သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကပ္ေရာဂါေၾကာင့္ အလံုးအရင္းနဲ႔ ျပန္လာရတဲ့ ေရႊ႕ေျပာင္းအလုပ္သမားထု နဲ႔ ၀င္ေငြ ေဒၚလာဘီလီယံနဲ႔ခ်ီ ဆံုးရွဳံးဖို႔ရွိေနတဲ့ ျမန္မာႏိုင္ငံ


၂၀၂၀ ေမလ ၂၅ ရက္ေန႔တုန္းက ေရႊ႔ေျပာင္းအလုပ္သမားမ်ားကို ဘန္ေကာက္ၿမိဳ႕တြင္ ေတြ႔ရစဥ္

(Zawgyi/Unicode)

တႏွစ္ကို ေဒၚလာဘီလီယံ ရာနဲ႔ခ်ီလည္ပတ္ေနတဲ့ ကမာၻ႔တဝန္း ေ႐ႊ႕ေျပာင္းလုပ္သားေတြရဲ႕ ဝင္ေငြက COVID-19 ကပ္ေရာဂါအတြင္းမွာ က်သြားပါတယ္။ အလုံးအရင္းနဲ႔ ေနရပ္ျပန္ၾကတဲ့ သူေတြထဲမွာ ျမန္မာေ႐ႊ႕ေျပာင္း လုပ္သားေတြဆီက ဝင္ေငြကေရာ ဘယ္ေလာက္အထိ က်သြားႏိုင္ပါလဲ။ ပညာရွင္တခ်ိဳ႕နဲ႔ အလုပ္သမားအေရးကူညီသူေတြရဲ႕ အျမင္ကို ကိုေဇာ္ထက္က ေမးျမန္း တင္ျပထားပါတယ္။

ကမာၻ႔ဘဏ္အခ်က္အလက္ အရျပည္ပေရာက္ျမန္မာလုပ္သားေတြ အိမ္ျပန္ပို႔ေငြက ၂၀၁၇ ေနာက္ပိုင္းတႏွစ္ကို ေဒၚလာ ၃.၅ ကေန ၁၀ ဘီလီယံအထိရွိတယ္လို႔ ILO ရဲ႕ စစ္တမ္းတခုမွာ ေဖာ္ျပထားပါတယ္။ ဒီပမာဏက ျမန္မာတႏိုင္ငံလုံး ျပည္ပပို႔ကုန္ဝင္ေငြ အားလုံးရဲ႕ ထက္ဝက္ေလာက္ ရွိေနတာပါ။ အခုေတာ့ COVID-19 ကပ္ေရာဂါ အက်ိဳးဆက္မွာ ဒီဝင္ေငြက လုံးဝက်ဆင္းသြားတယ္လို႔ ပညာရွင္ေတြက ေထာက္ျပလိုက္ပါတယ္။

ထိုင္း၊ မေလးရွား၊ တ႐ုတ္၊ အိႏၵိယ၊ စကၤာပူ၊ ယူေအအီး၊ ကိုရီးယား ဒီႏိုင္ငံေတြမွာ တရားဝင္ေရာ၊ တရားမဝင္ အလုပ္လုပ္ေနတဲ့ ျမန္မာအမ်ားစု အလုပ္လက္မဲ့ျဖစ္ေနလို႔ တခ်ိဳ႕ကလည္း အစိုးရအစီအစဥ္နဲ႔ အလုံးအရင္းလိုက္ ေနရပ္ျပန္ေနၾကပါတယ္။ ဒါေၾကာင့္ အကုန္မဟုတ္ဘူးဆိုရင္ေတာင္မွ ေဒၚလာ ဘီလ်ံနဲ႔ခ်ီဝင္ေငြ က်သြားလို႔ ျပည္တြင္းမွာ က်ပ္တည္းမႈေတြ စျဖစ္လာတယ္လို႔ ILO နဲ႔ ပူးေပါင္းလုပ္ကိုင္ေနတဲ့ ေ႐ႊ႕ေျပာင္းအလုပ္သမား ပညာေရးစင္တာ FED တာဝန္ခံ ဦးမိုးေဝက ေျပာပါတယ္။

“ က်ေနာ္တို႔ တႏွစ္ကို ျမန္မာႏိုင္ငံ ျပန္ဝင္တဲ့ေငြက ၁၀ ဘီလ်ံေလာက္ရွိတယ္ ေဒၚလာ။ အမ်ားႀကီးပဲဝင္တာ။ ဒီေငြေတြက အၿမဲတမ္း ျပည္တြင္းထဲေရာက္ၿပီးေတာ့ မိသားစုေတြ စားဝတ္ေနေရး၊ ေက်ာင္းထားစရိတ္ေတြ ရွိတယ္။ ဒါေပမဲ့ အခု ဒီလူေတြ ျပန္လာတဲ့အထဲမွာဆိုရင္ လုပ္အားခေတြ မရေတာ့ဘူး။ မရတဲ့အတြက္ စားဝတ္ေနေရးက အခက္အခဲေတြ ျဖစ္လာတယ္။”

တကမာၻလုံးမွာလည္း ေ႐ႊ႕ေျပာင္းလုပ္သားေတြ ေနရပ္ျပန္ပို႔တဲ့ ဝင္ေငြပမာဏဟာ ေဒၚလာ ဘီလီယံ ရာနဲ႔ခ်ီပါတယ္။ ျမန္မာ၊ ကေမာၻဒီယား၊ အင္ဒိုနီးရွား၊ ဖိလစ္ပိုင္၊ ဗီယက္နမ္ ဒီငါးႏိုင္ငံက ေ႐ႊ႕ေျပာင္းလုပ္သားေတြကို ILO က ေမးၾကည့္တာမွာ အိမ္ျပန္လာတဲ့သူ ၄၇ ရာခိုင္ႏႈန္းက အလုပ္ထြက္ခဲ့တာျဖစ္ၿပီး ေနရပ္က သူတို႔မိသားစုအတြက္ စိုးရိမ္တာ၊ အလုပ္သက္တမ္းတိုးဖို႔ မဆုံးျဖတ္ႏိုင္ေသးတာ၊ နယ္စပ္ကေန ျပန္ဝင္ခြင့္မရမွာ ဒါေတြကို စိုးရိမ္လို႔ ျပန္လာၾကတာပါ။၂၄ ရာခိုင္ႏႈန္းကေတာ့ စာခ်ဳပ္သက္တမ္းက်န္ပါေသးတယ္။ ၁၆ ရာခိုင္ႏႈန္းကေတာ့ အၿပီးနဲ႔ ယာယီစာခ်ဳပ္ ရပ္စဲလိုက္တဲ့ သူေတြပါ။

ျမန္မာ၊ ကေမာၻဒီးယား၊ အင္ဒိုနီးရွား၊ ဖိလစ္ပိုင္နဲ႔ ဗီယက္နမ္ ဒီႏိုင္ငံေတြက ေနရပ္ျပန္ေတြရဲ႕ လတ္တေလာ စိတ္ကူးကို ေမးျမန္းထားတဲ့ ILO ရဲ႕ စစ္တမ္းမွာ ထက္ဝက္ေလာက္က အိမ္မွာပဲေနမယ္လို႔ေျဖၿပီး၊ ၂၀ ရာခိုင္ႏႈန္းက လယ္လုပ္ငန္း၊ ကိုယ္ပိုင္စီးပြားေရးနဲ႔ အလုပ္တခုခုရွာဖို႔ စိတ္ကူးရွိတယ္လို႔ေျဖခဲ့ပါတယ္။ က်န္တဲ့သူေတြကေတာ့ ျပည္ပျပန္သြားမယ္ (ဒါမွမဟုတ္) ဘာမွမဆုံးျဖတ္ရေသးဘူးဆိုတာ ေျဖခဲ့တာပါ။

ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြရဲ႕ ေရရွည္စီမံကိန္းကို ေမးၾကည့္တဲ့အခါမွာေတာ့ ၆၀ ရာခိုင္ႏႈန္းေလာက္က ျပည္ပကို ျပန္ထြက္မယ္ဆိုတာ ေျဖခဲ့ပါတယ္။ ဒီအခ်က္ကို ၾကည့္မယ္ဆိုရင္ ျပည္တြင္းမွာ သူတို႔အတြက္ အလုပ္အကိုင္အခြင့္အလမ္း အာမခံခ်က္ မရွိေသးဘူးဆိုတာ ျမင္သာတယ္လို႔ စီးပြားေရးပညာရွင္ ေဒါက္တာေဇာ္ဦးက ေျပာပါတယ္။

“ ဟုတ္ပါတယ္ခင္ဗ်၊ ဆိုလိုတာက ေရာဂါျဖစ္လာခဲ့တာ က်ေနာ္တို႔ႏိုင္ငံမွာ စတာထက္ တ႐ုတ္ႏိုင္ငံမွာစတာ ျဖစ္ခဲ့တယ္။ ၿပီးရင္လည္း ထိုင္းႏိုင္ငံက က်ေနာ္တို႔ထက္ပိုၿပီး ေစာေစာစီးစီးမွာျဖစ္တယ္။ မေလးရွားႏိုင္ငံမွာလည္းျဖစ္တယ္။ ဆိုေတာ့ အဲဒီအေျခအေနေတြကို ၾကည့္ၿပီးေတာ့ က်ေနာ္တို႔ဆီမွာ ေရာက္လာၿပီး ျပန္ဖို႔ပဲစဥ္းစားေနတာကို ၾကည့္ျခင္းအားျဖင့္ေတာ့ ေရာဂါအေျခအေနထက္စာရင္ ဟိုဟာ ( အလုပ္ရဖို႔) ကိုပဲ အာ႐ုံစိုက္တယ္လို႔ ယူဆလို႔ ရပါတယ္။”

ထိုင္းႏိုင္ငံမွာ ျမန္မာအမ်ားဆုံး အလုပ္လုပ္ေနၿပီး MOU လုပ္သား ၅၄၀၀၀၀ ေက်ာ္ရွိပါတယ္။ တျခားတရားဝင္နည္းလမ္းေတြနဲ႔ သြားတဲ့သူေတြပါ ထည့္တြက္မယ္ဆိုရင္ စုစုေပါင္း ၂သန္းေက်ာ္ႏိုင္တယ္လို႔ ထိုင္းေရာက္ျမန္မာ့အေရးကူညီသူ ကိုထူးခ်စ္က ဗြီအိုေအကိုေျပာပါတယ္။

ဇြန္လ ၁၅ရက္ ဒီေန႔ကစၿပီး ထိုင္းမွာ COVID-19 နဲ႔ပတ္သက္လို႔ ေျဖေလွ်ာ့တာေတြ စလုပ္ေနၿပီဆိုေပမဲ့ ႏွစ္ႏိုင္ငံ အဆင့္ဆင့္လုပ္ရမွာေတြရွိလို႔ အလုပ္ေတြ ျပန္ေခၚဖို႔က ၾကာဦးမယ္လို႔ ဘန္ေကာက္က ျမန္မာ အလုပ္သမားသံအရာရွိ ဦးမ်ိဳးျမင့္ႏိုင္က ေျပာပါတယ္။

“ MOU ကေတာ့ဗ်ာ သူတို႔ process ေတြဘာေတြ ေအးတဲ့အခါက်မွ၊ အခုေလာေလာဆယ္ကေတာ့ ျပန္ေခၚဖို႔ကိစၥ ၾကာေတာ့ ၾကာဦးမယ္ထင္တယ္ဗ်။ ျပန္ဝင္မယ္ဆိုရင္ ရင္းႏွီးျမႇဳပ္ႏွံ႔မႈ board အဖြဲ႕တို႔ ထိုင္းမွာရွိတဲ့ဟာ၊ ဘယ္သူေတြဝင္မလဲ အဲဒါေတြတင္တာရွိတယ္။ အလုပ္လုပ္ခြင့္ ပါမစ္တို႔၊ အာမခံတို႔ အဲလိုမ်ိဳးေတြ လိုတယ္ဗ်။”

မတ္လ ၂၁ ရက္ကေန မေန႔ကအထိ နယ္စပ္ကေနျပန္ဝင္လာတဲ့ ထိုင္းက ျမန္မာလုပ္သား ၆၇၀၀၀ ေက်ာ္တယ္လို႔ မဲေဆာက္က အလုပ္သမားသံအရာရွိ ဦးေဝလင္းေမာင္က ဗြီအိုေအကို အတည္ျပဳပါတယ္။

ျမန္မာ့လုပ္သားအင္အားရဲ႕၂၀ ရာခိုင္ႏႈန္းေက်ာ္က ျပည္ပမွာ လုပ္ေနၾကတာပါ။ ဘဏ္ကေန တရားဝင္ ေငြလႊဲတာနည္းၿပီး တရားမဝင္လမ္းေၾကာင္းကပဲ ေငြလႊဲေနလို႔ ျမန္မာအစိုးရအေနနဲ႔ အခြန္ရေအာင္ အျမန္ဆုံး လုပ္သင့္ၿပီး ဒါမွလည္း ေ႐ႊ႕ေျပာင္းလုပ္သားေတြ လူမႈဖူလုံေၾကးကေန ခံစားခြင့္ရႏိုင္မယ္လို႔ ႏိုင္ငံတကာ အဖြဲ႕အစည္း ေတြက အႀကံျပဳထားပါတယ္။

COVID-19 ေၾကာင့္ တကမာၻလုံး စီးပြားေရး အက်ပ္အတည္းက အေရွ႕အာရွနဲ႔ ပစိဖိတ္ေဒသမွာ လူ သန္း ၂၃၀ ေက်ာ္နဲ႔ အမ်ားဆုံးပါ။ တကမာၻလုံး အတိုင္းအတာနဲ႔ဆိုရင္ လူေပါင္း သန္း ၅၄၀ ေက်ာ္ေလာက္ စီးပြားေရး က်ပ္တည္းေနပါတယ္။ ၿပီးေတာ့ ကမာၻ႔လူဦးေရ တစ္ဘီလီယံေလာက္ ဆင္းရဲတြင္းကို က်ေရာက္ႏိုင္တယ္လို႔ ကမာၻ႔စီးပြားေရးဖိုရမ္ World Economic Forum က ဒီရက္ပိုင္း သတင္းထုတ္ျပန္ခဲ့တာပါ။ Oxfam တြက္ခ်က္ပုံ အတိုင္းဆိုရင္ တရက္ကို အေမရိကန္ေဒၚလာ ၅.၅ ( ပ်မ္းမွ် က်ပ္ေငြ ၇၀၀၀ ) ေအာက္ကိုေလ်ာ့ၿပီး ဝင္ေငြရတဲ့ သူေတြကို ဆိုလိုတာျဖစ္ပါတယ္။


...............

(Unicode)

တနှစ်ကို ဒေါ်လာဘီလီယံ ရာနဲ့ချီလည်ပတ်နေတဲ့ ကမ္ဘာ့တဝန်း ရွှေ့ပြောင်းလုပ်သားတွေရဲ့ ဝင်ငွေက COVID-19 ကပ်ရောဂါအတွင်းမှာ ကျသွားပါတယ်။ အလုံးအရင်းနဲ့ နေရပ်ပြန်ကြတဲ့ သူတွေထဲမှာ မြန်မာရွှေ့ပြောင်း လုပ်သားတွေဆီက ဝင်ငွေကရော ဘယ်လောက်အထိ ကျသွားနိုင်ပါလဲ။ ပညာရှင်တချို့နဲ့ အလုပ်သမားအရေးကူညီသူတွေရဲ့ အမြင်ကို ကိုဇော်ထက်က မေးမြန်း တင်ပြထားပါတယ်။

ကမ္ဘာ့ဘဏ်အချက်အလက် အရပြည်ပရောက်မြန်မာလုပ်သားတွေ အိမ်ပြန်ပို့ငွေက ၂၀၁၇ နောက်ပိုင်းတနှစ်ကို ဒေါ်လာ ၃.၅ ကနေ ၁၀ ဘီလီယံအထိရှိတယ်လို့ ILO ရဲ့ စစ်တမ်းတခုမှာ ဖော်ပြထားပါတယ်။ ဒီပမာဏက မြန်မာတနိုင်ငံလုံး ပြည်ပပို့ကုန်ဝင်ငွေ အားလုံးရဲ့ ထက်ဝက်လောက် ရှိနေတာပါ။ အခုတော့ COVID-19 ကပ်ရောဂါ အကျိုးဆက်မှာ ဒီဝင်ငွေက လုံးဝကျဆင်းသွားတယ်လို့ ပညာရှင်တွေက ထောက်ပြလိုက်ပါတယ်။

ထိုင်း၊ မလေးရှား၊ တရုတ်၊ အိန္ဒိယ၊ စင်္ကာပူ၊ ယူအေအီး၊ ကိုရီးယား ဒီနိုင်ငံတွေမှာ တရားဝင်ရော၊ တရားမဝင် အလုပ်လုပ်နေတဲ့ မြန်မာအများစု အလုပ်လက်မဲ့ဖြစ်နေလို့ တချို့ကလည်း အစိုးရအစီအစဉ်နဲ့ အလုံးအရင်းလိုက် နေရပ်ပြန်နေကြပါတယ်။ ဒါကြောင့် အကုန်မဟုတ်ဘူးဆိုရင်တောင်မှ ဒေါ်လာ ဘီလျံနဲ့ချီဝင်ငွေ ကျသွားလို့ ပြည်တွင်းမှာ ကျပ်တည်းမှုတွေ စဖြစ်လာတယ်လို့ ILO နဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမား ပညာရေးစင်တာ FED တာဝန်ခံ ဦးမိုးဝေက ပြောပါတယ်။

“ ကျနော်တို့ တနှစ်ကို မြန်မာနိုင်ငံ ပြန်ဝင်တဲ့ငွေက ၁၀ ဘီလျံလောက်ရှိတယ် ဒေါ်လာ။ အများကြီးပဲဝင်တာ။ ဒီငွေတွေက အမြဲတမ်း ပြည်တွင်းထဲရောက်ပြီးတော့ မိသားစုတွေ စားဝတ်နေရေး၊ ကျောင်းထားစရိတ်တွေ ရှိတယ်။ ဒါပေမဲ့ အခု ဒီလူတွေ ပြန်လာတဲ့အထဲမှာဆိုရင် လုပ်အားခတွေ မရတော့ဘူး။ မရတဲ့အတွက် စားဝတ်နေရေးက အခက်အခဲတွေ ဖြစ်လာတယ်။”

တကမ္ဘာလုံးမှာလည်း ရွှေ့ပြောင်းလုပ်သားတွေ နေရပ်ပြန်ပို့တဲ့ ဝင်ငွေပမာဏဟာ ဒေါ်လာ ဘီလီယံ ရာနဲ့ချီပါတယ်။ မြန်မာ၊ ကမ္ဘောဒီယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ် ဒီငါးနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေကို ILO က မေးကြည့်တာမှာ အိမ်ပြန်လာတဲ့သူ ၄၇ ရာခိုင်နှုန်းက အလုပ်ထွက်ခဲ့တာဖြစ်ပြီး နေရပ်က သူတို့မိသားစုအတွက် စိုးရိမ်တာ၊ အလုပ်သက်တမ်းတိုးဖို့ မဆုံးဖြတ်နိုင်သေးတာ၊ နယ်စပ်ကနေ ပြန်ဝင်ခွင့်မရမှာ ဒါတွေကို စိုးရိမ်လို့ ပြန်လာကြတာပါ။၂၄ ရာခိုင်နှုန်းကတော့ စာချုပ်သက်တမ်းကျန်ပါသေးတယ်။ ၁၆ ရာခိုင်နှုန်းကတော့ အပြီးနဲ့ ယာယီစာချုပ် ရပ်စဲလိုက်တဲ့ သူတွေပါ။

မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ် ဒီနိုင်ငံတွေက နေရပ်ပြန်တွေရဲ့ လတ်တလော စိတ်ကူးကို မေးမြန်းထားတဲ့ ILO ရဲ့ စစ်တမ်းမှာ ထက်ဝက်လောက်က အိမ်မှာပဲနေမယ်လို့ဖြေပြီး၊ ၂၀ ရာခိုင်နှုန်းက လယ်လုပ်ငန်း၊ ကိုယ်ပိုင်စီးပွားရေးနဲ့ အလုပ်တခုခုရှာဖို့ စိတ်ကူးရှိတယ်လို့ဖြေခဲ့ပါတယ်။ ကျန်တဲ့သူတွေကတော့ ပြည်ပပြန်သွားမယ် (ဒါမှမဟုတ်) ဘာမှမဆုံးဖြတ်ရသေးဘူးဆိုတာ ဖြေခဲ့တာပါ။

မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ ရေရှည်စီမံကိန်းကို မေးကြည့်တဲ့အခါမှာတော့ ၆၀ ရာခိုင်နှုန်းလောက်က ပြည်ပကို ပြန်ထွက်မယ်ဆိုတာ ဖြေခဲ့ပါတယ်။ ဒီအချက်ကို ကြည့်မယ်ဆိုရင် ပြည်တွင်းမှာ သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်း အာမခံချက် မရှိသေးဘူးဆိုတာ မြင်သာတယ်လို့ စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးက ပြောပါတယ်။

“ ဟုတ်ပါတယ်ခင်ဗျ၊ ဆိုလိုတာက ရောဂါဖြစ်လာခဲ့တာ ကျနော်တို့နိုင်ငံမှာ စတာထက် တရုတ်နိုင်ငံမှာစတာ ဖြစ်ခဲ့တယ်။ ပြီးရင်လည်း ထိုင်းနိုင်ငံက ကျနော်တို့ထက်ပိုပြီး စောစောစီးစီးမှာဖြစ်တယ်။ မလေးရှားနိုင်ငံမှာလည်းဖြစ်တယ်။ ဆိုတော့ အဲဒီအခြေအနေတွေကို ကြည့်ပြီးတော့ ကျနော်တို့ဆီမှာ ရောက်လာပြီး ပြန်ဖို့ပဲစဉ်းစားနေတာကို ကြည့်ခြင်းအားဖြင့်တော့ ရောဂါအခြေအနေထက်စာရင် ဟိုဟာ ( အလုပ်ရဖို့) ကိုပဲ အာရုံစိုက်တယ်လို့ ယူဆလို့ ရပါတယ်။”

ထိုင်းနိုင်ငံမှာ မြန်မာအများဆုံး အလုပ်လုပ်နေပြီး MOU လုပ်သား ၅၄၀၀၀၀ ကျော်ရှိပါတယ်။ တခြားတရားဝင်နည်းလမ်းတွေနဲ့ သွားတဲ့သူတွေပါ ထည့်တွက်မယ်ဆိုရင် စုစုပေါင်း ၂သန်းကျော်နိုင်တယ်လို့ ထိုင်းရောက်မြန်မာ့အရေးကူညီသူ ကိုထူးချစ်က ဗွီအိုအေကိုပြောပါတယ်။

ဇွန်လ ၁၅ရက် ဒီနေ့ကစပြီး ထိုင်းမှာ COVID-19 နဲ့ပတ်သက်လို့ ဖြေလျှော့တာတွေ စလုပ်နေပြီဆိုပေမဲ့ နှစ်နိုင်ငံ အဆင့်ဆင့်လုပ်ရမှာတွေရှိလို့ အလုပ်တွေ ပြန်ခေါ်ဖို့က ကြာဦးမယ်လို့ ဘန်ကောက်က မြန်မာ အလုပ်သမားသံအရာရှိ ဦးမျိုးမြင့်နိုင်က ပြောပါတယ်။

“ MOU ကတော့ဗျာ သူတို့ process တွေဘာတွေ အေးတဲ့အခါကျမှ၊ အခုလောလောဆယ်ကတော့ ပြန်ခေါ်ဖို့ကိစ္စ ကြာတော့ ကြာဦးမယ်ထင်တယ်ဗျ။ ပြန်ဝင်မယ်ဆိုရင် ရင်းနှီးမြှုပ်နှံ့မှု board အဖွဲ့တို့ ထိုင်းမှာရှိတဲ့ဟာ၊ ဘယ်သူတွေဝင်မလဲ အဲဒါတွေတင်တာရှိတယ်။ အလုပ်လုပ်ခွင့် ပါမစ်တို့၊ အာမခံတို့ အဲလိုမျိုးတွေ လိုတယ်ဗျ။”

မတ်လ ၂၁ ရက်ကနေ မနေ့ကအထိ နယ်စပ်ကနေပြန်ဝင်လာတဲ့ ထိုင်းက မြန်မာလုပ်သား ၆၇၀၀၀ ကျော်တယ်လို့ မဲဆောက်က အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်က ဗွီအိုအေကို အတည်ပြုပါတယ်။

မြန်မာ့လုပ်သားအင်အားရဲ့၂၀ ရာခိုင်နှုန်းကျော်က ပြည်ပမှာ လုပ်နေကြတာပါ။ ဘဏ်ကနေ တရားဝင် ငွေလွှဲတာနည်းပြီး တရားမဝင်လမ်းကြောင်းကပဲ ငွေလွှဲနေလို့ မြန်မာအစိုးရအနေနဲ့ အခွန်ရအောင် အမြန်ဆုံး လုပ်သင့်ပြီး ဒါမှလည်း ရွှေ့ပြောင်းလုပ်သားတွေ လူမှုဖူလုံကြေးကနေ ခံစားခွင့်ရနိုင်မယ်လို့ နိုင်ငံတကာ အဖွဲ့အစည်း တွေက အကြံပြုထားပါတယ်။

COVID-19 ကြောင့် တကမ္ဘာလုံး စီးပွားရေး အကျပ်အတည်းက အရှေ့အာရှနဲ့ ပစိဖိတ်ဒေသမှာ လူ သန်း ၂၃၀ ကျော်နဲ့ အများဆုံးပါ။ တကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် လူပေါင်း သန်း ၅၄၀ ကျော်လောက် စီးပွားရေး ကျပ်တည်းနေပါတယ်။ ပြီးတော့ ကမ္ဘာ့လူဦးရေ တစ်ဘီလီယံလောက် ဆင်းရဲတွင်းကို ကျရောက်နိုင်တယ်လို့ ကမ္ဘာ့စီးပွားရေးဖိုရမ် World Economic Forum က ဒီရက်ပိုင်း သတင်းထုတ်ပြန်ခဲ့တာပါ။ Oxfam တွက်ချက်ပုံ အတိုင်းဆိုရင် တရက်ကို အမေရိကန်ဒေါ်လာ ၅.၅ ( ပျမ်းမျှ ကျပ်ငွေ ၇၀၀၀ ) အောက်ကိုလျော့ပြီး ဝင်ငွေရတဲ့ သူတွေကို ဆိုလိုတာဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG