သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID ကူးစက္မႈ တသန္းေက်ာ္တဲ႔ ႏိုင္ငံေတြထဲ အာဂ်င္တီးနားပါ၀င္


(Zawgyi/Unicode)

အာဂ်င္တီးနားနိုင္ငံမွာကိုရိုနာဗိုင္းရပ္စ္ ေရာဂါကူးစက္ခံရသူေပါင္း ၁ သန္းေက်ာ္ ရွိသြား ၿပီျဖစ္လို႔ ကမၻာမွာ ကူးစက္မႈ ၁ သန္းေက်ာ္ရွိတဲ့ ပဥၥမေျမာက္နိုင္ငံ ျဖစ္လာခဲ့ပါတယ္။ Johns Hopkins ကိုရိုနာဗိုင္းရပ္စ္ သုေတသနစင္တာ အခ်က္အလက္ေတြအရ အာဂ်င္တီးနားမွာ ကူးစက္သူ ၁ သန္းနဲ႔ ၂၆၀၀ ေက်ာ္ရွိပါတယ္။ ေသဆုံးသူက ၂၆၇၀၀ ေက်ာ္ရွိတာပါ။ တကမၻာလုံးအတိုင္းအတာနဲ႔ COVID-19 ကူးစက္သူ သန္း ၄၀ ေက်ာ္ မွာ အေမရိကန္နိုင္ငံက ကူးစက္မႈႏႈန္းအမ်ားဆုံးျဖစ္ၿပီး အိႏၵိယ၊ ဘရာဇီးနဲ႔ ႐ုရွားၿပီးရင္ အာဂ်င္တီးနားက ပဥၥမေျမာက္ ကူးစက္မႈႏႈန္း အမ်ားဆုံး ျဖစ္ပြားေနတာပါ။

ဥေရာပတိုက္က စပိန္နိုင္ငံမွာလည္း COVID-19 တေက်ာ့ျပန္ ကူးစက္မႈေတြ ျမင့္တက္ေနလို႔ ဒီသီတင္းပတ္ကုန္အေရာက္မွာ COVID-19 ကူးစက္သူ အေရ အတြက္ ၁ သန္း ေက်ာ္အထိေရာက္လာေတာ့မယ္လို႔ ခန္႔မွန္းထားၾကပါတယ္။ သီတင္းပတ္အေစာပိုင္းကတည္းက COVID-19 ကူးစက္သူ ၉၇၄,၄၀၀ေက်ာ္ရွိေနတာျဖစ္လို႔ မၾကာခင္ရက္ပိုင္းအတြင္း ၁သန္းေက်ာ္ေလာက္ရွိလာနိုင္တယ္လို႔ ခန္႔မွန္းထားတာပါ။ ဒါေၾကာင့္ စပိန္ဟာ အေနာက္ဥေရာပမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္သူ ၁ သန္းအထက္ေရာက္လာတဲ့ ပထမဆုံး နိုင္ငံျဖစ္လာေတာ့မွာပါ။

စီးပြားေရး လုပ္ငန္းေတြနဲ႔ နီးစပ္တဲ့ လက္ယာယိမ္း ျပည္နယ္ အစိုးရေတြက အရင္က တင္းတင္းက်ပ္က်ပ္ ခ်မွတ္ခဲ့တဲ့ အသြားအလာ ပိတ္ပင္မႈေတြကို အခ်ိန္မတိုင္ခင္ ေျဖေလၽွာ့ေပးခဲ့တာေၾကာင့္ အခုလို ေရာဂါ ကူးစက္မႈႏႈန္း ျမင့္တက္ေနတာလို႔ ကၽြမ္းက်င္သူေတြက ေျပာပါတယ္။ကူးစက္မႈႏႈန္း အမ်ားဆုံး ျဖစ္ေန တဲ့ Madrid ၿမိဳ႕မွာ အစိုးရက ညမထြက္ရအမိန္႔ထုတ္ျပန္ဖို႔ စဥ္းစားေနတယ္လို႔ က်န္းမာေရးဝန္ႀကီး Salvador Illa ကေျပာပါတယ္။

စပိန္လိုပဲ ဥေရာပတလႊား COVID-19 ဒုတိယလွိုင္းရိုက္ခတ္လာေနတာေၾကာင့္ Ireland နိုင္ငံမွာလည္း အသြားအလာေတြကို ျပန္ၿပီး ကန္႔သတ္ လိုက္ပါတယ္။ ဂ်ာမဏီနိုင္ငံ Bavaria ေဒသတဝိုက္ကိုလည္း အဂၤါေန႔ ကစလို႔ တင္းၾကပ္တဲ့ အသြားအလာ တားျမစ္ခ်က္ေတြ ခ်မွတ္ထားပါတယ္။ Berchtesgadener Land ခရိုင္မွာတနလၤာေန႔ကစလို႔ ၂ ပတ္အိမ္ျပင္မထြက္ဖို႔တားျမစ္ထားၿပီး ေက်ာင္းေတြ၊ စားေသာက္ ဆိုင္ေတြနဲ႔ ဟိုတယ္ေတြ ကိုလည္းပိတ္ခိုင္းထားတာပါ။

တိုက္႐ိုက္ လင့္ခ္


................

COVID ကူးစက်မှု တသန်းကျော်တဲ့ နိုင်ငံတွေထဲ အာဂျင်တီးနားပါဝင်

(Unicode)

အာဂျင်တီးနားနိုင်ငံမှာကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ခံရသူပေါင်း ၁ သန်းကျော် ရှိသွား ပြီဖြစ်လို့ ကမ္ဘာမှာ ကူးစက်မှု ၁ သန်းကျော်ရှိတဲ့ ပဉ္စမမြောက်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ Johns Hopkins ကိုရိုနာဗိုင်းရပ်စ် သုတေသနစင်တာ အချက်အလက်တွေအရ အာဂျင်တီးနားမှာ ကူးစက်သူ ၁ သန်းနဲ့ ၂၆၀၀ ကျော်ရှိပါတယ်။ သေဆုံးသူက ၂၆၇၀၀ ကျော်ရှိတာပါ။ တကမ္ဘာလုံးအတိုင်းအတာနဲ့ COVID-19 ကူးစက်သူ သန်း ၄၀ ကျော် မှာ အမေရိကန်နိုင်ငံက ကူးစက်မှုနှုန်းအများဆုံးဖြစ်ပြီး အိန္ဒိယ၊ ဘရာဇီးနဲ့ ရုရှားပြီးရင် အာဂျင်တီးနားက ပဉ္စမမြောက် ကူးစက်မှုနှုန်း အများဆုံး ဖြစ်ပွားနေတာပါ။

ဥရောပတိုက်က စပိန်နိုင်ငံမှာလည်း COVID-19 တကျော့ပြန် ကူးစက်မှုတွေ မြင့်တက်နေလို့ ဒီသီတင်းပတ်ကုန်အရောက်မှာ COVID-19 ကူးစက်သူ အရေ အတွက် ၁ သန်း ကျော်အထိရောက်လာတော့မယ်လို့ ခန့်မှန်းထားကြပါတယ်။ သီတင်းပတ်အစောပိုင်းကတည်းက COVID-19 ကူးစက်သူ ၉၇၄,၄၀၀ကျော်ရှိနေတာဖြစ်လို့ မကြာခင်ရက်ပိုင်းအတွင်း ၁သန်းကျော်လောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းထားတာပါ။ ဒါကြောင့် စပိန်ဟာ အနောက်ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၁ သန်းအထက်ရောက်လာတဲ့ ပထမဆုံး နိုင်ငံဖြစ်လာတော့မှာပါ။

စီးပွားရေး လုပ်ငန်းတွေနဲ့ နီးစပ်တဲ့ လက်ယာယိမ်း ပြည်နယ် အစိုးရတွေက အရင်က တင်းတင်းကျပ်ကျပ် ချမှတ်ခဲ့တဲ့ အသွားအလာ ပိတ်ပင်မှုတွေကို အချိန်မတိုင်ခင် ဖြေလျှော့ပေးခဲ့တာကြောင့် အခုလို ရောဂါ ကူးစက်မှုနှုန်း မြင့်တက်နေတာလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ကူးစက်မှုနှုန်း အများဆုံး ဖြစ်နေ တဲ့ Madrid မြို့မှာ အစိုးရက ညမထွက်ရအမိန့်ထုတ်ပြန်ဖို့ စဉ်းစားနေတယ်လို့ ကျန်းမာရေးဝန်ကြီး Salvador Illa ကပြောပါတယ်။

စပိန်လိုပဲ ဥရောပတလွှား COVID-19 ဒုတိယလှိုင်းရိုက်ခတ်လာနေတာကြောင့် Ireland နိုင်ငံမှာလည်း အသွားအလာတွေကို ပြန်ပြီး ကန့်သတ် လိုက်ပါတယ်။ ဂျာမဏီနိုင်ငံ Bavaria ဒေသတဝိုက်ကိုလည်း အင်္ဂါနေ့ ကစလို့ တင်းကြပ်တဲ့ အသွားအလာ တားမြစ်ချက်တွေ ချမှတ်ထားပါတယ်။ Berchtesgadener Land ခရိုင်မှာတနင်္လာနေ့ကစလို့ ၂ ပတ်အိမ်ပြင်မထွက်ဖို့တားမြစ်ထားပြီး ကျောင်းတွေ၊ စားသောက် ဆိုင်တွေနဲ့ ဟိုတယ်တွေ ကိုလည်းပိတ်ခိုင်းထားတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG