သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝှမ်း အဓမ္မခိုင်းစေမှုခံရတဲ့ကလေးငယ်အရေအတွက် တိုးလာ


ကလေးအလုပ်သမားတစ်ဦး
ကလေးအလုပ်သမားတစ်ဦး

Zawgyi/Unicode

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် စီးပွါးရေးကျဆင်းမှုတွေကနေ ကမ္ဘာတဝှမ်းက သန်းနဲ့ချီတဲ့ ကလေးငယ်တွေ အဓမ္မလုပ်အားခိုင်းစေမှု အန္တရာယ်နဲ့ ကြုံလာရနိုင်တယ်လို့ ဇွန်လ ၁၂ ရက် ကမ္ဘာ့ကလေးလုပ်သား အသုံးပြုမှုတိုက်ဖျက်ရေးနေ့ မှာ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကစပြီး လျော့ကျလာတဲ့ကလေးလုပ်သား အသုံးပြုမှုဟာ ၉ ၄ သန်းအထိ ရောက်လာခဲ့ပြီးမှ အခု နောက်ဆုံး ကောက်ယူတဲ့ စစ်တမ်းအရ ကမ္ဘာတလွှားမှာ ကလေးလုပ်သား အသုံးပြုမှု ၁၅၂ သန်း ဖြစ်နေတာတွေ့ရတယ်လို့ ILO ကမ္ဘာ့အလုပ်သမားအဖွဲ့နဲ့ UNICEF ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ တို့ပူးတွဲရေးသားတဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ကျောင်းတွေပိတ်ထားရတာကနေ ကလေးအများအပြား အလုပ်ခွင်ကို ရောက်နေရတာ ဖြစ်ကြောင်း အစီရင်ခံစာကို ဦးဆောင်ရေးသားသူ ILO အကြီးတန်းသုတေသနမှုး Lorenzo Guarcello ကပြောပါတယ်။

“မိသားစုဝင်တွေက ကလေးငယ်တွေကို လမ်းတွေ ပေါ်လွှတ်ပြီး အစားအသောက်တွေ၊ ပန်းတွေ ရောင်းခိုင်းနေကြတာ ဖြစ်ပြီး ကလေးတွေအတွက် အန္တရာယ်ရှိတဲ့ အခြေနေကြုံနေရတာ ဖြစ်ကြောင်း ပြောသွားတာပါ။”

အာဖရိက ဒေသတွေမှာ ကလေးလုပ်သား ၇၂ သန်းလောက် နဲ့အများဆုံး တွေ့ရတာ ဖြစ်ပြီး အဲဒီထဲက ၃၁ သန်းခွဲလောက်ဟာ အန္တရာယ်ရှိတဲ့ နေရာတွေမှာ အလုပ်လုပ်နေရကြောင်းနဲ့ အများစုက စိုက်ပျိုးရေး ကဏ္ဍမှာ ဝင်လုပ်နေကြတာလို့ လည်း ပြောပါတယ်။

ဒါကြောင့် ဒီကလေးငယ်တွေကို အကာကွယ်ပေးဖို့ ကုလသမဂ္ဂက တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


[Unicode]






ဒါကွောင့ျ ဒီကလေးငယျတှကေို အကာကှယျပေးဖို့ ကုလသမဂ်ဂက တောငျးဆိုထားပါတယျ။

XS
SM
MD
LG