သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အေမရိကန္မွာ COVID ေၾကာင့္ေသဆံုးရသူ လူလတ္ပိုင္း အေရအတြက္တိုး


(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စုအတြင္းၿပီးခဲ့တဲ့ ဇန္နဝါရီလေႏွာင္းပိုင္းကေန ေအာက္တိုဘာလ အေစာပိုင္းအထိ လူ ၃၀၀,၀၀၀ နီးပါးေလာက္ ပုံမွန္ထက္ ပို ေသဆုံးခဲ့ၿပီး အဲဒီအထဲက ၃ ပုံ ၂ ပုံေလာက္က COVID-19 ေရာဂါ ျဖစ္ပြားတာေၾကာင့္လို႔ အေမရိကန္ ကူးစက္ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးဌာန CDC က အဂၤါေန႔က ထုတ္ျပန္တဲ့ ေလ့လာခ်က္အသစ္မွာ ေဖာ္ျပထားပါတယ္။

ဒီကာလအတြင္း ပုံမွန္အေရအတြက္ထက္ပိုၿပီး ေသဆုံးရသူတဲ့ ဦးေရ ၂၉၉,၀၂၈ ဦးထဲက အသက္ ၂၅ ႏွစ္ကေန ၄၄ ႏွစ္အတြင္း ေသဆုံးသူက ၂၆.၅ ရာခိုင္ႏႈန္း ျမင့္တက္လာတယ္လို႔ ေျပာပါတယ္။

ေသဆုံးသူေတြထဲ လက္တင္အေမရိကႏြယ္ဖြားေတြထဲ ေသဆုံးမႈႏႈန္းက ၅၆% ၊ လူမည္းေတြက ၃၃% နဲ႔ လူျဖဴေတြၾကား ေသဆုံးမႈႏႈန္းက ၁၂% ရွိတယ္လို႔ေျပာပါတယ္။ COVID-19 ကူးစက္မႈႏႈန္း ကလည္း လက္တင္အေမရိကႏြယ္ဖြားေတြ၊ လူမည္းေတြနဲ႔ အသက္ႀကီးပိုင္း အေမရိကန္ေတြ အၾကားပိုမ်ား တယ္လို႔ ေျပာပါတယ္။

Johns Hopkins တကၠသိုလ္ စာရင္းေတြအရ အေမရိကန္ ျပည္ေထာင္စုမွာ COVID-19 ေၾကာင့္ ေသဆုံးသူအေရအတြက္ ၂၂၁, ၀၀၀ ေက်ာ္ အတည္ျပဳထားၿပီး ကမၻာမွာ ေသဆုံးမႈႏႈန္း အမ်ားဆုံး​ ျဖစ္ပါတယ္။

ၾသစေတးလ်နိုင္ငံမွာေတာ့ ဇူလိုင္လတုန္းက ဝိတိုရိယျပည္နယ္မွာ ပထမဆုံး COVID-19 ကူးစက္ခံခဲ့ဖူးသူ အမ်ိဳးသားတစ္ဦးမွာ အခု လအေစာပိုင္းက ဒုတိယအႀကိမ္ ထပ္ၿပီး ေရာဂါပိုးကူးစက္ခဲ့တာကို ေတြ႕ရတယ္လို႔ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ Daniel Andrews က ေျပာ ပါတယ္။

အဲဒီ လူနာကို ေရာဂါပိုး တေက်ာ့ျပန္ ကူးစက္ခံရတဲ့ လူနာအျဖစ္ သေဘာထားၿပီး ဆရာဝန္ေတြက သတိႀကီးႀကီး ထားၿပီး စစ္ေဆး ကုသမႈေပးေန ပါတယ္။ စစ္ေဆးမႈေတြအရ ေရာဂါတေက်ာ့ျပန္ ကူးစက္တာ ေသခ်ာ တယ္ဆိုရင္ေတာ့ ဒီလူနာအမ်ိဳးသားက တကမၻာလုံး COVID-19 ဒုတိယအႀကီမ္ ျပန္ကူးစက္ခံရသူ ၆ ဦးထဲက တဦး ျဖစ္လာမွာပါ။

COVID-19 ကပ္ေရာဂါေၾကာင့္ ကမၻာတလႊားခရီးသြားလုပ္ငန္းေတြမွာလည္း ထိခိုက္ေနတာပါ။ ေဟာင္ေကာင္ အေျခစိုက္ Cathay Pacific ေလေၾကာင္းလိုင္းက ဝန္ထမ္း ၅,၉၀၀ ကို အလုပ္ကရပ္စဲလိုက္ၿပီး ေဒသတြင္းေျပးဆြဲတဲ့ Cathay Dragon ေလေၾကာင္းလိုင္း ကိုလည္း ပိတ္သိမ္းလိုက္ပါတယ္။ ခန္႔အပ္ရျခင္း မရွိေသးတဲ့ လစ္လပ္ေနရာ ၂၆၀၀ ကိုလည္း ပယ္ဖ်က္လိုက္တာ ျဖစ္လို႔ Cathay Pacific ကုမၸဏီရဲ့ ဝန္ထမ္း အင္အား တစ္ခုလုံးရဲ့ ၂၄% ေလာက္ အလုပ္အကိုင္ ဆုံးရႈံးတာျဖစ္ပါတယ္။

COVID-19 ကပ္ေရာဂါ စျဖစ္တဲ့အခ်ိန္ကတည္းကေန အခုထိ ကုမၸဏီက လစဥ္ အေမရိကန္ ေဒၚလာ ၁၉၃ သန္းကေန ၂၅၈ သန္း ေလာက္ထိ အရႈံးေပၚေနတာပါ။ ဒါေၾကာင့္ ၂၀၂၁ ခုႏွစ္ မွာ ကပ္ေရာဂါ မျဖစ္ခင္ကထက္ အင္အား ၅၀ ရာခိုင္ႏႈန္း ေအာက္ေလၽွာ့ခ်ၿပီး သာ လုပ္ငန္း လည္ပတ္သြားဖို႔ စီစဥ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

အမေရိကန်မှာ COVID ကြောင့်သေဆုံးရသူ လူလတ်ပိုင်း အရေအတွက်တိုး

(Unicode)

အမေရိကန်ပြည်ထောင်စုအတွင်းပြီးခဲ့တဲ့ ဇန်နဝါရီလနှောင်းပိုင်းကနေ အောက်တိုဘာလ အစောပိုင်းအထိ လူ၃၀၀,၀၀၀ နီးပါးလောက် ပုံမှန်ထက် ပို သေဆုံးခဲ့ပြီး အဲဒီအထဲက ၃ ပုံ ၂ ပုံလောက်က COVID-19 ရောဂါ ဖြစ်ပွားတာကြောင့်လို့ အမေရိကန် ကူးစက်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန CDC က အင်္ဂါနေ့က ထုတ်ပြန်တဲ့ လေ့လာချက်အသစ်မှာ ဖော်ပြထားပါတယ်။

ဒီကာလအတွင်း ပုံမှန်အရေအတွက်ထက်ပိုပြီး သေဆုံးရသူတဲ့ ဦးရေ ၂၉၉,၀၂၈ ဦးထဲက အသက် ၂၅ နှစ်ကနေ ၄၄ နှစ်အတွင်း သေဆုံးသူက ၂၆.၅ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ပြောပါတယ်။

သေဆုံးသူတွေထဲ လက်တင်အမေရိကနွယ်ဖွားတွေထဲ သေဆုံးမှုနှုန်းက ၅၆% ၊ လူမည်းတွေက ၃၃% နဲ့ လူဖြူတွေကြား သေဆုံးမှုနှုန်းက ၁၂% ရှိတယ်လို့ပြောပါတယ်။ COVID-19 ကူးစက်မှုနှုန်း ကလည်း လက်တင်အမေရိကနွယ်ဖွားတွေ၊ လူမည်းတွေနဲ့ အသက်ကြီးပိုင်း အမေရိကန်တွေ အကြားပိုများ တယ်လို့ ပြောပါတယ်။

Johns Hopkins တက္ကသိုလ် စာရင်းတွေအရ အမေရိကန် ပြည်ထောင်စုမှာ COVID-19 ကြောင့် သေဆုံးသူအရေအတွက် ၂၂၁, ၀၀၀ ကျော် အတည်ပြုထားပြီး ကမ္ဘာမှာ သေဆုံးမှုနှုန်း အများဆုံး ဖြစ်ပါတယ်။

သြစတေးလျနိုင်ငံမှာတော့ ဇူလိုင်လတုန်းက ဝိတိုရိယပြည်နယ်မှာ ပထမဆုံး COVID-19 ကူးစက်ခံခဲ့ဖူးသူ အမျိုးသားတစ်ဦးမှာ အခု လအစောပိုင်းက ဒုတိယအကြိမ် ထပ်ပြီး ရောဂါပိုးကူးစက်ခဲ့တာကို တွေ့ရတယ်လို့ ပြည်နယ် ဝန်ကြီးချုပ် Daniel Andrews က ပြော ပါတယ်။

အဲဒီ လူနာကို ရောဂါပိုး တကျော့ပြန် ကူးစက်ခံရတဲ့ လူနာအဖြစ် သဘောထားပြီး ဆရာဝန်တွေက သတိကြီးကြီး ထားပြီး စစ်ဆေး ကုသမှုပေးနေ ပါတယ်။ စစ်ဆေးမှုတွေအရ ရောဂါတကျော့ပြန် ကူးစက်တာ သေချာ တယ်ဆိုရင်တော့ ဒီလူနာအမျိုးသားက တကမ္ဘာလုံး COVID-19 ဒုတိယအကြီမ် ပြန်ကူးစက်ခံရသူ ၆ ဦးထဲက တဦး ဖြစ်လာမှာပါ။

COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာတလွှားခရီးသွားလုပ်ငန်းတွေမှာလည်း ထိခိုက်နေတာပါ။ ဟောင်ကောင် အခြေစိုက် Cathay Pacific လေကြောင်းလိုင်းက ဝန်ထမ်း ၅,၉၀၀ ကို အလုပ်ကရပ်စဲလိုက်ပြီး ဒေသတွင်းပြေးဆွဲတဲ့ Cathay Dragon လေကြောင်းလိုင်း ကိုလည်း ပိတ်သိမ်းလိုက်ပါတယ်။ ခန့်အပ်ရခြင်း မရှိသေးတဲ့ လစ်လပ်နေရာ ၂၆၀၀ ကိုလည်း ပယ်ဖျက်လိုက်တာ ဖြစ်လို့ Cathay Pacific ကုမ္ပဏီရဲ့ ဝန်ထမ်း အင်အား တစ်ခုလုံးရဲ့ ၂၄% လောက် အလုပ်အကိုင် ဆုံးရှုံးတာဖြစ်ပါတယ်။

COVID-19 ကပ်ရောဂါ စဖြစ်တဲ့အချိန်ကတည်းကနေ အခုထိ ကုမ္ပဏီက လစဉ် အမေရိကန် ဒေါ်လာ ၁၉၃ သန်းကနေ ၂၅၈ သန်း လောက်ထိ အရှုံးပေါ်နေတာပါ။ ဒါကြောင့် ၂၀၂၁ ခုနှစ် မှာ ကပ်ရောဂါ မဖြစ်ခင်ကထက် အင်အား ၅၀ ရာခိုင်နှုန်း အောက်လျှော့ချပြီး သာ လုပ်ငန်း လည်ပတ်သွားဖို့ စီစဉ်နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG