သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပဖလားပွဲမှာ ခိုက်ရန်ဖြစ်ပွားသူ ရုရှား ပရိတ်သတ် ၂၉ ယောက်နှင်ထုတ်ခံရ


ဥရောပဖလားပွဲမှာ ခိုက်ရန်ဖြစ်ပွားသူများ
ဥရောပဖလားပွဲမှာ ခိုက်ရန်ဖြစ်ပွားသူများ

ဒီနှစ် ၂၀၁၆ ဥရောပဖလားဘောလုံးပွဲတွေ စတင်ကျင်းပတဲ့ရက်ပိုင်းတွင်းမှာပဲ အင်္ဂလန်အသင်းကို အားပေးသူတွေနဲ့ အကြမ်းဖက် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တဲ့ ရုရှားနိုင်ငံသား ၂၉ ယောက်ကို ပြင်သစ်ရဲတပ်ဖွဲ့က ဒီကနေ့ ရုရှားနိုင်ငံကို စတင်ပြန်ပို့ခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ ညနေပိုင်းကတုန်းက စတာ့ ဗယ်လိုဒရွန်မ် Stade Velodrome အားကစားကွင်းကြီးရဲ့ အတွင်းမှာရော အပြင်မှာပါ ဗြိတိန်နဲ့ ရုရှား ဘောလုံးဝါသနာရှင်တွေ ခိုက်ရန်ဖြစ်ပွားခဲ့ကြတာမှာ လူ ၃၅ ယောက်ကျော် ဒဏ်ရာရခဲ့ပါတယ်။

အင်္ဂလန်အသင်းနဲ့ ရုရှားအသင်းတို့ တပွဲစီ သရေကျတဲ့ ပွဲစဉ်အဆုံးသတ်သွားပြီးတဲ့နောက် ရုရှားနိုင်ငံသားတွေဘက်စပြီး အင်္ဂလိပ်အသင်းအားပေးသူတွေကို ရန်စ တိုက်ခိုက်တာကြောင့် ပွဲကြည့်ပရိသတ်တွေ အများအပြား အကာအရံတွေကို ကျော်ပြီး ဝရုန်းသုန်းကား ထွက်ပြေးခဲ့ကြရတာပါ။

အခုလို အကြမ်းဖက်လုပ်ရပ်ကို ရုရှားအစိုးရက ရှုတ်ချထားပြီး ရုရှား နိုင်ငံသားတွေ အနေနဲ့ ဘောလုံးပွဲမှာ ရန်လိုတဲ့အပြုအမူတွေ မလုပ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ကတော့ ရုရှားအသင်းကို ဒဏ်ကြေးငွေ တ သိန်း ခြောက်သောင်း ရှစ်ထောင် ဒဏ်ငွေ ချမှတ်ထားပြီး တကယ်လို့ ရုရှား ပရိသတ်တွေက အကြမ်းဖက်အပြုအမူတွေကို ဆက်ပြီး လုပ်နေဦးမယ်ဆိုရင် ရုရှားအသင်းကို ထုတ်ပစ်မယ်လို့လည်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG