(Zawgyi / Unicode)
ကမာၻတဝန္းမွာ ေန႔စဥ္ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြဟာ စံခ်ိန္တင္ ျမင့္တက္ေနၿပီး အထူးသျဖင့္ ဥေရာပနဲ႔ အေမရိကတုိက္ ႏုိင္ငံေတြမွာ ျဖစ္တယ္လို႔ ကမာၻ႔က်န္းမာေရးအဖဲြ႔ခ်ဳပ္ (WHO) က ေျပာပါတယ္။ လြန္ခဲ့တဲ့ ၄ ရက္အတြင္း ေန႔စဥ္ကူးစက္မႈႏႈန္းဟာ စံခ်ိန္တင္ ျမင့္တက္ေနတာျဖစ္တယ္လို႔ WHO အႀကီးအကဲ Dr. Tedros Ghebreyesus က ဂ်ီနီဗာၿမိဳ႕မွာ မေန႔က ေျပာပါတယ္။
ကပ္ေရာဂါနဲ႔ပတ္သက္ၿပီး ႏုိင္ငံေတြရဲ႕ တုံ႔ျပန္ပုံေတြ မတူသလို ထိခုိက္မႈေတြကလည္း မတူပါဘူး။ ၿပီးခဲ့တဲ့တပတ္က တကမာၻလုံးမွာျဖစ္တဲ့ ကူးစက္မႈရဲ႕ ၇၀ ရာခုိင္ႏႈန္းက ၁၀ ႏုိင္ငံျဖစ္ၿပီး အဲဒီထဲက ထက္ဝက္ေလာက္က ႏုိင္ငံ ၃ ႏုိင္ငံထဲက ျဖစ္တယ္လို႔ Dr. Ghebreyesus က ေျပာပါတယ္။
ကမာၻတဝန္းမွာ အခုဆုိရင္ ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္ခံရသူ ၃၉.၃ သန္းေက်ာ္နဲ႔ ေသဆုံးသူ ၁.၁ သန္း ေက်ာ္သြားၿပီျဖစ္တယ္လို႔ Johns Hopkins တကၠသိုလ္က ေျပာပါတယ္။
အေမရိကန္ျပည္ေထာင္စုမွာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ကူးစက္သူ ၆၃,၀၀၀ ေက်ာ္ရွိၿပီး စုစုေပါင္း ကူးစက္သူ ၈ သန္းေက်ာ္သြားၿပီ ျဖစ္ပါတယ္။ အေမရိကန္က ျပည္နယ္ ၄၄ ခုမွာ ေရာဂါကူးစက္မႈေတြ တုိးလာေနတယ္လို႔ AP သတင္းရဲ႕ စာရင္းေတြမွာ ေဖာ္ျပပါတယ္။ ဒါ့အျပင္ ေသဆုံးသူ ၂၁၈,၀၀၀ ေက်ာ္ရွိတာေၾကာင့္ ကမာၻေပၚမွာ ကူးစက္မႈနဲ႔ ေသဆုံးမႈအမ်ားဆုံး ျဖစ္ပါတယ္။
အဲဒီေနာက္ အိႏၵိယႏုိင္ငံက ၇.၄ သန္းနဲ႔ ဒုတိယအမ်ားဆုံးျဖစ္ၿပီး ဘရာဇီးလ္ႏုိင္ငံက ၅.၂ သန္းေက်ာ္နဲ႔ တတိယအမ်ားဆုံး ျဖစ္ပါတယ္။
------------------------
(Unicode)
“နေ့စဉ်ကူးစက်နှုန်း စံချိန်တင်မြင့်တက်လာ” WHO အကြီးအကဲ သတိပေး
ကမ္ဘာတဝန်းမှာ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေဟာ စံချိန်တင် မြင့်တက်နေပြီး အထူးသဖြင့် ဥရောပနဲ့ အမေရိကတိုက် နိုင်ငံတွေမှာ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ပြောပါတယ်။ လွန်ခဲ့တဲ့ ၄ ရက်အတွင်း နေ့စဉ်ကူးစက်မှုနှုန်းဟာ စံချိန်တင် မြင့်တက်နေတာဖြစ်တယ်လို့ WHO အကြီးအကဲ Dr. Tedros Ghebreyesus က ဂျီနီဗာမြို့မှာ မနေ့က ပြောပါတယ်။
ကပ်ရောဂါနဲ့ပတ်သက်ပြီး နိုင်ငံတွေရဲ့ တုံ့ပြန်ပုံတွေ မတူသလို ထိခိုက်မှုတွေကလည်း မတူပါဘူး။ ပြီးခဲ့တဲ့တပတ်က တကမ္ဘာလုံးမှာဖြစ်တဲ့ ကူးစက်မှုရဲ့ ၇၀ ရာခိုင်နှုန်းက ၁၀ နိုင်ငံဖြစ်ပြီး အဲဒီထဲက ထက်ဝက်လောက်က နိုင်ငံ ၃ နိုင်ငံထဲက ဖြစ်တယ်လို့ Dr. Ghebreyesus က ပြောပါတယ်။
ကမ္ဘာတဝန်းမှာ အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၉.၃ သန်းကျော်နဲ့ သေဆုံးသူ ၁.၁ သန်း ကျော်သွားပြီဖြစ်တယ်လို့ Johns Hopkins တက္ကသိုလ်က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်သူ ၆၃,၀၀၀ ကျော်ရှိပြီး စုစုပေါင်း ကူးစက်သူ ၈ သန်းကျော်သွားပြီ ဖြစ်ပါတယ်။ အမေရိကန်က ပြည်နယ် ၄၄ ခုမှာ ရောဂါကူးစက်မှုတွေ တိုးလာနေတယ်လို့ AP သတင်းရဲ့ စာရင်းတွေမှာ ဖော်ပြပါတယ်။ ဒါ့အပြင် သေဆုံးသူ ၂၁၈,၀၀၀ ကျော်ရှိတာကြောင့် ကမ္ဘာပေါ်မှာ ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး ဖြစ်ပါတယ်။
အဲဒီနောက် အိန္ဒိယနိုင်ငံက ၇.၄ သန်းနဲ့ ဒုတိယအများဆုံးဖြစ်ပြီး ဘရာဇီးလ်နိုင်ငံက ၅.၂ သန်းကျော်နဲ့ တတိယအများဆုံး ဖြစ်ပါတယ်။