သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဥေရာပႏိုင္ငံမ်ား ကိုဗစ္ဒုတိယလိႈင္းထိန္းခ်ဳပ္ေရးစည္းမ်ဥ္းသစ္ေတြ ခ်မွတ္


ၿဗိတိန္ႏိုင္ငံ Newcastle ၿမိဳ႕မွာေတြ႔ရတဲ့ ကိုဗစ္ကာလ ျမင္ကြင္း။ (စက္တင္ဘာ ၁၈၊ ၂၀၂၀)

[Zawgyi/Unicode]

ဥေရာပႏိုင္ငံအေတာ္မ်ားမ်ားမွာ ကို႐ိုနာဗိုင္းရပ္စ္ ဒုတိယလႈိင္း႐ိုက္ခတ္မႈကို ထိန္းခ်ဳပ္ေရး ဒီ တနလၤာေန႔က စၿပီး စည္းမ်ဥ္းအသစ္ေတြကို ခ်မွတ္ခဲ့ပါတယ္။ အခုထိ တကမာၻလုံးအတိုင္းအတာနဲ႔ COVID-19 ကူးစက္သူ သန္း ၄၀ ေက်ာ္ရွိပါတယ္။ ေရာဂါကူးစက္ခံရသူေတြကို ေသခ်ာ သီးျခားခြဲေစာင့္ၾကည့္ထိန္းခ်ဳပ္ဖို႔ ပ်က္ကြက္တဲ့ ႏိုင္ငံေတြေၾကာင့္ အခုလို ကူးစက္မႈေတြမ်ားလာရတဲ့ အေပၚ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က အျပစ္တင္ေနတာပါ။ AFP သတင္းဌာန စာရင္းေတြအရ ဥေရာပမွာ အခုထိ COVID-19 ေၾကာင့္ေသဆုံးသူ ၂၅၀,၀၀၀ ေက်ာ္ရွိေနၿပီျဖစ္ပါတယ္။

ေရာဂါကူးစက္ခံရသူေတြကို သီးျခားခြဲေစာင့္ၾကည့္ဖို႔ တင္းၾကပ္တဲ့ စည္းမ်ဥ္းေတြ စနစ္တက် ကန္႔သတ္ထားတာမ်ိဳး မရွိတဲ့အတြက္ ဥေရာပတလႊား ေရာဂါကူးစက္မႈႏႈန္းျမင့္တက္ေနရတာျဖစ္တယ္လို႔ WHO အေရးေပၚ က်န္းမာေရး အစီအစဥ္၊ အမႈေဆာင္ဒါ႐ိုက္တာ Dr. Michael Ryan က ဂ်နီဗာၿမိဳ႕ WHO ႐ုံးခ်ဳပ္ကေန ဗီဒီယိုကတဆင့္ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာေျပာပါတယ္။ ႏိုင္ငံ အေတာ္မ်ားမ်ားက ပထမလႈိင္းမွာ စီးပြါးေရးဆိုးဆိုး႐ြား႐ြားထိခိုက္မွာ စိုးရိမ္တာေၾကာင့္ လုံးလုံးလ်ားလ်ား အသြားအလာပိတ္ပင္တာမ်ိဳးကို ေရွာင္ရွားဖို႔ ႀကိဳးစားခဲ့ၾကတာပါ။

အခု ဥေရာပႏိုင္ငံေတြထဲ UK ႏိုင္ငံတြင္း Wales နဲ႔ Ireland ႏိုင္ငံေတြက ေရာဂါကန္႔သတ္ခ်က္ေတြကို ပထမဆုံး ျပန္ၿပီး ခ်မွတ္ခဲ့ပါတယ္။ Ireland ဝန္ႀကီးခ်ဳပ္ Micheal Martin က လူေတြ မလိုအပ္ဘဲ အိမ္ျပင္မထြက္ၾကဖို႔ "stay at home" အမိန္႔ကို မနက္ျဖန္ ဗုဒၶဟူးေန႔ သန္းေခါင္အခ်ိန္ကစလို႔ ျပန္ၿပီးခ်မွတ္ထားပါတယ္။ အေရးမႀကီးတဲ့ စီးပြါးေရးလုပ္ငန္းေတြကို ပိတ္ထားဖို႔ နဲ႔စားေသာက္ဆိုင္ေတြမွာ ထိုင္စားခြင့္ကိုလည္း တားျမစ္ထားေပမဲ့ ေက်ာင္းေတြကိုေတာ့ ဖြင့္ခြင့္ျပဳထားပါတယ္။

ဘယ္လဂ်ီယံႏိုင္ငံမွာ ၿပီးခဲ့တဲ့ အပတ္တြင္း COVID-19 ေၾကာင့္ ေဆး႐ုံတက္သူလူနာ ရာႏႈန္းျပည့္ျမင့္တက္လာတဲ့အတြက္ စားေသာက္ဆိုင္ေတြကို တနလၤာေန႔က စၿပီးတလပိတ္ထားသလို ညမထြက္ရအမိန္႔လည္း ခ်မွတ္ထားပါတယ္။

