သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူေတြကို COVID ကူးစက္ေစၿပီး ကာကြယ္ေဆးထိုးစမ္းသပ္ဖို႔ ၿဗိတိန္စီစဥ္


(Zawgyi/Unicode)

က်န္းမာ သန္စြမ္းတဲ့ လူေတြကို ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ေစၿပီး အလားအလာရွိတဲ့ COVID 19 ကာကြယ္ေဆး စမ္းသပ္မႈ အရွိန္ျမင့္ လုပ္ေဆာင္သြားမယ့္ အစီအစဥ္ကို ၿဗိတိန္နိုင္ငံ အစိုးရက အားေပး ေထာက္ခံလိုက္ၿပီ ျဖစ္ပါတယ္။

ဒီ စမ္းသပ္မႈကို ၿဗိတိန္ အစိုးရနဲ႔ Imperial College London တကၠသိုလ္တို႔ ပူးတြဲ ေဆာင္ရြက္မွာ ျဖစ္ပါတယ္။

အခုလို စမ္းသပ္မႈေတြ လုပ္မယ့္ စီမံခ်က္အတြက္ ၿဗိတိန္ အစိုးရက အေမရိကန္ေဒၚလာ ၄၃.၅ သန္းေပးအပ္မွာျဖစ္ၿပီးေဆးဝါးစမ္းသပ္ မႈ ဆိုင္ရာ က်င့္ဝတ္ေကာ္မတီနဲ႔ စည္းကမ္းထိန္းသိမ္းေရးဌာနတို႔က သေဘာတူ အတည္ျပဳမယ္ဆိုရင္ စမ္းသပ္မႈကို ဇန္နဝါရီ လမွာ စတင္မွာ ျဖစ္ပါတယ္။

စမ္းသပ္မႈေတြ ျပဳလုပ္ဖို႔ အသက္ ၁၈ ႏွစ္နဲ႔ ၃၀ အၾကား အရြယ္ ရွိသူေတြကို စုေဆာင္းေနတယ္လို႔ သုေတသန ပညာရွင္ေတြက ေျပာ ပါတယ္။ ေရာဂါ အခံမရွိသူ၊ COVID 19 ေရာဂါ မရွိသူ၊ COVID 19 ေရာဂါေၾကာင့္ အႏၲရာယ္ျဖစ္ေစမယ့္ တျခား ေရာဂါ အခံ မရွိသူေတြ ကို စုေဆာင္းေနတာလည္း ျဖစ္ပါတယ္။

စမ္းသပ္မႈ ပထမအဆင့္မွာ COVID 19 ေရာဂါ ျဖစ္ေစဖို႔ ဗိုင္းရပ္စ္ ပမာဏ ဘယ္ေလာက္ ထိေတြ႕ဖို႔ လိုအပ္သလဲဆိုတာကို သိရွိနိုင္ေအာင္ေလ့လာသြားမွာ ျဖစ္ပါတယ္။

အဲဒီ အဆင့္ ၿပီးရင္ေတာ့ ကာကြယ္ေဆးက လူ႔ ခႏၶာကိုယ္ထဲ ေရာဂါကို ဘယ္လို ကာကြယ္ တားဆီးနိုင္သလဲဆိုတာကို ေလ့လာသြား မွာ ျဖစ္ၿပီး ကုသနိုင္ေၿခ အလားအလာေတြကို စူးစမ္းေလ့လာသြားမွာ ျဖစ္ပါတယ္။

ဒီ စမ္းသပ္မႈထဲ မိမိ ဆႏၵအေလ်ာက္ ပါဝင္မယ့္သူေတြ အေနနဲ႔ COVID 19 ေဆး ကုသထုံးမႈ မရွိေသးတဲ့ အေျခအေနကို ေတြ႕ၾကဳံ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။ ဒါေပမဲ့ စမ္းသပ္ခံမယ့္ လူေတြရဲ့ က်န္းမာေရးက ဒီစမ္းသပ္မႈမွာ ထိပ္တန္း ဦးစားေပးထားတဲ့ အရာ ျဖစ္ တယ္လို႔ေတာ့ ဒီစမ္းသပ္မႈရဲ့ ဦးေဆာင္ သုေတသန ပညာရွင္ Dr. Chris Chiu က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

COVID ကာကွယ်ရေးထိုးဆေး လူတွေကိုထိုးနှံစမ်းသပ်ဖို့ ဗြိတိန်စီစဉ်

(Unicode)

ကျန်းမာ သန်စွမ်းတဲ့ လူတွေကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်စေပြီး အလားအလာရှိတဲ့ COVID 19 ကာကွယ်ဆေး စမ်းသပ်မှု အရှိန်မြင့် လုပ်ဆောင်သွားမယ့် အစီအစဉ်ကို ဗြိတိန်နိုင်ငံ အစိုးရက အားပေး ထောက်ခံလိုက်ပြီ ဖြစ်ပါတယ်။

ဒီ စမ်းသပ်မှုကို ဗြိတိန် အစိုးရနဲ့ Imperial College London တက္ကသိုလ်တို့ ပူးတွဲ ဆောင်ရွက်မှာ ဖြစ်ပါတယ်။

အခုလို စမ်းသပ်မှုတွေ လုပ်မယ့် စီမံချက်အတွက် ဗြိတိန် အစိုးရက အမေရိကန်ဒေါ်လာ ၄၃.၅ သန်းပေးအပ်မှာဖြစ်ပြီးဆေးဝါးစမ်းသပ် မှု ဆိုင်ရာ ကျင့်ဝတ်ကော်မတီနဲ့ စည်းကမ်းထိန်းသိမ်းရေးဌာနတို့က သဘောတူ အတည်ပြုမယ်ဆိုရင် စမ်းသပ်မှုကို ဇန်နဝါရီ လမှာ စတင်မှာ ဖြစ်ပါတယ်။

စမ်းသပ်မှုတွေ ပြုလုပ်ဖို့ အသက် ၁၈ နှစ်နဲ့ ၃၀ အကြား အရွယ် ရှိသူတွေကို စုဆောင်းနေတယ်လို့ သုတေသန ပညာရှင်တွေက ပြော ပါတယ်။ ရောဂါ အခံမရှိသူ၊ COVID 19 ရောဂါ မရှိသူ၊ COVID 19 ရောဂါကြောင့် အန္တရာယ်ဖြစ်စေမယ့် တခြား ရောဂါ အခံ မရှိသူတွေ ကို စုဆောင်းနေတာလည်း ဖြစ်ပါတယ်။

စမ်းသပ်မှု ပထမအဆင့်မှာ COVID 19 ရောဂါ ဖြစ်စေဖို့ ဗိုင်းရပ်စ် ပမာဏ ဘယ်လောက် ထိတွေ့ဖို့ လိုအပ်သလဲဆိုတာကို သိရှိနိုင်အောင်လေ့လာသွားမှာ ဖြစ်ပါတယ်။

အဲဒီ အဆင့် ပြီးရင်တော့ ကာကွယ်ဆေးက လူ့ ခန္ဓာကိုယ်ထဲ ရောဂါကို ဘယ်လို ကာကွယ် တားဆီးနိုင်သလဲဆိုတာကို လေ့လာသွား မှာ ဖြစ်ပြီး ကုသနိုင်ခြေ အလားအလာတွေကို စူးစမ်းလေ့လာသွားမှာ ဖြစ်ပါတယ်။

ဒီ စမ်းသပ်မှုထဲ မိမိ ဆန္ဒအလျောက် ပါဝင်မယ့်သူတွေ အနေနဲ့ COVID 19 ဆေး ကုသထုံးမှု မရှိသေးတဲ့ အခြေအနေကို တွေ့ကြုံ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ စမ်းသပ်ခံမယ့် လူတွေရဲ့ ကျန်းမာရေးက ဒီစမ်းသပ်မှုမှာ ထိပ်တန်း ဦးစားပေးထားတဲ့ အရာ ဖြစ် တယ်လို့တော့ ဒီစမ်းသပ်မှုရဲ့ ဦးဆောင် သုတေသန ပညာရှင် Dr. Chris Chiu က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG