သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တိုင္းရင္းသားေဒသတခ်ိဳ႕ ကိုဗစ္ကူးစက္မႈ တိုးလာ


အလုပ္သြားဖို႔ ကားေစာင့္ေနသူတခ်ိဳ႕ကို ရန္ကုန္ၿမိဳ႕ လိႈင္သာယာ စက္မႈဇုန္မွာ ေတြ႔ရ။ (ေအာက္တိုဘာ ၁၂၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံတြင္း တိုင္းရင္းသား ေဒသတခ်ိဳ႕မွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တိုးလာေနတာေၾကာင့္ အသြားအလာ ကန႔္သတ္တာအပါအဝင္ ေရာဂါထိန္းခ်ဳပ္ေရး အစီအစဥ္ေတြ တိုးျမႇင့္လာေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဒီသတင္းကို ဗြီအိုေအျမန္မာပိုင္္္း သတင္းေထာက္ မစုစုက တင္ဆက္ေပးမွာပါ။

ကခ်င္ျပည္နယ္မွာ ခရီးသြားရာဇဝင္ မရွိသူေတြနဲ႔ အတည္ျပဳလူနာနဲ႔ ထိေတြ႕မႈ မရွိသူေတြ အပါအဝင္ ေရာဂါပိုးကူးစက္သူေတြ တိုးလာေနတာေၾကာင့္ ၿမိဳ႕နယ္တခ်ိဳ႕မွာ သြားလာလႈပ္ရွားမႈေတြကို ကန႔္သတ္လိုက္တာပါ။ မိုးညႇင္းနဲ႔ ဖားကန႔္ၿမိဳ႕နယ္တြင္း ေနထိုင္သူေတြကို ဒီကေန႔ကစၿပီး မလိုအပ္ဘဲ အိမ္ျပင္မထြက္ၾကဖို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္လိုက္ပါတယ္။

အတည္ျပဳလူနာ ၁၀၀ ေက်ာ္ရွိေနတဲ့ ကခ်င္ျပည္နယ္မွာ ပိုးေတြ႕လူနာေတြကို ျမစ္ႀကီးနား ျပည္သူ႔ေဆး႐ုံႀကီးနဲ႔ မိုးညႇင္းခ႐ိုင္ ေဆး႐ုံႀကီးအပါအဝင္၊ မိုးေကာင္းၿမိဳ႕နယ္ေဆး႐ုံနဲ႔ ဖားကန႔္ေဆး႐ုံ၊ သီတဂူေဆး႐ုံအျပင္ ေ႐ႊကူေဆး႐ုံတို႔မွာပါ ထားရွိကုသေပးေနတာပါ။ အတည္ျပဳလူနာ ၁၇ ဦးရွိတဲ့ မိုးညႇင္းၿမိဳ႕နယ္မွာေတာ့ ေရာဂါကာကြယ္ေရးနဲ႔ ပတ္သက္တဲ့ၫႊန္ၾကားခ်က္ေတြကို လိုက္နာမႈအားနည္းေနတုန္းပဲလို႔ ေမတၱာမြန္လူမႈ ကူညီေရးအသင္း (မိုးညႇင္း) ဥကၠ႒ ဦးခင္ေအာင္က ေျပာပါတယ္။

“လိုက္နာမႈက ပထမ First Wave တုန္းက ေတာ္ေတာ္အားနည္းတယ္။ အခု Second Wave မွာေတာ့ အရင္ထက္စာရင္ အမ်ားႀကီးေတာ့ လိုက္နာလာပါတယ္။ သို႔ေသာ္လည္း အျပည့္အဝေတာ့ မျဖစ္ႏိုင္ေသးဘူးဗ်။ (ပိုးေတြ႕လူနာေတြကို) စကၡဳပါလေဆး႐ုံမွာ ထားတယ္။ အခု ေနာက္ထပ္ မိုးညႇင္းဒီဂရီေကာလိပ္မွာ ထားတယ္ေပါ့။ ကုသေရးပိုင္းကေတာ့ ဂ႐ုေတာ့စိုက္ပါတယ္။ သို႔ေသာ္ ခုနကေျပာသလိုေပါ့ဗ်ာ၊ စည္းကမ္းလိုက္နာမႈ အပိုင္းကေတာ့ နည္းနည္းအားနည္းတာေပါ့ဗ်ာ။”

မိုးညႇင္းၿမိဳ႕နယ္က ေရာဂါသံသယလူနာေတြရဲ႕ ဓာတ္ခြဲနမူနာေတြကိုေတာ့ ျမစ္ႀကီးနားျပည္သူ႔ေဆး႐ုံႀကီးဆီ ပို႔ေဆာင္ေပးေနရတယ္လို႔ ဦးခင္ေအာင္က ေျပာပါတယ္။ ကခ်င္ျပည္နယ္တြင္းက ၿမိဳ႕နယ္ေပါင္း ၁၈ ခုမွာ ေရာဂါသံသယရွိသူအပါအဝင္၊ အတည္ျပဳလူနာနဲ႔ ထိေတြ႕မႈရွိခဲ့လို႔ အသြားအလာ ကန႔္သတ္ခံထားရသူကေတာ့ စုစုေပါင္းဦးေရ ၃,၅၀၀ ေက်ာ္အထိရွိေနပါတယ္။

ကိုဗစ္ေရာဂါပိုး ကူးစက္ခံရသူ ဒုတိယအမ်ားဆုံးရွိေနတဲ့ ရခိုင္ျပည္နယ္မွာလည္း မေန႔က တနလၤာေန႔ တရက္တည္းမွာတင္ ပိုးေတြ႕လူနာထပ္တိုးဦးေရ ၂၉ ဦးရွိခဲ့ၿပီး၊ အဲဒီရက္မတိုင္ခင္ တနဂၤေႏြေန႔တုန္းကေတာ့ ထပ္တိုးလူနာ ၅၅ ဦးထိ ရွိခဲ့ပါတယ္။ စစ္ေတြၿမိဳ႕အနီးက အုန္းေတာႀကီးဒုကၡသည္စခန္းမွာေတာ့ လူဦးေရ ၂,၇၀၀ ေက်ာ္ေနထိုင္ၿပီး ကိုဗစ္နဲ႔ပတ္သက္လို႔ က်န္းမာေရးေစာင့္ေရွာက္မႈ ေပးေနေပမဲ့ တျခားလိုအပ္ခ်က္ေတြေတာ့ ရွိေနတယ္လို႔ သိရပါတယ္။ ဒုကၡသည္ေတြအတြက္ ပုံမွန္အခ်ိန္မွာ လိုအပ္ေနတဲ့အကူအညီေတြက အခုလို ကပ္ေရာဂါကာလမွာ ပိုၿပီးခက္ခဲေနတယ္လို႔ အဲဒီစခန္းမွာေနထိုင္တဲ့ ဦးေမာင္ေမာင္က ေျပာပါတယ္။

“ဒုကၡသည္စခန္းမွာ အိမ္သာေဆာက္ဖို႔ လိုအပ္ပါတယ္။ အေဆာက္အဦးကလည္း ေတာ္ေတာ္မ်ားမ်ား ပ်က္စီးေနၿပီ။ ေနာက္တခုက တခ်ိဳ႕လူေတြက ကမာၻ႔စားနပ္ရိကၡာကို ရတယ္။ ၁၀၀ ရာခိုင္ႏႈန္းမွာ ၈၀ ရာခိုင္ႏႈန္းေလာက္ ရတယ္။ က်န္တဲ့ ၂၀ ရာခိုင္ႏႈန္းေတာ့ စားနပ္ရိကၡာမရလို႔ ေတာ္ေတာ္မ်ားမ်ား အခက္အခဲျဖစ္ေနတယ္။ က်ေနာ္တို႔လည္း တင္ျပေတာ့တင္ျပထားတယ္၊ အခုထိေတာ့ မရေသးဘူး။”

ကိုဗစ္ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီဥကၠဌျဖစ္သူ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကလည္း ကိုဗစ္ကူးစက္ခံရသူ အမ်ားဆုံးရွိေနတဲ့ ရန္ကုန္တိုင္းမွာ ကပ္ေရာဂါကိုအတိုင္းအတာ တခုအထိထိန္းခ်ဳပ္လာႏိုင္ၿပီ ဆိုေပမယ့္ တျခားျပည္နယ္နဲ႔ တိုင္းေတြမွာ ပိုးေတြ႕လူနာတိုးလာတာေတြရွိေနလို႔ ျပည္သူေတြမေပါ့ဆဖို႔ အြန္လိုင္းကေန သတိေပးထားပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ဒီကေန႔မြန္းလြဲပိုင္း ထုတ္ျပန္ၿပီးခ်ိန္အထိဆို ျပည္တြင္းမွာအတည္ျပဳ လူနာေပါင္း ၃၂,၂၀၅ ဦးရွိေနၿပီး၊ ေသဆုံးသူကေတာ့ ၉၁၄ ဦးရွိေနပါတယ္။ ေသဆုံးလူနာေတြရဲ႕ ၉၅ ရာခိုင္ႏႈန္းေလာက္က နာတာရွည္ေရာဂါအခံရွိသူေတြ ျဖစ္ၿပီးေတာ့ အသက္အ႐ြယ္ႀကီးသူနဲ႔ ေရာဂါအခံရွိသူေတြ ပိုၿပီးသတိရွိၾကဖို႔ကို က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တိုင်းရင်းသားဒေသတချို့ ကိုဗစ်ကူးစက်မှုတိုးလာ

မြန်မာနိုင်ငံတွင်း တိုင်းရင်းသား ဒေသတချို့မှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတာကြောင့် အသွားအလာ ကန့်သတ်တာအပါအဝင် ရောဂါထိန်းချုပ်ရေး အစီအစဉ်တွေ တိုးမြှင့်လာနေတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။

ကချင်ပြည်နယ်မှာ ခရီးသွားရာဇဝင် မရှိသူတွေနဲ့ အတည်ပြုလူနာနဲ့ ထိတွေ့မှု မရှိသူတွေ အပါအဝင် ရောဂါပိုးကူးစက်သူတွေ တိုးလာနေတာကြောင့် မြို့နယ်တချို့မှာ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်လိုက်တာပါ။ မိုးညှင်းနဲ့ ဖားကန့်မြို့နယ်တွင်း နေထိုင်သူတွေကို ဒီကနေ့ကစပြီး မလိုအပ်ဘဲ အိမ်ပြင်မထွက်ကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

အတည်ပြုလူနာ ၁၀၀ ကျော်ရှိနေတဲ့ ကချင်ပြည်နယ်မှာ ပိုးတွေ့လူနာတွေကို မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးနဲ့ မိုးညှင်းခရိုင် ဆေးရုံကြီးအပါအဝင်၊ မိုးကောင်းမြို့နယ်ဆေးရုံနဲ့ ဖားကန့်ဆေးရုံ၊ သီတဂူဆေးရုံအပြင် ရွှေကူဆေးရုံတို့မှာပါ ထားရှိကုသပေးနေတာပါ။ အတည်ပြုလူနာ ၁၇ ဦးရှိတဲ့ မိုးညှင်းမြို့နယ်မှာတော့ ရောဂါကာကွယ်ရေးနဲ့ ပတ်သက်တဲ့ညွှန်ကြားချက်တွေကို လိုက်နာမှုအားနည်းနေတုန်းပဲလို့ မေတ္တာမွန်လူမှု ကူညီရေးအသင်း (မိုးညှင်း) ဥက္ကဋ္ဌ ဦးခင်အောင်က ပြောပါတယ်။

“လိုက်နာမှုက ပထမ First Wave တုန်းက တော်တော်အားနည်းတယ်။ အခု Second Wave မှာတော့ အရင်ထက်စာရင် အများကြီးတော့ လိုက်နာလာပါတယ်။ သို့သော်လည်း အပြည့်အဝတော့ မဖြစ်နိုင်သေးဘူးဗျ။ (ပိုးတွေ့လူနာတွေကို) စက္ခုပါလဆေးရုံမှာ ထားတယ်။ အခု နောက်ထပ် မိုးညှင်းဒီဂရီကောလိပ်မှာ ထားတယ်ပေါ့။ ကုသရေးပိုင်းကတော့ ဂရုတော့စိုက်ပါတယ်။ သို့သော် ခုနကပြောသလိုပေါ့ဗျာ၊ စည်းကမ်းလိုက်နာမှု အပိုင်းကတော့ နည်းနည်းအားနည်းတာပေါ့ဗျာ။”

မိုးညှင်းမြို့နယ်က ရောဂါသံသယလူနာတွေရဲ့ ဓာတ်ခွဲနမူနာတွေကိုတော့ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ပေးနေရတယ်လို့ ဦးခင်အောင်က ပြောပါတယ်။ ကချင်ပြည်နယ်တွင်းက မြို့နယ်ပေါင်း ၁၈ ခုမှာ ရောဂါသံသယရှိသူအပါအဝင်၊ အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိခဲ့လို့ အသွားအလာ ကန့်သတ်ခံထားရသူကတော့ စုစုပေါင်းဦးရေ ၃,၅၀၀ ကျော်အထိရှိနေပါတယ်။

ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ ဒုတိယအများဆုံးရှိနေတဲ့ ရခိုင်ပြည်နယ်မှာလည်း မနေ့က တနင်္လာနေ့ တရက်တည်းမှာတင် ပိုးတွေ့လူနာထပ်တိုးဦးရေ ၂၉ ဦးရှိခဲ့ပြီး၊ အဲဒီရက်မတိုင်ခင် တနင်္ဂနွေနေ့တုန်းကတော့ ထပ်တိုးလူနာ ၅၅ ဦးထိ ရှိခဲ့ပါတယ်။ စစ်တွေမြို့အနီးက အုန်းတောကြီးဒုက္ခသည်စခန်းမှာတော့ လူဦးရေ ၂,၇၀၀ ကျော်နေထိုင်ပြီး ကိုဗစ်နဲ့ပတ်သက်လို့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေပေမဲ့ တခြားလိုအပ်ချက်တွေတော့ ရှိနေတယ်လို့ သိရပါတယ်။ ဒုက္ခသည်တွေအတွက် ပုံမှန်အချိန်မှာ လိုအပ်နေတဲ့အကူအညီတွေက အခုလို ကပ်ရောဂါကာလမှာ ပိုပြီးခက်ခဲနေတယ်လို့ အဲဒီစခန်းမှာနေထိုင်တဲ့ ဦးမောင်မောင်က ပြောပါတယ်။

“ဒုက္ခသည်စခန်းမှာ အိမ်သာဆောက်ဖို့ လိုအပ်ပါတယ်။ အဆောက်အဦးကလည်း တော်တော်များများ ပျက်စီးနေပြီ။ နောက်တခုက တချို့လူတွေက ကမ္ဘာ့စားနပ်ရိက္ခာကို ရတယ်။ ၁၀၀ ရာခိုင်နှုန်းမှာ ၈၀ ရာခိုင်နှုန်းလောက် ရတယ်။ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းတော့ စားနပ်ရိက္ခာမရလို့ တော်တော်များများ အခက်အခဲဖြစ်နေတယ်။ ကျနော်တို့လည်း တင်ပြတော့တင်ပြထားတယ်၊ အခုထိတော့ မရသေးဘူး။”

ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဌဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုဗစ်ကူးစက်ခံရသူ အများဆုံးရှိနေတဲ့ ရန်ကုန်တိုင်းမှာ ကပ်ရောဂါကိုအတိုင်းအတာ တခုအထိထိန်းချုပ်လာနိုင်ပြီ ဆိုပေမယ့် တခြားပြည်နယ်နဲ့ တိုင်းတွေမှာ ပိုးတွေ့လူနာတိုးလာတာတွေရှိနေလို့ ပြည်သူတွေမပေါ့ဆဖို့ အွန်လိုင်းကနေ သတိပေးထားပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ဒီကနေ့မွန်းလွဲပိုင်း ထုတ်ပြန်ပြီးချိန်အထိဆို ပြည်တွင်းမှာအတည်ပြု လူနာပေါင်း ၃၂,၂၀၅ ဦးရှိနေပြီး၊ သေဆုံးသူကတော့ ၉၁၄ ဦးရှိနေပါတယ်။ သေဆုံးလူနာတွေရဲ့ ၉၅ ရာခိုင်နှုန်းလောက်က နာတာရှည်ရောဂါအခံရှိသူတွေ ဖြစ်ပြီးတော့ အသက်အရွယ်ကြီးသူနဲ့ ရောဂါအခံရှိသူတွေ ပိုပြီးသတိရှိကြဖို့ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG