သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID ကပ်ရောဂါကြောင့် အာရှ အထည်ချုပ် လုပ်သားတွေ ပိုမိုနစ်နာဖွယ် ILO ထောက်ပြ


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့က အထည်ချုပ်စက်ရုံတခု
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့က အထည်ချုပ်စက်ရုံတခု

(Zawgyi/Unicode)

ကိုဗစ်ကပ်ရောဂါကြီးကြောင့် စီးပွားရေးအသုံးစရိတ်အနည်းဆုံးဖြစ်အောင် ယှဉ်ပြိုင်လာမယ့် အန္တရာယ်ကြောင့်၊ အာရှက အထည်ချုပ်အလုပ်သမား သန်းပေါင်းများစွာ ဝင်ငွေပိုနိမ့်ကျပြီး၊ အမျိုးသမီးတွေ ပိုဒုက္ခရောက်တော့မယ်လို့ နိုင်ငံတကာအလုပ်သမားအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာအလုပ်သမားအဖွဲ့ ILO ကြီးက ကိုဗစ်-19 ကမ္ဘာ့ကပ်ရောဂါကြီးကြောင့် အလုပ်ချိန်လျော့ခံ (ဒါမှမဟုတ်) အလုပ်ဖြုတ်ခံရပြီးဖြစ်တဲ့ အလုပ်သမား ၄၀% ဟာ ခုချိန်ထိ အလုပ်ပြန်မဝင်နိုင်သေးဘဲ၊ အလုပ်ပြန်ဝင်နိုင်ရင်တောင်မှ ခက်ခက်ခဲခဲရုန်းကန်ပြီးရထားတဲ့ လုပ်သားအခွင့်အရေးတွေ ပြန်ဆုံးရူံးဖို့ရှိနေတယ်လို့ မနေ့က အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။

ဒီအလုပ်သမားတွေအနေနဲ့ တကယ့်ကို ထိခိုက်နစ်နာဖို့အန္တရာယ်များနေပြီး၊ စက်ရုံတွေဘက်မှာလည်း အော်ဒါမှာတဲ့ နာမည်ကြီးကုမ္ပဏီတွေရဲ့ ဖိအားကြောင့်၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ လုပ်ငန်းခွင်အခြေအနေကို အာမခံချက်ရဖို့ ခက်နေတယ်လို့ ILO ရဲ့ ပိုကောင်းတဲ့လုပ်ငန်းအစီအစဉ်က Tara Rangaranjan က ဆိုပါတယ်။

Tara Rangaranjan ကပဲ အရေးကြီးနေတာက အခုလို အသုံးစရိတ်အနည်းဆုံးဖြစ်အောင် အပြိုင်အဆိုင်လုပ်နေကြတာကြောင့် လုပ်ပိုင်ခွင့်အာဏာမရှိတဲ့ အောက်ခြေအလုပ်သမားတွေ အများဆုံးခံစားရမယ့် အခြေအနေမျိုး မရောက်ဖို့လိုတယ်လို့၊ ဒီ အလုပ်သမားတွေအပေါ် ကိုဗစ်သက်ရောက်မူအစီရင်ခံစာထုတ်ပြန်ပွဲမှာ သတိပေးလိုက်ပါတယ်။

ကိုဗစ်ကာလမှာ ဆိုင်တွေ၊ စက်ရုံတွေ ပိတ်ထားရတာကြောင့် ဝယ်လိုအားတွေကျကာ၊ ကုန်ကြမ်းတင်ပို့မူပြတ်တောက်ပြီး၊ အခုလိုဒုက္ခရောက်သူတွေထဲမှာ၊ အာရှက မြန်မာအပါအဝင် ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ပါကစ္စတန်၊ သိရိလင်္ကာက အလုပ်သမားတွေပါဝင်တယ်လို့ ဒီသုတေသန အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်


.............


(Unicode)



ဒီအလုပ်သမားတွေအနေနဲ့ တကယ့်ကို ထိခိုက်နစ်နာဖို့အန္တရာယ်များနေပြီး၊ စက်ရုံတွေဘက်မှာလည်း အော်ဒါမှာတဲ့ နာမည်ကြီးကုမ္ပဏီတွေရဲ့ ဖိအားကြောင့်၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ လုပ်ငန်းခွင်အခြေအနေကို အာမခံချက်ရဖို့ ခက်နေတယ်လို့ ILO ရဲ့ ပိုကောင်းတဲ့လုပ်ငန်းအစီအစဉ်က Tara Rangaranjan က ဆိုပါတယ်။



XS
SM
MD
LG