အေစာပိုင္းတုန္းက ေရာဂါကူးစက္မႈအဆိုးဆုံးႀကဳံခဲ့ရတဲ့ အီတလီမွာေတာ့ စားေသာက္ဆိုင္ေတြနဲ႔ ဘားဆိုင္ေတြကို အခ်ိန္ေစာပိတ္ဖို႔နဲ႔ ျဖစ္ႏိုင္ရင္ လူေတြ အိမ္ကေနအလုပ္လုပ္ၾကဖို႔ တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဥရောပနိုင်ငံများ ကိုဗစ်ဒုတိယလှိုင်းထိန်းချုပ်ရေးစည်းမျဉ်းသစ်တွေချမှတ်

ဥရောပနိုင်ငံအတော်များများမှာ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းရိုက်ခတ်မှုကို ထိန်းချုပ်ရေး ဒီ တနင်္လာနေ့က စပြီး စည်းမျဉ်းအသစ်တွေကို ချမှတ်ခဲ့ပါတယ်။ အခုထိ တကမ္ဘာလုံးအတိုင်းအတာနဲ့ COVID-19 ကူးစက်သူ သန်း ၄၀ ကျော်ရှိပါတယ်။ ရောဂါကူးစက်ခံရသူတွေကို သေချာ သီးခြားခွဲစောင့်ကြည့်ထိန်းချုပ်ဖို့ ပျက်ကွက်တဲ့ နိုင်ငံတွေကြောင့် အခုလို ကူးစက်မှုတွေများလာရတဲ့ အပေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အပြစ်တင်နေတာပါ။ AFP သတင်းဌာန စာရင်းတွေအရ ဥရောပမှာ အခုထိ COVID-19 ကြောင့်သေဆုံးသူ ၂၅၀,၀၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။

ရောဂါကူးစက်ခံရသူတွေကို သီးခြားခွဲစောင့်ကြည့်ဖို့ တင်းကြပ်တဲ့ စည်းမျဉ်းတွေ စနစ်တကျ ကန့်သတ်ထားတာမျိုး မရှိတဲ့အတွက် ဥရောပတလွှား ရောဂါကူးစက်မှုနှုန်းမြင့်တက်နေရတာဖြစ်တယ်လို့ WHO အရေးပေါ် ကျန်းမာရေး အစီအစဉ်၊ အမှုဆောင်ဒါရိုက်တာ Dr. Michael Ryan က ဂျနီဗာမြို့ WHO ရုံးချုပ်ကနေ ဗီဒီယိုကတဆင့် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ နိုင်ငံ အတော်များများက ပထမလှိုင်းမှာ စီးပွါးရေးဆိုးဆိုးရွားရွားထိခိုက်မှာ စိုးရိမ်တာကြောင့် လုံးလုံးလျားလျား အသွားအလာပိတ်ပင်တာမျိုးကို ရှောင်ရှားဖို့ ကြိုးစားခဲ့ကြတာပါ။

အခု ဥရောပနိုင်ငံတွေထဲ UK နိုင်ငံတွင်း Wales နဲ့ Ireland နိုင်ငံတွေက ရောဂါကန့်သတ်ချက်တွေကို ပထမဆုံး ပြန်ပြီး ချမှတ်ခဲ့ပါတယ်။ Ireland ဝန်ကြီးချုပ် Micheal Martin က လူတွေ မလိုအပ်ဘဲ အိမ်ပြင်မထွက်ကြဖို့ "stay at home" အမိန့်ကို မနက်ဖြန် ဗုဒ္ဓဟူးနေ့ သန်းခေါင်အချိန်ကစလို့ ပြန်ပြီးချမှတ်ထားပါတယ်။ အရေးမကြီးတဲ့ စီးပွါးရေးလုပ်ငန်းတွေကို ပိတ်ထားဖို့ နဲ့စားသောက်ဆိုင်တွေမှာ ထိုင်စားခွင့်ကိုလည်း တားမြစ်ထားပေမဲ့ ကျောင်းတွေကိုတော့ ဖွင့်ခွင့်ပြုထားပါတယ်။

ဘယ်လဂျီယံနိုင်ငံမှာ ပြီးခဲ့တဲ့ အပတ်တွင်း COVID-19 ကြောင့် ဆေးရုံတက်သူလူနာ ရာနှုန်းပြည့်မြင့်တက်လာတဲ့အတွက် စားသောက်ဆိုင်တွေကို တနင်္လာနေ့က စပြီးတလပိတ်ထားသလို ညမထွက်ရအမိန့်လည်း ချမှတ်ထားပါတယ်။

အစောပိုင်းတုန်းက ရောဂါကူးစက်မှုအဆိုးဆုံးကြုံခဲ့ရတဲ့ အီတလီမှာတော့ စားသောက်ဆိုင်တွေနဲ့ ဘားဆိုင်တွေကို အချိန်စောပိတ်ဖို့နဲ့ ဖြစ်နိုင်ရင် လူတွေ အိမ်ကနေအလုပ်လုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG