သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူရို ၂၀၁၆ မှာ ရုရှားနဲ့ အင်္ဂလန်ပရိသတ်တွေ ရုန်းရင်းဆန်ခတ်ဖြစ်


ဗြိတိန်နဲ့ ရုရှား ဘောလုံးပရိသတ်တွေကြားရုန်းရင်းဆန်ခတ်ဖြစ်
ဗြိတိန်နဲ့ ရုရှား ဘောလုံးပရိသတ်တွေကြားရုန်းရင်းဆန်ခတ်ဖြစ်

စနေနေ့က ပြင်သစ်နိုင်ငံ မြို့နှစ်မြို့မှာ သီးခြားစီကျင်းပတဲ့ ဘောလုံးပွဲတွေမှာ နှစ်ဘက် ဘောလုံးပရိသတ်တွေကြား ရုန်းရင်း ဆန်ခတ်ဖြစ်တာကြောင့် နိုင်ငံတကာဘောလုံးပွဲရဲ့ ဂုဏ်သိက္ခာ ထိခိုက်ရသလို ပြိုင်ပွဲလုံခြုံရေးနဲ့ပတ်သက်တဲ့ မေးခွန်းတွေလည်း ပြန်ထွက်လာပါတယ်။

Marseille မြို့မှာ ရာနဲ့ချီတဲ့ ဗြိတိန်နဲ့ ရုရှား ဘောလုံးပရိသတ်တွေကြား တဘက်နဲ့တဘက် ဘီယာပုလင်းတွေ၊ ခုံတွေနဲ့ ပစ်ပေါက် ကြတာကြောင့် လူ ၃၅ ယောက်ထက်မနည်း ဒဏ်ရာရသွားပါတယ်။ Stade Velodrome ဘောလုံးကွင်းပတ်ပတ်လည်က လမ်းကျဉ်းလေးတွေမှာဖြစ်တဲ့ ရန်ပွဲတွေကို ရဲတပ်ဖွဲ့က အတော်ကြိုးစားပြီး ထိန်းခဲ့ရပါတယ်။

အင်္ဂလန်အသင်းနဲ့ ရုရှားအသင်းတို့ပွဲမှာ တဘက်တဂိုးစီနဲ့ သရေကျသွားပြီးတဲ့နောက် ရုရှားပရိသတ်တွေကို အင်္ဂလန်အသင်း ပရိသတ်တွေကို တိုက်ခိုက်တဲ့အတွက် ဝရုန်းသုန်းကားဖြစ်ပြီးတော့ ခြံစည်းရိုးတွေကိုကျော်ပြီး လွတ်အောင်ပြေးကြရပါတယ်။

သီးခြားဖြစ်ရပ်တခုမှာတော့ ပြင်သစ်နိုင်ငံ၊ မြေထဲပင်လယ်ကမ်းရိုးတန်း Nice မြို့မှာ မြောက်ပိုင်းအိုင်ယာလန်အသင်း ပရိသတ် တွေနဲ့ ဒေသခံတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လူ ၇ ယောက်ထက်မနည်း ဒဏ်ရာရပါတယ်။

အကြမ်းဖက်လုပ်ရပ် လုပ်တဲ့လူတွေအတွက် ဘောလုံးအားကစားမှာ နေရာမရှိဘူးလို့ဆိုပြီး ရုန်းရင်းဆန်ခတ်ဖြစ်ရပ်တွေအပေါ် ဥရောပဘောလုံးအဖွဲ့ချုပ် UEFA က ပြစ်တင် ရှုတ်ချပါတယ်။

ရုရှားပရိသတ်တွေရဲ့ လုပ်ရပ်ကြောင့် အခုဆိုရင် ရုရှားအသင်းဟာ အရေးယူခံရနိုင်ခြေရှိနေပါတယ်။ လွန်ခဲ့တဲ့လေးနှစ်က ပိုလန် မှာလုပ်တဲ့ ယူရို ၂၀၁၂ ပြိုင်ပွဲတွေတုန်းကလည်း ရုရှားပရိသတ်တွေ အခုလိုပဲ ရုန်းရင်းဆန်ခတ်ဖြစ်တာကြောင့် ရုရှားအသင်းကို ၆ မှတ်လျှော့ ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG