သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Barcelona တိုက်စစ်မှုး Messi စံချိန်တင် ပဉ္စမအကြိမ် FIFA ရွှေဘော်လုံးဆုရ


2015-FIFA-Award
2015-FIFA-Award

FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က အထူးချွန်ဆုံး ဘောလုံးသမားတွေကို ချီးမြင့်တဲ့ Ballon d’Or ရွှေဘောလုံးဆုကို Barcelona အသင်းက တိုက်စစ်မှူး Lionel Messi က (၅) ကြိမ်မြောက် စံချိန်တင် ရရှိသွားပါတယ်။ အမေရိကန်နိုင်ငံဘောလုံးအသင်းရဲ့ ပူးတွဲ ကပ္ပတိန် Carli Lloyd ဟာလည်း FIFA က ချီးမြင့်တဲ့ ၂၀၁၅ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဘောလုံးသမားဆုကို လက်ခံ ရရှိသွားပါတယ်။

မက်ဆီဟာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိရွှေဘောလုံးဆုကို ၄ နှစ်ဆက်တိုက် လက်ခံ ရရှိခဲ့ပြီးလည်း ဖြစ်ပါတယ်။ တနင်္လာနေ့က Zurich မြို့မှာ ကျင်းပတဲ့ ဆုပေးပွဲအခမ်းအနားအတွင်း ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်တွေအတွက် ရွှေဘောလုံးဆု ၂ နှစ်ဆက်တိုက် ရရှိခဲ့တဲ့ ပေါ်တူဂီနိုင်ငံသား စပိန်နိုင်ငံက Real Madrid ကလပ်အသင်းက တိုက်စစ်မှူး Cristiano Ronaldo ကို ဖြုတ်ချလိုက်နိုင်ပြီး မက်ဆီက အနိုင်ရလိုက်တာလည်း ဖြစ်ပါတယ်။

အမျိုးသားအသင်းတွေ၊ အသင်းကပ္ပတိန်တွေနဲ့ သတင်းထောက်တွေက မဲပေးရွေးချယ်ခဲ့ကြတာမှာ Ronaldo က ဒုတိယ မဲအများဆုံး ရရှိခဲ့တာ ဖြစ်ပါတယ်။ မက်ဆီနဲ့ ဘာဆီလိုနာအသင်းမှာ အသင်းဖော်အဖြစ် ကစားနေတဲ့ ဘရာဇီးနိုင်ငံသား Neymar ကတော့ တတိယ မဲအများဆုံး ရရှိခဲ့ပါတယ်။

Ronaldo က ၂ နှစ်ဆက်တိုက် ရပြီးတဲ့နောက်မှာ ရွှေဘောလုံးဆုကို ပြန်လည် လက်ခံရရှိတဲ့အတွက် ဒါဟာ သူ့အတွက် အင်မတန် ဝမ်းသာစရာကောင်းတဲ့ အခါသမယ ဖြစ်ကြောင်း အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီက ပြောပါတယ်။ မက်ဆီဟာ မဲအားလုံးရဲ့ ၄၁% ကို ရရှိခဲ့ပြီး ၊ Ronaldo က ၂၈% နဲ့ Neymar က ၈% အသီးသီး ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG