သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္မွာ ကိုဗစ္ေရာဂါ ျပင္းျပင္းထန္ထန္ခံစားရသူ အေရအတြက္ မ်ားလာ


PPE ဝတ္စံုဝတ္ ပရဟိတလုပ္သားမ်ားကို ရန္ကုန္ၿမိဳ႕ရွိ လမ္းတခုမွာ ေတြ႔ရ။ (ေအာက္တိုဘာ ၁၇၊ ၂၀၂၀)

(Zawgyi/Unicode)

ကိုဗစ္ကူးစက္မႈ ဗဟိုအခ်က္အခ်ာျဖစ္ေနတဲ့ ရန္ကုန္မွာ ေရာဂါျပင္းျပင္းထန္ထန္ခံစားရသူ အေရအတြက္ မ်ားလာေနၿပီး ဒီထက္မက လူနာအေရအတြက္ မ်ားလာမယ္ဆိုရင္ ေအာက္စီဂ်င္နဲ႔ကုသေပးေရးမွာ လံုေလာက္မႈမရွိမွာကို စိုးရိမ္ေနရေၾကာင္း ရန္ကုန္ေဆးရံုႀကီး တာ၀န္ရွိသူတဦးက ဗီြအိုေအကို ေျပာပါတယ္။

ကိုဗစ္ေရာဂါ ေနာက္ဆံုးအေျခအေနကို အဓိကကို္င္တြယ္ေနရတဲ့ ရန္ကုန္ေဆးရံုႀကီးအေရးေပၚဌာနမူး ေဒါက္တာေမာ္ေမာ္ဦးကို ကိုဝင္းမင္းက ေမးျမန္းထားပါတယ္။

ေဒါက္တာေမာ္ေမာ္ဦး ။ ။ ကိုဗစ္ကေတာ့ လူနာအေရအတြက္ အရင္ကလို တစ္ေထာင္ထက္ အထက္ေတြ (ရန္ကုန္မွာ) ထိုးတက္ေနတဲ့ အေျခအေနမ်ိဳးေတြေတာ့ မဟုတ္ေတာ့ဘူး။ ၈၀၀ နဲ႔ ၁၀၀၀ ၾကားထဲေလာက္ ပတ္ဝန္းက်င္မွာ ထြက္ေနတာေပါ့ေနာ္။ ထြက္ေနတဲ့ ပမာဏေလးက တန္းေနတာေတာ့ ၂ ရက္၊ ၃ ရက္ရွိသြားၿပီ။ ကၽြန္ေတာ္တို႔ ႏုိင္ငံအတြက္ေတာ့ ဒါ ျပန္က်မယ္လို႔ေတာ့ ကၽြန္ေတာ္တို႔ကေတာ့ ေမွ်ာ္လင့္တာေပါ့ေလ။ ထပ္ေထာင္မတက္ဖို႔လည္း ဆုေတာင္းတာေပါ့။ အဲ့ဒိလိုအေျခအေနမ်ိဳးမွာ ဆိုရင္ေတာင္မွပဲ၊ ကၽြန္ေတာ္တို႔အတြက္ ေလာေလာဆယ္ျပႆနာက၊ လူနာအေရအတြက္ နည္းသြားေပမဲ့၊ ရွိလာတဲ့လူနာေတြက နည္းနည္း ေအာက္ဆီဂ်င္လိုတဲ့ လူနာေတြ၊ ေရာဂါျပင္းထန္တဲ့လူနာေတြ မ်ားလာတယ္။ လူနာေတာ္ေတာ္မ်ားမ်ားက ေအာက္ဆီဂ်င္ လိုအပ္လာတယ္။ ဒါေၾကာင့္မိုလို႔ ကၽြန္ေတာ္တို႔က ရုန္းကန္ေနရဆဲပဲဆိုတဲ့ အေျခအေနေလးကို ကၽြန္ေတာ္ ေျပာခ်င္ပါတယ္။

ဝင္းမင္း ။ ။ ဒီေဆးရံုေတြမွာေတာ့ ေအာက္ဆီဂ်င္နဲ႔ပတ္သက္ၿပီးေတာ့ ဆရာတို႔ ျဖည့္ဆည္းထားတာေတြေတာ့ ရွိတယ္ေပါ့ေနာ္။ ဒီကုတင္ေတြလည္း ပိုလြတ္လာတယ္ဆိုေတာ့ တစံုတရာအေထာက္အကူ မျပဳႏိုင္ဘူးလားဆရာ။

ေဒါက္တာေမာ္ေမာ္ဦး ။ ။ ဟုတ္တယ္ ကၽြန္ေတာ္တို႔က ဒီကုတင္ေတြအေရအတြက္နဲ႔ ကၽြန္ေတာ္တို႔က အရင္တံုးက ဆိုရင္ေတာ့ Positive ထြက္သြားတဲ့ လူနာေတြကို၊ အတည္ျပဳလူနာေတြကို ကၽြန္ေတာ္တို႔ ထားဖို႔အတြက္ စင္တာေတြဖြင့္တဲ့ကိစၥကေတာ့၊ ေလာေလာဆယ္ ဒီ ကုတင္အေရအတြက္ေတြ ကေတာ့ ေလာက္တယ္။ ဒါေပမဲ့ စင္တာေတာ္ေတာ္မ်ားမ်ားက ေအာက္ဆီဂ်င္နဲ႔ ကုသမူကို ေပးႏိုင္တဲ့ေနရာေတြ မဟုတ္ဘူးေပါ့။ စင္တာ ၄ ခုေလာက္ကပဲ ေအာက္ဆီဂ်င္ Treatment (ကုသမူ) ကိုေပးႏိုင္တဲ့ ေနရာမ်ိဳး ျဖစ္ခဲ့တာေပါ့ေနာ္။ အဲ့ဒီေတာ့၊ ထပ္ၿပီးေတာ့ ဥပမာ အင္းယား YCC (Yangon Convention Centre) စင္တာတို႔၊ Fortune Plaza ဆိုတဲ့ ေဒါပံု၊ သာေကတမွာရွိတဲ့ စင္တာတို႔မွာ လည္းပဲ၊ ေအာက္ဆီဂ်င္ေတြ ထပ္မံတိုးခ်ဲ.ၿပီးေတာ့၊ ေဆးအဖြဲ႔ေတြကို ထပ္ထည့္ရတဲ့ အေျခအေနမ်ိဳး ရွိလာတာေပါ့။ ဒါ့အျပင္ ရန္ကုန္ေဆးရံုႀကီး၊ ေျမာက္ဥကၠလာေဆးရံုႀကီးေတြမွာလည္းပဲ၊ ICU (အထူးၾကပ္မတ္ကုသေဆာင္) ေတြကို ကုတင္အေရအတြက္ေတြ တိုးခ်ဲ.ၿပီးေတာ့ လုပ္ေနရတယ္။ အဲ့ဒီေနရာေတြမွာေတာ့၊ လူနာေတြက တျဖည္းတျဖည္းနဲ႔ ပိုမ်ားလာေနတာေပါ့ေနာ္။

ဝင္းမင္း ။ ။ ဆိုလိုတာကေတာ့ ေအာက္ဆီဂ်င္က ပံုမွန္ ICU (အထူးၾကပ္မတ္ကုသေဆာင္) မွာလို၊ ေအာက္ဆီဂ်င္ Port (ပိုက္လိုင္းအေပါက္) နဲ႔ ေတာက္ေလွ်ာက္ေပးရတာမ်ိဳးလိုလာတဲ့သေဘာ၊ ျပင္းထန္လာတဲ့ သေဘာေပါ့ေနာ္။ သာမန္ ဒီေအာက္ဆီဂ်င္၊ ဒီ Tent (အိုး) သေဘာမ်ိဳး၊ ဆလင္ဒါသေဘာမ်ိဳးေတြနဲ႔ ေပးတဲ့အေနအထားေရာ၊ တပ္မေတာ္ဘက္ကလည္း အဲ့ဒါေတြ ကူညီတယ္ဆိုေတာ့ေလ။

ေဒါက္တာေမာ္ေမာ္ဦး ။ ။ အဲ့ဒါတပ္မေတာ္လည္း သူတို႔ကားေတြနဲ႔၊ သူတို႔ရဲ့ေအာက္ဆီဂ်င္စက္ရံုက၊ ကၽြန္ေတာ္တို႔ ေဆးရံုက ေအာက္ဆီဂ်င္ဆလင္ဒါေတြကို ျဖည့္ေပးတဲ့ အစီအစဥ္ေတြ လုပ္ပါတယ္။ ဒါေပမဲ့ ေအာက္ဆီဂ်င္နဲ႔ပတ္သက္လို႔ ရန္ကုန္ တစ္တိုင္းလံုးမွာလည္းပဲ၊ ေအာက္ဆီဂ်င္ ဆလင္ဒါေပါင္း ထုတ္ႏိုင္တဲ့ပမာဏက၊ တစ္ေန႔ကို ၄၈၀၀ ႏႈန္းေလာက္ပဲ ထုတ္ႏိုင္တယ္။ အဲ့ဒီအထဲမွာ ၂၀၀၀၊ ၂၅၀၀ ေက်ာ္ကို ေလာေလာဆယ္ အသံုးျပဳၿပီးသား ျဖစ္ေနတယ္။ က်န္တဲ့ ပိုေနတဲ့ေအာက္ဆီဂ်င္ေတြအတြက္ ေလာလာဆယ္လိုအပ္ေနတာကေတာ့ ေအာက္ဆီဂ်င္ဆလင္ဒါအလြတ္ေတြ အေရးတႀကီးမွာဖို႔ လိုအပ္တဲ့ အေျခအေနရိွိတယ္။ ေအာက္ဆီဂ်င္စက္ရံုေတြကေန အဲ့ဒီ အလြတ္ေတြကို ျဖည့္ေပးႏိုင္မယ္ဆိုရင္ေတာ့ ေဆးရံုေတြ နည္းနည္းျပန္ေလာက္လာႏိုင္တယ္။ ေနာက္တစ္မ်ိဳးကေတာ့ Liquid ေအာက္ဆီဂ်င္ေပါ့။ ေအာက္ဆီဂ်င္အရည္ ထုတ္ႏိုင္တဲ့ စက္ရံုပမာဏက နည္းတယ္။ သီလဝါမွာရွိတဲ့ ေအာက္ဆီဂ်င္စက္ရံုကေနၿပီးေတာ့ပဲ၊ ၁၀ တန္ တစ္ေန႔ကို ထုတ္ႏိုင္တယ္။ ၁၀ တန္ဆိုတာ၊ တစ္တန္ကို ၄၀ လီတာ ေအာက္ဆီဂ်င္ဆလင္ဒါ ၁၅၀ ပဲ ထြက္ႏိုင္တဲ့အတြက္၊ ၁၀ တန္ဆိုရင္ အလံုးေရ ၁၅၀၀ ပဲ ထုတ္ႏိုင္တဲ့ အေျခအေနမွာပဲရွိတယ္။ ဒါေၾကာင့္မို႔ Liquid ေအာက္ဆီဂ်င္အတြက္ ကၽြန္ေတာ္တို႔က ယိုးဒယား (ထိုင္း) ကေန ဝယ္ရတယ္၊ ျမဝတီဖက္ကေနတစ္ဆင့္။ ဒါေတာင္မွ တစ္ေန႔ကို ၁၀ တန္ပဲ သယ္ႏုိင္တယ္။ ျမန္မာျပည္ထဲမွာ ေနာက္ ပုဂၢလိကကေန တစ္ေန႔ကို ၄ တန္ထုတ္ႏိုင္ေသးတယ္ ဆိုေတာ့၊ အားလံုးေပါင္း ၂၄ တန္ဆိုေတာ့၊ အဲ့ဒီအေရအတြက္ေတြ အားလံုးကိုတြက္ၾကည့္ထားရင္ေတာ့၊ ေလာေလာဆယ္ရွိေနတဲ့ အေျခအေနအတြက္ ေလာက္တယ္လို႔ ယူဆတယ္။ ကၽြန္ေတာ္တို႔ ေၾကာက္တာက ဒီထက္ေအာက္ဆီဂ်င္လိုတဲ့လူေတြမ်ားလာမွာကို ေၾကာက္တယ္။

ဝင္းမင္း ။ ။ အဲ့ဒီေတာ့ဆရာ၊ ေအာက္ဆီဂ်င္ ဒီလိုတဲ့လူနာ မမ်ားလာေအာင္ေပ့ါေနာ္၊ အဓိက ဘာေျပာခ်င္လဲ၊ လူနာေတြဘက္ကိုေလ။

ေဒါက္တာေမာ္ေမာ္ဦး ။ ။ အဓိကကေတာ့ ေရာဂါလကၡဏာ ျပင္းျပင္းထန္ထန္ မခံစားရခင္၊ ေစာေစာစီးစီး ေဆးရံုမွာ ကုသမူရမယ္ဆိုရင္၊ သူတို႔က ဒီဆိုးမယ့္ အေျခအေနကို ေရာက္သြားဖို႔က နည္းနည္း ခဲယဥ္းပါတယ္။ ေနာက္တစ္ခုကက်ေတာ့ ေအာက္ဆီဂ်င္ကို ၂၄ နာရီဆက္တိုက္ေပးထားရတဲ့ အေျခအေနမ်ိဳးမဟုတ္ဘဲနဲ႔၊ ေစာေစာစီးစီးကထဲက အိုးေလးေလာက္နဲ႔ပဲ ေပးထားရတဲ့ အေျခအေနမ်ိဳးေတြမွာ ကုသမူခံလိုက္ရင္ေတာ့၊ ေအာက္ဆီဂ်င္ ျပန္တက္လာတဲ့ အေျခအေနမွာရွိတယ္။ ဒါေၾကာင့္မို႔လို႔ အရမ္းႀကီးကို ၇၀ ေတြ၊ ၈၀ ေတြေလာက္အထိ က်ေနတဲ့ အေျခအေနမွ ေဆးရံုေရာက္ရင္ အရမ္းႀကီးကို ဒုကၡေရာက္ပါတယ္။ လူေတြ ေစာေစာစီးစီး ကုသမူခံယူဖို႔လည္း ကၽြန္ေတာ္တို႔က တိုက္တြန္းခ်င္ပါတယ္။

တကယ္ေတာ့ ခႏၶာကုိယ္ထဲမွာ ေအာက္ဆီဂ်င္က်တယ္ဆိုတဲ့ အေျခအေနကေတာ့၊ ပထမဆံုးစသိႏိုင္တာကေတာ့ ခႏၶာကိုယ္ ႏံုးလာတာပဲ။ အသက္ရူမဝသလို ခံစားရမယ္။ ဒီထက္ပိုဆိုးလာရင္ေတာ့ ေမာလာမယ္။ အဲ့လိုအေျခအေနမ်ိဳး စစခ်င္း နည္းနည္းပါးပါး စျဖစ္တဲ့အခ်ိန္မွာ ရူလို႔ရရင္ ေကာင္းမယ္။ တကယ္အဆင္ေျပရင္ေတာ့၊ ေသြးထဲမွာရွိတဲ့ ေအာက္ဆီဂ်င္ ပမာဏကိုတိုင္းတဲ့ စက္ကေလးေတြနဲ႔ တိုင္းႏိုင္ရင္ေတာ့ ေကာင္းတာေပါ့။ Pulse Oximeter ေခၚတဲ့ဟာေလးေတြနဲ႔။ ဒါေတြကိုလည္း အခု ၿမိဳ.နယ္ ကိုဗစ္ေကာ္မတီ ဘာညာေတြနဲ႔ Organize (စုဖြဲ႔ေပါင္းစပ္တာ) ေတာ့လုပ္ေနတယ္၊ ေစာေစာစီးစီး သိရေအာင္။

ဝင္းမင္း ။ ။ အဲ့ဒီေတာ့၊ ဆရာတို႔ ေဆးရံုႀကီးမွာ ေအာက္ဆီဂ်င္ထပ္ေပးဖို႔အတြက္ ICU (အထူးၾကပ္မတ္ကုသေဆာင္) နဲ႔ HDU (High Dependency Unit - အထူးေအာက္ဆီဂ်င္ ကုသေဆာင္) ေရာေပါ့ အသစ္ထပ္လုပ္တာေရာ။

ေဒါက္တာေမာ္ေမာ္ဦး ။ ။ ၇၀% ေလာက္ေတာ့ ၿပီးသြားၿပီ။ တခ်ိဳ႕ Ward (လူနာေဆာင္) ေလးေတြကိုေတာ့ အပိုင္းလိုက္ အပိုင္းလိုက္ေတာ့ ကၽြန္ေတာ္တို႔ သံုးေနတာေပါ့။ ICU (အထူးၾကပ္မတ္ကုသေဆာင္) ကုတင္ ၃၀ ရွိတဲ့ကိစၥေတာင္မွ၊ တစ္ဝက္ေက်ာ္ျပည့္ၿပီးသားျဖစ္ေနၿပီ၊ အခုဆိုရင္။ တကယ္လို႔သာ တစ္ခုလံုးၿပီးသြားရင္၊ လူ ၂၅၀ ကို ေအာက္ဆီဂ်င္ တျပိဳင္ထဲ ေပးႏိုင္တဲ့ အေျခအေနရွိပါတယ္။ အခုေလာေလာဆယ္ႏႈန္းအတိုင္းပဲ၊ အေရအတြက္အတိုင္းပဲ ထြက္မယ္ဆိုရင္ေတာ့ ေျဖရွင္းႏိုင္ဖို႔အတြက္ ျပင္ဆင္ထားတယ္ေပါ့ေနာ္။ ကၽြန္ေတာ္တို႔ ေၾကာက္တာက ဒီထက္ ပိုမ်ားလာမဲ့ အေျခအေန။ အဲဒိမ်ားလာတဲ့ အေျခအေနမေရာက္ေအာင္ ျပည္သူလူထုကလည္း ကူးစက္မူကို တားဆီးဖို႔ တာဝန္ရွိတယ္။ အဲ့ဒါမွသာလွ်င္ ႏိုင္ႏိုင္နင္းနင္း လုပ္ႏိုင္မယ့္ အေျခအေနရွိတယ္။

ဝင္းမင္း ။ ။ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ဆရာ။ လူနာအေရအတြက္ေတြလည္း ေထာင္တိုးတက္မလာပဲနဲ႔၊ ေအာက္ဆီဂ်င္လိုအပ္တဲ့သူေတြလည္း အမ်ားႀကီးမျဖစ္လာပါေစနဲ႔လို႔ ဆုေတာင္းေပးလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

(Unicode)

ကိုဗစ်ကူးစက်မှု ဗဟိုအချက်အချာဖြစ်နေတဲ့ ရန်ကုန်မှာ ရောဂါပြင်းပြင်းထန်ထန်ခံစားရသူ အရေအတွက် များလာနေပြီး ဒီထက်မက လူနာအရေအတွက် များလာမယ်ဆိုရင် အောက်စီဂျင်နဲ့ကုသပေးရေးမှာ လုံလောက်မှုမရှိမှာကို စိုးရိမ်နေရကြောင်း ရန်ကုန်ဆေးရုံကြီး တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

ကိုဗစ်ရောဂါ နောက်ဆုံးအခြေအနေကို အဓိကကိုင်တွယ်နေရတဲ့ ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနမူး ဒေါက်တာမော်မော်ဦးကို ကိုဝင်းမင်းက မေးမြန်းထားပါတယ်။

ဒေါက်တာမော်မော်ဦး ။ ။ ကိုဗစ်ကတော့ လူနာအရေအတွက် အရင်ကလို တစ်ထောင်ထက် အထက်တွေ (ရန်ကုန်မှာ) ထိုးတက်နေတဲ့ အခြေအနေမျိုးတွေတော့ မဟုတ်တော့ဘူး။ ၈၀၀ နဲ့ ၁၀၀၀ ကြားထဲလောက် ပတ်ဝန်းကျင်မှာ ထွက်နေတာပေါ့နော်။ ထွက်နေတဲ့ ပမာဏလေးက တန်းနေတာတော့ ၂ ရက်၊ ၃ ရက်ရှိသွားပြီ။ ကျွန်တော်တို့ နိုင်ငံအတွက်တော့ ဒါ ပြန်ကျမယ်လို့တော့ ကျွန်တော်တို့ကတော့ မျှော်လင့်တာပေါ့လေ။ ထပ်ထောင်မတက်ဖို့လည်း ဆုတောင်းတာပေါ့။ အဲ့ဒိလိုအခြေအနေမျိုးမှာ ဆိုရင်တောင်မှပဲ၊ ကျွန်တော်တို့အတွက် လောလောဆယ်ပြဿနာက၊ လူနာအရေအတွက် နည်းသွားပေမဲ့၊ ရှိလာတဲ့လူနာတွေက နည်းနည်း အောက်ဆီဂျင်လိုတဲ့ လူနာတွေ၊ ရောဂါပြင်းထန်တဲ့လူနာတွေ များလာတယ်။ လူနာတော်တော်များများက အောက်ဆီဂျင် လိုအပ်လာတယ်။ ဒါကြောင့်မိုလို့ ကျွန်တော်တို့က ရုန်းကန်နေရဆဲပဲဆိုတဲ့ အခြေအနေလေးကို ကျွန်တော် ပြောချင်ပါတယ်။

ဝင်းမင်း ။ ။ ဒီဆေးရုံတွေမှာတော့ အောက်ဆီဂျင်နဲ့ပတ်သက်ပြီးတော့ ဆရာတို့ ဖြည့်ဆည်းထားတာတွေတော့ ရှိတယ်ပေါ့နော်။ ဒီကုတင်တွေလည်း ပိုလွတ်လာတယ်ဆိုတော့ တစုံတရာအထောက်အကူ မပြုနိုင်ဘူးလားဆရာ။

ဒေါက်တာမော်မော်ဦး ။ ။ ဟုတ်တယ် ကျွန်တော်တို့က ဒီကုတင်တွေအရေအတွက်နဲ့ ကျွန်တော်တို့က အရင်တုံးက ဆိုရင်တော့ Positive ထွက်သွားတဲ့ လူနာတွေကို၊ အတည်ပြုလူနာတွေကို ကျွန်တော်တို့ ထားဖို့အတွက် စင်တာတွေဖွင့်တဲ့ကိစ္စကတော့၊ လောလောဆယ် ဒီ ကုတင်အရေအတွက်တွေ ကတော့ လောက်တယ်။ ဒါပေမဲ့ စင်တာတော်တော်များများက အောက်ဆီဂျင်နဲ့ ကုသမူကို ပေးနိုင်တဲ့နေရာတွေ မဟုတ်ဘူးပေါ့။ စင်တာ ၄ ခုလောက်ကပဲ အောက်ဆီဂျင် Treatment (ကုသမူ) ကိုပေးနိုင်တဲ့ နေရာမျိုး ဖြစ်ခဲ့တာပေါ့နော်။ အဲ့ဒီတော့၊ ထပ်ပြီးတော့ ဥပမာ အင်းယား YCC (Yangon Convention Centre) စင်တာတို့၊ Fortune Plaza ဆိုတဲ့ ဒေါပုံ၊ သာကေတမှာရှိတဲ့ စင်တာတို့မှာ လည်းပဲ၊ အောက်ဆီဂျင်တွေ ထပ်မံတိုးချဲ.ပြီးတော့၊ ဆေးအဖွဲ့တွေကို ထပ်ထည့်ရတဲ့ အခြေအနေမျိုး ရှိလာတာပေါ့။ ဒါ့အပြင် ရန်ကုန်ဆေးရုံကြီး၊ မြောက်ဥက္ကလာဆေးရုံကြီးတွေမှာလည်းပဲ၊ ICU (အထူးကြပ်မတ်ကုသဆောင်) တွေကို ကုတင်အရေအတွက်တွေ တိုးချဲ.ပြီးတော့ လုပ်နေရတယ်။ အဲ့ဒီနေရာတွေမှာတော့၊ လူနာတွေက တဖြည်းတဖြည်းနဲ့ ပိုများလာနေတာပေါ့နော်။

ဝင်းမင်း ။ ။ ဆိုလိုတာကတော့ အောက်ဆီဂျင်က ပုံမှန် ICU (အထူးကြပ်မတ်ကုသဆောင်) မှာလို၊ အောက်ဆီဂျင် Port (ပိုက်လိုင်းအပေါက်) နဲ့ တောက်လျှောက်ပေးရတာမျိုးလိုလာတဲ့သဘော၊ ပြင်းထန်လာတဲ့ သဘောပေါ့နော်။ သာမန် ဒီအောက်ဆီဂျင်၊ ဒီ Tent (အိုး) သဘောမျိုး၊ ဆလင်ဒါသဘောမျိုးတွေနဲ့ ပေးတဲ့အနေအထားရော၊ တပ်မတော်ဘက်ကလည်း အဲ့ဒါတွေ ကူညီတယ်ဆိုတော့လေ။

ဒေါက်တာမော်မော်ဦး ။ ။ အဲ့ဒါတပ်မတော်လည်း သူတို့ကားတွေနဲ့၊ သူတို့ရဲ့အောက်ဆီဂျင်စက်ရုံက၊ ကျွန်တော်တို့ ဆေးရုံက အောက်ဆီဂျင်ဆလင်ဒါတွေကို ဖြည့်ပေးတဲ့ အစီအစဉ်တွေ လုပ်ပါတယ်။ ဒါပေမဲ့ အောက်ဆီဂျင်နဲ့ပတ်သက်လို့ ရန်ကုန် တစ်တိုင်းလုံးမှာလည်းပဲ၊ အောက်ဆီဂျင် ဆလင်ဒါပေါင်း ထုတ်နိုင်တဲ့ပမာဏက၊ တစ်နေ့ကို ၄၈၀၀ နှုန်းလောက်ပဲ ထုတ်နိုင်တယ်။ အဲ့ဒီအထဲမှာ ၂၀၀၀၊ ၂၅၀၀ ကျော်ကို လောလောဆယ် အသုံးပြုပြီးသား ဖြစ်နေတယ်။ ကျန်တဲ့ ပိုနေတဲ့အောက်ဆီဂျင်တွေအတွက် လောလာဆယ်လိုအပ်နေတာကတော့ အောက်ဆီဂျင်ဆလင်ဒါအလွတ်တွေ အရေးတကြီးမှာဖို့ လိုအပ်တဲ့ အခြေအနေရှိတယ်။ အောက်ဆီဂျင်စက်ရုံတွေကနေ အဲ့ဒီ အလွတ်တွေကို ဖြည့်ပေးနိုင်မယ်ဆိုရင်တော့ ဆေးရုံတွေ နည်းနည်းပြန်လောက်လာနိုင်တယ်။ နောက်တစ်မျိုးကတော့ Liquid အောက်ဆီဂျင်ပေါ့။ အောက်ဆီဂျင်အရည် ထုတ်နိုင်တဲ့ စက်ရုံပမာဏက နည်းတယ်။ သီလဝါမှာရှိတဲ့ အောက်ဆီဂျင်စက်ရုံကနေပြီးတော့ပဲ၊ ၁၀ တန် တစ်နေ့ကို ထုတ်နိုင်တယ်။ ၁၀ တန်ဆိုတာ၊ တစ်တန်ကို ၄၀ လီတာ အောက်ဆီဂျင်ဆလင်ဒါ ၁၅၀ ပဲ ထွက်နိုင်တဲ့အတွက်၊ ၁၀ တန်ဆိုရင် အလုံးရေ ၁၅၀၀ ပဲ ထုတ်နိုင်တဲ့ အခြေအနေမှာပဲရှိတယ်။ ဒါကြောင့်မို့ Liquid အောက်ဆီဂျင်အတွက် ကျွန်တော်တို့က ယိုးဒယား (ထိုင်း) ကနေ ဝယ်ရတယ်၊ မြဝတီဖက်ကနေတစ်ဆင့်။ ဒါတောင်မှ တစ်နေ့ကို ၁၀ တန်ပဲ သယ်နိုင်တယ်။ မြန်မာပြည်ထဲမှာ နောက် ပုဂ္ဂလိကကနေ တစ်နေ့ကို ၄ တန်ထုတ်နိုင်သေးတယ် ဆိုတော့၊ အားလုံးပေါင်း ၂၄ တန်ဆိုတော့၊ အဲ့ဒီအရေအတွက်တွေ အားလုံးကိုတွက်ကြည့်ထားရင်တော့၊ လောလောဆယ်ရှိနေတဲ့ အခြေအနေအတွက် လောက်တယ်လို့ ယူဆတယ်။ ကျွန်တော်တို့ ကြောက်တာက ဒီထက်အောက်ဆီဂျင်လိုတဲ့လူတွေများလာမှာကို ကြောက်တယ်။

ဝင်းမင်း ။ ။ အဲ့ဒီတော့ဆရာ၊ အောက်ဆီဂျင် ဒီလိုတဲ့လူနာ မများလာအောင်ပေ့ါနော်၊ အဓိက ဘာပြောချင်လဲ၊ လူနာတွေဘက်ကိုလေ။

ဒေါက်တာမော်မော်ဦး ။ ။ အဓိကကတော့ ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် မခံစားရခင်၊ စောစောစီးစီး ဆေးရုံမှာ ကုသမူရမယ်ဆိုရင်၊ သူတို့က ဒီဆိုးမယ့် အခြေအနေကို ရောက်သွားဖို့က နည်းနည်း ခဲယဉ်းပါတယ်။ နောက်တစ်ခုကကျတော့ အောက်ဆီဂျင်ကို ၂၄ နာရီဆက်တိုက်ပေးထားရတဲ့ အခြေအနေမျိုးမဟုတ်ဘဲနဲ့၊ စောစောစီးစီးကထဲက အိုးလေးလောက်နဲ့ပဲ ပေးထားရတဲ့ အခြေအနေမျိုးတွေမှာ ကုသမူခံလိုက်ရင်တော့၊ အောက်ဆီဂျင် ပြန်တက်လာတဲ့ အခြေအနေမှာရှိတယ်။ ဒါကြောင့်မို့လို့ အရမ်းကြီးကို ၇၀ တွေ၊ ၈၀ တွေလောက်အထိ ကျနေတဲ့ အခြေအနေမှ ဆေးရုံရောက်ရင် အရမ်းကြီးကို ဒုက္ခရောက်ပါတယ်။ လူတွေ စောစောစီးစီး ကုသမူခံယူဖို့လည်း ကျွန်တော်တို့က တိုက်တွန်းချင်ပါတယ်။

တကယ်တော့ ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင်ကျတယ်ဆိုတဲ့ အခြေအနေကတော့၊ ပထမဆုံးစသိနိုင်တာကတော့ ခန္ဓာကိုယ် နုံးလာတာပဲ။ အသက်ရူမဝသလို ခံစားရမယ်။ ဒီထက်ပိုဆိုးလာရင်တော့ မောလာမယ်။ အဲ့လိုအခြေအနေမျိုး စစချင်း နည်းနည်းပါးပါး စဖြစ်တဲ့အချိန်မှာ ရူလို့ရရင် ကောင်းမယ်။ တကယ်အဆင်ပြေရင်တော့၊ သွေးထဲမှာရှိတဲ့ အောက်ဆီဂျင် ပမာဏကိုတိုင်းတဲ့ စက်ကလေးတွေနဲ့ တိုင်းနိုင်ရင်တော့ ကောင်းတာပေါ့။ Pulse Oximeter ခေါ်တဲ့ဟာလေးတွေနဲ့။ ဒါတွေကိုလည်း အခု မြို.နယ် ကိုဗစ်ကော်မတီ ဘာညာတွေနဲ့ Organize (စုဖွဲ့ပေါင်းစပ်တာ) တော့လုပ်နေတယ်၊ စောစောစီးစီး သိရအောင်။

ဝင်းမင်း ။ ။ အဲ့ဒီတော့၊ ဆရာတို့ ဆေးရုံကြီးမှာ အောက်ဆီဂျင်ထပ်ပေးဖို့အတွက် ICU (အထူးကြပ်မတ်ကုသဆောင်) နဲ့ HDU (High Dependency Unit - အထူးအောက်ဆီဂျင် ကုသဆောင်) ရောပေါ့ အသစ်ထပ်လုပ်တာရော။

ဒေါက်တာမော်မော်ဦး ။ ။ ၇၀% လောက်တော့ ပြီးသွားပြီ။ တချို့ Ward (လူနာဆောင်) လေးတွေကိုတော့ အပိုင်းလိုက် အပိုင်းလိုက်တော့ ကျွန်တော်တို့ သုံးနေတာပေါ့။ ICU (အထူးကြပ်မတ်ကုသဆောင်) ကုတင် ၃၀ ရှိတဲ့ကိစ္စတောင်မှ၊ တစ်ဝက်ကျော်ပြည့်ပြီးသားဖြစ်နေပြီ၊ အခုဆိုရင်။ တကယ်လို့သာ တစ်ခုလုံးပြီးသွားရင်၊ လူ ၂၅၀ ကို အောက်ဆီဂျင် တပြိုင်ထဲ ပေးနိုင်တဲ့ အခြေအနေရှိပါတယ်။ အခုလောလောဆယ်နှုန်းအတိုင်းပဲ၊ အရေအတွက်အတိုင်းပဲ ထွက်မယ်ဆိုရင်တော့ ဖြေရှင်းနိုင်ဖို့အတွက် ပြင်ဆင်ထားတယ်ပေါ့နော်။ ကျွန်တော်တို့ ကြောက်တာက ဒီထက် ပိုများလာမဲ့ အခြေအနေ။ အဲဒိများလာတဲ့ အခြေအနေမရောက်အောင် ပြည်သူလူထုကလည်း ကူးစက်မူကို တားဆီးဖို့ တာဝန်ရှိတယ်။ အဲ့ဒါမှသာလျှင် နိုင်နိုင်နင်းနင်း လုပ်နိုင်မယ့် အခြေအနေရှိတယ်။

ဝင်းမင်း ။ ။ ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။ လူနာအရေအတွက်တွေလည်း ထောင်တိုးတက်မလာပဲနဲ့၊ အောက်ဆီဂျင်လိုအပ်တဲ့သူတွေလည်း အများကြီးမဖြစ်လာပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG