သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UEFA ချန်ပီယံဖလား Real Madrid ဆွတ်ခူး


၂၀၁၇ UEFA ဖလား ဗိုလ်စွဲသွားတဲ့ Real Madrid အသင်း
၂၀၁၇ UEFA ဖလား ဗိုလ်စွဲသွားတဲ့ Real Madrid အသင်း

၂၀၁၇ ခုနှစ် ဥရောပချံပီယံလိဂ် ဖလား နောက်ဆုံး ဗိုလ်လုပွဲကို စနေနေ့ညက စပိန်နိုင်ငံက Real Madrid အသင်းနဲ့ အီတလီနိုင်ငံက Juventus အသင်းတို့ ယှဉ်ပြိုင် ကစားကြတာမှာ Real Madrid အသင်းက ၄ ဂိုး - ၁ ဂိုးနဲ့ အပြတ်အသတ် အနိုင်ရပြီး ချံပီယံ ဖလားကို ဆွတ်ခူးသွားပါတယ်။

ဗြိတိန်နိုင်ငံ၊ ဝေလနယ်က Cardiff မြို့မှာ ကျင်းပတဲ့ ချံပီယံလိဂ်ပွဲမှာ Real Madrid က တိုက်စစ်မှူး Cristiano Ronaldo က ၂ ဂိုး သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ Ronaldo က ပထမပိုင်း မိနစ် ၂၀ မှာတဂိုးနဲ့ ဒုတိယပိုင်း ၆၄ မိနစ်မှာ တဂိုး အသီးသီး သွင်းပေးခဲ့တာပါ။ Real Madrid အတွက် ကျန် ၂ ဂိုးကိုတော့ Carlos Casemiro က ဒုတိယပိုင်း ၆၁ မိနစ်မှာနဲ့ Marco Asencio က ဒုတိယပိုင်း မိစ် ၉၀ တို့မှာ အသီးသီး သွင်းခဲ့ကြတာပါ။

Juventus အတွက် တလုံးထဲသော ချေပဂိုးကိုတော့ Mario Mandzukic က ပထမပိုင်း ၂၇ မိနစ်မှာ သွင်းပေးခဲ့တာပါ။

မနှစ်က ချံပီယံ ဖြစ်ထားထဲ့ Real Madrid အသင်း အခုလို အနိုင်ရလိုက်တာကြောင့် ဥရောပဖလားကို ချံပီယံလိဂ် အဖြစ် ပြောင်းလဲ ကျင်းပပြီးတဲ့နောက် ချံပီယံဆုကို ပထမ ဆုံးအကြိမ် ၂ နှစ်ဆက်တိုက် အနိုင်ရပြီး ခုခံ ကာကွယ်နိုင်တဲ့အသင်း ဖြစ်လာခဲ့ ပါတယ်။ အရင် ဥရောပဖလားအဖြစ်နဲ့ ကစားကြတဲ့ ကာလတုန်းကတော့ A.C. Milan အသင်းက ၁၉၈၉ ခုနှစ်နဲ့ ၁၉၉၀ ခုနှစ်တွေမှာ ၂ နှစ်ဆက်တိုက် ဗိုလ်စွဲခဲ့ဘူးပါတယ်။

ဒါ့အပြင် ဒါဟာ Real Madrid အသင်းအနေနဲ့ ၁၂ ကြိမ်မြောက် ချံပီယံဖလားကို ဆွတ်ခူးနိုင်တာဖြစ်ပြီး ၄ နှစ်အတွင်းမှာ ၃ ကြိမ်မြောက် အနိုင်ရတာလည်း ဖြစ်ပါတယ်။

UEFA ချန်ပီယံဖလား Real Madrid ဆွတ်ခူး
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG