သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝန်း ကိုဗစ်အတည်ပြု စုစုပေါင်း ၃၉.၇ သန်း၊ သေဆုံး ၁.၁ သန်း


အိန္ဒိယနိုင်ငံ Ahmedabad မြို့ ဘူတာရုံတခုမှာ COVID-19 စစ်ဆေးပေးနေတဲ့မြင်ကွင်း။ (စက်တင်ဘာ ၁၈၊ ၂၀၂၀)
အိန္ဒိယနိုင်ငံ Ahmedabad မြို့ ဘူတာရုံတခုမှာ COVID-19 စစ်ဆေးပေးနေတဲ့မြင်ကွင်း။ (စက်တင်ဘာ ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

ကမ္ဘာတဝန်းမှာ COVID-19 ရောဂါ ကူးစက်ခံရသူ အရေအတွက်ဟာ ၃၉.၇ သန်းနီးပါးနဲ့ သေဆုံးသူ ၁.၁ သန်း ကျော်သွားပြီဖြစ်တယ်လို့ Johns Hopkins တက္ကသိုလ်က ပြောလိုက်ပါတယ်။

အဲဒီထဲမှာ အမေရိကန်ပြည်ထောင်စုက ကမ္ဘာပေါ်မှာ ရောဂါကူးစက်မှု အများဆုံးနိုင်ငံဖြစ်ပြီး ရောဂါကူးစက်ခံရသူ ၈.၁ သန်းကျော်ရှိတယ်လို့ ပြောပါတယ်။ အဲဒီနောက် အိန္ဒိယနိုင်ငံက ၇ သန်းခွဲကျော်နဲ့ ဒုတိယအများဆုံးဖြစ်ပြီး ဘရာဇီးလ်နိုင်ငံက ၅.၂ သန်းကျော်နဲ့ တတိယအများဆုံး ဖြစ်ပါတယ်။

ရုရှားနိုင်ငံမှာတော့ ဒီနေ့မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁ သောင်းခွဲကျော်၊ သေဆုံးသူ ၁၈၅ ယောက်ရှိခဲ့ပြီး ရုရှားနိုင်ငံဟာ ကူးစက်သူ ၁.၃ သန်းကျော်နဲ့ ကူးစက်မှု စတုတ္ထအများဆုံး ဖြစ်ပါတယ်။

ဒါ့အပြင် ဥရောပနိုင်ငံတွေမှာလည်း ကူးစက်မှုတွေ မြင့်တက်လာနေတာကြောင့် ဗိုင်းရပ်စ်ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ညမထွက်ရအမိန့်တွေ အပါအဝင် ကန့်သတ်မှုအသစ်တွေ ချမှတ်လာနေပါတယ်။

ပြင်သစ်မှာတော့ ပဲရစ်မြို့ အပါအဝင် တခြားမြို့ကြီး ၇ မြို့မှာ ည ၉ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့်တွေ ထုတ်ပြန်ထားပြီး ပဲရစ်မြို့မှာတော့ မနေ့ညက လူတွေ အပြင်မထွက်ရတဲ့အတွက် ခြောက်ကပ်နေပါတယ်။

ဘယ်လ်ဂျီယံမှာလည်း မနက်ဖြန်ကစပြီး လူတွေအနေနဲ့ ည ၁၂ နာရီကနေ မနက် ၅ နာရီအထိ အပြင်ထွက်လို့ရမှာ မဟုတ်သလို ကော်ဖီဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ အရက်ဘားတွေ အားလုံးကို ပိတ်ဖို့ အမိန့်ထုတ်လိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------------

(Unicode)








XS
SM
MD
LG