သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဥေရာပႏုိင္ငံေတြ ကိုဗစ္ထိန္းခ်ဳပ္ေရး အျပင္းအထန္လုပ္ေဆာင္ေနရ


စပိန္ႏိုင္ငံ Barcelona ၿမိဳ႕မ်ာ ေတြ႕ရတဲ့ ႏွာေခါင္းစည္းတပ္ထားသူတခ်ိဳ႕။ (ေအာက္တိုဘာ ၂၃၊ ၂၀၂၀)

[Zawgyi/Unicode]

ဥေရာပတိုက္ ႏိုင္ငံေတြမွာလည္း ကုိ႐ိုနာဗုိင္းရပ္စ္ ကူးစက္ခံေနရတဲ့ အေျခအေန စံခ်ိန္တင္ ေအာင္ တိုးမ်ားလာေနတာကို ထိန္းခ်ဳပ္ထားႏုိင္ဖို႔ သက္ဆုိင္ရာ အစိုးရေတြအေနနဲ႔ ကန္႔သတ္ တားျမစ္ခ်က္ေတြကို တင္းတင္းၾကပ္ၾကပ္ ျပဌာန္းေနၾကရပါတယ္။

ဥေရာပသမဂၢရဲ႕အင္အားႀကီး ႏွစ္ႏုိင္ငံျဖစ္ၾကတဲ့ ဂ်ာမနီနဲ႔ ျပင္သစ္ ႏွစ္ႏိုင္ငံစလံုးမွာ ကိုဗစ္-၁၉ ကူးစက္မႈဟာ ၾကာသပေတးေန႔ တေန႔တည္းမွာတင္ အျမင့္ဆံုးစံခ်ိန္တက္သြားခဲ့တာပါ။

ဂ်ာမနီမွာ တရက္အတြင္း ၁၁,၂၈၇ ေယာက္ကို ကူးစက္သြားၿပီး စုစုေပါင္း ကူးစက္ခံရသူ ၄၀၀,၀၀၀ နီးပါး ျဖစ္သြားခဲ့ပါတယ္။ ၾကာသပေတးေန႔အထိ ေနာက္တိုးေသဆံုးသူ ၃၀ ေပါင္းရင္ စုစုေပါင္း ၉,၉၀၅ ဦး ေသဆံုးခဲ့ေၾကာင္း ျပည္ေထာင္စုအစိုးရသတင္းဌာန (RKI) က သတင္းထုတ္ျပန္ထားပါတယ္။

ျပင္သစ္ႏုိင္ငံမွာလည္း တရက္အတြင္း ကူးစက္သူအသစ္ ၄၂,၀၀၀ နီးပါးရွိခဲ့တာေၾကာင့္ ေအာက္တိုဘာလ ၁၈ ရက္၊ စေနေန႔က ကူးစက္မႈ ၃၂,၀၀၀ ေက်ာ္ေနာက္ပိုင္း စံခ်ိန္တက္သြားခဲ့တာျဖစ္ေၾကာင္း ျပင္သစ္ လူထုက်န္းမာေရးဌာနက ထုတ္ျပန္ထားပါတယ္။

ဒီမတုိင္ခင္ ေအာက္တိုဘာလ ၂၁ ရက္၊ ဗုဒၶဟူးေန႔ကအထိေတာ့ ၿဗိတိန္၊ ပိုလန္၊ နယ္သာလန္၊ ၾသစၾတီးယား၊ ခ႐ိုေရးရွားနဲ႔ လီသူယန္နီးယား ႏုိင္ငံေတြကေတာ့ ကို႐ိုနာဗုိင္းရပ္စ္ စတင္ျပန္႔ပြါးလာေနခ်ိန္ကစၿပီး တေန႔တည္းအတြင္း စံခ်ိန္က်ဳိးေအာင္ ကူးစက္ခံခဲ့ၾကရတာပါ။

ဥေရာပမွာ အရင္ဆံုး ကိုဗစ္-၁၉ ကူးစက္မႈခံခဲ့ရတဲ့ အီတလီမွာေတာ့ ႏိုင္ငံ့လူဦးေရရဲ႕ ၃ ပံုတပံု ရွိတဲ့ လူေပါင္း ၂၁.၇ သန္းေက်ာ္ ကူးစက္ခံေနၾကရၿပီး အျပင္မထြက္ရ ကာဖ်ဴးအမိန္႔ ထုတ္ထားရပါတယ္။ ၾကာသပေတးေန႔မွာ ကူးစက္ခံရသူေပါင္း ၁၃၈၆၀ ရွိခဲ့တယ္လို႔အာဏာပိုင္ေတြက ေျပာပါတယ္။

၂၄ နာရီအတြင္း စံခ်ိန္ခ်ဳိးေအာင္ ကူးစက္ခံခဲ့ၾကရတဲ့ တျခား ဥေရာပႏုိင္ငံေတြကေတာ့ ဒိန္းမတ္၊ ဂရိစ္၊ ဆလိုေဗးနီးယားနဲ႔ ဟန္ေဂရီႏိုင္ငံေတြ ျဖစ္ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဥရောပနိုင်ငံတွေ ကိုဗစ်ထိန်းချုပ်ရေး အပြင်းအထန်လုပ်ဆောင်နေရ

ဥရောပတိုက် နိုင်ငံတွေမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ အခြေအနေ စံချိန်တင် အောင် တိုးများလာနေတာကို ထိန်းချုပ်ထားနိုင်ဖို့ သက်ဆိုင်ရာ အစိုးရတွေအနေနဲ့ ကန့်သတ် တားမြစ်ချက်တွေကို တင်းတင်းကြပ်ကြပ် ပြဌာန်းနေကြရပါတယ်။

ဥရောပသမဂ္ဂရဲ့အင်အားကြီး နှစ်နိုင်ငံဖြစ်ကြတဲ့ ဂျာမနီနဲ့ ပြင်သစ် နှစ်နိုင်ငံစလုံးမှာ ကိုဗစ်-၁၉ ကူးစက်မှုဟာ ကြာသပတေးနေ့ တနေ့တည်းမှာတင် အမြင့်ဆုံးစံချိန်တက်သွားခဲ့တာပါ။

ဂျာမနီမှာ တရက်အတွင်း ၁၁,၂၈၇ ယောက်ကို ကူးစက်သွားပြီး စုစုပေါင်း ကူးစက်ခံရသူ ၄၀၀,၀၀၀ နီးပါး ဖြစ်သွားခဲ့ပါတယ်။ ကြာသပတေးနေ့အထိ နောက်တိုးသေဆုံးသူ ၃၀ ပေါင်းရင် စုစုပေါင်း ၉,၉၀၅ ဦး သေဆုံးခဲ့ကြောင်း ပြည်ထောင်စုအစိုးရသတင်းဌာန (RKI) က သတင်းထုတ်ပြန်ထားပါတယ်။

ပြင်သစ်နိုင်ငံမှာလည်း တရက်အတွင်း ကူးစက်သူအသစ် ၄၂,၀၀၀ နီးပါးရှိခဲ့တာကြောင့် အောက်တိုဘာလ ၁၈ ရက်၊ စနေနေ့က ကူးစက်မှု ၃၂,၀၀၀ ကျော်နောက်ပိုင်း စံချိန်တက်သွားခဲ့တာဖြစ်ကြောင်း ပြင်သစ် လူထုကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီမတိုင်ခင် အောက်တိုဘာလ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့ကအထိတော့ ဗြိတိန်၊ ပိုလန်၊ နယ်သာလန်၊ သြစတြီးယား၊ ခရိုရေးရှားနဲ့ လီသူယန်နီးယား နိုင်ငံတွေကတော့ ကိုရိုနာဗိုင်းရပ်စ် စတင်ပြန့်ပွါးလာနေချိန်ကစပြီး တနေ့တည်းအတွင်း စံချိန်ကျိုးအောင် ကူးစက်ခံခဲ့ကြရတာပါ။

ဥရောပမှာ အရင်ဆုံး ကိုဗစ်-၁၉ ကူးစက်မှုခံခဲ့ရတဲ့ အီတလီမှာတော့ နိုင်ငံ့လူဦးရေရဲ့ ၃ ပုံတပုံ ရှိတဲ့ လူပေါင်း ၂၁.၇ သန်းကျော် ကူးစက်ခံနေကြရပြီး အပြင်မထွက်ရ ကာဖျူးအမိန့် ထုတ်ထားရပါတယ်။ ကြာသပတေးနေ့မှာ ကူးစက်ခံရသူပေါင်း ၁၃၈၆၀ ရှိခဲ့တယ်လို့အာဏာပိုင်တွေက ပြောပါတယ်။

၂၄ နာရီအတွင်း စံချိန်ချိုးအောင် ကူးစက်ခံခဲ့ကြရတဲ့ တခြား ဥရောပနိုင်ငံတွေကတော့ ဒိန်းမတ်၊ ဂရိစ်၊ ဆလိုဗေးနီးယားနဲ့ ဟန်ဂေရီနိုင်ငံတွေ ဖြစ်ကြပါတယ်။

XS
SM
MD
LG