သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ COVID-19 ကူးစက်သူ ၄၁,၀၀၀ ကျော်၊ သေဆုံးသူ ၁,၀၀၀ ကျော်ရှိပြီ


ရန်ကုန်မြို့ရှိ Quarantine စင်တာမှာ တွေ့ရတဲ့ PPE ဝတ်စုံဝတ် ပရဟိတလုပ်သားများ။ (အောက်တိုဘာ ၀၉၊ ၂၀၂၀)
ရန်ကုန်မြို့ရှိ Quarantine စင်တာမှာ တွေ့ရတဲ့ PPE ဝတ်စုံဝတ် ပရဟိတလုပ်သားများ။ (အောက်တိုဘာ ၀၉၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၃၁၂ ထပ်တိုးပြီး သေဆုံးသူက ၃၃ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ခွဲနမူနာပေါင်း ၁၃,၇၇၄ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုးကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၅၆၆,၂၂၂ ခု ရှိသွားပြီဖြစ်ပါတယ်။ သေဆုံးသူအရေအတွက်ကတော့ ၁,၀၀၅ ဦး ရှိသွားပြီဖြစ်ပါတယ်။

ဒီကနေ့ညထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူအရေအတွက် ၂,၂၇၉ ဦးရှိတယ်လို့ ဖော်ပြထားတာကြောင့် ဒါဟာ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ စပြီး ပျံ့နှံ့ကူးစက်ခဲ့ကတည်းကဆိုရင် တရက်အတွင်း ဆေးရုံကဆင်းခွင့်ရသူ အရေအတွက် အများဆုံးပါပဲ။

ဆေးရုံကဆင်းခွင့်ရပြီးသူ စုစုပေါင်းကတော့ ၂၁,၁၄၄ ဦး ရှိသွားပြီဖြစ်ပါတယ်။

ဒီကနေ့ထုတ်ပြန်ချက်အရ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၉.၅ ရာခိုင်နှုန်း ရှိပြီး ဆေးရုံကဆင်းခွင့်ရသူ ၅၁.၆ ရာခိုင်နှုန်း၊ သေဆုံးနှုန်းက ၂.၄၅ ရာခိုင်နှုန်း ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားပါတယ်။

ဒီကနေ့ထုတ်ပြန်ချက်မှာပါတဲ့ သေဆုံးသူတွေထဲမှာ နောက်ခံရောဂါရှိသူက ၉၁ ရာခိုင်နှုန်း ပါရှိတယ်လို့ ဒေါက်တာခင်ခင်ကြီးက ရေးထားပါတယ။်

သံသယလက္ခဏာရှိလို့ စောင့်ကြည့်နေသူတွေနဲ့ ဆေးရုံတွေမှာ Quarantine ဝင်နေသူတွေထဲ ပိုးတွေ့သူက ၃၀ ရာခိုင်နှုန်း ရှိပြီး တခြား Quarantine Center တွေ၊ ကားဆရာတွေနဲ့ ရွေးကောက်ပွဲလုံခြုံရေး အထူးရဲတပ်ဖွဲ့ဝင်တွေထဲမှာ ပိုးတွေ့နှုန်းက ၉.၅ ရာခိုင်နှုန်း ရှိတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ရေးထားပါတယ်။

မြန်မာ COVID-19 ကူးစက်သူ ၄၁,၀၀၀ ကျော်၊ သေဆုံးသူ ၁,၀၀၀ ကျော်ရှိပြီ
please wait

No media source currently available

0:00 0:01:42 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]

မြန်မာ COVID-19 ကူးစက်သူ ၄၁,၀၀၀ ကျော်၊ သေဆုံးသူ ၁,၀၀၀ ကျော်ရှိပြီ








XS
SM
MD
LG