သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အားကစားပြိုင်ပွဲဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


Australian cricket team bowler bowler Mitchell Starc celebrates with team mates after claiming his second hat-trick of the match to lead New South Wales to victory over Western Australia in the Sheffield Shield at Hurstville Oval in Sydney, Australia, Nov
တိုက်ရိုက် လင့်ခ်

ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ အားကစားပြိုင်ပွဲတွေမှာ အနိုင်ရဖို့ ထူးထူးချွန်ချွန် စွမ်းဆောင်နိုင်ရင် ဘယ်လိုတင်စားသုံးနှုန်းတယ်ဆိုတဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ Hat trick, Touchdown, Hit a home run နဲ့ Slam dunk တို့ကို တင်ပြပေးထားပါတယ်။

(၁) Hat trick

Hat (ဦးထုပ်)၊ trick (လှည့်ကွက်) ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ဦးထုပ်လှည့်ကွက် ဖြစ်ပါတယ်။ ဒီအသုံးကဘော်လုံးကိုဘက်တန်နဲ့ရိုက်ရတဲ့ Cricket ဆိုတဲ့ အားကစားနည်းကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ Bowler ဆိုတဲ့ ဘောလုံးပစ်သူတဦး ပစ်ပေးလိုက်တဲ့ ဘောလုံးကို Striker ကသူ့  ဘတ်တန်နဲ့အဝေးကိုရောက်အောင် ရိုက်နိုင်ရမှာ ဖြစ်ပေမယ့် တဘက်အသင်းက Bowler က ပစ်ပေးလိုက်တဲ့ ဘောလုံးကို ထိအောင်မရိုက်နိုင်ရင် ပွဲကနေ ထွက်ပေးရမှာ ဖြစ်တဲ့အတွက် တပွဲမှာ Striker (၃) ဦးကိုထွက်အောင် လုပ်နိုင်ရင် အဲဒီအသင်းက ဂုဏ်ပြုတဲ့အနေနဲ့ ဦးထုပ်နဲ့ခံပြီး ပိုက်ဆံလိုက်ကောက်ခံကာ အဲဒီ Bowler ကို ဆုချီးမြှင့်ရာကနေ ဒီအသုံးဆင်းသက်လာတယ်လို့ ဆိုပါတယ်။ အခုအခါမှာ ဘောလုံးပွဲတွေမှာ ဘောလုံးသမားတဦးတည်း၊ တပွဲတည်းမှာ သူတယောက်တည်း ဂိုး (၃) ဂိုးကိုသွင်းနိုင်ရင် Scored a hat trick လို့ သုံးပါတယ်။ လက်ရှိ ရုရှားမှာ ကစားနေတဲ့ World Cup ကမ္ဘာ့ဖလားပွဲစဉ်မှာ စပိန် နဲ့ ပေါ်တူဂီ (Spain vs. Portugal) ပွဲစဉ်မှာ ဘောလုံးကြယ် Cristiano Ronaldo က အဲဒီပွဲမှာပဲ သူတဦးတည်း (၃) ဂိုး သွင်းလိုက်တဲ့အတွက်ကြောင့် Ronaldo scored a hat trickဆိုပြီး သတင်းတွေမှာ ရေးကြပါတယ်။ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကတော့ နေ့စဉ်ဘဝမှာ လက်သံပြောင်ပြောင်နဲ့ မထင်မှတ်ဘဲ အောင်မြင်မှုတွေကို တပွဲပြီးတပွဲ ဆင်နွှဲနိုင်အောင် လုပ်နိုင်တာကို Hat trick လို့ သုံးပါတယ်။

ဥပမာ -
The opposition party surprised everyone by scoring a hat trick in the elections.

အတိုက်အခံပါတီက ရွေးကောက်ပွဲမှာ မထင်မှတ်ဘဲ အောင်မြင်မှုတွေ တခုပြီးတခု ရလိုက်တော့ လူတွေကို အံ့သြသင့်စေခဲ့တယ်။

(၂) Touchdown

Touch (ထိတာ)၊ down (အောက်) ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က အောက်ကိုထိတာ ဖြစ်ပါတယ်။ လေယာဉ်မြေကြီးကို ဆင်းသက်တယ်ဆိုရင် Touch down လို့လည်း သုံးလေ့ရှိပါတယ်။ ဒီနေရာမှာတော့ Touchdown ဟာ ဝေါဟာရ နှစ်လုံးပေါင်းပြီး နာမ် Noun အဖြစ်သုံးထားတဲ့၊ Compound word ဖြစ်ပြီး ၊ အမေရိကန်တနိုင်ငံလုံးနှစ်သက်လှတဲ့ Super Bowl Football အားကစားနည်းကနေဆင်းသက်လာတာဖြစ်ပါတယ်။ အသင်းသားတွေအနေနဲ့ ဘောလုံးလက်ထဲရောက်အောင် တွန်းထိုးတိုက်ခိုက်ပြီးတော့ လုယူရတာ ဖြစ်ပါတယ်။ ဘောလုံးရပြီဆိုရင် ပြိုင်ဘက်ရဲ့  ဂိုးစည်းဘက်ကိုပြေးပြီး ဘောလုံးကို မြေကြီးနဲ့ထိအောင် လုပ်နိုင်ရင် အဲဒါကို Touchdown လို့ ခေါ်ပြီး အမှတ် (၆) မှတ် ရတာလည်း ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ အခက်အခဲတွေကြားမှာ အမှတ်ရအောင် လုပ်နိုင်တာ၊ အောင်မြင်မှုတွေရအောင် လုပ်နိုင်တာကို ဆိုလိုတာ ဖြစ်ပါတယ်။

ဥပမာ -
John scored a touchdown when he managed to get the million dollar business deal signed.

John က ဒေါ်လာသန်းချီတဲ့စီးပွါးရေးသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးနိုင်အောင်လက် စွမ်းပြနိုင်ခဲ့တယ်။

(၃) Hit a home run

Hit (ရိုက်တာ၊ ထိတာ)၊a home (အိမ်တအိမ်)၊ run (ပြေးတာ) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့တိုက်ရိုက် အဓိပ္ပါယ်က အိမ်ကိုပြေးထိတာဖြစ်ပါတယ်။ ဒီနေရာမှာ Home run ရဲ့  အဓိပ္ပါယ်ကို ရှင်းပြချင်ပါတယ်။ ဒီအသုံးက အမေရိကန်မှာ သိပ်လူကြိုက်များတဲ့ Baseball အားကစားကနေ ဆင်းသက်လာတာပါ။ Home run က Baseball အားကစားမှာ ဘောလုံးရိုက်တဲ့လူက ဘောလုံးကို အဝေးကြီးရောက်အောင် ရိုက်နိုင်တဲ့အတွက် ရိုက်တဲ့လူ Hitter ဒါမှမဟုတ် Batter အနေနဲ့ Baseball ကွင်းရဲ့  Base (၃) ခုစလုံးကို ရောက်အောင် ဆက်တိုက်ပတ်ပြေးနိုင်ပြီး နဂိုရ်စရိုက်တဲ့ Home base ကို ပြန်အရောက်ပြေးနိုင်တာကို Home run လို့ခေါ်တာ ဖြစ်ပါတယ်။ Hitter ကဘောလုံးကို အဝေးကြီးရောက်အောင် ရိုက်နိုင်တဲ့အတွက်တဘက်အသင်းက ဘောလုံးကို ကောက်ဖို့ကြိုးစားနေချိန်မှာပဲ သူက အခုလိုမျိုး စွမ်းဆောင်ပြနိုင်တာလည်း ဖြစ်ပါတယ်။ ဒီလိုအောင်မြင်မှုမျိုးရရင် အသင်းအတွက် Run ဒါမှမဟုတ် အမှတ် ၄ မှတ်ရစေတာ ဖြစ်ပါတယ်။ အခုလို ဘော်လုံးကိုအဝေးရောက်အောင်ရိုက်နိုင်ပြီး ၊ ကွင်းတပတ်ပြည့်အောင်ဆက်တိုက်ပြေးနိုင်ဖို့ကတကယ်တော့ မလွယ်လှပါဘူး။ ဒါကြောင့် အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က နေ့စဉ်ဘဝမှာ လူတဦးအနေနဲ့ ထူးချွန်ခက်ခဲတဲ့ အောင်မြင်မှုတွေကို စွမ်းဆောင်နိုင်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ ကျမတို့ မြန်မာမှာတော့ တော်ရုံတန်ရုံ မလုပ်နိုင်တာကို လက်စွမ်းပြလိုက်နိုင်တာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။

ဥပမာ -
Our team hit a home run in last night’s design competition by winning all three awards.

ကျနော်တို့အသင်းက မနေ့ညက ဒီဇိုင်းပြိုင်ပွဲမှာ လက်စွမ်းပြနိုင်ခဲ့ပြီး၊ ဆု (၃) ဆုစလုံးကို ကြုံးယူနိုင်ခဲ့တယ်။

(၄) Slam dunk

Slam (အောက်ကိုအားနဲ့ ရိုက်ချလိုက်တာ၊ ဆောင့်ချလိုက်တာ)၊ dunk က Basketball အားကစားနည်းမှာ ကစားသမားတဦးအနေနဲ့ ဘောလုံးကို ပိုက်ထဲပစ်သွင်းရာမှာ အောက်ကနေ ပင့်ပြီးပစ်မသွင်းဘဲ ခုန်ပြီး ပိုက်တတ်ထားတဲ့သံေ၈ွအပေါ်ကနေ ဘော်လုံးကို အပိုင်ရိုက်ချပစ်သွင်းတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါကြောင့် စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က အားနဲ့ ဆောင့်ချပစ်သွင်းလိုက်တာ ဖြစ်ပါတယ်။ ဒီလိုမျိုး Slam dunk သွင်းနိုင်ရင် ဘတ်စကတ်ဘောမှာ၂ မှတ်ရပြီး၊ ပရိသတ်ကိုလည်း သိပ်ပြီးအားတက်စေတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က ကျမတို့ မြန်မာဘန်းစကားမှာဆိုရင် အပိုင်အနိုင်ရအောင်လုပ်နိုင်တာ၊ အင်နဲ့အားနဲ့ အပိုင်တီးထည့်လိုက်နိုင်တဲ့ အောင်မြင်မှုမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။

ဥပမာ -
He is a strong candidate to run for Mayor, but he is not a slam dunk to win.

သူက မြို့ တော်ဝန်ရာထူး ဝင်ပြိုင်ဖို့ အားကောင်းတယ်ဆိုပေမယ့် အပိုင်အနိုင်ရမယ့်လူတော့ မဟုတ်ဘူး။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ idioms အသုံးတွေက Hat trick, Touchdown, Hit a home run နဲ့ Slam dunk တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG