သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်္ဂလန်နဲ့ Russia အသင်း ပွဲကြည့် ပရိသတ်ကြောင့် ဘောလုံးအဖွဲ့ချုပ် သတိပေး


ဂျွန်လ ၁၁ရက်က မာဆေးမြို့ Velodrome ဘောလုံးကွင်း တွင် ကျင်းပသော အင်္ဂလန်နှင့် ရုရှား ပွဲအပြီးတွင် ပရိတ်သတ်ချင်း ခိုက်ရန် ဖြစ်ပွားနေပုံ။ ဓါတ်ပုံ-(REUTERS/Robert Pratta)
ဂျွန်လ ၁၁ရက်က မာဆေးမြို့ Velodrome ဘောလုံးကွင်း တွင် ကျင်းပသော အင်္ဂလန်နှင့် ရုရှား ပွဲအပြီးတွင် ပရိတ်သတ်ချင်း ခိုက်ရန် ဖြစ်ပွားနေပုံ။ ဓါတ်ပုံ-(REUTERS/Robert Pratta)

ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ ဥရောပ ဖလား ဘောလုံးဗိုလ်လုပွဲတွေမှာ ပြဿနာ မဖြစ်အောင် နေကြဖို့ အင်္ဂလန်ဘောလုံး အသင်းမန်နေဂျာ Roy Hodgson နဲ့ အသင်းခေါင်းဆောင် Wayne Rooney တို့က အင်္ဂလန်အသင်း ပရိတ်သတ်ကို တနင်္လာနေ့က ပန်ကြားခဲ့ကြပါတယ်။

အင်္ဂလန်နဲ့ Russia အသင်းတို့ကို အားပေးကြသူတွေကြား အကြမ်းဖက် အပြုအမူ တွေကို ဆက်ပြီး လုပ်နေမယ်ဆိုရင် အဲဒီ ၂ သင်းလုံးကို ထုတ်ပြစ်မယ်လို့ ဥရောပဘောလုံး အဖွဲ့ချုပ် UEFA က သတိပေးထားချိန်မှာ ခုလို သူတို့က ပန်ကြား ခဲ့ကြတာပါ။

အင်္ဂလန်နဲ့ Russia အသင်းတို့ ကန်ကြတဲ့ ပြီးခဲ့တဲ့ စနေနေ့က မာဆေးမြို့က Velodrome ဘောလုံးကွင်း အပြင်မှာရော အထဲမှာပါ ၂ သင်းကို အားပေးကြသူတွေကြား ကိုယ်ထိ လက်ရောက် ခိုက်ရန် ဖြစ်ခဲ့ကြတာမှာ ၃၅ ယောက်ထက် မနည်း ဒဏ်ရာရခဲ့ကြပါတယ်။ ၃ ရက်ဆက်တိုက် ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေအပေါ် ဘယ်လိုမှ လက်မခံနိုင်ဘူး လို့ ပြင်သစ် ပြည်ထဲရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ဒီအကြမ်းဖက် ခိုက်ရန် ဖြစ်ပွားခဲ့မှုတွေနဲ့ ပါတ်သက်လို့ UEFA က ဘယ်လို အရေးယူ ဒဏ်ခတ်မလဲဆိုတာ အင်္ဂါနေ့မှာ ပြောကြားမယ်လို့ မျှော်လင့်ရပါတယ်။ မာဆေးမြို့က ရန်ပွဲမှာ Russia က စနစ်တကျသင်တန်းပေးထားတဲ့ လူရမ်းကား ၁၅၀ လောက် ပါဝင် ပါတ်သက်နေတယ်လို့ ပြင်သစ် အစိုးရ ရှေ့နေတွေက ပြောပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှုရန် ရှိနေတဲ့ကြားက ခုလို ဘောလုံးအသင်းတွေ ကို ထောက်ခံသူတွေကြား ပြဿနာဖြစ်နေတဲ့ အတွက် Euro 2016 ဘောလုံးပွဲတွေ ကျင်းပနေတဲ့ နိုင်ငံတဝန်းက ဘောလုံးကွင်း ၁၀ ကွင်းလုံးမှာ လုံခြုံရေးကို တိုးမြှင့် ထားပါတယ်။ ကြာသပတေးနေ့ကျရင် ကစားဖို့ရှိတဲ့ အင်္ဂလန်နဲ့ Wales အသင်းတို့ပွဲမတိုင်ခင် ဗြိတိန် ရဲတပ်ဖွဲ့ဝင်တွေကို ပြင်သစ်ကို ပိုပြီး စေလွှတ်ပေးဖို့ ဗြိတိန် အစိုးရက ကမ်းလှမ်းထားပါတယ်။

အင်္ဂလန်နဲ့ Russia အသင်း ပွဲကြည့် ပရိသတ်ကြောင့် ဘောလုံးအဖွဲ့ချုပ် သတိပေး
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG