲ့ ကူးစက်သူ သောင်းနဲ့ချီ တိုးလာရာက နယ်စပ်ဒေသတွေမှာ လုံခြုံရေး တင်းကြပ်ထားပါတယ်။ ပြီးခဲ့တဲ့လထဲမှာလည်း ရွှေလီမြို့ရောက် မြန်မာနိုင်ငံသား ၂ ယောက်မှာ ကိုဗစ်ရောဂါ တွေ့ခဲ့ပြီးနောက် တမြို့လုံး အသွားအလာတွေ ယာယီတားမြစ်ခဲ့သလို ရောဂါပိုး ရှိမရှိစစ်ဆေးမှုတွေလည်း လုပ်ခဲ့ပါတယ်။ တရုတ်နိုင်ငံတွင်းမှာ ကိုဗစ်ကပ်ရောဂါ တကျော့ပြန်ကူးစက်မှုတွေ တွေ့ရတဲ့ ချင်းတောင်မြို့မှာတော့ အာဏာပိုင်တွေက တမြို့လုံးကို မနေ့ကစ ရောဂါပိုး စစ်ဆေးတာတွေလုပ်ခဲ့တာပါ

ချင်းတောင်မြို့ရောက် မြန်မာနိုင်ငံသားတွေ အခြေအနေနဲ့ ပတ်သက်လို့လည်း တရုတ်နိုင်ငံ ပေကျင်းမြို့ မြန်မာသံရုံးက သံမှူးကြီး ဦးဟန်ဝင်းအောင်က ဗွီအိုအေကို အခုလိုရှင်းပြပါတယ်။

“ သူတို့ တမြို့လုံးကို စစ်မယ်ဆိုပြီးတော့ ပြောထားတဲ့အနေအထားတော့ ကျနော်တို့ သိရှိထားပါတယ်။ မြန်မာတွေ ပါ မပါဆိုတာကလေ ကျနော်တို့ အဲဒါလေးက နည်းနည်းလေး စောင့်ကြည့်ရမယ့် အနေအထားပါခင်ဗျ၊ သူတို့စစ်မယ်လို့သာ ပြောထားပြီးလို့လေ။ နောက်တရက်၊ နှစ်ရက်လောက်နေရင်တော့ detail အသေးစိတ်လေး သိရနိုင်ပါတယ်။ အခုက အကြမ်းဖျင်းတော့ သူတို့ ကြေညာထားပါတယ်။ အဓိကတော့ သူတို့ တနေရာတွေ့လိုက်တာနဲ့ အကုန် ပိုက်စိပ်တိုက်ပြီး စစ်တဲ့အနေအထားလေး သူတို့လုပ်တာပေါ့နော်၊ အရင်က ပေကျင်းမှာလည်း တွေ့တဲ့နေရာတွေရဲ့ ပတ်ဝန်းကျင်တွေအကုန် ပိတ်ပြီးတော့ အကုန် ဖမ်းစစ်လိုက်တဲ့အနေအထားပေါ့၊ စစ်လိုက်တော့ ပေကျင်းမှာတော့ တလအတွင်းတော့ တွေ့ပြီးပျောက်သွားတဲ့ အနေအထားလေး တွေ့ရပါတယ်။”

တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်ကတော့ ချင်းတောင်မြို့က ပြည်တွင်းကူးစက်သူ ၆ ဦး အပါအဝင် တရုတ်ပြည်မကြီးမှာ ကူးစက်သူ လူနာသစ် ၁၃ ယောက် ရှိခဲ့ကြောင်း ဒီကနေ့ပဲ သတင်းထုတ်ပြန်ထားပါတယ်။ ကပ်ရောဂါ ကူးစက်မှုတွေ စတင်ချိန်ကစလို့ တရုတ်ပြည်မကြီးမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၄၆၀၀ ကျော် အပါအဝင် ကူးစက်မှုပေါင်း ၈ သောင်းခွဲကျော် ရှိတယ်လို့ တရားဝင်သတင်းထုတ်ပြန် ထားပါတယ်။

XS
SM
MD
LG