သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Premier League ချန်ပီယံသစ် Leicester City


၂၀၁၅-၂၀၁၆ ဘောလုံးရာသီအတွက် အင်္ဂလိပ် Premier League ဘောလုံး ချန်ပီယံ ကို Leicester City အသင်းက အနိုင်ရရှိလိုက်ပြီးတဲ့နောက် Leicester City ကို အားပေးတဲ့ ပရိတ်သတ်တွေ ပျော်ရွှင် အောင်ပွဲခံခဲ့ကြပါတယ်။

တနင်္လာနေ့ ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ Tottenham Hotspur နဲ့ Chelsea အသင်းတို့က ၂ ဂိုး စီနဲ့ သရေကျခဲ့ပြီးနောက် Premier League ဇယားမှာ ၇၇ မှတ်နဲ့ ထိပ်ဆုံးမှာရှိနေတဲ့ Leicester City အသင်း သေချာပေါက် Premier League ချန်ပီယံဖြစ်သွားခဲ့တာပါ။

အခုနှစ် ဘောလုံးရာသီစချိန်မှာ Leicester City အသင်းရဲ့ ချန်ပီယံဖြစ်နိုင်ခြေကို ယူကေမှာ လောင်းကြေးထပ်မယ်ဆိုရင် ၁ ဆလောင်းရင် အဆ ၅ ထောင်အထိ အလျော်အစား ရှိခဲ့တာပါ။ ဒါပေမဲ့ Premier League ပွဲစဉ်တလျှောက်လုံးမှာ ၃ ပွဲသာရှုံးပြီး ချန်ပီယံဆုကြီးကို ရလိုက်အတွက် ဒါဟာ မထင်မှတ်စရာ အောင်မြင်မှုတခုအဖြစ် အင်္ဂလိပ် ဘောလုံးလောကမှာ ချီကျူးပြောဆိုနေကြပါတယ်။

XS
SM
MD
LG