သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘောလုံးသမား Cristiano Ronaldo ကိုဗစ်-၁၉ ကူးစက်ခံရ


ဘောလုံး ကစားသမား Cristiano Ronaldo
ဘောလုံး ကစားသမား Cristiano Ronaldo

(Zawgyi/Unicode)

ဘောလုံး ကစားသမား အကျော်အမော် Cristiano Ronaldo မှာကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ပေါ်တူဂီ ဘောလုံး အဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။ ဥရောပ ချန်ပီယံ UEFA ကစားပွဲတွေမှာ ပေါ်တူဂီ အမျိုးသား အသင်း အတွက် လက်ရှိ ကစားနေတဲ့ Ronaldo မှာအခုအချိန်ထိ ရောဂါလက္ခဏာ မတွေ့ရကြောင်းနဲ့ Quarentine - သီးခြားခွဲ နေထိုင်သွားဖို့ ရှိနေတယ်လို့လည်း ပေါ်တူဂီ ဘောလုံး အဖဲ့ွချုပ်က ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နှစ်ဘက်လုံး တဂိုးမှ မသွင်းနိုင်ခဲ့တဲ့ ပြင်သစ်နဲ့ ကစားပွဲမှာ Ronaldo နောက်ဆုံး ကစားခဲ့တာပါ။ ဗုဒ္ဓဟူးနေ့မှာ ပေါ်တူဂီ နိုင်ငံ လစ်စဘွန်းမှာ ဆွီဒင်နဲ့ ကစားမယ့် ပွဲမှာတော့ Ronaldo ဝင် ကစားမှာ မဟုတ်ပါဘူး။

Cristiano Ronaldo ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက်မှာ ပေါ်တူဂီ အသင်းသား အားလုံးကိုလည်း ဗိုင်းရပ်စ် ကူးစက်ခံရမှု ရှိ မရှိ စမ်းသပ် စစ်ဆေးခဲ့ပြီး နောက်ထပ် ကူးစက်ခံရသူ မရှိဘူးလို့လည်း ပေါ်တူဂီ ဘောလုံး အဖွဲ့ချုပ်က ထပ်လောင်း ပြောပါတယ်။ ဗုဒ္ဓဟူးနေ့ပွဲ အကြို အဖြစ် ပေါ်တူဂီ အသင်း အနေနဲ့ အင်္ဂါနေ့မှာတော့ ပုံမှန် လေ့ကျင့်မှု လုပ်ဖွယ်ရှိပါတယ်။ လက်ရှိ UEFA အုပ်စု ၃ မှာ ၃ ပွဲစီ ကစားခဲ့ပြီ ဖြစ်တဲ့ ပေါ်တူဂီနဲ့ ပြင်သစ်တို့ ၇ မှတ်စီနဲ့ ဦးဆောင်နေပါတယ်။

တိုက်ရိုက် လင့်ခ်

...............

ဘောလုံးသမား Cristiano Ronaldo ကိုဗဈ-၁၉ ကူးစကျခံရ
(Unicode)




XS
SM
MD
LG