သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID ကူးစက္ပ်ံံ႕ႏွံ႔မႈ အပူတျပင္း ကိုင္တြယ္လုပ္ေဆာင္ဖို႔ ကမၻာ႔ေခါင္းေဆာင္ေတြကို WHO တိုက္တြန္း


WHO ကမာၻ႔က်န္းမာေရးအဖြဲ႔အႀကီးအကဲ Tedros Adhanom Ghebreyesus

(Zawgyi/Unicode)

ကမာၻႀကီးဟာ အခုအခါမွာ COVID-19 ကပ္ေရာဂါအတြက္ ေသေရးရွင္ေရး တမ ွ် အေရးအႀကီးဆံုး အေျခအေနကို ေရာက္ေနၿပီျဖစ္ၿပီး မေသသင့္ပဲ ေသဆံုးရတာေတြ၊ က်န္းမာေရး စနစ္ပ်က္စီးသြားတာနဲ႔ စီးပြားေရး အေျခေနဆိုးေတြနဲ႔ ရင္ဆိုင္ရတာမ်ိဳးေတြ ျဖစ္မလာေအာင္ ကာကြယ္ႏိုင္ဖုိ႔ ကမာၻ႔ႏိုင္ငံေတြအေနနဲ႔ ခ်က္ခ်င္းအေရးယူ ေဆာင္ရြက္ၾကဖုိ႔ WHO ကမာၻ႔က်န္းမာေရးအဖြဲ႔အႀကီးအကဲ Tedros Adhanom Ghebreyesus က ေသာၾကာေန႔ ဂ်နီဗာ သတင္းစာရွင္းလင္းပြဲမွာ တိုက္တြန္းလိုက္ပါတယ္။

“အခုအခ်ိန္ဟာ ကမာၻ႔ႏိ္ုင္ငံအမ်ာအျပားမွာ အထူးသျဖင့္ ကမာၻ႔ေျမာက္ျခမ္းက ႏိုင္ငံေတြမွာ ဒီကပ္ေရာဂါအတြက္ အေရးပါဆံုးအေနထားကို ေရာက္ေနၿပီ ျဖစ္ၿပီး လာမယ့္ လေတြအတြင္း အေျခေနဟာ သိပ္ခက္ခဲလာႏုိင္သလို တခ်ိဳ႕ႏိုင္ငံေတြ အတြက္ဆို အႏၱရာယ္ သိပ္မ်ားလာမယ့္ အေနထားရွိေနတယ္လို႔ ေျပာသြားတာပါ။”

ႏိုင္ငံအေတာ္မ်ားမ်ားမွာ အခုအခါ COVID-19 ျဖစ္ပြားမႈ တိုးလာေနၿပီး ေဆးရံုေတြ အေရးေပၚဌာနေတြမွာ မႏိုင္မနင္းျဖစ္လာတာ ဒါမွမဟုတ္ ျဖစ္လုနီးပါး အေျခေနေရာက္လာေနတာေတြ႔ေနရတယ္လို႔ လည္းေျပာပါတယ္။

ဒါ့အျပင္ အေျခေနေတြ ထိန္းမႏိုင္သိမ္းမရ ျဖစ္မလာေအာင္ ကာကြယ္ဖို႔ အတြက္ အခ်က္ ၅ ခ်က္က္ို ႏိုင္ငံ့အစိုးရေတြက ခ်က္ခ်င္းလုပ္ေဆာင္ဖို႔လည္း ေျပာပါတယ္။ ပထမဆံုး အခ်က္အေနနဲ႔ ကိုယ့္ႏိုင္ငံထဲမွာ ဒီေရာဂါနဲ႔ ပတ္သက္ၿပီး ျဖစ္ပြါးေနတဲ့ အေျခေနမွန္ကို သိေအာင္ လုပ္ဖို႔ လုိအပ္တယ္လို႔ WHO အႀကီးအကဲ ကေျပာပါတယ္။ ဒီကပ္ေရာဂါအတြက္ ထိန္းခ်ဳပ္မႈေအာင္ျမင္ေအာင္ ေဆာင္ရြက္ႏုိင္တဲ့ ႏိုင္ငံေတြ အေနနဲ႔လည္း ကူးစက္မႈ ဆက္ၿပီး က်ဆင္းေအာင္ ေသေသခ်ာခ်ာ လုပ္ဖို႔အျပင္ ေရာဂါျဖစ္ပြါးမႈကို ဆန္းစစ္ၿပီး တုန္႔ျပန္ႏုိင္ေအာင္ အသင့္ျပင္ထားဖုိ႔ ေျပာပါတယ္။

ဒုတိယအေနနဲ႔ ကူးစက္မႈတိုးလာၿပီး ေဆးရံုေတြ အေရးေပၚဌာနေတြမွာ လူနာတိုးလာေနသူေတြ အေနနဲ႔လည္း တတ္ႏိုင္သမွ် အျမန္ဆံုး အေျခေနကို ထိန္းႏိုင္ေအာင္ လုပ္ေဆာင္ၾကဖို႔၊ တတိယအေနနဲ႔ ဒီကပ္ေရာဂါ ျပန္႔ပြားမႈမရွိေစဖို႔ လိုအပ္တာေတြကို ခ်ျပၿပီး ကိုယ့္ႏိုင္ငံရဲ့ အေျခေနမွန္ကို ျပည္သူေတြ သိေအာင္ ရိုးသားရွင္းလင္းစြာ တင္ျပၾကဖို႔ ႏိုင္ငံ့ေခါင္းေတြကို တိုက္တြန္းလိုက္ပါတယ္။

ဒီေရာဂါဆိုင္ရာ တားျမစ္ခ်က္ေတြကို ျပည္သူေတြ လုိက္နာဖို႔ လြယ္ကူေစမယ့္ စနစ္ေတြ ခ်မွတ္ဖို႔လို အေရးယူေဆာင္ရြက္မႈေတြ လုပ္ရမွာ ျဖစ္ေၾကာင္း ေျပာၾကားခဲ့တဲ့ အျပင္ ေနာက္ဆံုး အခ်က္ အေနနဲ႔ ေရာဂါ အကူးစက္ခံရသူေတြနဲ႔ သူတို႔ရဲ့ မိသားစုဝင္ေတြ ေရွ႕ဆက္ ဘာေတြ လုပ္ရမယ္ ဆိုတာကို သိေအာင္ အစိုးရက ျပည္သူနဲ႔ထိေတြ႔ ေျပာဆိုဖုိ႔ လုိအပ္တယ္လို႔လည္း ေျပာပါတယ္။

တကယ္လို႔ ႏိုင္ငံ့ေခါင္းေဆာင္ေတြ အေနနဲ႔ ဒီအခ်က္ေတြကို လိုက္နာေဆာင္ရြက္ၿပီး ေရာဂါျဖစ္သူေတြကို ေျခရာခံတာ၊ သီးျခားခြဲေနဖို႔ အစီစဥ္ေတြ ခ်မွတ္တာေတြ ဆက္လုပ္မယ္ ဆိုရင္ ဒီကပ္ေရာဂါအတြက္ အသြားအလာ ပိတ္ပင္တားျမစ္တဲ့ shutdowns လုပ္တာေတြ ေနအိမ္မွာပဲ ေနဖို႔ stay-at-home အမိန္႔ ထုတ္ျပန္ရတာမ်ိဳးကို ေရွာင္က်ဥ္ ႏုိင္မယ္လုိ႔လည္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

COVID ကူးစက်ပျံံ့နှံ့မှု အပူတပြင်း ကိုင်တွယ်လုပ်ဆောင်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကို WHO တိုက်တွန်း

(Unicode)

ကမ္ဘာကြီးဟာ အခုအခါမှာ COVID-19 ကပ်ရောဂါအတွက် သေရေးရှင်ရေး တမ ျှ အရေးအကြီးဆုံး အခြေအနေကို ရောက်နေပြီဖြစ်ပြီး မသေသင့်ပဲ သေဆုံးရတာတွေ၊ ကျန်းမာရေး စနစ်ပျက်စီးသွားတာနဲ့ စီးပွားရေး အခြေနေဆိုးတွေနဲ့ ရင်ဆိုင်ရတာမျိုးတွေ ဖြစ်မလာအောင် ကာကွယ်နိုင်ဖို့ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ချက်ချင်းအရေးယူ ဆောင်ရွက်ကြဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ Tedros Adhanom Ghebreyesus က သောကြာနေ့ ဂျနီဗာ သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းလိုက်ပါတယ်။

“အခုအချိန်ဟာ ကမ္ဘာ့နိုင်ငံအမျာအပြားမှာ အထူးသဖြင့် ကမ္ဘာ့မြောက်ခြမ်းက နိုင်ငံတွေမှာ ဒီကပ်ရောဂါအတွက် အရေးပါဆုံးအနေထားကို ရောက်နေပြီ ဖြစ်ပြီး လာမယ့် လတွေအတွင်း အခြေနေဟာ သိပ်ခက်ခဲလာနိုင်သလို တချို့နိုင်ငံတွေ အတွက်ဆို အန္တရာယ် သိပ်များလာမယ့် အနေထားရှိနေတယ်လို့ ပြောသွားတာပါ။”

နိုင်ငံအတော်များများမှာ အခုအခါ COVID-19 ဖြစ်ပွားမှု တိုးလာနေပြီး ဆေးရုံတွေ အရေးပေါ်ဌာနတွေမှာ မနိုင်မနင်းဖြစ်လာတာ ဒါမှမဟုတ် ဖြစ်လုနီးပါး အခြေနေရောက်လာနေတာတွေ့နေရတယ်လို့ လည်းပြောပါတယ်။

ဒါ့အပြင် အခြေနေတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်မလာအောင် ကာကွယ်ဖို့ အတွက် အချက် ၅ ချက်ကို နိုင်ငံ့အစိုးရတွေက ချက်ချင်းလုပ်ဆောင်ဖို့လည်း ပြောပါတယ်။ ပထမဆုံး အချက်အနေနဲ့ ကိုယ့်နိုင်ငံထဲမှာ ဒီရောဂါနဲ့ ပတ်သက်ပြီး ဖြစ်ပွါးနေတဲ့ အခြေနေမှန်ကို သိအောင် လုပ်ဖို့ လိုအပ်တယ်လို့ WHO အကြီးအကဲ ကပြောပါတယ်။ ဒီကပ်ရောဂါအတွက် ထိန်းချုပ်မှုအောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့ နိုင်ငံတွေ အနေနဲ့လည်း ကူးစက်မှု ဆက်ပြီး ကျဆင်းအောင် သေသေချာချာ လုပ်ဖို့အပြင် ရောဂါဖြစ်ပွါးမှုကို ဆန်းစစ်ပြီး တုန့်ပြန်နိုင်အောင် အသင့်ပြင်ထားဖို့ ပြောပါတယ်။

ဒုတိယအနေနဲ့ ကူးစက်မှုတိုးလာပြီး ဆေးရုံတွေ အရေးပေါ်ဌာနတွေမှာ လူနာတိုးလာနေသူတွေ အနေနဲ့လည်း တတ်နိုင်သမျှ အမြန်ဆုံး အခြေနေကို ထိန်းနိုင်အောင် လုပ်ဆောင်ကြဖို့၊ တတိယအနေနဲ့ ဒီကပ်ရောဂါ ပြန့်ပွားမှုမရှိစေဖို့ လိုအပ်တာတွေကို ချပြပြီး ကိုယ့်နိုင်ငံရဲ့ အခြေနေမှန်ကို ပြည်သူတွေ သိအောင် ရိုးသားရှင်းလင်းစွာ တင်ပြကြဖို့ နိုင်ငံ့ခေါင်းတွေကို တိုက်တွန်းလိုက်ပါတယ်။

ဒီရောဂါဆိုင်ရာ တားမြစ်ချက်တွေကို ပြည်သူတွေ လိုက်နာဖို့ လွယ်ကူစေမယ့် စနစ်တွေ ချမှတ်ဖို့လို အရေးယူဆောင်ရွက်မှုတွေ လုပ်ရမှာ ဖြစ်ကြောင်း ပြောကြားခဲ့တဲ့ အပြင် နောက်ဆုံး အချက် အနေနဲ့ ရောဂါ အကူးစက်ခံရသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ ရှေ့ဆက် ဘာတွေ လုပ်ရမယ် ဆိုတာကို သိအောင် အစိုးရက ပြည်သူနဲ့ထိတွေ့ ပြောဆိုဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

တကယ်လို့ နိုင်ငံ့ခေါင်းဆောင်တွေ အနေနဲ့ ဒီအချက်တွေကို လိုက်နာဆောင်ရွက်ပြီး ရောဂါဖြစ်သူတွေကို ခြေရာခံတာ၊ သီးခြားခွဲနေဖို့ အစီစဉ်တွေ ချမှတ်တာတွေ ဆက်လုပ်မယ် ဆိုရင် ဒီကပ်ရောဂါအတွက် အသွားအလာ ပိတ်ပင်တားမြစ်တဲ့ shutdowns လုပ်တာတွေ နေအိမ်မှာပဲ နေဖို့ stay-at-home အမိန့် ထုတ်ပြန်ရတာမျိုးကို ရှောင်ကျဉ် နိုင်မယ်လို့လည်း ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG