(Zawgyi/Unicode)
ကမာၻတလႊားမွာ COVID-19 အကူးစက္ခံရသူ တသန္းေက်ာ္ရွိေနတဲ့ ႏိုင္ငံဟာ အခုဆို ၇ ႏိုင္ငံ ျဖစ္သြားပါၿပီ။ အေမရိကန္ Johns Hopkins တကၠသိုလ္က ေကာက္ယူတဲ့ စစ္တမ္းအရ စပိန္နဲ႔ ျပင္သစ္ႏုိင္ငံေတြမွာပါ ကူးစက္သူ တသန္းေက်ာ္ရွိလာတာကို အခု ေနာက္ဆံုး ေတြ႔ရွိခဲ့ရတာပါ။
အေမရိကန္ျပည္ေထာင္စုက ကူးစက္သူ ၈.၃ သန္းေက်ာ္နဲ႔ အမ်ားဆံုးျဖစ္ၿပီး အိႏၵိယက ၇.၆ သန္းေက်ာ္နဲ႔ ဒုတိယ၊ ဘရာဇီးလ္က ၅.၃ သန္းနဲ႔ တတိယအမ်ားဆံုး ျဖစ္ၿပီး ရုရွားက တသန္းခဲြနီးပါးနဲ႔ အာဂ်င္တီးနားက တသန္းေက်ာ္ ရွိေနတာပါ။ အခုေနာက္ဆံုး ကူးစက္သူ တသန္းေက်ာ္ ျဖစ္လာတာက အေနာက္ဥေရာပက စပိန္နဲ႔ ျပင္သစ္တို႔ ျဖစ္ပါတယ္။
ကမာၻတလႊား မွာ အခုဆို ဒီေရာဂါနဲ႔ ေသဆံုးရသူ ၁.၁ သန္းေက်ာ္ လာေနၿပီ ျဖစ္တာေၾကာင့္ ထိေရာက္ၿပီး စိတ္ခ်ရတဲ့ COVID-19 ကာကြယ္ေဆး ထုတ္ႏုိင္ဖုိ႔အၿပိဳင္ႀကိဳးစား ေနၾကတာ ျဖစ္ပါတယ္။
အေမရိကန္က နာမည္ႀကီး ေဆးကုမၸဏီႀကီး တခုျဖစ္တဲ့ Moderna က အခုဆို သူတို႔ဟာ ဒီေရာဂါ ကာကြယ္ေဆး အတြက္ Phase 3 အဆင့္ စမ္းသပ္မႈကို စတင္ေနၿပီဲျဖစ္ေၾကာင္း ၾကာသပေတးေန႔မွာေျပာပါတယ္။ လူေပါင္း ၃ ေသာင္းေလာက္ နဲ႔ စမ္းသပ္ေနတာ ျဖစ္ၿပီး ဒီအထဲမွာ အသားအေရာင္ရွိသူက တေသာင္းေက်ာ္ ပါဝင္ေၾကာင္း ေျပာပါတယ္။
တခ်ိန္ထည္းမွာပဲ တရုတ္ထုတ္ ကိုရိုနာဗုိင္းရပ္စ္ ကာကြယ္ေဆး သန္းနဲ႔ခ်ီၿပီး ဝယ္ယူဖို႔ စီစဥ္ေနတဲ့ ဘရာဇီးလ္ က်န္းမာေရးဝန္ႀကီးရဲ့ အစီစဥ္ကို သမၼတ Jair Bolsonaro က ပယ္ခ်လိုက္ ၿပီး ၿဗိတိန္ႏိုင္ငံ Oxford တကၠသိုလ္ နဲ႔ စမ္းသပ္ေနတဲ့ ကာကြယ္ေဆးကို ဝယ္ယူဖုိ႔ အားသန္ေနတာပါ။
............
COVID-19 ကူးစက်မှု တသန်းကျော်တဲ့ နိုင်ငံဟာ ၇ နိုင်ငံ ရှိသွားပြီ
(Unicode)
ကမ္ဘာတလွှားမှာ COVID-19 အကူးစက်ခံရသူ တသန်းကျော်ရှိနေတဲ့ နိုင်ငံဟာ အခုဆို ၇ နိုင်ငံ ဖြစ်သွားပါပြီ။ အမေရိကန် Johns Hopkins တက္ကသိုလ်က ကောက်ယူတဲ့ စစ်တမ်းအရ စပိန်နဲ့ ပြင်သစ်နိုင်ငံတွေမှာပါ ကူးစက်သူ တသန်းကျော်ရှိလာတာကို အခု နောက်ဆုံး တွေ့ရှိခဲ့ရတာပါ။
အမေရိကန်ပြည်ထောင်စုက ကူးစက်သူ ၈.၃ သန်းကျော်နဲ့ အများဆုံးဖြစ်ပြီး အိန္ဒိယက ၇.၆ သန်းကျော်နဲ့ ဒုတိယ၊ ဘရာဇီးလ်က ၅.၃ သန်းနဲ့ တတိယအများဆုံး ဖြစ်ပြီး ရုရှားက တသန်းခွဲနီးပါးနဲ့ အာဂျင်တီးနားက တသန်းကျော် ရှိနေတာပါ။
အခုနောက်ဆုံး ကူးစက်သူ တသန်းကျော် ဖြစ်လာတာက အနောက်ဥရောပက စပိန်နဲ့ ပြင်သစ်တို့ ဖြစ်ပါတယ်။
ကမ္ဘာတလွှား မှာ အခုဆို ဒီရောဂါနဲ့ သေဆုံးရသူ ၁.၁ သန်းကျော် လာနေပြီ ဖြစ်တာကြောင့် ထိရောက်ပြီး စိတ်ချရတဲ့ COVID-19 ကာကွယ်ဆေး ထုတ်နိုင်ဖို့အပြိုင်ကြိုးစား နေကြတာ ဖြစ်ပါတယ်။
အမေရိကန်က နာမည်ကြီး ဆေးကုမ္ပဏီကြီး တခုဖြစ်တဲ့ Moderna က အခုဆို သူတို့ဟာ ဒီရောဂါ ကာကွယ်ဆေး အတွက် Phase 3 အဆင့် စမ်းသပ်မှုကို စတင်နေပြီဲဖြစ်ကြောင်း ကြာသပတေးနေ့မှာပြောပါတယ်။ လူပေါင်း ၃ သောင်းလောက် နဲ့ စမ်းသပ်နေတာ ဖြစ်ပြီး ဒီအထဲမှာ အသားအရောင်ရှိသူက တသောင်းကျော် ပါဝင်ကြောင်း ပြောပါတယ်။
တချိန်ထည်းမှာပဲ တရုတ်ထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး သန်းနဲ့ချီပြီး ဝယ်ယူဖို့ စီစဉ်နေတဲ့ ဘရာဇီးလ် ကျန်းမာရေးဝန်ကြီးရဲ့ အစီစဉ်ကို သမ္မတ Jair Bolsonaro က ပယ်ချလိုက် ပြီး ဗြိတိန်နိုင်ငံ Oxford တက္ကသိုလ် နဲ့ စမ်းသပ်နေတဲ့ ကာကွယ်ဆေးကို ဝယ်ယူဖို့ အားသန်နေတာပါ။